လေကြောင်းတိုက်ခိုက်မှုကြားမှ IS က ဆီးရီးယားနယ်စပ်မြို့ တစ်မြို့ ကို သိမ်းပိုက်

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို ပြုလုပ်ကာ ဆီးရီးယားနှင့် အီရတ်နိုင်ငံများအတွင်း IS ပစ်မှတ်များကို ဖျက်ဆီးပစ်နေသော်လည်း IS စစ်သွေးကြွများက တူရကီ နယ်စပ်ရှိ ဆီးရီးယားမြို့ တစ်မြို့ ကို ယနေ့ တွင် ထပ်မံသိမ်းပိုက်လိုက်သည်။ 

ယနေ့ တွင်ပင် ဗြိတိန်နိုင်ငံကလည်း IS ချေမှုန်းရေးတွင်ပါဝင်ရန် သဘောတူညီခဲ့ပြီး အီရတ်နိုင်ငံ IS ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးပစ်ရန် ပါလီမန်အတွင်း ထောက်ခံမဲ ၅၄၂ မဲ၊ ကန့် ကွက်မဲ ၄၃ မဲဖြင့် ဆုံးဖြတ်ချက် ချမှတ် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ 

IS ရဲ့ အန္တရယ်ဟာ ကမ္ဘာရဲ့ အဝေးဖက်ခြမ်းမှာဖြစ်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ နဲ့  နီးကပ်နေတဲ့ မြေထဲပင် လယ် ကမ်းရိုးတမ်းတစ်လျှောက်မှာ ဖြစ်နေတာပါ။ IS ဟာ ကျွန်တော်တို့ နိုင်ငံနဲ့ လူမျိုးတွေကို အန္တရယ်ပေးမယ်လို့  ပြောင်ပြောင်တင်းတင်း ကြော်ငြာထားပါတယ်။ အချိန်မနှောင်းခင် လှုပ်ရှားရပါမယ်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောသည်။ 

ယခုအပတ်အထိ အမေရိကန်နှင့်လက်တွဲကာ IS ချေမှုန်းရေးတိုက်ပွဲဝင်နေသော အနောက်နိုင်ငံမှာ ပြင်သစ်တစ်နိုင် ငံတည်းသာရှိပြီး ၾသစေတ်းလ်၊ နယ်သာလန်၊ ဘယ်လဂျီယံနိုင်ငံတို့ က ယခုအပတ် တနင်္လာနေ့ တွင်မှ IS ချေမှုန်း ရေးတွင် ပါဝင်လာခြင်းဖြစ်ကာ ဒိန်းမတ်နိုင်ငံက ယနေ့ မှ မိမိနိုင်ငံကလည်း တိုက်လေယာဉ်များ စေလွတ်မည်ဟု အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။ 

ဤသို့ အနောက်အင်အားစုပါဝင်လာခြင်းမရှိမှီ IS တိုက်ခိုက်ရေးတွင် အာရပ် နိုင်ငံ များကသာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး IS စစ်သွေးကြွများ အင်အားကြီးလာသည်ကို သိရှိစိုးရိမ်ပြီး ယခုကဲ့သို့  ပူေးပါင်း ချေမှုန်းခြင်းဖြစ်ကြောင်း သိရသည်။ 

အိုဘားမားသည် အီရတ်စစ်မြေပြင်ကို ၂၀၁၁ ခုနှစ်မှစ၍ စွန့် ခွာခဲ့ပြီး ယင်းနှစ်တွင်ပင် ဆီးရီးယား၏ပြည်တွင်းစစ် အရေးကို ကိုင်တွယ်ရင်း အီရတ်၊ဆီးရီးယားအရေးတွင် အလိုအလျှောက် ပါသွားကာ IS စစ်သွေးကြွများနှင့် ထိပ် တိုက်တွေ့ ခဲ့ခြင်းဖြစ်သည်။ 

ပြင်သစ်ကမ္ဘာလှည့်ခရီးသည်တစ်ဦးကို အယ်လဂျီးရီးယားသူပုန်များက ခေါင်းဖြတ်သတ်ပြခဲ့ပြီးသည့်နောက် ပြင်သစ် နိုင်ငံက IS ချေမှုန်းရေးတွင် ပါဝင်နေခြင်းကို ပြင်သစ်လူထုက တစ်ခဲတက်ထောက်ခံခဲ့ပြီး များမကြာမှီ ပြင်သစ်က ဆီးရီးယားပစ်မှတ်များကိုလည်း ပါဝင်ချေမှုန်းဖွယ် ရှိနေသည်။ 

အခြားဥရောပနိုင်ငံများက စစ်ရေးအကူအညီ တောင်း ခံထားသော အီရတ်နိုင်ငံတွင်းရှိ IS ပစ်မှတ်များကိုသာ တိုက်ခိုက်ရန် သဘောတူထားပြီး ဆီးရီးယားသမ္မတ အာဆာ့ ဒ် က မိမိနိုင်ငံပိုင်နယ်ထဲ အခြားနိုင်ငံစစ်လေယာဉ်များ ပျံသန်းတိုက်ခိုက်မှုကို ခွင့်ပြုခြင်း၊ ဆန့် ကျင်ခြင်း တစ်စုံတရာ မရှိဘဲ တုံဏှိဘာဝေလုပ်နေကြောင်း သိရသည်။ 

အမေရိကန်က အီရတ် IS ပစ်မှတ်များကို စတင်တိုက်ခိုက်နေခဲ့သည်မှာ တစ်လခန့် ရှိနေပြီး ဆီးရီးယားကိုတိုက်ခိုက် နေသည်မှာ ၄ ရက်ခန့် ရှိပြီဖြစ်သည်။ ယခုအခါ IS များသည် ၄င်းတို့ ထိန်းချုပ်သောနယ်မြေများတွင် ကိုယ်ယောင် ဖျောက်နေထိုင်နေကြပြီဖြစ်သည့်အတွက် IS ပစ်မှတ်များကို ရှာဖွေရာတွင်လည်း တစ်စထက်တစ်စ ခက်ခဲလာပြီ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အရပ်ရှည်ဆုံး အမျိုးသား နှင့် ကမ္ဘာ့အရပ်ပုဆုံး အမျိုးသမီး

ကမ္ဘာ့အရပ်ရှည်ဆုံးသူအဖြစ် စံချိန်တင်ထားသည့် တူရကီနိုင်ငံသား ဆူလ်တန် ခိုစင်း နှင့် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ် စံချိန်တင်ထားသည့် အိန္ဒိယ နိုင်ငံသူ ဂျိုတီအာမက် တို့ကို လွန်ခဲ့သည့်နှစ်က ပြုလုပ်ခဲ့သော တရုတ်နိုင်ငံ၏ CCTV Channel မှ ပြုလုပ်သည့် Guiness World Record TV Show Special တွင် အတူတစ်ကွ တွေ့ရပုံ ဖြစ်သည်။


အဆိုပါ အစီအစဉ်အား ကမ္ဘာ့တစ်ဝန်းလုံး ရှိ သန်းပေါင်းများစွာသော ရုပ်သံကြည့် ပရိတ်သတ်များက ကြည့်ရှုခဲ့ကြသည်။

Ref : GWR
‎YangonMediaGroup‬

IS က ရက်ကာတွင် ကလေးစစ်သားများစုဆောင်း။

IS စစ်သွေးကြွများသည် ဆီးရီးယားနိုင်ငံ၊ ရက်ကာမြို့ ကိုထိန်းချုပ်ထားပြီး ကလေးငယ်များကို မိဘများထံမှ အတင်း အကြပ်ဆွဲခေါ်ကာ IS တပ်ဖွဲ့ ဝင်အဖြစ်သွတ်သွင်းပြီး ဂျီဟာဒ်တိုက်ပွဲ ဆင်နွဲစေခြင်း၊ သတင်းစုဆောင်းစေခြင်း များ ကို အတင်း အဓမ္မပြုလုပ်နေကြောင်း ရက်ကာမြို့ မှထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက နိုင်ငံတကာ သတင်း မီဒီယာများကို ယနေ့ ပြောပြသည်။ 

၁၆ နှစ်အောက်ကလေးငယ်များအတွက် လေ့ကျင့်ရေးစခန်းသီးသန့် ရှိပြီး မိဘများထံမှ အတင်းအဓမ္မခေါ်ဆောင် ခြင်း၊ လမ်းပေါ်မှဆွဲခေါ်ခြင်းဖြင့် စုဆောင်းထားသော ကလေးဦးရေအမြောက်အများကို လူသားဗုံးများသဖွယ်ဖြစ် လာအောင် လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်သည်။ 

IS သည် သောကြာနေ့ ဝတ်ပြုချိန်အပြီးတွင် လူသတ်မှုများစွာကျူးလွန်လေ့ရှိပြီး အချို့ ကိုမမြင်ကွယ်ရာတွင် သတ် ဖြတ်သော်လည်း အချို့ ကိုမူ လူပုံအလယ်တွင်သတ်ပြခြင်း၊ ခေါင်းဖြတ်ပြခြင်း၊ ကားစင်တင်ထားခြင်းတို့ ကို ပြုလုပ် လေ့ရှိပြီး အဆိုပါကလေးငယ်များကိုလည်း လူသတ်ပွဲကြီးအား ကြည့်ခိုင်းကြောင်း သိရသည်။ 

အမေရိကန်နှင့်မဟာမိတ်တို့ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ နေလူထုလည်းထိခိုက်ဒဏ်ရာရရှိရာဝယ် လူထု က နေအိမ်များတွင်ဖွင့်လှစ်ထားသော ယာယီဆေးခန်းများတွင် ဖြစ်သလိုဆေးကုရပြီး IS များကမူ သီးခြားဆေးရုံဖြင့် မိမိလူများကိုဆေးကုကာ အရပ်သားများအား လုံး၀၀င်ခွင့်မပေးကြောင်း သိရသည်။ 

ရက်ကာတွင် ပညာရေးသင်ကြားမှု လုံးဝရပ်ဆိုင်းသွားပြီး မြို့ နေလူထုမှာလည်း အစာရေစာရှားပါးမှုနှင့် ကြုံတွေ့ နေ ရကာ အိမ်အများစုကိုလည်း IS တို့ ကသိမ်းပိုက်ထားသည့်အတွက် လူထုမှာ လမ်းပေါ်ရောက်ကာ အတိဒုက္ခနှင့် ကြုံ တွေ့ နေရကြောင်း သိရသည်။ 

ပညာတတ်လူငယ်များက IS ၏ ရက်စက်ရမ်းကားနှိပ်စက်မှုကို ဓါတ်ပုံ၊ဗီဒီယိုများရိုက်ကူးကာ Facebook ပေါ်တွင် Raqqa is being silently slaughtered အမည်ဖြင့်စာမျက်နှာဖွင့်လှစ်ဖော်ပြနေရာ IS ကစုံစမ်းဖော်ထုတ်ပြီး အသတ်ခံရသူ တစ်ဦးရှိကြောင်း သိရသည်။ 

ရက်ကာမြို့ စောင့် လွတ်လပ်သောဆီးရီးယားတပ်မတော် (FSA) မှာ ဆုတ်ခွာခဲ့ရပြီး သမ္မတအာဆာဒ်တပ်ဖွဲ့ နှင့် IS နှစ်ဖွဲ့  လုံးအားတိုက်ခိုက်နေရသော FSA အဖို့  မဟာမိတ်တပ်ပေါင်းစုက အာဆာဒ်တပ်ဖွဲ့ ကိုချေမှုန်းလိုက်လျင် IS တစ်ဖွဲ့ နှင့်သာရင်ဆိုင်ရမည်ဖြစ်သည့်အတွက် IS ကိုတိုက်ထုတ်နိုင်လိမ့်မည်ဟု ရက်ကာလူထုက မျှော်လင့်နေ ကြောင်း အဆိုပါလွတ်မြောက်လာသူ က ပြောပြသည်။ 

IS တို့ က ရက်ကာသည် နတ်ဘုံနတ်နန်းဖြစ်သည်ဟု ကြွေးကြော်နေကြသော်လည်း လူထုမှာ အသက်မသေ အောင် နည်းမျိုးစုံဖြင့် ရုန်းကန်နေရပြီး အချိန်မရွေး အသက်သေဆုံးနိုင်သည်ကို သိသည့်ကြောက်စိတ်ဖြင့် အစဉ် တုန်လှုပ်ခြောက်ခြားနေရကြောင်း သိရသည်။

Lashio News Diary

ကမ္ဘာ့ဝမ်းနည်းကြေကွဲဖွယ်အကောင်းဆုံး ပူလစ်ဇာဆုရဓာတ်ပုံ

ပုံမှာမြင်ရတာကတော့ ဆူဒန်နိုင်ငံက မိန်းကလေးငယ်တစ်ဦးဖြစ်ပါတယ်။

အစာငတ်မွတ်တဲ့ဒဏ်ကို အပြင်းအထန်ခံစားနေရရှာတာလည်းဖြစ်ပါတယ်။

တစ်ကီလိုမီတာ (ပေ ၃၂၈၀) အကွာမှာရှိတဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာ ပေးဝေရေးစခန်းကို တွားသွားနေတာပါ။ အဲဒီကလေးငယ် သေဆုံးသွားခဲ့ရင် ပွဲတော်တည်ဖို့ ဘေးမှာ လင်းတ တစ်ကောင်ကလည်း အသင့်စောင့်နေပါတယ်။

ဒီဓာတ်ပုံက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သလို အတွေးလည်း ပွားစေခဲ့ပါတယ်။စားနပ်ရိက္ခာစခန်းကို အဲဒီကလေးငယ် ရောက်အောင် သွားနိုင်ခဲ့လား၊ မသွားနိုင်ခဲ့ဘူးလားဆိုတာ ဓာတ်ပုံဆရာအပါအ၀င် ဘယ်သူမှ မသိခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုရင် ဓာတ်ပုံဆရာ ကီဗင်ကာတာဟာ ဓာတ်ပုံရိုက်ပြီးတာနဲ့ အဲဒီနေရာက ချက်ချင်းထွက်သွားခဲ့လို့ပါပဲ။

ဒါကြောင့်မို့ ကလေးငယ်ကို အကူအညီမပေးခဲ့တဲ့ ဓာတ်ပုံဆရာကို လူတွေက ၀ိုင်းပြီး ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ ဒီဓာတ်ပုံပေါ်ထွက်လာပြီး သုံးလလောက် ကြာတဲ့အချိန်မှာ ဓာတ်ပုံဆရာခမျာ စိတ်ဖိစီးမှုဒဏ်တွေကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဓာတ်ပုံဟာ ၁၉၉၄ ခုနှစ်အတွက် ဓာတ်ပုံ ပူလစ်ဇာဆု ရရှိခဲ့တာဖြစ်ပါတယ်။

Ref: Wikipedia
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အမေရိကန်သတင်းထောက် နှစ်ဦးနှင့် ဗြိတိန်နိုင်ငံမှ ကူညီပေးရေး ၀န်ထမ်းတစ်ဦးကို ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုပြကွက်၌ ပါဝင်သူကို FBI ဖော်ထုတ်

