လူတိုင်းငေးသွားစေမယ့် လှပတဲ့မျက်ခုံးမွှေးမျိုး ပုံဖော်ချင်တယ်ဆိုရင်

ကိုယ့်ကိုမြင်လိုက်တာနဲ့ ဟယ် မျက်ခုံးမွှေးလေးက လှလိုက်တာရယ်လို့ ငေးသွားရအောင် ကိုယ့်ဘက်က ဘယ်လိုပြင်ဆင်သင့်သလဲ။ မျက်တောင်လေးက ကော့နေတာပဲ စသဖြင့် အားလုံးအားကျသွားရအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အကြောင်းလေး နည်းနည်းပြောပြပေးချင်ပါတယ်။

၁။မထူမပါး မျက်ခုံးမွှေးမျိုးလိုချင်တယ်ဆိုရင်

ကြည့်ကောင်းတဲ့အပြင် မထူလွန်း မပါးလွန်းတဲ့ မျက်ခုံးမွှေးမျိုး လိုချင်တယ်ဆိုရင်တော့ သုံးနေကျခဲတံလေးနဲ့ပဲ မျက်ခုံးကို ခပ်ပါးပါးလေး ဆွဲလိုက်ပါ။ ကိုယ်လိုချင်တဲ့အနေအထားအတိုင်း နည်းနည်းဖြည့်ဆွဲပေးပါ။ အဲ့ဒီနောက်မှာတော့ သဘာဝအတိုင်းလှနေတယ်လို့ ထင်ရအောင် မျက်ခုံးမွှေးတွေကို အပေါ်ဘက်သို့ ပင့်တင်ပြီး spoolie ဘရက်ရှ်လေးနဲ့ ဖြီးပေးဖို့လိုပါတယ်။

၂။မျက်ခုံးမွှေးမရှိတဲ့ နေရာတွေကို ခဲတံနဲ့မဆွဲပါနဲ့

မျက်ခုံးမွှေးမရှိတော့တဲ့ နေရာတွေထိ ကိုယ့်ခဲတံက လက်လွန်ပြီး ဆွဲမိသွားမယ်ဆိုရင်တော့ တော်တော်လေး ကြည့်ရဆိုးမှာပါ။ ဒါ့ကြောင့် လက်ကိုငြိမ်ငြိမ်လေးထားပြီး ဘောင်ကျော်မသွားအောင် ဆွဲပါ။

၃။ဇင်ယောက်မျက်ခုံးလိုချင်သူတွေအတွက် ဘရက်ရှ်ကိုသုံးပြီး ဖြီးပေးပါ

မျက်ခုံးမွှေးတွေထဲမှာ ဇင်ယော်မျက်ခုံးကတော့ လူသိအများဆုံးပါ။ ဒီလိုဇင်ယောက်မျက်ခုံးမွှေးပုံစံ သဘာဝကျကျလိုချင်တယ်ဆိုရင် ဘရက်ရှ်သုံးပြီး မျက်ခုံးမွှေးကိုအပေါ်ဘက်သို့ ပင့်ပြီး အပြင်ဘက် ဦးတည်ဖြီးပေးဖို့ လိုပါတယ်။

၎။မျက်ခုံးမွှေးအရောင်ဟာ ဆံပင်အရောင်နဲ့ကွဲပြားဖို့ လိုပါတယ်

အရင်တုန်းက ဆံပင်အရောင်နဲ့ မျက်ခုံးမွှေးရောင် အတူတူဖြစ်ရမယ်ဆိုတဲ့ သီအိုရီက ခုချိန်မှာ အသုံးမ၀င်တော့ပါဘူး။ ဒီတော့ သင့်ရဲ့မျက်ခုံးမွှေးဟာ ဆံပင်အရောင်ထက် ဖျော့ရင်ဖျော့၊ မဖျော့ရင် ပိုရင့်တဲ့ကာလာဖြစ်သင့်ပါတယ်။

၅။မျက်ခုံးမွှေးကို အရောင်ဆိုးဖို့အတွက် အိမ်မှာသုံးနေကျ ဆံပင်ဆိုးဆေးကို မသုံးပါနဲ့