ISIS EXECUTIONER IDENTIFIED, FBI CHIEF SAYS


ဝါရှင်တန် ၊ ၂၇-၉-၂၀၁၄

အမေရိကန် သတင်းထောက် နှစ်ဦးနှင့် ဗြိတိန်နိုင်ငံမှ အကူအညီ ပေးရေး ဝန်ထမ်းတစ်ဦး ကို ခေါင်းဖြတ် ကွပ်မျက်သည့် ဗီဒီယို ပြကွက်၌ ပါဝင်သည့် စစ်သွေးကြွမှာ မည်သူ ဖြစ်ကြောင်းကို အက်ဖ်ဘီအိုင် အဖွဲ့က ဖော်ထုတ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန် သတင်းထောက် နှစ်ဦးကို သတ်ဖြတ်သည့် ဗီဒီယို ပြကွက်တွင် ပါဝင်သည့် စစ်သွေးကြွသည် ဗြိတိန် လေယူလေသိမ်း ဖြင့် အင်္ဂလိပ်စကားကို ပြောကြား လေ့ရှိပြီး ၄င်း ပြောကြားသည့် လေယူလေသိမ်း အရ အဆိုပါ စစ်သွေးကြွမှာ ဗြိတိန်နိုင်ငံ တောင်ပိုင်းမှ ဖြစ်ဟန်ရှိကြောင်း အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ဂျိမ်းစ်ကိုမေ က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြား ခဲ့သည်။

သို့ရာတွင် အဆိုပါ စစ်သွေးကြွ ၏ အမည်နှင့် နိုင်ငံသားကိုမူ ၄င်းက ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ဥရောပနိုင်ငံ တစ်နိုင်ငံမှ ထွက်ပေါ်လာသည့် သတင်းများ အရ ဗီဒီယိုပြကွက် တွင် ဓားကိုင်လျက် ရပ်နေသည့် စစ်သွေးကြွမှာ လန်ဒန်မြို့မှ ဖြစ်နိုင်ဖွယ် ရှိသည့်အပြင် အာရှနိုင်ငံ တစ်နိုင်ငံမှ ဗြိတိန်နိုင်ငံ အတွင်းသို့ ဝင်ရောက် အခြေချ နေထိုင်သည့် မျိုးနွယ်စုဝင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

အမေရိကန် အာဏာပိုင် များသည် အဆိုပါ စစ်သွေးကြွမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဗြိတိန် ထောက်လှမ်းရေး အဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင် ပြီးနောက် ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ယင်း စစ်သွေးကြွ အဖွဲ့သည် အမေရိကန် သတင်းထောက် နှစ်ဦးအပြင် အရှေ့ အလယ်ပိုင်းဒေသ တွင်း၌ အကူအညီ ပေးရေး လုပ်ငန်းများတွင် ပါဝင်လျက် ရှိသည့် စကော့တလန် မှ ဒေးဗစ်ဟိန်းစ် ကို သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

PyiChitThar

စီရော်နယ်ဒိုကို မန်ယူပြန်လည်ခေါ်ယူလိုပါက ပေါင်သန်း ၁၄၀ ကျော် ကုန်ကျမည်



မန်ယူအသင်းသည် ရီးရဲလ် မက်ဒရစ်မှ ၎င်း၏တိုက်စစ်မှူး ဟောင်း စီရော်နယ်ဒိုကို ပြန် လည်ခေါ်ယူခဲ့ပါက ပြောင်းရွှေ့ ကြေး ပေါင်သန်း ၆၀ အပြင် ကစားသမား၏ တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၂၀ အပါအ၀င် ပေါင် သန်း ၁၄၀ ကျော်အထိ သုံးစွဲရ ဖွယ်ရှိကြောင်း သိရသည်။ ရော် နယ်ဒိုသည် ရီးရဲလ်တွင် မပျော်မ ရွှင်ဖြစ်နေရာ မန်ယူသို့ ပြန်လာရန်ဆန္ဒရှိနေပြီး မန်ယူနည်းပြ ဗန်ဂါး ကလည်း ၎င်းအားခေါ်ယူရန် ဆန္ဒ ရှိကြောင်း ပြောကြားထားသည်။ ရော်နယ်ဒို၏ ကိုယ်စားလှယ်များ က မန်ယူအသင်းထံမှ တစ်ပတ် လုပ်ခလစာ ပေါင် ၃၈၅,၀၀၀ နှင့် ညီမျှသော ပမာဏကို တောင်းဆို ဖွယ်ရှိနေသည်။ မန်ယူသည် နည်း ပြဟောင်း မိုရက်စ်လက်ထက်က ရော်နယ်ဒိုအား ပြန်လည်ခေါ်ယူ ရန် ကြိုးပမ်းခဲ့သော်လည်း မ အောင်မြင်ခဲ့ပေ။

ရီးရဲလ်ဥက္ကဋ္ဌ ပီ ရက်ဇ်ကလည်း အသင်းအတွက် ပြိုင်ပွဲစုံ ၂၆၄ ဂိုး သွင်းယူပေးထား သော ရော်နယ်ဒိုကို ၂၀၁၅ နွေရာသီတွင် ရောင်းချသွားဖွယ်ရှိကြောင်း သိရသည်။ မန်ယူသည်ယခုနွေရာသီတွင်လည်း ရီးရဲလ်တောင်ပံကစားသမား ဒီမာရီယာကို စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူခဲ့ပြီး အငှားခေါ်ယူထားသော တိုက်စစ်မှူး ဖယ်ကာအိုကိုလည်း တစ်ပတ်လုပ်ခလစာပေါင်၂၆၅,၀၀၀ အထိ ပေးချေနေရသည်။

—Ref: Dailymail

မိုးယသော် - ကြွားနေတယ်




မိုးယသော် - ကြွားနေတယ်

IS အဖွဲ့အပေါ် လေကြောင်းမှ တိုက်ခိုက်မှု ပိုမိုကျယ်ပြန့်လာနေကြောင်း အမေရိကန်ပြောကြား



အီရတ်မြောက်ပိုင်း ကောင်းကင်ယံတွင် ပျံသန်းနေသည့် အမေရိကန် F-15E တိုက်လေယာဉ်တစ်စီး

မဟာမိတ် နိုင်ငံများ ထပ်မံပူးပေါင်းလာခြင်းနှင့်အတူ ဆီးရီးယားနှင့် အီရတ်တို့တွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်မှု အရှိန်အဟုန်သည် အဆက်မပြတ် ဖြစ်လုနီးပါး ကျယ်ပြန့် မြင့်တက်လာကြောင်း အမေရိကန်က ကြေညာခဲ့သည်။

အမေရိကန် ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုများတွင် ဆီးရီးယားဘက်ခြမ်း၌ပါ တာဝန်ယူရန် ဗြိတိန်နှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နောက်ထပ် နှစ်နိုင်ငံက သဘောတူညီခဲ့သည့်နောက် တိုက်စစ်အရှိန် ပိုမိုမြင့်တက်လာမည်ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အီရတ်မြောက်ပိုင်းကို ထိန်းချုပ်ထားသည့် IS တပ်ဖွဲ့များကို အမေရိကန်က အရှိန်မြှင့် တိုက်ခိုက်နေပြီး ယခုအခါ ဆီးရီးယားဘက်တွင် ဗုံးကြဲရန် တာဝန်ကိုပါ မဟာမိတ်များက ပိုမို မျှဝေယူလာခြင်း ဖြစ်သည်။ ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် ဒိန်းမတ်တို့သည် အမေရိကန်၏ လေကြောင်းထိုးစစ်တွင် ပါဝင်ရန် ကတိပြုခဲ့ကြသည်။ အမေရိကန်သည် ကနဦးက အီရတ်ဘက်တွင်သာ ဗုံးကြဲနေသော်လည်း ယခုအခါ ဆီးရီးယားဘက်တွင် ဗုံးကြဲ တိုက်ခိုက်နေသည်မှာ (၅)ရက်ဆက်တိုက် ရှိလာခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ်က မိမိတို့၏ တိုက်လေယာဉ်များသည် ဆီးရီးယားဘက်ခြမ်းရှိ IS ပိုင် ရေနံတွင်းများကို အဓိက ပစ်မှတ်ထား ဗုံးကြဲခဲ့ပြီး အောင်မြင်မှုများ ရရှိနေကြောင်း ကြေညာသည်။ စက်တင်ဘာ (၂၆)ရက်တွင် ဆီးရီးယားဘက်၌ တိုက်လေယာဉ်နှင့် ဗုံးကြဲလေယာဉ် စုစုပေါင်း (၁၉)စီးထိ လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွ အဖွဲ့သည် အီရတ်တွင်ရော၊ ဆီးရီးယားတွင်ပါ ၎င်းတို့၏ အင်အားကို ဖြိုဖျက်နေသည့် ဗုံးကြဲတိုက်ခိုက်မှုများကို ကြုံနေရသည်။ အမေရိကန်နှင့်အတူ ဘာရိန်း၊ ပြင်သစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ UAE နိုင်ငံများမှ တိုက်လေယာဉ်များသည် IS အဖွဲ့၏ ပစ်မှတ်များကို တိတိကျကျ ချေမှုန်းခဲ့ပြီး ဖြစ်သလို နယ်သာလန်ကလည်း F-16 တိုက်လေယာဉ် (၁၆)စီးကို အီရတ်သို့ ပို့ဆောင်ပေးထားသည်။

_Ref: Channelnewsasia

အမျိုးသမီးများ စကပ်ဆိုက်ကိုသတိထား။

အသက် ၂၀ ပြည့်ပြီးနောက် ၁၀ နှစ်အတွင်း ခါးဆိုက်တစ်ဆိုက်စီ တိုးလာလေ့ရှိသော အမျိုးသမီးများသည် သွေးဆုံးပြီးနောက်ပိုင်း၌ ရင်သား ကင်ဆာဖြစ်ပွားနိုင်ချေ ၃၃ ရာခိုင်နှုန်းပိုသည့်အတွက် အမျိုးသမီးများအနေနှင့် မိမိကိုယ်အလေးချိန် တိုးလာခြင်း ရှိ၊မရှိကို မိမိဝတ်ဆင်သော စကပ်အရွယ်အစားအား ဂရုပြုစောင့်ကြည့်သင့် ကြောင်း လန်ဒန်ယူနီဗာစီတီကောလိပ်မှ သုတေသီများက ပြောသည်။

အ၀လွန်ခြင်းကြောင့် ကင်ဆာဖြစ်ပွားမည့်အန္တရယ်ရှိရာဝယ် ခါးအလယ်ပိုင်းအဆီများသော အမျိုးသမီးများတွင် ရင်သားကင်ဆာပိုမိုဖြစ်ပွားသည့်အတွက် နောင်တွင် မိမိ၌ ရင်သားကင်ဆာဖြစ်လာနိုင်ခြင်း ရှိ၊မရှိကို မိမိဝတ်ဆင် သော စကပ်ခါးဆိုက် တက်လာခြင်းရှိ၊မရှိ စောင့်ကြည့်ရုံဖြင့် လွယ်ကူစွာသိရှိနိုင်မည့်နည်းဖြစ်သည်။ 

အင်္ဂလန်နိုင်ငံတွင် အသက် ၅၀ မှ ၆၀ အရွယ် အမျိုးသမီး ၉ သောင်းကျော်အားစောင့်ကြည့်ခဲ့ရာ ၃ နှစ်အတွင်း ရင်သားကင်ဆာဖြစ်ပွားသူ ၁၀၉၀ ဦးရှိခဲ့ပြီး ၄င်းတို့ အားလုံးသည် အသက် ၂၀ နောက်ပိုင်း ၁၀ နှစ်လျင် အနဲဆုံး ခါးဆိုက် တစ်ဆိုက် ပုံမှန်ကြီးလာသူများဖြစ်သည်ကို တွေ့ ရသည်။ 

၁၀နှစ်အတွင်း ခါးဆိုက်တစ်ဆိုက်ပိုကြီးလာလျင် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေ ၃၃ ရာခိုင်နှုန်းဖြစ်ပြီး နှစ်ဆိုက်ပိုကြီး လာလျင်မူ ၇၇ ရာခိုင်နှုန်းဖြစ်လေရာ ကျန်းမာရေးနှင့်ညီညွတ်သောနေထိုင်မှုပုံစံကို ကျင့်သုံးပြီး လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ကာ ခါးအလယ်ပိုင်းအဆီမတက်အောင် ဂရုတစိုက်နေထိုင်သွားပါလျင် အမျိုးသမီးတိုင်းသည် ရင်သား ကင်ဆာဖြစ်ပွားနိုင်ချေကို ၄၀ ရာခိုင်နှူန်းခန့်  လျော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

အမျိုးသမီးတွေက ပေါင်ချိန်ကြပါတယ်။ ဒါပေမယ့်ချိန်ပြီးတော့ ညဉ်းညူလိုက်တာပဲရှိပြီး နေထိုင်မှုပုံစံ၊ ကျန်းမာရေး လေ့ကျင့်ခန်း အစရှိတာတွေကို ဟုတ်တိပတ်တိ ဂရုမစိုက်ကြပါဘူး။ နောက်ပြီး ကိုယ်အလေးချိန်တိုးလာတယ်ဆို တာ တစ်ကိုယ်လုံးအချိုးကျကျတိုးလာတယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါပေမယ့် ခါးလယ်ပိုင်းအဆီက သိသိသာသာ တိုးလာတယ်ဆိုရင်တော့ ရင်သားကင်ဆာဖြစ်နိုင်မယ်ဆိုတဲ့ နိမိတ်လက္ခဏာဖြစ်နေပါတယ်။ ဒါကိုအမျိုးသမီးတွေ အလွယ်ဆုံးနည်းနဲ့  သတိထားမိဖို့  စကပ်ဆိုက်ကို ဂရုစိုက်ပါလို့ ပြောရတာပါဟု သုတေသီတစ်ဦးက ပြောပြသည်။ 

ထို့ ကြောင်း သွေးဆုံးပြီးနောက်ပိုင်း ရင်သားကင်ဆာအန္တရယ်ကိုရှောင်ရှားနိုင်ရန် အမျိုးသမီးထုသည် ကျန်းမာရေး နှင့် ညီညွတ်သောကိုယ်အလေးချိန်ကို ထိန်းထားရန်လိုအပ်ပြီး ကိုယ်လက်လှုပ်ရှားမှုကို တတ်နိုင်သလောက် ပြုလုပ် ကာ အရက်သေစာသောက်သုံးမှုကိုလည်း လုံးဝဖြတ်ပစ်ရမည်ဖြစ်ကြောင်း သိရသည်။

အိုင်အက်စ်အဖွဲ့ကို လေကြောင်းဖြင့် တိုက်ခိုက်ရန် ဗြိတိန် လွှတ်တော်အတည်ပြုလိုက်ပြီ

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်သွားဖို့ ဗြိတိန် လွှတ်တော်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဗြိတိသျ လေတပ်ကလည်း အမေရိကန် ခေါင်းဆောင်တဲ့ စစ်ဆင်ရေးမှာ ချက်ချင်း ပူးပေါင်းဖို့အတွက် လမ်းပွင့်သွားပါပြီ။

အီရတ်မြေပေါ်မှာ လေကြောင်း စစ်ဆင်တဲ့အခါ သုံးဖို့အတွက် ဆိုက်ပရက်စ်မှာ အခြေစိုက်တဲ့ ဗုံးကျဲ လေယာဉ် ၆ စင်းကို ဒီမတိုင်ခင်ကတည်းက အသင့်အနေအထားနဲ့ ပြင်ဆင်ထားတာပါ။

ဓာတ်ပုံ – ရိုက်တာအီရတ်စစ်ဆင်ရေးမှာ ဗြိတိန်ကလည်း အကူအညီပေးဖို့ အီရတ်အစိုးရဆီက တရားဝင် ပန်ကြားခဲ့တဲ့နောက်မှာ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ရပ်နားထားတဲ့ လွှတ်တော်ကို ဆင့်ခေါ်ပြီး ဆွေးနွေးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။



ထောက်ခံမဲ ၅၀၄ မဲနဲ့ ကန့်ကွက်မဲ ၄၃ မဲ ရရှိတယ်လို့ လွှတ်တော် သဘာပတိက ကြေညာပါတယ်။ ဒီမတိုင်ခင်မှာတော့ ၀န်ကြီးချုပ်က အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုက်အက်စစ် စစ်သွေးကြွတွေကို မတားဆီးနိုင်ရင် သူတို့ရဲ့ အစ္စလာမ္မစ် နိုင်ငံတော်ဟာ မြေထဲပင်လယ်ကမ်းခြေဒေသအထိ ရောက်လာပြီး နေတိုး အဖွဲ့ဝင်တနိုင်ရဲ့ နယ်စပ်နားကို ရောက်လာလိမ့်မယ်။ ဒါတင်မက ဗြိတိန်နိုင်ငံနဲ့ ပြည်သူတွေကို တိုက်ခိုက်မယ်ဆိုတာကိုလည်း ခြိမ်းခြောက်ထားတဲ့အဖွဲ့ဖြစ်တယ်လို့ သတိပေးရင် စစ်ဆင်ရေးကို ထောက်ခံကြဖို့ ဆော်သြခဲ့ ပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့အထိ အမေရိကန် ခေါင်းဆောင်တဲ့ စစ်ဆင်ရေးမှာ ပြင်သစ်တနိုင်ငံ ပဲ ပူးပေါင်း စစ်ဆင်နေရာက စက်တင်ဘာလ ၂၂ ရက်နေ့မှာတော့ သြစတြေးလျ၊ ဘယ်လဂျီယံ၊ နယ်သာလန်တို့လည်း ပူးပေါင်းပါဝင်လာပါတယ်။ အခုနောက်ဆုံး ဗြိတိန်က စစ်ဆင်ရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်သလို ဒိန်းမတ်ကလည်း လေယာဉ်တွေ စေလွှတ်မယ်လို့ စက်တင်ဘာလ ၂၆ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။

အမေရိကန်က ဆီရီးယားနဲ့ အီရတ်မှာ လေကြောင်း စစ်ဆင်နေပေမယ့် အခုအထိ ဥရောပ နိုင်ငံတွေက အီရတ်မြေပေါ်မှာပဲ စစ်ဆင်ဖို့ သဘောတူထားပါတယ်။ ဆီရီးယား မြေပေါ်မှာ လေကြောင်း စစ်ဆင်ရေးကို သမ္မတ ဘာရှား အယ် အဆတ်က တရားဝင် ခွင့်မပြုသလို ကန့်ကွက်တာတော့ မရှိပါဘူး။

အီရတ်မြေပေါ်မှာ အမေရိကန်ရဲ့ လေကြောင်း စစ်ဆင်ရေးဟာ တလကျော်ရှိပြီး ဆီရီးယား မြေပေါ်မှာ စစ်ဆင်တာကတော့ ၄ ရက်ပဲ ရှိပါသေးတယ်။

အခုအထိတော့ ဆီရီးယားဘက်ကအခြမ်းက လေကြောင်း စစ်ဆင်ရေးကြောင့် အိုင်အက်စ် အဖွဲ့တွေကို ရှေ့မတိုးနိုင်အောင် မတားဆီးနိုင်သေးပါဘူး။

တူရကီနဲ့ နယ်စပ်က ကာ့ဒ်အနွယ်တွေ နေထိုင်တဲ့ မြို့ကို အိုင်အက်စ် စစ်သွေးကြွတွေက ၀ိုင်းထားဆဲဖြစ်ပါတယ်။ အရင်တပတ်အတွင်း ဆီရီးယားဘက်ကနေ တူရကီဘက်ကို ကာ့ဒ် လူမျိုး ဒုက္ခသည် ၁ သိန်းခွဲဝန်းကျင် ထွက်ပြေးခဲ့ရလို့ ၃ နှစ်ခွဲကြာ ဆီရီးယား ပြည်တွင်းစစ် ကာလမှာ အဆိုးဆုံး အခြေအနေဖြစ်ခဲ့ပါတယ်။

By ဒီဗွီဘီ

ရွှေ့ပြောင်းအလုပ်သမားမှ မင်းသားဖြစ်လာသူ အောင်နိုင်စိုးနှင့် တွေ့ဆုံခြင်း



‘ဘယ်လိုအချစ်မျိုးလဲ’ရုပ်ရှင်တွင် သရုပ်ဆောင်နေသော အောင်နိုင်စိုး

(၁၅)နှစ်အရွယ်ကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိကာ အောက်ခြေသိမ်းအလုပ်မှအစ ကျပန်းအလုပ်များလုပ်ကိုင်ခဲ့သော အောင်နိုင်စိုးတစ်ယောက် မမျှော်လင့်ဘဲ မင်းသားဖြစ်လာခဲ့သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးနှင့် တက်တူးထိုးသည့် ထိုင်းမလေးတို့နှစ်ဦး၏ဘာသာစကား၊ ဓလေ့ထုံးတမ်းမတူတဲ့ ကြားကဖြစ်တည်လာသည့် အချစ်ဇာတ်လမ်းကို ပုံဖော်ထားသော ‘ဘယ်လိုအချစ်မျိုးလဲ’ (Myanmar in love in Bangkok) ရုပ်ရှင်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ထို ဇာတ်ကားကို စက်တင်ဘာ ၁၈ ရက်ကတည်းက ရုံတင်ပြသနေပြီဖြစ်သည်။ ထိုင်းနိုင်ငံရောက် ရွှေ့ ပြောင်းအလုပ်သမားဘဝမှ မင်းသားဖြစ်လာသူ မွန်၊ ကချင်တိုင်းရင်းသား အောင်နိုင်စိုးနှင့် ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။

အရင်ဆုံးဘယ်မြို့ကနေ ထိုင်း ကိုလာအလုပ်လုပ်လဲဆိုတာရယ် အသက်ကကော ဘယ်လောက်ရှိ သွားပြီလဲဆိုတာ မိတ်ဆက်ပြော ပြပါလားခင်ဗျ။

ကျွန်တော့်နာမည်က အောင်နိုင်စိုးပါ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကပါ။ မွန်၊ ကချင် စပ်တိုင်းရင်းသားပါ။ ကျွန်တော့် အသက်က (၂၀)ပြည့်တော့မှာ ပါ။ ကျွန်တော် ရှစ်တန်းနဲ့ကျောင်း နားထားပါတယ်။

ထိုင်းကို ဘယ်တုန်းကစရောက် ဖြစ်တာလဲ။ ဘာလုပ်ဖို့ရောက် လာတာလဲ။ ပြီးတော့ ဘာအလုပ်လုပ်ဖြစ်ခဲ့လဲဆိုတာ ပြောပြပေးပါ လား။

ကျွန်တော် ထိုင်းကိုရောက် တော့ ကျွန်တော့်အသက် (၁၅) နှစ်ပဲရှိသေးတယ်။ ၂၀၁၀ ပြည့်နှစ်က စရောက်တာပါ။ မွေးမြူရေးလုပ် ငန်းအစားအစာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်။ အလုပ်က တော့ ဘာအလုပ်မှမရွေးခဲ့ဘူး။ ကြမ်းတာရော၊ နုတာရောအကုန် လုပ်ခဲ့တယ်။ အောက်ခြေအလုပ် သမားတစ်ယောက်အနေနဲ့ လုပ်ခဲ့ တာပါ။

အလုပ်လုပ်ရင်းနဲ့ ဇာတ်ကားရိုက် ဖို့ ဘယ်လိုဖြစ်သွားတယ်ဆိုတာ အကျဉ်းချုံးပြောပြပေးပါလား။

ဇာတ်ကားရိုက်ဖြစ်တဲ့ အကြောင်းကတော့ မြန်မာပတ်စ်ပို့ရုံးမှာ ပတ်စ်ပို့လုပ်နေတုန်းတွေ့ တာ။ သူတို့က ဒီဇာတ်ကားရိုက် ချင်လို့ မြန်မာတွေအများဆုံးရှိ မယ့်နေရာ မြန်မာပတ်စ်ပို့ရုံးကို လာပြီး မင်းသားရှာနေတာကြာပြီ လို့ပြောတယ်။ ကျွန်တော့်ကိုမြင် တော့ ဇာတ်ကားစမ်းရိုက်မလား လာမေးတယ်။ ကျွန်တော်က လည်း သဘောတူလိုက်တယ်။ ကျွန်တော့ရုပ်ရည်နဲ့ အစမ်းရိုက် ကြည့်ချင်တယ်ပြောတယ်။ ကျွန် တော့်လိပ်စာတွေကို သူတို့ တောင်းသွားတယ်။ နောက်တစ် လလောက်နေမှ ပြန်ဆက်သွယ် လာတာ။

သရုပ်ဆောင်တဲ့အတွေ့အကြုံ မရှိဘဲ သရုပ်ဆောင်တစ်ယောက် လုပ်တဲ့အခါ ဘယ်လိုအခက်အခဲ တွေတွေ့ရှိခဲ့လဲ။ အဓိကအခက် အခဲက ဘာလဲ။

ဘဝမှာတစ်ခါပဲကြုံခဲ့တာ ပေါ့နော်။ အခက်အခဲတွေပြောရ မယ်ဆိုရင်တော့ အများကြီးပဲ။ ပထမဆုံးအကြိမ်လည်းဖြစ်တယ်။ ပြီးတော့ သရုပ်ဆောင်က ခက် တယ်။ အတွေ့အကြုံမရှိဘူး။ နောက် အဓိက,ကတော့ ရှက်တာပေါ့။ ကျွန်တော်တို့က မရှက်ဘဲနဲ့ သရုပ်ဆောင်ရတော့ ကျွန် တော်တော့မလုပ်နိုင်ဘူးပေါ့။ ကြိုး စားပြီးတော့ လုပ်လိုက်တာပဲ။

အဲဒီဇာတ်ကားရိုက်ဖို့အတွက် အချိန်ဘယ်လောက်ပေးခဲ့ရလဲ။ အဲဒီအချိန်မှာ အလုပ်က နားထား ရလား။

အစတော့ အလုပ်လုပ်နေ တုန်းမှာ အစမ်းရိုက်ရတယ်။ ကျွန် တော့်အလုပ်နားရက် တနင်္ဂနွေ နေ့တွေမှာရိုက်တယ်။ တကယ် တမ်းရိုက်တော့ သုံးလလောက် အလုပ်ကနားလိုက်ရတယ်။ သူ တို့က ကျွန်တော့်ကို နေစရာ၊ စားစရာ၊ လခတွေအကုန်ပေးထားတယ်။ ဘာမှပူစရာမလိုဘူး။ဇာတ်ကားတကယ်တမ်း ရိုက်တာ အကုန်လုံးအပြီးအစီးဆို တစ်နှစ်လောက်ကြာတယ်။ ဒီ ဇာတ်ကားရိုက်တဲ့အချိန်က အခက် အခဲတွေအများကြီးရှိခဲ့တယ် လေ။ ဇာတ်ကားထဲမှာ ထိုင်းစကားပြောရတာကိုး။ ဇာတ်ညွှန်းရေး တာကိုက ထိုင်းလိုရေးထားတာကို ကျွန်တော်က မြန်မာလိုပြန်ဖတ် ရတာ။ မှတ်ရတာ၊ ကျက်ရတာ ကိုး။ အဲဒီတော့ နည်းနည်းကြာ တာပေါ့။

‘‘ဘယ်လိုအချစ်မျိုးလဲ’’ဇာတ် ကားက ထိုင်းမှာရုံတင်ပြသနေပြီ ဆိုတော့ ကြည့်တဲ့သူတွေဆီက ဘယ်လိုမျိုးအသံတွေပြန်ကြား နေရလဲ။

ကျွန်တော်တို့ ဘန်ကောက် မြို့ထဲမှာရှိတဲ့ မြန်မာတွေ၊ ညီအစ် ကိုမောင်နှမတွေအားလုံးအားပေး တယ်။ ပြီးတော့ဂုဏ်ယူတယ်ပေါ့ ဗျာ။ မြန်မာပြည်သားတစ်ယောက် အနေနဲ့ ထိုင်းနိုင်ငံကိုလာပြီး ဇာတ်ကားရိုက်နိုင်တယ်ဆိုတော့ သူတို့လည်း အားပေးတာပေါ့။

အခုဆိုရင် ထိုင်းမှာမြန်မာရွှေ့ ပြောင်းလုပ်သားတွေဆိုရင် ထိုင်း လူမျိုးတွေက အနှိမ်ခံရတာများ တယ်လေ။ ထိုင်းရုပ်ရှင်ဇာတ် ကားတွေရိုက်ပြီဆိုရင်လည်း သမိုင်းကြောင်းမှာ သူတို့ကို နယ်ချဲ့ခဲ့တဲ့အကြောင်းတွေကိုပဲ ဗီလိန်ခန်းက ထည့်ရိုက်တာများ ကြတယ်။ အခုလို မြန်မာရွှေ့ ပြောင်းအလုပ်သမားတစ်ယောက် ကို မင်းသားတင်ပြီးရိုက်ခဲ့တဲ့ ဒီဇာတ်ကားက မြန်မာလုပ်သားတွေအပေါ်မှာထိုင်းလူမျိုးတွေ မြင်တဲ့ အမြင်သဘောထားပြောင်း သွားတယ်လို့ထင်လား။

ထင်ပါတယ်ခင်ဗျ။ အခုလို ဒီဇာတ်ကားရိုက်ရတဲ့အကြောင်း အရင်းကလည်း အဲဒီလိုပါပဲ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုလာ ပြီး အလုပ်လာလုပ်တဲ့မြန်မာနိုင်ငံ သားတွေက တအားကိုများနေ တာ။ ဒီလိုအကြောင်းလေးတွေကို ထိုင်းတွေက နားမလည်ဘူးဖြစ် တယ်။ သူတို့နားလည်တာက ဟို အရင်တုန်းကအကြောင်းတွေပဲ။ ဒီဇာတ်ကားလေးက အဲဒီအတွက် လည်းပါတယ်။ ဒီဇာတ်ကားထဲမှာ ပေါ့နော် မြန်မာပြည်သားတွေ ဘယ်လိုနေထိုင်စားသောက်လဲ။ သူတို့ရဲ့ သဘာဝတွေ၊ ဘဝလေး တွေကိုပါဝင်ဖော်ထုတ်ခိုင်းထား တဲ့အတွက် သူတို့လည်း နားလည် နေပါပြီ။ မြန်မာပြည်သူ၊ ပြည် သားတွေကိုလည်း ယုံကြည်ပြီး တော့ ဒီဇာတ်ကားကိုကြည့်ပြီး ပိုပြီးနားလည်လာတာပေါ့။