လွယ်ရင်ပြီးရောဆိုပြီး အိမ်မှာရှိနေပြီးသား ဆံပင်ဆိုးဆေးကို ယူပြီး မျက်ခုံးမွှေးကို မဆိုးလိုက်ပါနဲ့။ ခုနပြောသလို အရောင်မတူတာကို ဆိုးဖို့လိုအပ်သလို မျက်ခုံးမွှေးဆိုးဖို့ သီးသန့်ထုတ်ထားတဲ့ ဆေးကို သုံးမှပိုအဆင်ပြေပါလိမ့်မယ်။

၆။အိမ်မှာမဖြစ်မနေ မျက်ခုံးမွှေးအရောင်ဆိုးမှ ဖြစ်မယ်ဆိုရင် သီးနှံတွေနဲ့ထုတ်ထားတဲ့ ဆိုးဆေးကို သုံးပါ

ပွဲတက်ဖို့အချိန်က နီးနေတာကြောင့် သင့်မျက်ခုံးမွှေးကို မဖြစ်မနေ အရောင်ဆိုးရတော့မယ်ဆိုရင်တော့ သာမာန်ဆိုးဆေးတွေထက် ပိုစိတ်ချရတဲ့ သီးနှံတွေနဲ့ထုတ်လုပ်ထားတဲ့ ဆိုးဆေးမျိုးကို ရွေးချယ်ပါ။ vegetable dye လို့ပါတဲ့ ဆိုးဆေးကို ၀ယ်ပါ။

၇။မျက်ခုံးမွှေးကို အရမ်းသေးသေးလေးထားတာ၊ နှုတ်တာမျိုးတွေဟာ သင့်မျက်နှာအတွက် အဆင်ပြေဖို့ မလွယ်ပါဘူး

မျက်ခုံးမွှေးနှုတ်တာမျိုးထက်စာရင် မျက်ခုံးမွှေးကို အပြည့်ထားပြီး ပုံသွင်းတာပိုကောင်းပါတယ်။ ပါးလွန်း၊ သေးလွန်းတဲ့မျက်ခုံးမွှေးဟာ မျက်နှာတိုင်းနဲ့ အဆင်မပြေတတ်တာများပါတယ်။

၈။ခေတ်စားနေတဲ့ မျက်ခုံးမွှေးအရောင်ချွတ်တာမျိုး စိတ်ဝင်စားတယ်ဆိုရင်တော့ တတ်သိနားလည်တဲ့ အလှပညာရှင်နဲ့ လုပ်ပါ

ဆံပင်အရောင်ချွတ်သလိုပဲ မျက်ခုံးမွှေးအရောင်ချွတ်တယ်ဆိုတာဟာလည်း ထင်သလောက် မလွယ်ပါဘူး။ မျက်လုံးအနားတစ်ဝိုက် chemical ပစ္စည်းတွေနဲ့ ချွတ်ရမှာမို့ မျက်လုံးထိခိုက်တာမျိုးတွေ မဖြစ်ရအောင် တတ်သိနားလည်တဲ့ အလှပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ လုပ်ပါ။

Ref:cosmopolitan.com

ပြင်သစ်နိုင်ငံသား ကို ခေါင်းဖြတ် ကွပ်မျက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူများကို အယ်လ်ဂျီးရီးယား ဖော်ထုတ်နိုင်ခဲ့

ဆီးရီးယား နှင့် အီရတ် စစ်မြေပြင် ပြင်ပနိုင်ငံတွင် ISIS ဆက်နွယ်သူ စစ်သွေးကြွများ ခေါင်းဖြတ်သတ်ခြင်း ခံရသည့် ပြင်သစ်နိုင်ငံသား

အယ်လ်ဂျီးရီးယား နိုင်ငံတွင် ပြင်သစ် နိုင်ငံသား ခရီးသွား ဧည့်သည် တစ်ဦးကို ပြန်ပေးဆွဲ၍ ခေါင်းဖြတ် ကွပ်မျက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆ ရသူများကို ၄င်းနိုင်ငံရှိ စုံစမ်း စစ်ဆေးရေးမှူး များက ဖော်ထုတ် နိုင်ခဲ့ကြောင်း တရားရေး ဝန်ကြီးဌာန က စက်တင်ဘာ ၃ဝ ရက်တွင် ပြောကြား ခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံအရှေ့ပိုင်း အမျိုးသားဥယျာဉ်တွင် လှည့်လည် သွားလာ နေသည့် ဟာ့ဗ်ဂူဒယ်လ် (၅၅)နှစ် အမည်ရှိ ပြင်သစ် နိုင်ငံသားကို ဂျီဟတ် စစ်သွေးကြွ အုပ်စုနှင့် ဆက်စပ်နေသော စစ်သွေးကြွ အုပ်စုတစ်စု ဖြစ်သည့် Jund al-Khalifa က စက်တင်ဘာ ၂၁ ရက်တွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ခေါင်းဖြတ် ကွပ်မျက် ခဲ့သည့်ပုံကို စက်တင်ဘာ ၂၄ ရက်က အွန်လိုင်း ပေါ်တွင် တင်ခဲ့ကြောင်း သိရသည်။

အီရတ်ရှိ ISIS စစ်သွေးကြွ များအပေါ် ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှု များကို ရပ်တန့်ရန် ပြန်ပေးဆွဲ သူများ၏ ရာဇသံ ပေးချက်ကို ပြင်သစ်နိုင်ငံ က ပယ်ချခဲ့ပြီး နောက်တွင် အဆိုပါ သတ်ဖြတ်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ အယ်လ်ဂျီးရီးယား တရားရေး ၀န်ကြီး က ဖော်ထုတ်နိုင် ခဲ့သည် ဆိုသည့် စစ်သွေးကြွ များမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း ကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရှိရသည်။

PyiChitThar

အမေရိကန် စစ်ဘက်သုံး သတင်းကွန်ရက် အတွင်း ဖောက်ထွင်း ၀င်ရောက်ခဲ့သူ Hacker လေးဦး တရားစွဲဆိုခံရ

Hackers charged with stealing over $100m in US army and Xbox technology
လူကြိုက်များသည့် စစ်ပွဲဂိမ်းများ အပြင် အမေရိကန် စစ်ဘက်သုံး သတင်း ကွန်ရက်များ အတွင်း ဖောက်ထွင်း ၀င်ရောက် ခဲ့သည့် နိုင်ငံတကာ Hacker အဖွဲ့မှ အဖွဲ့ဝင် လေးဦးအား တရားစွဲဆို မှုများ ပြုလုပ် ထားကြောင်း စက်တင်ဘာ ၃၀ ရက်တွင် အမေရိကန် အစိုးရ ရှေ့နေများ၏ ပြောကြားချက် ကို ဇီး သတင်းဌာနက ကိုးကား ဖော်ပြသည်။

အဆိုပါ Hacker သမားများသည် ရဟတ်ယာဉ်မှူး များ လေ့ကျင့်ရာတွင် အသုံးပြုသည့် ပရိုဂရမ်များ နှင့် ယနေ့ အချိန်ထိ ထုတ်လွှင့်ခြင်း မရှိသေးသည့် စစ်ပွဲဂိမ်းများ ဖြစ်သော " Gears of War 3 " နှင့် " Call of Duty : Modern Warfare 3 " ဂိမ်းများအတွင်း ဖောက်ထွင်း ဝင်ရောက် ခဲ့ကြပြီး အမေရိကန် ဒေါ်လာသန်း ၁ဝဝ တန်ဖိုးရှိ ဆော့ဖ်ဝဲလ်များ နှင့် သတင်း အချက်အလက် များကို ဖောက်ထွင်း ခိုးယူ သွားခဲ့ကြောင်း လက်ထောက် ရှေ့နေချုပ် လက်စ်လိုင်း ကားလ်ဝဲလ် က ပြောကြားသည်။

နိုင်ငံတကာ Hacker အဖွဲ့သည် အမေရိကန် ရဟတ်ယာဉ်မှူးများ လေ့ကျင့်ရာတွင် အသုံးပြုသည့် ဆော့ဖ်ဝဲလ်များမှ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် X-Box ဂိမ်းများအထိ အဆင့်မြင့် နည်းပညာသုံး အမေရိကန် ထုတ်ကုန် ပစ္စည်းများတွင် အသုံးပြု ထားသည့် ကုန်သွယ်မှု လျှို့ဝှက် သတင်း အချက်အလက် များကို ဖောက်ထွင်း ခိုးယူခဲ့ ကြကြောင်း လက်စ်လိုင်းကားလ်ဝဲလ် က ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