ဒီဇာတ်ကားကို မြန်မာပြည်မှာ လည်းပြဖို့ရှိတယ်ဆိုတော့ ပြန် လာပြီးမိတ်ဆက်ပွဲတွေလုပ်ဖို့ရှိ လား။

မြန်မာပြည်မှာပြမလားလို့ သူတို့ဆက်သွယ်နေတာ။ မီဒီယာ ဆဲဗင်းလ်တို့နဲ့ ဆက်သွယ်နေ တာ။ စကားတော့ပြောပြီးသွားပြီ ပေါ့နော်။ အကယ်၍ မြန်မာပြည် မှာပြမယ်ဆိုရင်တော့ ကျွန်တော် လိုက်ရမယ်လို့ပြောတယ်။ မင်း သမီးလည်းပါမယ်။ ဇာတ်ကားထဲ မှာပါတဲ့ ကျွန်တော့်ရဲ့သူငယ်ချင်း နောက်တော်တော်များများလိုက် ရမယ်လို့ပြောတယ်။

ဒီဇာတ်ကားကိုကော မြန်မာပြည် သူတွေကြည့်စေချင်လားခင်ဗျ။ ဘာကြောင့်ကြည့်စေချင်တာလဲ ဆိုတာပြောပြပေးပါလား။

ကြည့်စေချင်တာပေါ့ဗျာ။ ဒီလိုမျိုးရိုက်ရတဲ့ဇာတ်ကားကို မြန်မာပြည်သူတွေကြည့်စေချင် ပါတယ်။ ဘန်ကောက်မှာလည်း ပြတော့ မြန်မာတွေအများကြီး လာကြည့်သလို မြန်မာနိုင်ငံမှာ လည်းပြရင် အများကြီးလာကြည့် စေချင်ပါတယ်။ ကြည့်စေချင်တဲ့ သဘောကတော့ ကျွန်တော်တို့ မြန်မာပြည်သူတွေ အလုပ်လုပ်ရ တဲ့အကြောင်းကို ပွင့်ပွင့်လင်း လင်းရိုက်ပြထားတာပေါ့နော်။ ပြီးတော့ ထိုင်းနဲ့ မြန်မာချစ်ကြည် ရေးလည်း ပိုတိုးလာမယ်လို့ မျှော် လင့်မိလို့ကြည့်စေချင်တာပါ။

အခုလက်ရှိမှာ အစ်ကိုဘာလုပ် နေလဲခင်ဗျ။ မူလအလုပ်ကိုကော ပြန်လုပ်ဖို့အစီအစဉ်ရှိသေးလား ခင်ဗျ။

မူလအလုပ်ကတော့ မလုပ် ဖြစ်သေးဘူး။ တွေ့ဆုံမေးမြန်း ခန်းတွေ မနားတမ်းသွားနေရ တော့ အရင်အလုပ်ကို နားထား ရတယ်။ ဒီအတောအတွင်းမှာ တော့ မလုပ်ဖြစ်သေးဘူး။

ရှေ့ဆက်အနုပညာအလုပ်ကိုပဲ ဆက်လုပ်သွားမှာလား။ အရင် အလုပ်ကိုပဲ ပြန်လုပ်သွားမလား ဆိုတာ သိချင်ပါတယ်။

ကျွန်တော်ကပြောမယ်ဆို အနုပညာဘက်ကနေတက်လာ တာလည်းမဟုတ်ဘူး။ ပထမဆုံး အကြိမ်ဆိုတော့ အဲဒီလိုအတိ အကျတော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ ဒါရိုက်တာတွေပြောတာ တော့ နောက်ဇာတ်ကားတွေမှာ လည်း အခန်းတွေခေါ်ရိုက်တာတို့ ပေါ်လာမှာပါလို့ ပြောပါတယ်။ အဲဒါကြောင့် စဉ်းစားနေပါတယ်။

ဒီဇာတ်ကား ထိုင်းမှာရုံတင်ပြီးတဲ့ နောက် ဇာတ်ကားတွေထပ်ရိုက် ဖို့ ကမ်းလှမ်းတာတွေရှိလား။

ရှိတော့ရှိတယ်။ တစ်ကား ပေါ့နော်။ အဲဒါကျတော့လည်း တစ်ခန်းပဲပါတာ။ အဲဒီဇာတ်ကား သွားရိုက်ဖို့တော့ရှိတယ်။

အစ်ကိုအနေနဲ့ အလုပ်လုပ်ခဲ့စဉ် တုန်းက မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအပေါ် ထိုင်းအလုပ် ရှင်တွေက နှိပ်စက်တာတွေကြုံခဲ့ ဖူးလားခင်ဗျ။

ကြုံဖူးတယ်ခင်ဗျ။ ဒါမျိုး တွေကတော့ သူဌေးကောင်းဆို တာတော့ ရှာရခက်တာပေါ့နော်။ သိတဲ့အတိုင်းပဲ သူဌေးမှန်သမျှက ကျွန်တော်တို့ဆင်းရဲသားအနေနဲ့ ခံရတာပါပဲ။ ဒါတော့ သဘာဝ ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည်သူ၊ ပြည်သားတွေက ဒါတွေကို သိပ်ပြီးဂရုမစိုက်ပါဘူး။ ကိုယ့်တာဝန်ကိုကျေအောင်လုပ် တယ်။

ဒီဇာတ်ကားရိုက်ပြီးတဲ့အချိန်မှာ ထိုင်းအလုပ်ရှင်တွေ၊ ထိုင်းလူ ငယ်တွေဆီက ဘယ်လိုအသံတွေ ပြန်ကြားလဲဗျ။

သူတို့ပြောတာကပေါ့နော်။ အချစ်ဆိုတာက ဘယ်လို အဓိပ္ပာယ်ရလဲပေါ့နော်။ ဒီဇာတ် ကားကိုကြည့်ပြီးတော့ သူတို့တွေ့ လာတဲ့အတွေ့အကြုံတွေက ဒီ ဇာတ်ကားနဲ့လွဲနေတယ်ပေါ့နော်။ ဒီဇာတ်ကားကြည့်ပြီးမှ နားလည် သဘောပေါက်လာတယ်။ ဟုတ် တယ် ဒီမြန်မာကောင်လေးတစ် ယောက်က သူ့ရဲ့ဘဝအကြောင်း ကို ပေါ်လွင်စေတယ်။ ပြီးရင် သူ က ဒီဘန်ကောက်မြို့မှာလာပြီး အလုပ်လုပ်စားတာ သဘာဝကျ ကျနဲ့ ကိုယ့်အလုပ်နဲ့ကိုယ် လုပ်စား တဲ့သူပါလားဆိုပြီးမြင်တယ်။ အလုပ်ကြိုးစားလုပ်တဲ့ မြန်မာ ပြည်သူ၊ ပြည်သားတွေကို အထင် မသေးတော့ဘူးဆိုပြီး မြင် လာကြတယ်။ ဒီဇာတ်ကားထဲမှာ မြန်မာကောင်လေးက ချစ်ရင် တကယ်ချစ်တယ်။ အဲဒီလို သဘောမျိုးရိုက်ပြထားတာ။ မြန်မာပြည်သူ၊ ပြည်သားတွေက ညဘက်ဆိုရင်လည်း ဘုရားရှိခိုး အိပ်ကြတယ်။ အဲဒီလိုအစိတ် အပိုင်းလေးတွေထည့်ထားတော့ မြန်မာပြည်သူ၊ ပြည်သားတွေ အကြောင်းကို အတိအကျလေး ထည့်ထားတော့ အဲဒါကိုကြည့်ပြီး သူတို့က ပိုပြီးနားလည်သဘော ပေါက်လာတာပေါ့။

ကျေးဇူတင်ပါတယ်ခင်ဗျ။
7 Day

ကိုရီးယားအဖွဲ့ဆက်သွယ်လာပါက သရဖူပြန်ပေးမည်ဟု မေမြတ်နိုးမိခင်ဆို



သရဖူကိစ္စနှင့်ပတ်သက် ၍ ထပ်မံဖြေရှင်းရန် အစီအစဉ် မရှိဘဲ ကိုရီးယားအဖွဲ့အစည်းက ဆက်သွယ်ပါက သရဖူကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်းMiss Asia Pacific World 2014 ဆုရှင် မေမြတ်နိုး၏ မိခင်က ပြော သည်။

‘‘သူတို့ဘက်က မဟုတ်တာ တွေပြောထားတော့ လာမယူရဲ တာထင်တယ်။ အန်တီတို့ဘက် ကတော့ ဒီကိုလာယူတာနဲ့ ပြန် ပေးဖို့အဆင်သင့်ပါ’’ဟု မေမြတ် နိုး၏ မိခင်က ပြောသည်။

သရဖူကိစ္စနှင့်ပတ်သက်၍ ကိုရီးယားအဖွဲ့အစည်းဘက်မှ ယခုအချိန်ထိ ဆက်သွယ်မှုမရှိ သေးဘဲ ဆက်သွယ်လာပါက အားလုံးကို အသိပေးသွားမည်ဟု ၎င်းက ပြောသည်။

ကိုရီးယားဘက်မှ စွပ်စွဲထား သော အကြောင်းအရာများကို မေမြတ်နိုးက စက်တင်ဘာ ၂ ရက်တွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်၍ ဖြေရှင်းခဲ့ပြီး ၎င်း၏ ဂုဏ်သိက္ခာကျခဲ့ရသောကြောင့် ယင်းအဖွဲ့အစည်းက တောင်းပန်မှသာ သရဖူကိုပြန်လည်ပေးအပ် မည်ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စကို Miss Asia Pacific World အဖွဲ့အစည်းက မေမြတ်နိုးကို ပြိုင်ပွဲမှထုတ်ပယ် သည့်အချက်သုံးခုပါဝင်သော ကြေညာချက်တစ်စောင်ကို စက် တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ ယင်းကြေညာချက်နှင့်အ တူ မေမြတ်နိုး၏ လိမ်ညာမှုများ အတွက် ကိုရီးယားနှင့် မြန်မာရဲ တပ်ဖွဲ့များထံ ရာဇဝတ်မှုဖြင့် တောင်းဆိုမည်ဟု သတင်းထုတ် ပြန်ခဲ့သည်။
7 Day

ကွန်ပျူတာ သန်း ၅၀၀ ခန့် တိုက်ခိုက်ခံရနိုင်သော Shell Shock လုံခြုံရေးယိုစိမ့်ပေါက်အကြောင်း အရေးပေါ်သတိ ပေးချက်ထုတ်ပြန်

Linux System နှင့် Apple ကုမ္ပဏီ၏ Mac OS တို့ ၏တစ်စိတ်တစ်ဒေသဖြစ်သော Bash ဆော့ဖ်ဝဲတွင် ဆိုးရွား သော လုံခြုံရေးယိုစိမ့်ပေါက်ရှိနေပြီး သန်းပေါင်းရာပေါင်းများစွာသော ကွန်ပျူတာနှင့်ဆာဗာများကို လုံခြုံမှု ကင်းမဲ့စေ နေကြောင်း သုတေသီများက ပြောသည်။ 

ယင်းလုံခြုံရေးယိုစိမ့်မှုကို Shell Shock ဟုအမည်ပေးထားပြီး Bash ပေါင်းစပ်ပါဝင်သော ဆော့ဖ်ဝဲတစ်ခုခုကို အသုံးပြုသော မည်သည့်ကွန်ပျူတာ၊ ဆာဗာကိုမဆို အဝေးမှ လှမ်းထိန်းချုပ်နိုင်ကာ ယခုနှစ် ဧပြီလက တွေ့ ရှိခဲ့ သော Heart Bleed Bug ထက်ပင် ပို၍ဆိုးရွားပြင်းထန်စွာ ဒုက္ခပေးနိုင်ကြောင်း သိရသည်။ 

Heart Bleed Bug က ကွန်ပျူတာတွေ ဘာလုပ်နေသလဲဆိုတာကို လျှို့ ဝှက်စောင့်ကြည့်တာလောက်ပဲ လုပ်နိုင်ပေ မယ့် ဒီ Shell Shock ကတော့ System တစ်ခုလုံးကို တိုက်ရိုက်ထိန်းချုပ်လို့ ရတဲ့ လုံခြုံရေးယိုစိမ့်ပေါက် ဖြစ်နေပါ တယ်။ ကွန်ပျူတာလုံခြုံရေးစနစ်မှာ တံခါးကြီးတစ်ချပ် ဟင်းလင်းပွင့်နေတဲ့အတိုင်းပါပဲဟု ဆာရေးတက္ကသိုလ်မှ ကွန်ပျူတာလုံခြုံရေးသုတေသီ ပရော်ဖက်ဆာ အယ်လန်ဝူးဒ်ဝေါ ကပြောပြသည်။ 

Heart Bleed Bug သည် ကမ္ဘာတ၀န်းရှိ ကွန်ပျူတာအလုံးပေါင်း ၅ သိန်းခန့် ကို ဒုက္ခပေးခဲ့သော်လည်း ယခု Shell Shock သည် ကနဦးတွက်ချက်မှုတွင်ပင် ကွန်ပျူတာအလုံးပေါင်း သန်း ၅၀၀ ကိုဒုက္ခပေးနိုင်ပြီး ဤကိန်းဂဏန်းမှာ ထပ်တက်ရန်သာရှိကြောင်း သိရသည်။ 

Web Server အများစုသည် Apache System ကိုအသုံးပြုကာ လည်ပတ်ရရာဝယ် Apache ဆော့ဖ်ဝဲတွင်လည်း Bash စနစ်က ပေါင်းစပ်ပါဝင်နေသည်။ Bash သည် Bourne-Again SHell ၏အတိုကောက်ဖြစ်ပြီး Unix ကွန်ပျူတာ များတွင်အသုံးပြုသော command prompt တစ်ခုဖြစ်သည်။ Linux နှင့် Mac OS အပါအ၀င် အခြား system အတော်များများကို Unix OS ပေါ်တွင် တည်ဆောက်ထားသည်။ 

ထို့ အတွက် အမေရိကန်ပြည်ထောင်စု ကွန်ပျူတာအရေးပေါ်အခြေအနေတုန့် ပြန်ရေးအသင်းက Shell Shock အကြောင်း အရေးပေါ်သတိပေးချက်ထုတ်ပြန်လိုက်ပြီး System Administrator များအနေနှင့် ယင်းလုံခြုံရေးယိုစိမ့် ပေါက်ကို အမြန်ဆုံးပြုပြင်ဖာထေးနိုင်ရန် တိုက်တွန်းလိုက်သည်။ 

ယခုချက်ခြင်းထုတ်လုပ်လိုက်သော Shell Shock ပိတ်ဆို့ စနစ်သည်လည်း ပြည့်စုံမှုမရှိသေးပဲဖြစ်နေပြီး လုံခြုံရေး အဖွဲ့ အစည်းများ၏ ကွန်ပျူတာများတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

Lashio News Diary

အွိုင်မြခုံ သို့ မဟုတ် ကမ္ဘာ့အအေးဆုံးရွာ



ကမ္ဘာပေါ်မှာ လူသားတွေနေထိုင်နေတဲ့ မြို့ ၊ရွာတွေထဲမှာ အအေးဆုံးရွာဟာ အွိုင်မြခုံ (Oymyakon) ရွာကလေး ဖြစ်ပါတယ်။ အွိုင်မြခုံ ဟာ ရုရှားနိုင်ငံ၊ ဆခါရီပတ်ဘလစ်၊ အွိုင်မြခုံစကီခရိုင်က အစွန်အဖျားတစ်နေရာမှာ ရှိပါတယ်။ 
၁၉၂၄ ခုနှစ်မှာ ရုရှားသိပ္ပံပညာရှင်တစ်ဦးက အွိုင်မြခုံကို စတင်တွေ့ ရှိခဲ့ပြီး အပူချိန် အနုတ် ၇၁ ဒီဂရီစင်တီဂရိတ်ပဲရှိ တဲ့ ဒီနေရာမှာ နေထိုင်ခဲ့ရာကနေ တဖြည်းဖြည်းနဲ့  ရွာကလေးတစ်ရွာ ဖြစ်လာတာပါ။ 

အာတိတ်ဒေသဆန်တဲ့ ရာသီဥတုကြောင့် အွိုင်မြခုံဟာ ကမ္ဘာ့မြောက်ဖက်ခြမ်းက လူနေထိုင်ရာဒေသထဲမှာ အအေး ဆုံးဖြစ်လာပါတယ်။ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ မှာ အပူချိန် အနုတ် ၆၇ ဒသမ ၇ ဒီဂရီစင်တီဂရိတ်နဲ့  ကမ္ဘာပေါ်မှာ အအေးဆုံးလူနေထိုင်ရာဒေသအဖြစ် မှတ်တမ်းတင်ခံခဲ့ရတာပါ။ အွိုင်မြခုံထက်အေးတာဆိုလို့  အာတိတ်ဒေသပဲ ရှိပါတယ်။ အပူချိန်က အနုတ် ၈၉ ဒသမ ၂ စင်တီဂရိတ်ပါ။ 

ဒီအပူချိန်တွေကို တိုင်းတာပေးနေတဲ့ မိုးလေ၀ါသဌာနက အမြင့်ပေ ၂၄၆၀ မှာရှိပြီး ပတ်ပတ်လည်က တောင်တန်း တွေက အမြင့် ၃၆၀၀ ပေ အနည်းဆုံးရှိပါတယ်။ တောင်စဉ်တောင်တန်းတွေရဲ့  လျှိုမြောင်တွေမှာ လေအေးတွေက တဟူးဟူးတိုက်ခတ်နေပါတယ်။ အမြင့်ပေ ၁၀၀၀ တက်သွားတိုင်း အပူချိန်က ၁၀ ဒီဂရီ လျော့သွားပါတယ်။ 

အွိုင်မြခုံရဲ့ ပတ်ဝန်းကျင်မြေပြင်ဟာ အမြဲခဲနေပါတယ်။ ဒီဇင်ဘာလမှာ အနုတ် ၅၀ ဒီဂရီ ဖာရင်ဟိုက်ရှိပြီး သြဂုတ်လ မှာကျတော့ အပေါင်း ၅၀ ဒီဂရီဖာရင်ဟိုက်ရှိတာပါ။ ဆောင်းရာသီမှာ တစ်ရက်ကိုနေရောင်မြင်ရချိန် ၃ နာရီလောက် ပဲရှိပြီး နွေအခါကျပြန်ရင်လည်း နေထွက်ချိန်ချဉ်း ၂၁ နာရီရှိပြန်ပါတယ်။ 

အွိုင်မြခုံ ဟာ အနီးဆုံးမြို့  Yakutsk ကို ကားနဲ့ သွားရင်တောင် ၃ ရက်ကြာအောင် ခေါင်တဲ့ရွာကလေးပါ။ ဝေးလံ သီခေါင်လွန်းတာရော၊ ကမ္ဘာ့အအေးဆုံးနေရာဖြစ်တာရောကြောင့် အွိုင်မြခုံကို တော်ရုံတန်ရုံ ဧည့်သည်မလာနိုင်ပါ ဘူး။ ဒီတော့ အွိုင်မြခုံရွာသားတွေဟာ ဧည့်မျှော်ကြပါတယ်။ ဟိုတယ်မရှိတဲ့ဒီရွာကလေးမှာ ဧည့်သည်လာလိုက် တယ်ဆိုရင်ပဲ နေရာထိုင်ခင်း၊ အိပ်စရာတွေကို ၀မ်းသာအဲလှယ် ပြင်ပေးကြပါတယ်။ ဧည့်သည်တိုင်းကို ‘အေးစက် သော ၀င်ရိုးစွန်းသို့  အလည်ရောက်အမှတ်တရ’ စာတမ်းတွေ ထုတ်ပေးကြပါတယ်။ 

အွိုင်မြခုံဟာ တစ်နှစ်ပတ်လုံး နှင်းတွေ၊ ရေခဲတွေနဲ့  ဖွေးဖွေးဆွတ်နေတယ်။ ဒီရွာလေးရဲ့  စီးပွားရေးကလည်း မိရိုး ဖလာပါပဲ။ တိရိစ္တာန်သားမွေးတွေရောင်းဝယ်မယ်၊ ရေခဲငါးတွေရောင်းမယ်။ တစ်နှစ်ပတ်လုံးနှင်းတွေကျနေတော့ ရှု ခင်းက အရမ်းလှပါတယ်။ အာတိတ်စက်ဝိုင်းဒေသမှာရှိနေတော့လည်း အွိုင်မြခုံဟာ ကမ္ဘာ့အလှဆုံး နေ၀င်ချိန်ကို ပိုင်ဆိုင်ပါတယ်။ လာသမျှဧည့်သည်တွေဟာ ဓါတ်ပုံဆရာတွေဖြစ်နေတာ မဆန်းပါဘူး။ 

အွိုင်မြခုံဟာ ဖွံ့ ဖြိုးတိုးတက်မှုနှုန်းလည်းနှေးပါတယ်။ ၂၀၀၈ ခုနှစ်မှာ အွိုင်မြခုံရဲ့ တစ်ခုတည်းသောစာသင်ကျောင်း မှာ အခန်းတွင်းအိမ်သာတပ်ဆင်ခဲ့ပါတယ်။ မိုဘိုင်းဖုန်းသုံးလို့ မရပါဘူး။ ဒီလောက်အေးတဲ့နေရာမှာ မိုဘိုင်းဖုန်းတွေ အလုပ်မလုပ်နိုင်ပါဘူး။ လယ်လည်းစိုက်လို့ မရပါဘူး။ တစ်ရွာလုံးက လိုအပ်တာဝယ်ဖို့  ကုန်စုံဆိုင်ကလည်း တစ်ဆိုင်ပဲရှိပါတယ်။ 
အပြင်ထွက်လို့ မျက်မှန်တပ်မယ်ဆိုရင်တော့ တစ်ခါတည်း မျက်နှာမှာခဲပြီး ကပ်သွားပါလိမ့် မယ်။ ပြန်ခွာရင် အရေပြားပါပါလာမှာမို့  အွိုင်မြခုံမှာ ဘယ်သူမှ နေကာမျက်မှန်မတပ်ပါဘူး။ 

အမြဲရေခဲနေတဲ့နေရာဖြစ်နေတော့ ဘာမှစိုက်ပျိုးလို့ မရပါဘူး။ ဒီရွာကလူတွေက ရေခဲတောင်သမင်နဲ့  မြင်းသားကို ပဲ စားရတာပါ။ ဒါပေမယ့် အာဟာရချို့ တဲ့မှုကိုတော့ ဘယ်တော့မှ မခံစားကြရပါဘူး။ သမင်နို့ ကို သောက်ကြပြီး အဲဒီ သမင်နို့ မှာ အာဟာရဓါတ် ပြည့်စုံစွာပါတယ်လို့  ဆရာဝန်တွေက ပြောပါတယ်။ ကားစက်ကို တစ်နေကုန်နိုးထား ရပါတယ်။ စက်ရပ်သွားရင် ပြန်နိုးလို့ မရတော့ပါဘူး။ ညကိုတော့စက်ရပ်ထားပြီး မနက်ခင်းဆိုရင်တော့ ကားစက်နိုး သံ တညံညံနဲ့  ရွာတစ်ခုလုံးသက်ဝင်လှုပ်ရှားလာပါတယ်။ 

အသုဘရှိလို့  မြေကျင်းတူးရတော့မယ်ဆိုရင် ၃-ရက်လောက်ကြာပါတယ်။ မြေတူးနိုင်အောင်လို့  ရေခဲအရည်ပျော် အောင် မီးသွေးဖိုတွေ ၀ိုင်းထားရပါတယ်။ 

အွိုင်မြခုံ ဟာ ရုရှားဘာသာစကားမှာ မခဲသောရေလို့ အဓိပ္ပါယ်ရပါတယ်။ ဒီရွာနားမှာ ရေပူ စမ်းတစ်ခုရှိပါတယ်။ အဲဒီရေပူစမ်းကို အွိုင်မြခုံလို့ ခေါ်ရာကနေ ဒီရွာနာမည်ကလည်း အွိုင်မြခုံဖြစ်လာတာပါ။ လူဦးရေ ၄၇၂ ယောက်၊ ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၀ မီတာ ရှိပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဒီနေရာမှာ လေယာဉ်ကွင်းငယ် လေး တည်ဆောက်ထားခဲ့ပါတယ်။ ၁၉၂၀ နဲ့  ၁၉၃၀ ကြားမှာ ရေခဲတောင်သမင်မွေးမြူရေးသမားတွေက အွိုင် မြခုံ ရေပူစမ်းမှာ တစ်ထောက်နားပြီး သမင်တွေကိုရေတိုက်ရင်း နားကြခဲ့ကြပါတယ်။

ဒီလောက်ခက်ခဲတဲ့နေရာမှာ လူလေး ၅၀၀ လောက်က သဘာဝကိုအံတုပြီးနေထိုင်နေကြတာ အံ့သြစရာပါ။ အဲဒီ တုန်းက ဆိုဗီယက်အစိုးရက ဒီလူတွေကို နေရာပြောင်းရွှေ့ ပေးဖို့  ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီရွာသားတွေဟာ နည်းပညာနဲ့  ယဉ်ကျေးမှုကိုကျောခိုင်းလို့  ဒီဝေးလံသီခေါင်ပြီး ရေအမြဲခဲနေတဲ့ မိုဘိုင်းဖုန်းအဆက်အသွယ်တောင် မရှိတဲ့ ရွာကလေးမှာပဲ ဆက်နေဖို့  ရွေးချယ်ခဲ့ကြပါတယ်။ 

အွိုင်မြခုံမှာ အိမ်တိုင်းလိုလို မီးသွေးဖိုကို ၂၄ နာရီဖိုထားရပါတယ်။ အနွေးဓါတ်ရအောင်လို့ ပါ။ လျှပ်စစ်မီးမရှိတဲ့ အတွက် ထင်းမီးလင်းဖိုကိုပဲ အသုံးပြုရပါတယ်။ အခုနောက်ပိုင်းမှာတော့ ကိုယ်ထူကိုယ်ထ မီးစက်နဲ့  ရွာကို အချိန်အကန့် အသတ်နဲ့  လျှပ်စစ်မီး ပေးပါတယ်။ ဒီရွာသားတွေဟာ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံတဲ့နေရာမှာ ပြိုင်စံ ရှားပါတယ်။ အပူချိန် အနုတ် ၅၂ ဒီဂရီစင်တီဂရိတ်အောက်ရောက်မှ တစ်ခုတည်းသောကျောင်းကို ပိတ်ကြတာပါ။ 

ကျောင်းသားလေးတွေမှာလည်း ဘောပင်မှင်ခဲတာကို ကြုံရလေ့ရှိပြီး သက်ကြီးရွယ်အိုတွေ စာဖတ်ဖို့  စာဖတ်မျက် မှန် တပ်မရသလို ဘက်ထရီတွေဆိုရင်လည်း အေးလွန်းတဲ့အတွက် အလိုလိုအားကုန်သွားလေ့ရှိပါတယ်။ 

အခုနောက်ပိုင်းတော့ ဒီရွာကလေးမှာ အပိုဝင်ငွေရှိလာပါပြီ။ ကမ္ဘာလှည့်ခရီးသည်တွေပေါ့။ ကမ္ဘာ့အအေးဆုံးနေရာ မှာ တစ်ညလောက်တော့ လာနေကြည့်ကြပါတယ်။ အိမ်ထဲမှာ အိမ်သာမရှိတဲ့အဖြစ်၊ သမင်သားပဲစားရတဲ့အဖြစ်၊ မီး သွေးမီးဖိုနဲ့  အနွေးဓါတ်ယူပြီး ထင်းမီးလင်းဖိုနဲ့ နေရတဲ့အဖြစ်၊ ရေချိုးမယ်ဆိုရင် ရှေးရောမဇာတ်ကားတွေထဲကလို မီး သွေးထဲဖုတ်ထားတဲ့ ကျောက်ခဲတွေကို ရေစည်ပိုင်းထဲထည့်ပြီး ရေနွေးအောင်လုပ်ပြီး ချိုးရတဲ့အဖြစ်တွေကို တအံ့ တသြခံစားကြရင်း မနက်နေထွက်ချိန်နဲ့  ညနေပိုင်းနေ၀င်ချိန်တို့ ရဲ့  အံ့သြဘနန်း လှပလှတဲ့ ရှုမျှော်ခင်းတွေကို ကြည့်ရင်း တစ်ချိန်က ကမ္ဘာကမေ့လျော့နေခဲ့တဲ့ အွိုင်မြခုံဟာ တဖြည်းဖြည်းနဲ့  လူသိများလာပြီး သွားရောက်လည် ပတ်သူတွေနဲ့  စည်ကားလာမယ့် အလားအလာကို တွေ့ နေရပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

ဦးဝီရသူကို သီရိလင်္ကာကို လာခွင့် မပေးဖို့ ကန့်ကွက်လိုက်ပြီ

                 ဦးဝီရသူကို အကြမ်းဖက်သမားအဖြစ် Time မဂ္ဂဇင်း မှာ ဖေါ်ပြထား

သီရိလင်္ကာ နိုင်ငံမှာ စက်တင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့် သံဃာ့ ကောင်စီ အစည်းအဝေး တခုကို မန္တလေးမြို့ မစိုးရိမ်တိုက်က ဆရာတော် ဦးဝီရသူ ကို တက်ဖို့ ဖိတ်ကြား ထားရာမှာ ဦးဝီရသူကို သီရိလင်္ကာ ကို လာခွင့် မပေးဖို့ သီရိလင်္ကာ မွတ်ဆလင် ကောင်စီက ကန့်ကွက် လိုက်ပါတယ်။

ဦးဝီရသူကို အစည်းအဝေး တက်ဖို့ သီရိလင်္ကာ နိုင်ငံက သဘောထား တင်းမာတဲ့ ရဟန်းတော် အဖွဲ့ ဖြစ်တဲ့ Bodu Bala Sena အဖွဲ့က ဖိတ်ကြား ခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ မကြာသေးခင် လပိုင်းတွေ တုန်းက ဗုဒ္ဓဘာသာဝင် တွေနဲ့ မွတ်ဆလင် တွေအကြား ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာမို့ ဦးဝီရသူ လာရင် ရှုပ်ထွေးမှာ စိုးတဲ့အတွက် သူ့ကို ပြည်ဝင်ခွင့် မပေးဖို့ အာဏာပိုင် တွေကို ကန့်ကွက်ထားတယ်လို့ သီရိလင်္ကာ မွတ်ဆလင် ကောင်စီ ယာယီ ခေါင်းဆောင် ဟီလ်မီ အာမက် က ပြောပါတယ်။