PyiChitThar

မြန်မာတွင် ကျင်းပမည့် ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် ဆူပူပါက အိမ်ထိလိုက်ဖမ်းပြီး အရေးယူမည်



ကျင်းပပေးမည့် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ဆူပူသောင်းကျန်းသူများအား ဓာတ်ပုံမှတ်တမ်းများကြည့်၍ အိမ်တိုင်ရာရောက် ဖမ်းဆီးမည်ဟုဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ ”လုံခြုံရေးအင်အား ဘယ်လောက်ရှိတယ်ဆိုတာကတော့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပဲ သိမှာပါ။ ပြောနိုင်တာကတော့ ဆီးဂိမ်းရဲ့အတွေ့အကြုံတွေ ရထားတဲ့အ တွက် လုံခြုံရေးအပိုင်းကို အဆင့်ဆင့် စနစ်တကျစီစဉ်ထားပါတယ်” ဟု စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ဘောလုံးအဖွဲ့ချုပ်၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်း လင်းပွဲ တွင် ဘောလုံးအဖွဲ့ချုပ်မှ ဦးအေးချိုက ပြောသည်။ 

ယင်းအပြင် အရက်သေစာသောက်စားထားသူများကိုလည်း ရုပ်လက္ခဏာအခြေအနေကို ကြည့်ပြီးမှသာ ကြည့်ခွင့်ပြုမပြုကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေး အဆင့်ဆင့်လုပ်ဆောင်ထားကြောင်း မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။ ”လက်မှတ်ပါတယ်ဆိုတိုင်း ဝင်ခွင့်ပြုမှာမဟုတ်ပါဘူး၊ ကောင်းကောင်းမွန် မွန်ပုံစံရှိမှ ဝင်ခွင့်ပြုမှာပါ။ လက်မှတ် ဘယ်လောက်ပဲပါလာလာ သရုပ်ပျက်ပုံစံနဲ့ မူးပြီးလာရင်တော့ ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

ကွင်းအတွင်း ဝင်ရောက်မည့် ဂိတ်တံခါးများကိုလည်း နေ့လယ် ၁ နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာအသင်းယှဉ်ပြိုင်သည့်ပွဲ ပထမပိုင်းအပြီးတွင် လုံခြုံရေးအရ ဂိတ် တံခါးပိတ်မည်ဖြစ်ကြောင်း၊ ယင်းကာလအတွင်း မည်သူမျှ ဝင်ရောက်ခွင့်ပေးမည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။ဘောလုံးပွဲကြည့်ရာတွင်လည်း သတ်မှတ် ထား သည့်ဝင်ပေါက်၊ သတ်မှတ်ခုံနံပါတ်နှင့်သာ ကြည့်ရှုရမည် ဖြစ်ပြီး ခုံနံပါတ်ပြောင်းလဲထိုင်ခြင်းများ ပြုလုပ်ခွင့်ပေးမည်မဟုတ်ကြောင်း၊ ဘောလုံးပွဲနှင့် မသက်ဆိုင်သည့် အပြုအမူများ၊ လှုံ့ဆော်မှုများကို မပြုလုပ်မိစေလိုကြောင်း၊ စည်းကမ်းရှိရှိအားပေးစေလိုကြောင်း ၎င်းကဆက် ပြောသည်။ 

ဘောလုံးပွဲကို အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ရိုးရိုးတန်း ၂ဝဝဝ ကျပ်ဖြင့် ပြိုင်ပွဲမတိုင်ခင် ၁ ရက်အလိုတွင်ရောင်း ချပေးသွားမည်ဖြစ်သည်။ Special Package တစ်စောင်လျှင် ကျပ် ၅ သောင်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဂျာစီ၊ လည်စည်းပဝါနှင့် Ooredoo ဆင်းကတ်များလက်ဆောင်ပေး သွားမည်ဖြ စ်ကြောင်း ၎င်းကဆက် ပြောသည်။ 