ဦးဝီရသူဟာ မြန်မာနိုင်ငံက မွတ်ဆလင်တွေ အပေါ် အကြမ်းဖက် သတ်ဖြတ်မှု တွေ အတွက် လှုံ့ဆော် ပေးခဲ့သူ ဖြစ်ပြီး သူလာရင် သီရိလင်္ကာမှာ ရှိတဲ့ မွတ်ဆလင် တွေရဲ့ လုံခြုံမှု အတွက် စိုးရိမ်ရကြောင်း မစ္စတာ အာမက်က ပြောပါတယ်။

Bodu Bala Sena အဖွဲ့ အတွင်းရေးမှူးချုပ် Gala Goda Athe Gnanasara ကတော့ ဦးဝီရသူ သာမက နိုင်ငံ အတော်များများက ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကို ဒီအစည်းအဝေး တက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဦးဝီရသူဟာ ဘာပြစ်မှု မှုခင်းနဲ့မှ ငြိစွန်းနေတာမျိုး မရှိတာမို့ ဦးဝီရသူ လာရင် ကြိုဆိုဖို့ ရှိကြောင်း၊ ဗုဒ္ဓဘာသာမှာ အကြမ်းဖက် ဝါဒဆိုတာ မရှိကြောင်းနဲ့ ဦးဝီရသူ လာမယ့် အတွက် သီရိလင်္ကာမှာ ရှိတဲ့ မွတ်ဆလင် တွေအနေနဲ့ စိုးရိမ် ကြောက်လန့်ဖို့ မရှိကြောင်း အရှင် Gnanasara က မိန့်ပါတယ်။

ဦးဝီရသူဟာ သီရိလင်္ကာ သံဃာ့ အစည်းအဝေး တက်ဖို့ မြန်မာနိုင်ငံကနေ စက်တင်ဘာလ ၂၆ရက်နေ့က ထွက်ခွာသွားပြီလို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အီဘိုလာ တိုက်ဖျက်ရေး အရှိန်တိုးဖို့ အိုဘားမား တိုက်တွန်း

ကုလသမဂ္ဂ ရဲ့ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ အိုဘားမား အီဘိုလာအရေး ဆွေးနွေး။ (စက်တင်ဘာ ၂၅၊ ၂၀၁၄)

အာဖရိကတိုက် အနောက်ပိုင်းမှာ လူတွေသေလောက်တဲ့အထိဖြစ်နေတဲ့ အီဘိုလာရောဂါဟာ ဒေသတွင်း နဲ့ ကမာ့္ဘလုံခြုံရေးကိုပါ ခြိမ်းခြောက်နေတာကြောင့် အီဘိုလာရောဂါဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ဖို့အတွက် ၊ ကမ္ဘာကြီးအနေနဲ့ ဒီထက်မက လုပ်ဆောင်သွားဖို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

သမ္မတအိုဘားမားဟာ ကြာသာပတေးနေ့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂရဲ့ ထိပ်တန်း အစည်းအဝေးအတွင်း အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီရောဂါကြောင့် လူမှုကပ်ဒုက္ခဆိုးကြီးဖြစ်လာနိုင်ပြီး ၊ အဲဒီကနေ လာမယ့်လတွေ အတွင်း လူပေါင်း သိန်းနဲ့ချီ သေဆုံးလာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ အခုအခါမှာ ၃ ထောင်နီးပါရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ပြောပါတယ်။

အီဘိုလာရောဂါအဆိုးဆုံးဖြစ်နေတဲ့ နိုင်ငံတွေဖြစ်ကြတဲ့ ဂီနီ၊ ဆီရာယာလီယုံး နဲ့ လိုင်ဘေးရီးယားနိုင်ငံတွေမှာ ရောဂါမပြန့်ပွားနိုင်အောင် ကုလသမဂ္ဂက ကြိုးပမ်းဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးတော့ အမေရိကန်သမ္မတအိုဘားမားက ချီးကျူးလိုက်ပါတယ်။ ဒါပေမဲ့ ဒီရောဂါကို ထိန်းချုပ်ကာကွယ်တဲ့နေရာမှာ ကမ္ဘာကြီးတုံ့ပြန်မှုကတော့ နှေးနေသေးတယ်လို့ ပြောလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အစိုးရတပ်နှင့် ဒီကေဘီအေ ပစ်ခတ်မှုဖြစ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရတပ်အကြား ဒီကနေ့ မွန်းလွဲက တိုက်ပွဲဖြစ်ကြပါတယ်။

ကျိုက်မရောမြို့နယ် ကရင်တောကျေးရွာအနီးမှာ မွန်းလွဲ ၂ နာရီလောက်မှာ ဒီကေဘီ အေတပ်နဲ့ အစိုးရ စကခ ၁၉ တပ်တို့ တိုက်ပွဲဖြစ်တာပါ။

ဒီကေဘီအေ မြ၀တီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ဒီဖြစ်ရပ်နဲ့ပတ် သက်လို့ ပြောဆိုရာမှာ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာဌာန လာက်အောက် ဗိုလ်မှူး ၀င်းဇော်လင်း အခြေပြုရာနေရာကို အစိုးရတာဝန်ရှိသူတွေက ၀င်စစ်ဆေးတဲ့အပေါ် ဗိုလ်မှူး ၀င်းဇော်လင်းက စစ်ဆေးတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) နဲ့ ရဲ စုစုပေါင်း (၈) ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ ပြန်လွှတ်ဖို့ ညှိနှိုင်းရာမှာ အဆင်မပြေဖြစ်ပြီး ပစ်ခတ်ကြတာဖြစ်ကြောင်း ရှင်းပြပါတယ်။

ဒီပစ်ခတ်မှုကြောင့် အစိုးရတပ်က တဦးဒဏ်ရာရှိသွားကြောင်း၊ ဖမ်းဆီးထားသူတွေကိုတော့ တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်ပြီးရင် ပြန်လွှတ်ပေးဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတပ်ကို ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း မြ၀တီမြို့မှာ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်လင်းနိုင်ဟာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

ဒီကေဘီအေ အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိမှာ အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ ပါဝင်ဆွေးနွေး နေပါတယ်။
By နော်နိုရင်း

အသံဖိုင်နားဆင်ရန်
https://soundcloud.com/dvbradio/nr-dkba-news-26092014

တရုတ်စစ်သား တွေရဲ့ ခေါင်းပေါ်မှာ ရေဗူးတွေ ဘာကြောင့် တင်ထားသလဲ



တရုတ်နိုင်ငံမှာရှိတဲ့ အလုပ်သင် ဗိုလ်လောင်းတွေဟာ စစ်ချီတက်ရာမှာပဲ ဖြစ်ဖြစ်၊ တန်းစီရမှာ ပဲဖြစ်ဖြစ် သူတို့ရဲ့ ခေါင်းပေါ်မှာ ရေဗူးတွေ တင်ရှိ ထားတာ တွေ့ရှိရမှာ ဖြစ်ပါ တယ်။ Zheng Zhou လေတပ် သင်တန်းကျောင်းမှာ တက်ရောက် ပညာသင်ယူနေ ကြတဲ့ အလုပ်သင် ဗိုလ်လောင်း တွေကို တရုတ် စစ်တပ်က တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ပြီး သင်ကြားပေးနေရာ ရေဗူးမှာ ရေထည့် ပြီး ခေါင်းပေါ်မှာ တင်ရှိစေတဲ့ စည်းမျဉ်းက တော့ ထူးခြားနေခဲ့ ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့် သင်တန်းသား တွေဟာ အာရုံစူးစိုက်မှု အပြည့်ထားရှိ နိုင်မှာ ဖြစ်တယ်လို့ တရုတ် စစ်တပ် တာဝန်ရှိ သူတွေက ယုံကြည်နေကြပါတယ်။ တရုတ်နိုင်ငံ တစ်ဝန်းရှိ လေ့ကျင့်ရေးတပ်တွေမှာ ဒီလိုပြုလုပ် သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ပထမနှစ် သင်တန်းသား ဘ၀မှာ စတင်ပြုလုပ်ပေး သွားမှာ ဖြစ်ပြီး ရေဗူးကို ခေါင်းပေါ်တင် ထားစဉ် ပြုတ်ကျပါက အရေးယူ အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ရေးမှူး လီယာအိုက ရေဗူးကို ခေါင်းပေါ်တင် ထားစဉ် လက်နဲ့ ကိုင်ခွင့် မပေးကြောင်း၊ ရေဗူး ပြုတ်ကျပါက အရေးယူခံရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရေဗူးပြုတ်ကျတဲ့ သင်တန်းသားတွေဟာ ခရီးရှည် ပြေးရခြင်း၊ အိမ်သာဆေးခြင်း စတဲ့ ပြစ်ဒဏ်တွေကို ချမှတ်ခံရမှာ ဖြစ်ပါတယ်။ Zheng Zhou ဒေသမှာ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်းဟာ စစ်ပညာထက် စစ်သားတွေရဲ့ ကြံ့ခိုင်မှုနဲ့ စည်းမျဉ်းကို အဓိကထား သင်ကြားပေးလေ့ရှိ တယ်လို့ သိရပါတယ်။ 

Messenger

အမျိုးသမီးတစ်ဦးအားခေါင်းဖြတ်သတ်ပြီးကျန်တစ်ဦး အားဓားနှင့်ထိုး

ဖြစ်စဉ်အကျဉ်း
အလုပ်မှအထုတ်ခံရသော အယ်လ်တန်
နို
လန်သည် စက်ရုံအတွင်းရှိ အလုပ်သမား
များအား ဓားတစ်ချောင်းဖြင့် ရမ်းကားခဲ့သည်။
၎င်းမှ အသက် ၅၄ နှစ် အရွယ် အမျိုးသမီး
ကိုလင် ဟဖ်ဖို့အား ခေါင်းဖြတ်သတ်ခဲ့သည်။ 


ထို့နောက် အသက် ၄၃ နှစ် အရွယ် အမျိုးသမီး ထရေစီ ဂျွန်ဆင်အား ဓားနှင့်ထိုးနေစဉ် စက်ရုံမှုး မာ့ ဗောင်း နှင့် ရဲတစ်ဦးမှ ၎င်းအား သေနတ်နှင့် ပစ်ခတ်ပြီး ရမ်းကားမှုကို ရပ်တန့်စေနိုင်ခဲ့ကြသည်။

ယခုအခါ ကျူးလွန်သူ နိုလန်ရော ဓားနှင့်ထိုးခံရသူ ထရေစီ ဂျွန်ဆင်ပါ ဆေးရုံ၌ အခြေအနေကောင်းသည်။ ရမ်းကားမှုအတွင်း အခြား စက်ရုံအလုပ်သမား ရာပေါင်းများစွာလည်း ဒဏ်ရာရရှိခဲ့ကြသည်။ အမှုကို FBI က စုံစမ်းစစ်ဆေးနေသည်။

နိုလန်၏ လုပ်ဖော်ကိုင်ဖက်များက နိုလန်သည်မကြာသေးမီအချိန်ကစပြီး ၎င်း၏ အပေါင်းအသင်းများကို အစ္စလာမ်ဘာသာသို့ ပြောင်းလဲကိုးကွယ်စေရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့ကြသည်။


ကျူးလွန်သူအမည် - အယ်လ်တန် နိုလန်

အမှုအမျိုးအစား - အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်ပြီး ကျန်တစ်ဦးအား ဓားနှင့်ထိုးမှု

နေရာ - အမေရိကန်နိုင်ငံ၊ ဥက္ကလာဟိုးမား အစားအစာထုတ် စက်ရုံတစ်ခုအတွင်း

အချိန် - ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ (ကြာသပတေးနေ့) ညနေ ၄ နာရီခန့်

မျိုးမင်းသန့်  ဘာသာပြန်သည်
မူရင်းလင့်
http://news.sky.com/story/1342728/oklahoma-beheading-fired-mans-knife-rampage

Ice Cube ပြောသလို သူ့အသက်အရွယ်နဲ့သူတုန်းကတော့ ချစ်စရာကောင်းတာတွေ ရှိနေတတ်တာမို့ ကိုယ်လုပ်ခဲ့တဲ့အရာတွေအတွက် နောင်တမရဘူးလို့ဆိုတဲ့ နေမင်း



အနုပညာလောကထဲကို ၀ါသနာအရင်းခံကာ စတင်ဝင်ရောက်ခဲ့ပြီး ပရိသတ်တွေက အချစ် ဖန်စီဇာတ်ကားတွေထက် အကြမ်းအရမ်း ဇာတ်ကားများနဲ့ပိုမိုလိုက်ဖက်တယ်လို့ထင်ကြေးပေးခြင်း ခံရတဲ့ သရုပ်ဆောင်နေမင်းနဲ့ရှုတင်ပေါ်မှာတွေ့ဆုံခိုက် ဇာတ်ကားပိုင်းနဲ့ပတ်သတ်ပြီး အရင်ကလို အသေးစိတ်ဆန်သောဖန်တီးမှုတွေရှိသေးလားလို့မေးကြည့်တဲ့ခါ “ရွှေစင်ဦးက ထုတ်တဲ့အခွေတွေ ဆိုရင်တော့ အင်္ဂလိပ်စာတန်းထိုးတယ်။ သူများတိုက်ကရိုက်တဲ့ ကားဆိုရင်တော့ အဲ့လောက်ထိ လိုက်မလုပ်ပေးဖြစ်ဘူးပေါ့နော်။ ဒ်ီနောက်ပိုင်းတော့ ရွှေစင်ဦးကပဲ ရိုက်ဖြစ်တော့မှာ ဖြစ်တဲ့တွက် တောက်လျှောက် ထိုးဖြစ်တော့မှာပါ။ တခြားတိုက်နဲ့ရိုက်တဲ့ခါမှာ ဇာတ်အနေအထားကွာတယ်။ ကိုယ်လုပ်ချင်တာ လုပ်လို့မရဘူး။ ငဲ့ကွက်ရတာတွေရှိတယ်။ နောက်ပြီးတော့ သူတို့ဖက်ကလဲ မင်းသားကြေး အပြည့်အ၀ပေးထားတဲ့အတွက် ကုန်ကျမှုပိုများတယ်။ ကိုယ့်တိုက်က ရိုက်တဲ့ကားကျတော့ မင်းသားကြေးပါဇာတ်ထဲ ထည့်သုံးပြီး ဇာတ်ကို စိတ်ကြိုက်ဖန်တီးတယ်။ လူအင်အား များများသုံးပြီး အကောင်းဆုံး ဖန်တီးတယ်။”လို့ သူက ပြောပြသွားပါတယ်။

ကိုယ်ဖန်တီးခဲ့တဲ့၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်မှန်သမျှ နောင်တကင်းကင်းနဲ့ နေတတ်သူ နေမင်းက အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း “ကိုယ်လုပ်ခဲ့တဲ့ ဘယ်အလုပ်မဆို နောင်တမရဖူးဘူး။ ဘာလို့လဲဆိုတော့ လူဆိုတာ သူ့အသက်အရွယ်၊ သူ့အပိုင်းအခြားနဲ့သူရှိခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ သူကျင်လည်ခဲ့တဲ့ အတိုင်းအတာကတော့ ဒီလိုပဲ ရှိခဲ့ကြမှာပဲလေ။ Ice Cube ဆိုတဲ့ ရက်ပါတစ်ယောက် ဖြေခဲ့သလိုပဲ ငယ်ငယ်တုန်းက ဓာတ်ပုံတစ်ပုံကို ပြန်ကြည့်ရသလိုပါပဲ။ သူ့အသက်အရွယ်၊ သူ့အတိုင်းအတာနဲ့ သူ့ရဲ့ချစ်စရာကောင်းမှုလေးနဲ့ပေါ့။ ခုစိတ်နဲ့နှိုင်းယှဉ်ကြည့်ရင်တော့ မပြည့်စုံတာ ရှိရင်ရှိမယ်။ အဲ့တုန်းက ရခဲ့တဲ့ လွတ်လပ်ခွင့် စိတ်အခြေအနေတွေကိုလဲ ဒီချိန်မှာ ပြန်မရနိုင်တော့တာမျိုးလဲ ရှိတတ်တယ်လေ။ အဲ့လိုမျိုးလေးပဲပေါ့။ ပြီးပြီးသား ဘယ်အရာမဆိုတော့ နောင်တမရခဲ့ဘူး။ နောင်တလဲ မရတတ်ဘူး။”လို့ ဆိုပါတယ်။
Trend

အမျိုးသမီး(၄) ဦးကို ဈေးဦးဖောက်ပြီးမတရားပြုကျင့်ခဲ့တဲ့မြောက် ဥက္ကလာပမြိုနယ်တက္ကစီမောင်းသမား

’’ ကျွန်မကကျောင်းတက်ဖို့  နယ်ကနေရောက်
လာတဲ့ မိန်းကလေးတစ်ဦးပါ။ ကျွန်မရဲ့အပျိုစင်
ဘ၀ကိုဖျက်ဆီးလိုက်တာက မြောက်ဥက္ကလာပ
ဝပုလ္လ( ၆)လမ်းနေတဲ့ လူတစ်ဦးပါ။
ကျွန်မဘ၀ကို ဖျက်ဆီးခဲ့ပါတယ်။



သူကကျွန်မကို တစ်နှစ်ကျော် တိတ်တိတ်ပုန်း ပေါင်းသင်းပြီးတရားဝင်လူသိရှင်ကြားမယူပဲ ယုတ်မာခဲ့တာသူတစ်ယောက်ဖြစ်ပါတယ်ဟု’’အမည်မဖော်လိုသူ မသန်းသန်း (အမည်လွဲ)
ကပြောသည်။

’’ ငွေချူစားခဲ့တယ်။ အမက သူနဲ့ ပေါင်းသင်းထားတာ တနှစ်ကျော်ဆိုတော့သူ့ ကို အမ
မိဘတွေကပဲဦးစီးပြီး အမတို့ ကို မင်္ဂလာဆွမ်းကျွေးလုပ်ခဲ့တယ်။ သူက အကြံသမား
ဆိုတော့ အမဆီက ငွေမရတော့ အမကို မပေါင်းသင်းတော့ပဲ ယုတ်မာပြီး ရန်ကုန်ပြန်
သွားခဲ့တယ်။ သူက အမရဲ့ အပျိုစင်ဘဝကို စော်ကားဖျက်ဆီးခဲ့တာပါဟု’’
၎င်းမှဆက်ပြောသည်။


ဒုတိယတစ်ယောက်ကတော့နစ်စ်မလေးပါ။သူက နယ်ကနေလာတာပါ။ပထမ သူကိုအယုံသွင်းတယ်။ အယုံသွင်းပြီးတစ်သက်လုံးထာဝရ အဖော် အဖြစ်ပေါင်းသင်းမည်ဖြစ်ကြောင်း ယုံတမ်းစကားပြောခဲ့တယ်။ သူမနှင့်အတူတူပေါင်းသင်ပြီး ဟိုတယ်မှာပါကင်ဖောက်ခဲ့ပါတယ်။ သူကလည်းအကြိမ်ကြိမ်ပြု ကျင့်ခံခဲ့ရကြောင်းပြောတယ်။ နောက်တစ်ယောက် Compay ၀န်ထမ်းပါ။ အသက်၂၁နှစ်ရှိပါတယ်။

နယ်ကပညာတစ်ပိုင်းတစ်စနဲ့ လာတာပါ။ အရမ်းရိုးသားပါတယ်။သူလည်း အလှည့်စားခံလိုက်ရတယ်။ သူကိုလည်း ပါကင်ဖောက်လိုက်တယ်။ သူက လက်ထပ်ဖို့  အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် လက်မခံပါဘူး'' ဟုပြုကျင့်ခံရသူမိန်းကလေးများပြောသည်။




အဆိုပါပြုကျင့်သောသူသည် နယ်ကနေ ရန်ကုန်သို့ ရောက်လာတဲ့ မိန်ကလေးများအား ပိုက်ဆံရှိရိုးသားပြီးသနားတတ်အယုံလွယ်တဲ့ မိကောင်းဖခင်သားသမီးတွေကို အမြဲတမ်းစော်ကားမူများပြုလုပ်လေ့ရှိကြောင်း စော်ကားခံရသူလေးဦးထဲမှ မနွယ်မိုး(အမည်လွဲ)မှ ပြောသည်။ ၄င်းပြုကျင့်သူသည်ရန်ကုန် dhl မှာ ငွေအလွဲသုံးစားလုပ်ပြီး မိန်းမတယောက်ဆီကနေ ရုပ်ရည်ဗန်းပြလိမ်လည် လှည့်ဖြားပြောဆို ကာငွေချူစားခဲ့တယ်ဟုလည်းသူကဆက်ပြောသည်။

ပြုကျင့်ခံရသူ ပထမအမျိုးသမီးမှ…………

သူက ကျွန်မကိုတစ်သက်လုံးပေါင်းသင်းမယ် နင်မိဘတွေနဲ့ မိတ်ဆက်ပေး၊ ငါတို့  မကြာခင်လက်ထပ်ကြမယ်၊ ကျွန်မလည်းသူကိုသူလိုချင်တာကို အကုန်ပေးခဲ့တယ်။ သူတောင်းတာဟူသမျှကျွန်မ ဘာမငြင်းခဲ့ပါဘူး။ကျွန်မဘ၀တစ်ခုလုံးကိုသူကိုပုံ
အပ်ပြီးပေးခဲ့ပါတယ်။ ကျွန်မကို ဟိုတယ်ခေါ်ပြီး အကြိမ်ကြိမ်းပြုကျင့်ခဲ့တယ်။ကျွန်မ
ဘာမှမငြင်းခဲ့ပါဘူး။

တစ်နှစ်ကျော်လောက်ပေါင်းသင်းပြီး သူတော်တော်ပြောင်းလဲတာကိုတွေ့ လာရတယ်။ ကျွန်မကိုလက်ထပ်ပေးဖို့  အကြိမ်းကြိမ်းပြောခဲ့ပေမယ့် သူက ကျွန်မကို ငြင်းပယ်ခဲ့တယ်။ လက်မထပ်နိုင်ဘူးတဲ့။ အမက သူနဲ့ ရန်ကုန်မှာ အတူတူလိုက်နေမယ်ဆိုတော့ သူက အမကို ပိုက်ဆံပါမှပေါင်းနိုင်မယ်တဲ့ အမဘက်က သူ့ ကိုညှိနှိုင်းပြီးပြီ အမဘက်က မိန်းကလေးသိက္ခာ အကျခံပြီးညှိနှိုင်းသေးတယ်။ ဒါပေမယ့် သူကလက်မခံခဲ့ဘူး။

အဆိုပါ မတရားပြုကျင့်သူသည် နယ်ကလာသော အမျိုးသမီး လေးဦးအားရုပ်ရည်ဗန်းပြကား
စကားချိုးသွေးပြီး အကြိမ်းကြိမ်းလိမ်လည်ပြုကျင့်ခဲ့ကာ ထိုလေးဦးထဲတွင် နစ်စ်မလေးအသက်
(၂၃ )နှစ် အရွယ်ရှိ မိန်းကလေးတစ်ဦးအား ယခုကဲ့သို့ မတရားပြုကျင့်ကာ အမျိုးသမီးဘက်မှ လက်ထပ်ခွင့်တောင်း ခဲ့သော်လည်းထိုသူမှငြင်းပေခဲ့ကြောင်းဆိုသည်။

အဆိုပါ မိန်းကလေးများသည်နယ်မှရန်ကုန်သို့  ကျောင်းလာတက်သူများဖြစ်ပြီးပထမ
လှည့်စားခံရသောအမျိုးသမီးမှာ ၄င်းအားလက်ထပ်ဖို့  အကြိမ်းကြိမ်းတောင်းဆိုပြော
ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်းပြောသည်။ 

ယခုပြုကျင့်သူသည် taxi မောင်းနေပြီး taxi နံပါတ်က DD 9652 ဖြစ်ပြီးကာ မြောက်ဥက္က
လာပ ဝေပုလ္လ( ၆)လမ်းနေကြောင်း အိမ်နံပါတ်က ဃ/၂၅၀ တို့ မှာနေထိုင်ကြောင်းပြုကျင့်
ခံရသူအမျိုးသမီးများပြောပြသည်။

ညီမတို့ ပြုကျင့်ခံရတဲ့မိန်းကလေး လေးယောက်လုံးစုပြီး မြောက်ဥက္ကလာရဲစခန်းတိုင်း
ခဲ့သေးတယ်။ အခုထိ ဘာမှ အရေးယူတာမတွေ့  မရှိသေးဘူး။ နောက်ပြီးပြီး
ညီမတို့ လို့ မိန်းကလေးတွေအခုယုက်မှာတဲ့ယောင်္ကျားတွေဆီမှ နောက်ထပ်ပြုကျင့်ခံရ
မှာ မလိုလားဘူး။ ဒါကြောင်းအခုလိုလူသိရှင်ကြား အသိပေးရာတာပါဟု’’ အဆိုပါ မိန်မကလေးများပြောကြားသည်။

မေဦး ( တာမွေ) မှ ပို့  ပေးသည်။

ဘာလော့တယ်လီ ဆွာရက်ဇ်ကဲ့သို့ ကမ္ဘာ့အဆင့်ဖြစ်လာနိုင်ကြောင်း ဘရန်ဒန်ရော်ဂျာပြော




လီဗာပူးသို့ ယခုရာသီတွင် ယူရို သန်း ၂၀ ဖြင့် ပြောင်းရွှေ့လာသော အီတလီတိုက်စစ်မှူး ဘာလော့တယ်လီသည် အသင်းမှ ဘာစီလိုနာသို့ ပြောင်းသွားသော ဆွာရက်ဇ်ကဲ့သို့ပင် ကမ္ဘာ့အဆင့်ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း နည်းပြဘရန်ဒန်ရော်ဂျာက ထုတ်ဖော်ပြောကြားလိုက် သည်။

‘‘ဆွာရက်ဇ်က အသင်းမှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်မြှင့်တင်သွားခဲ့တာပါ။ သူ ဒီကိုရောက်လာတုန်းက ကမ္ဘာ့အဆင့်ကစားသမား မဟုတ်သေးပါဘူး။ ဒါပေမဲ့ ဘာစီလိုနာကို ထွက်သွားတော့ ကမ္ဘာ့အဆင့်ဖြစ်သွားပြီ။ ဘာကြောင့်လဲဆိုတော့ ဂိုးတွေသွင်းပြီး စွမ်းဆောင်ရည်ကို အမြင့်ဆုံးမှာ ထိန်းထားနိုင်တဲ့ အဆက် မပြတ် ကြိုးစားမှုကြောင့်ဖြစ်ပါ တယ်။ ဒါကြောင့် အဲဒီနေရာမှာနေနိုင်တာပဲပေါ့။ မာရီယိုဟာလည်း ကမ္ဘာ့အဆင့်ဖြစ်လာမယ့်အလားအလာရှိပါတယ်။ သူ့ကို ဆွာရက်ဇ်နဲ့ မနှိုင်းယှဉ်နိုင်ပေမယ့် နိုင်ငံတကာတိုက်စစ်မှူးတစ်ဦးအ နေနဲ့ အရည်အသွေးရှိပါတယ်’’ဟု ရော်ဂျာကဆိုသည်။

ဘာလော့တယ်လီ(၂၄) နှစ်သည် လီဗာပူးသို့ ရောက်ရှိခဲ့ပြီးနောက် သုံးပွဲကစားထားသော် လည်း ဂိုးသွင်းနိုင်ခြင်း မရှိသေး ပေ။ လီဗာပူးသည် ယနေ့ညတွင် မာဆေးဆိုက်ဒါဘီပွဲအဖြစ် အဲဗာတန်ကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။

—Ref: Goal

တိမ်ဖုံးနေတဲ့ မျက်လုံးသူငယ်အိမ်ကို အောင်မြင်စွာတက်တူးထိုးနိုင်ခဲ့




ယနေ့ခေတ်ရေစီးကြောင်းအတိုင်း လူငယ်တွေအကြားမှာ ပေါ်ပြူလာအဖြစ် ဆုံးတစ်ခုကတော့ တက်တူးပါပဲ။ အရင်က တက်တူးထိုးနေကျနေရာတွေမှာ မဟုတ်တော့ပဲ လူမြင်နိုင်တဲ့နေရာတွေဖြစ်တဲ့ ခြေတွေလက်တွေအပြင်မျက် နှာတစ်ပြင်လုံးနဲ့
ဖ်ာချွတ်လှစ်ဟပြနိုင်တဲ့ တင်သား၊ရင်သား၊ ၀မ်းဗိုက်ပိုင်း သား စသဖြင့် ထိုးလို့ရသမျှနေရာတွေကို ဆန်းသစ်တဲ့ တက်တူးဒီဇိုင်းမျိုးစုံ ကို ပုံဖော်ပြီးထိုးလာကြပါတယ်။ 
အခုလည်း နယူးယောက်က အသက် ၅၈ နှစ်အရွယ်အမျိုးသားတစ်ဦးက သားတစ်ဦးက ငယ်စဉ်ကလေးကတည်းက မတော်တဆထိခိုက်မှုကြောင့် ဘယ်လက်မျက်လုံးက တိမ်စွဲခဲ့ရမှ ယခုအသက်ကြီးလာချိန်တွင် တဖြည်း ဖြည်းအဖြူရောင် တစ်ခုလုံးဖုံးအုပ်နေတဲ့အတွက် မျက်လုံးသူငယ်အိမ်ပေါ် မှာတက်တူးအမဲရောင်ကို ခက်ခက်ခဲခဲထိုးလိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ 
ဝီလျံရဲ့ ကြည့်မကောင်းအောင်ဖြူဖွေးနေတဲ့ ဒီမျက်လုံးကို ထိခိုက်ဒဏ်ရာ ရရပြီးချင်း ဆေးပစ္စည်းမျိုးစုံနဲ့ကုသခဲ့သော်လည်းပဲ သက်သာလာခြင်းမရှိ ကြောင်းနဲ့ တဖြည်းဖြည်းပိုမိုဆိုးရွားလာခဲ့ခြင်းကနေမှ အခုဆိုရင် အမြင်အာ ရုံကိုတောင် ဝေေ၀၀ါးဝါးဖြစ်နေခဲ့တာကို တက်တူးထိုးလိုက်တဲ့အတွက် အ မြင်အတွက် အနည်းငယ်ကြည့်ရကောင်းသွားတယ်နဲ့မယုံကြည်နိုင်လောက် အောင်ကိုဖြစ်ခဲ့ရတယ်ကြောင်း ဆိုပါတယ်။ 
ဆရာဝန် ဒေါက်တာချန်းကလည်း သူ့ရဲ့ဒီလိုခွဲစိတ်မှုမျိုးကို တစ်ခါမှ မလုပ် ဖူးသေးတဲ့အတွက် အခက်အခဲတွေရှိကြောင်းနဲ့လွန်ခဲ့တဲ့ ခြောက်လကတည်း က ဆေးစစ်ချက်တွေနဲ့ ဂရုစိုက်မှုတွေ၊ စိတ်အားထက်သန် ယုံကြည်မှုတွေ ကို လူနာရှင်နဲ့အတူတူ ကြိုးစားဖြတ်သန်းလေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဖိုးသူတော်