လက်မှတ်ဝယ်ယူရာတွင်လည်း မှတ်ပုံတင်ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး မှတ်ပုံတင်မရှိပါက သက်ဆိုင်ရာထောက်ခံချက်ဖြင့် ဝယ်ယူရမည်ဖြစ် ကြောင်း၊ မှတ်ပုံတင်တစ်ခုလျှင် လက်မှတ် နှစ်စောင်သာ ဝယ်ခွင့်ပြုမည် ဖြစ်ကြောင်း၊ အောင်ဆန်းကွင်း၊ စလင်းကွင်းနှင့် သုဝဏ္ဏ မိုးလုံလေလုံကွင်းရှေ့တွင် ရောင်းပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ပြိုင်ပွဲအား လာရောက်မကြည့်ရှုနိုင်သူများကိုလည်း Free to Air ရုပ်သံလိုင်းဖြစ်သည့် MRTV မှ ပြသနိုင်ရန် ကြိုးစားနေကြောင်းညှိနှိုင်းမှုအဆင်ပြေပါက မကြာမီထုတ် ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Popular Myanmar

အဆီ အမြန်ကျစေရန် အစား ၁၀ မျိုး

ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။


ဂျုံ

ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး

ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရောဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

ပန်းသီး

ဝိတ်ကျလိုသူများ ညဘက်ထမင်း မစားပါက ပန်းသီး စားနိုင်ပါတယ်။ ပန်းသီးဟာ ခန္ဓာကိုယ်အတွက် ခွန်အားရှိစေတဲ့ အပြင် အဆီတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ငရုတ်သီးစိမ်း

ငရုပ်သီးစိမ်းဟာ ခန္ဓာကိုယ်ကိုယ် ဖွံဖြိုးစေတဲ့ အပြင် အဆီတွေကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငရုတ်သီး အစိမ်းကို မှီဝဲ ပေးပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အဆီပိုတွေကို ကျဆင်းစေရုံသာ မက ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်စေပါတယ်။ ထို့ပြင် ခန္ဓာကိုယ်အတွက် ခွန်အား ဖြစ်စေတာကြောင့် စားသုံးသင့်ပါတယ်။

ပျားရည်

ပျားရည်ဟာ ခန္ဓာကိုယ်အတွက် ခွန်းအား ဖြစ်စေပါတယ်။ ထို့ပြင် အဆီကိုလည်း သိသိသာသာ ကျဆင်းစေနိုင်ပါတယ်။ ပျားရည်ကို နေ့စဉ်မှီဝဲပေးပါ။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်း များများ သောက်ခြင်းဟာ ဝိတ်ကျစေနိုင်တယ်လို့ ဆိုပါတယ်။ များများမသောက်နိုင်ဘူး ဆိုရင်တောင် တစ်နေ့ကို နှစ်ခွက် လောက် သောက်ပေးပါ။

ခရမ်းချဉ်သီးစားပါ

ခရမ်းချဉ်သီးကို နေ့တိုင်း စားပေးခြင်းအားဖြင့် အဆီများကို ကျဆင်းစေနိုင် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးစားပေးပါ။

ချောကလက်

ချောကလက်ကို စားပေးပါ။ ဘာကြောင့်လဲ ဆိုသော ၎င်းဟာ ဝိတ်ကို အမြန်ကျ စေပါတယ်။

သံပုရာရည်

သံပုရာရည်ကို ဝိတ်ကို အလျင်အမြန်ကျစေ နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သံပုရာရည် သောက်သင့်ပါတယ်။

နိဂုံးချုပ်အားဖြင့် အကြံပေးချင်တာက လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်အများကြီး မပေးနိုင်ရင်တောင် မနက်ခင်းတိုင်း လမ်းလျှောက် စေချင် ပါတယ်။

Ref -healthnews
ကျော်လင်းနိုင် (ရိုးရာလေး)

ပြည်မြို့တွင် လိုင်စင်မဲ့ပြိုင်ကားတစ်စီး ဖမ်းဆီးရမိ



ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် အောက်တိုဘာ ၁ရက်က လိုင်စင်မဲ့ ပြိုင်ကားတစ်စီး ဖမ်းဆီးရမိခဲ့ပြီး ယာဉ်လက်ဝယ်ရှိသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း ပြည်အမှတ်(၁)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။ 

ထိုနေ့ နေ့လည်၁ နာရီအချိန်က ပြည်မြို့ ရွာဘဲရပ်ကွက် အောင်သုခနယ်မြေ အောင်သုခလမ်းတွင် နွေးထွေးရိပ် တည်းခိုခန်းရှေ့၌ လိုင်စင်မဲ့ ပြိုင်ကားတစ်စီးရပ်ထားကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးရာ အဖြူရောင် FAILADY အမျိုးအစားပြိုင်ကားဖြစ်ပြီး တရားဝင် မှတ်ပုံတင် အထောက်အထား တစ်စုံတစ်ရာ ပြနိုင်ခြင်း မရှိ၍ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။ 

မော်တော်ယာဉ် လက်ဝယ်ထားရှိသူ ကိုဟိန်းထက်စိုး အသက်(၂၀)နှစ်အား ပြည် အမှတ်(၁)ရဲစခန်းတွင် (ပ)-၂၆၅ / ၁၄ ပို့/ သွင်း ပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထားသည်။

Mizzima

မော်ဒယ်အေးချမ်းမြတ်မိုးသေဆုံးမှု စွပ်စွဲခံရသူကို ရုံးထုတ်ပြီ၊ တရားခွင်တွင် ရုန်ရင်းဆန်ခတ်ဖြစ်ပွား



ပုံ-သြဂုတ်လ ၂၈ရက်ထုတ် News Watch ဂျာနယ်မှ အေးချမ်းမြတ်မိုးသေဆုံးမှုသတင်း


သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းကို ဓါးဖြင့်ထိုးခံရပြီး သေဆုံးခဲ့သည့် မော်ဒယ်အေချမ်းမြတ်မိုး၏ သေဆုံးမှုဖြစ်စဉ်စစ်ဆေးခြင်းကို
သဆုံးပြီး ၃၆ရက်အကြာတွင် ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့(အောက်တိုဘာ ၂ရက်)က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယခုပထမဆုံးအကြိမ်စစ်ဆေးခြင်းတွင် တရားလိုပြသက်သေများကို စတင်စစ်ဆေးခြင်းဖြစ်ပြီး သေဆုံးသူမော်ဒယ်အေးချမ်းမြတ်မိုး၏ အစ်ကိုအရင်းဖြစ်သူ ကိုအာကာဝဏ္ဏအား အခင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အစအဆုံးကို ပြန်လည်မေးမြန်းခဲ့သည်။

“ညီမလေးကို သူလိုက်နှောင့်ယှက်နေတယ်ပြောလို့ ကျွန်တော်နဲ့ အချေအတင်စကားများခဲ့ပါတယ်သေးတယ်၊ သူက နောက်မလုပ်တော့ဘူး ပြောပါတယ်၊ ဒါပေမယ့် ညီမလေးသေဆုံးပြီးချိန်မှာတော့ သူဟာ ညီမလေးကို သူ့ကိုပြန်မချစ်ရင် သတ်ပစ်မယ်၊ သူ့ကိုယ်သူလည်း သတ်သေမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ညီမလေးရဲ့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်”ဟု ထွက်ဆိုခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် သမီးရည်းစားချင်း စကားများ၍ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း နောင်တွင် အေးချမ်းမြတ်မိုး၏ မိခင်က သမီးရည်းစားမဟုတ်ကြောင်း၊ ကျုးလွန်သူ အံ့ဖြိုးပိုင်သည် ၎င်း၏သမီးအားတဖက်သတ် ချစ်ကြိုက်နေသူသာဖြစ်ကြောင်း မီဒီယာများအား ရှင်းပြခဲ့သည်။

“ဒါက ပထမဆုံးရုံးတင်စစ်ဆေးတာပါ၊ တရားလိုပြသက်သေတွေအားလုံး စစ်ဆေးပြီးမှပဲ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု တရားလို၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးဇော်မင်း(နေရှင်နယ်)က ပြောသည်။