ကမ္ဘာ့ ခြေထောက် အရှည်ဆုံး မော်ဒယ်



အသက် (၂၆) နှစ်ရှိနေပြီ ဖြစ်တဲ့ ဘောလီဘော ကစားသမားဟောင်း ဘရွတ်ဘန်ဟာ နယူးယော့ခ်မြို့ရဲ့ ခြေထောက် အရှည်ဆုံး အဖြစ် သတ်မှတ်ခံထား ရပြီး မော်ဒယ်အဖြစ် လုပ်ကိုင်လျက် ရှိပါတယ်။ အရပ် (၅)ပေ၊ (၁၁) လက်မ ရှိတဲ့ ဘရွတ်ဘန်ကာရဲ့ ခြေထောက်ဟာ တင်ပါးကနေ စတင်တိုင်းတာမယ် ဆိုရင် (၄၇) လက်မ အထိရှိပါတယ်။ ဘရွတ်ဘန်ကာရဲ့ ခြေထောက် အရှည်ဟာ ဗြိတိန်မော်ဒယ် ရော်ဘတ်ဆန်နဲ့ အတူတူဖြစ်နေ တာကလည်း ထူးခြား တိုက်ဆိုင်မှု ဖြစ်ခဲ့ပါတယ်။ ရွှေရောင် ဆံပင်နဲ့ ဘရွတ်ဘန်ကာဟာ မော်ဒယ်အဖြစ် လုပ်ကိုင်ဖို့ ဆုံးဖြတ်ပြီးတဲ့ နောက်ပိုင်းမှာ အခက်အခဲ မျိုးစုံနဲ့ ကြုံတွေ့ခဲ့ ရပါတယ်။

ရှည်လျားတဲ့ ခြေထောက်ကြောင့် ပုံစံ အမျိုးမျိုးနဲ့ သရုပ်ဆောင်ရာမှာ ပြဿနာ မျိုးစုံ ကြုံတွေ့ရပြီး အ၀တ်စား ထပ်ခြင်း၊ ခရီးသွား လာခြင်း၊ ချစ်သူ ရှာဖွေခြင်းတို့ မှာလည်း အဆင်မပြေမှုတွေ ဖြစ်ခဲ့ပါတယ်။ ဘရွတ်ဘန်ကာ က ခရီးရှည်သွားတဲ့ အခါတိုင်း အမြဲကြုံရတဲ့ ပြဿနာက ကျွန်မ ခြေထောက်နဲ့ သက်တောင့် သက်သာ ဖြစ်စေမယ့် ထိုင်ခုံ မရှိခြင်း ဖြစ်ပါတယ်။ အ၀တ်အစား ကိုယ်နဲ့ ကိုက်ညီမယ့် ဟာကို စိတ်ရှည်လက်ရှည် ရှာဖွေရ ပါတယ်။ ကျွန်မကို ချဉ်းကပ်တဲ့ ယောက်ျားတွေ ရှိပေမယ့် အဆင်မပြေတာက များပါတယ် လို့ ဖွင့်ဟခဲ့ပါတယ်။ ဘရွတ်ဘန်ကာ ဟာ မော်ဒယ် အေဂျင်စီ တစ်ခုနဲ့ တွဲပြီး အလုပ်လုပ်နေပြီး ရှည်လျားတဲ့ ခြေထောက်ကြောင့် စိတ်ဝင်စားမှုခံခဲ့ ရတယ်လို့ သိရပါတယ်။

ဘရွတ်ဘန်ကာ ရက်သတ္တပတ်တိုင်း အားတဲ့ အချိန်မှာ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်လေ့ရှိ ပါတယ်။ ဘရွတ်ဘန်ကာ ဟာ လေကြောင်း သိပ္ပံ ဘာသာရပ်နဲ့ ဒီဂရီရထားသူ ဖြစ်ပြီး လေကြောင်း ထိန်းသိမ်းရေး မျှော်စင်မှာ ၀န်ထမ်းအဖြစ် လုပ်ကိုင်နိုင်တဲ့ အရည်အချင်း ကိုလည်း ပိုင်ဆိုင်ထားပါ တယ်။ ဘရွတ်ဘန်ကာက ရုပ်သံ အစီအစဉ်မှာ ပါဝင်ချင်တဲ့ ဆန္ဒရှိနေပြီး ရှည်လျားတဲ့ ခြေထောက် ပိုင်ဆိုင်ထားခြင်းကြောင့် ဂုဏ်ယူမိတယ်လို့ ဆိုခဲ့ပါ တယ်။ လက်ရှိ ကမ္ဘာ့ ခြေထောက် အရှည်ဆုံးအဖြစ် သတ်မှတ်ခံထား ရသူက ရုရှားနိုင်ငံက အမျိုးသမီး ပန်စရာတိုဗာ ဖြစ်ပြီး ခြေထောက် အရှည်က (၅၁ ဒသမ ၉) လက်မ အထိရှိတယ်လို့ သိရပါတယ်။

Messenger

သမ္မတကြီးထံမှ ထောက်ပံ့ဆုရသည်ဟု ဆိုကာ တောင်တွင်းကြီးတွင် ငွေကျပ် ၂၂သိန်း လိမ်လည်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ တောင် တွင်းကြီးမြို့နယ်တွင် နိုင်ငံတော် သမ္မတကြီးထံမှ ထောက်ပံ့ဆုသုံးဆု ချီးမြှင့်သည်ဟုဆိုကာ ဖုန်းဖြင့်ဆက် သွယ်၍ငွေကျပ် ၂၂ သိန်းလိမ်လည် မှုတစ်ခုကို တောင်တွင်းကြီး မြို့မရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားထား ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် တိုက် ပွဲကျေးရွာနေ မမိုးမိုးထံသို့စက်တင် ဘာ ၁၂ ရက် နံနက် ၁ဝနာရီ ခွဲတွင် ရန်ကုန်မြို့ ဘဏ္ဍာရေးနှင့်အခွန်ဦး စီးဌာန ဝန်ကြီး ဦးစောဝင်းထွန်းဆိုသူ အမည်ဖြင့်လည်းကောင်း၊ နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော် မြန်မာ့ဆက်သွယ်ရေးမှ ဝန်ကြီး ဦးကိုကိုဦး အမည်ဖြင့်လည်းကောင်း၊ မွန်း လွဲ၂နာရီခန့်တွင် ဦးသူရအောင်အ မည်ဖြင့် လည်းကောင်းဖုန်းဖြင့် ဆက် သွယ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် ပြည်တွင်းအခွန်ဦး စီးဌာနသို့ နိုင်ငံတော်သမ္မတကြီးမှ ထောက်ပံ့ဆု သုံးဆုပေါင်း ကျပ်သိန်း ၆၃ဝဝ ချီးမြှင့်ပြီး ယင်းတို့အနက်မှ ငွေကျပ်သိန်း ၂၁ဝဝကို မမိုးမိုးမှ ဆွတ်ခူးရရှိကြောင်း အကြောင်း ကြားခဲ့သည်ဟု ဆိုသည်။

''ကျွန်မရရှိတဲ့ဆုငွေကို အမြန် ဆုံးထုတ်ယူနိုင်ဖို့အတွက် အခွန်ကျ သင့်ငွေတစ်ရာမှာ ၂ကျပ်နှုန်းနဲ့ ကျပ် ၂၂သိန်းကို တောင်တွင်းကြီး ရိုးမဘဏ်ကနေ ဦးသူရအောင်ဆီ ရန် ကုန် မင်္ဂလာဈေးနားက ရိုးမဘဏ်ကို လွှဲပေးဖို့ပြောလို့ လွှဲပေးလိုက်တယ်။ ကျွန်မရမယ်ဆိုတဲ့ သိန်း ၂၁ဝဝ က တော့ အဲဒီနေ့ညနေမှာပဲ ရိုးမဘဏ် ကနေ ရောက်လာလိမ့်မယ်ဆိုလို့ စောင့်ခဲ့တာ။ ဒီနေ့အထိရောက်မလာ ပါဘူး။ ဒါကြောင့် ရဲစခန်းမှာ တိုင် ရတာပါ။ ဝန်ကြီးလို့ဆိုတော့ ယုံမိတာ ပါ' ဟု မမိုးမိုးကပြောသည်။

မမိုးမိုး၏တိုင်ကြားချက်နှင့်ပတ် သက်ပြီး တောင်တွင်းကြီးမြို့မရဲစခန်း မှ (ပ)၂၃ဝ/၂ဝ၁၄၊ ပြစ်မူပုဒ်မ-၄၂ဝ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

''ဒီလိုအဖြစ်အပျက်တွေက ရိုးနေပြီလို့တောင် ပြောရမှာပါ။ လုပ် တဲ့သူက လုပ်ရဲသလောက်ခံတဲ့သူ ကလဲ ခံရဲလွန်းပါတယ်။ မီဒီယာတွေ ကလည်း ဒီလိုအဖြစ်အပျက်မျိုးတွေ ကို ဂျာနယ်တွေမှာ သတင်းရယူဖော် ပြနေတာပါပဲ။ စာမဖတ်ကြတဲ့အကျိုး ဆက်တွေပေါ့။ အဓိကကတော့ လောဘစိတ်ကို အသုံးချသွားတာ ပါ'' ဟု မကွေးတိုင်းဒေသကြီးတရား လွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုး ကမှတ်ချက်ပြုသည်။

NC (MMK)
Yangon Media Group

မြ၀တီတွင် ပစ်ခတ်မှု ဖြစ်ပွား

ထိုင်းမြန်မာ နယ်စပ် မြ၀တီမြို့မှာ အစိုးရစစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့် တပ်တို့ ပါဝင်တဲ့ ပူးပေါင်း တပ်ဖွဲ့များနှင့် ကေအန်အယ်အေ ငြိမ်းချမ်းရေး ကောင်စီတို့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၁၁ ကျော်က ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စာသင်ကျောင်းတချို့ ပိတ်လိုက်ပြီး မြို့ခံလူထုတချို့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ မြန်မာအစိုးရစစ်တပ်မှ မြ၀တီမြို့ပေါ်ရှိ နေရာတချို့တွင် လုံခြုံရေး ရယူထားလိုက်ပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကရင်တောကျေးရွာ အနီးမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

By ဒီဗွီဘီ

တာဝါတိုင်စိုက်ထူရန် မြေကျင်းတူးရာမှ ဗုံးတစ်လုံးတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့ မြို့မရပ်ကွက်ကြီး အုန်းပင် ရပ် မြကျွန်းသာလမ်း အိမ်အမှတ် မ/၄၈၆ ဒေါ်ခင်အုံးဆင့်၏ အိမ်ဝိုင်း အနောက်တောင်ထောင့်တွင် ဆယ် သွယ်ရေးတာဝါတိုင်စိုက်ထူရန် စက် တင်ဘာ၂၆ ရက် ညနေ ၅ နာရီက ၂၆ ပေ ပတ်လည်အကျယ်၊ အနက် ခုနစ်ပေရှိ မြေကျင်းတူးနေစဉ် အနက် လေးပေခန့်အရောက်တွင် အရှည် ၁ဝ လက်မ၊ လုံးပတ် သုံး လက်မခန့်ရှိသော စစ်ကျန်ဗုံးသီး ဟောင်းတစ်လုံး တွေ့ရှိခဲ့သည်ဟု သိရသည်။

မြေကျင်းတူးဖော်စဉ် စတင်တွေ့ ရှိသူ ကိုအောင်နိုင်က သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားရာ မြို့မ ရဲတပ်ဖွဲ့ စခန်းမှူး ဒုတိယရဲမှူး ကျော် ကိုကို၊ ဒုရဲအုပ်နိုင်လင်း၊ မြို့မအုပ်ချုပ် ရေးမှူး ဦးခိုင်ထွန်းအောင်၊ ရာအိမ် မှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများ သည် ယင်းတွေ့ရှိရာနေရာသို့ အချိန် နှင့်တစ်ပြေးညီ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ကာ တွေ့ရှိသောဗုံးသီးဟောင်းကို သက် ဆိုင်ရာသို့ သွားရောက်အပ်နှံခဲ့ ကြောင်း သိရသည်။
Myanmaalinn

ဟောင်ကောင်ရဲအဖွဲ့နှင့် ဒီမိုကရေစီထောက်ခံသည့် ကျောင်းသားများ ပဋိပက္ခ ဖြစ်ပွား

ဟောင်ကောင်မှာ ဒီမိုကရေစီ ထောက်ခံတဲ့ကျောင်းသားတွေက အစိုးရရုံးချုပ်ကို ၀င်စီးဖို့ ကြိုးစားစဉ်မှာ ရဲအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ဟောင်ကောင်ကို ဒီမိုကရေစီအပြည့်အ၀ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသမားတွေကို ရဲက ငရုတ်ကောင်းရည်တွေကိုနဲ့ ပက်ပြီး လူစုခွဲပါတယ်။ အခု ထိပ်တိုက်တွေ့မှုဟာ သြဂုတ်လက ဟောင်ကောင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရုတ်ကွန်မြူနစ်ပါတီက ဆုံးဖြတ်တဲ့နောက် အပြင်းထန်ဆုံး ဆန္ဒပြပွဲဖြစ်ပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ညပိုင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းအထိ ကျောင်းသား တထောင်လောက်ဟာ အစိုးရရုံးချုပ် အပြင်ဘက်မှာ ဆက်ရှိနေပါတယ်။

ရုံးချုပ် ၀င်းထဲမှာတော့ ဆန္ဒပြသမား ၁၀၀ လောက် ဆက်ရှိနေပါတယ်။ အခု ဆန္ဒပြပွဲဟာ ဒီမိုကရေစီလိုလားတဲ့ ကျောင်းသားတွေ အတန်းမတက်ဘဲ တပတ်ကြာ သပိတ်မှောက်တဲ့ ဆန္ဒပြပွဲရဲ့ အဆက်ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးရဲ့ အိမ်ဝင်းအပြင်ဘက် မှာလည်း ကျောင်းသား ၂၀၀ လောက် သပိတ်စခန်းဖွင့်ပြီး အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံခွင့် တောင်းဆိုခဲ့ပါတယ်။

By ဒီဗွီဘီ