တရားခွင်ပြီးဆုံးချိန်၌ လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသူ အံ့ဖြိုးပိုင်နှင့်သေဆုံးသူ၏မိခင်ဖြစ်သူတို့ ရုန်ရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြသည်။ သေဆုံးသူ၏မိခင်က “နင်ငါ့သမီးကို သတ်တယ်”ဟုဆိုကာ ပါးပြေးရိုက်ခဲ့သည်။

ယင်းအပြင် အံ့ဖြိုးပိုင်၏ဖခင်ကလည်း ၎င်း၏သားကို သတင်းထောက်များ ဓါတ်ပုံရိုက်ကူး၍မရနိုင်အောင် ဦးထုပ်နှင့်ကာဆီးကာ ကင်မရာများအရှေ့မှာ လက်နှင့် ကာရမ်းခဲ့သည်။

ဒုတိယရုံချိန်းအဖြစ် တရားလိုပြ သက်သေစစ်ဆေးခြင်းကို အောက်တိုဘာလ ၁၆ရက်နေ့တွင် ထပ်မံစစ်ဆေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် တရားလိုပြရှေ့နေ အယောက်၂၀ အား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြေး တရားခွင်မှ သိရသည်။

ယင်းအမှုအား စစ်ဆေးနေစဉ်အတွင်း ရန်ကုန် အနောက်ပိုင်ခရိုင်တရားရုံး၌ လျှပ်စစ်မီး ပြတ်တောက်နေခဲ့သည်။

မြတ်ထွဋ်ကျော်
စောင့်ကြည့်သတင်းဂျာနယ်

အိပ်ပျော်စဉ် လိင်ဆက်ဆံတတ်သည့် ရောဂါကြောင့် အမျိုးသားတစ်ဦး မုဒိန်းမှုမှလွတ်


ဆွီဒင်အမျိုးသားတစ်ဦးက ၄င်းအိပ် ပျော်နေစဉ် အမျိုးသမီးကို လိင်ဆက်ဆံမှု ပြုလုပ်စေခဲ့သည့် Sexomnia ရောဂါခံစား နေရသည်ဟု ထွက်ဆိုခဲ့ပြီးနောက် မုဒိမ်းမှု မှ လွတ်မြောက်ခွင့်ရခဲ့သည်။


မိုက်ကယ်ဟယ်လ်ဗာဆင်သည် အမျိုး သမီးအား မုဒိမ်းမှုကျူးလွန်ရန် ရည်ရွယ် ချက် မရှိခဲ့ပေ။ အကြောင်းမှာ ¤င်းသည် အိပ်ပျော်နေသည့် အခြေအနေတွင် ရှိခဲ့ပြီး မည်သို့ ဖြစ်ပျက်နေသည်ကို မသိရှိခဲ့ဟု ဆွီဒင်နိုင်ငံ ဆန်စ်ဗောတရားရုံး တစ်ရုံးက အမိန့်ချမှတ်ခဲ့သည်။

၂၆ နှစ်အရွယ် မိုက်ကယ်၏ အဖြစ် အပျက်မှာ ဖြစ်နိုင်မှုရှိပြီး အယူခံဝင်ထား သော ဧပြီလက လိင်ပိုင်းဆိုင်ရာ ပြစ်မှုအ တွက် ၄င်း၏ နှစ်နှစ်ကြာထောင်ဒဏ်ကို ပယ်ဖျက်လိုက်ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

မိုက်ကယ်ဟယ်လ်ဗာဆင်နှင့် စွပ်စွဲ သော အမျိုးသမီးတို့သည် တူညီသော အိပ် ရာခုတင်တွင် ရှိသော်လည်း ခြားနားသော ခြုံစောင်များအောက်တွင် ရှိနေခဲ့သည်။ နောက်တစ်နေ့နံနက်တွင် အမျိုးသမီးက ရဲ ကို ဖုန်းဆက်တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့ ဝင်များ ရောက်လာချိန်တွင် ဟယ်လ်ဗာဆင် မှာ အမျိုးသမီး၏ အိပ်ရာဘက်တွင် အိပ် ပျော်နေဆဲ ဖြစ်သည်။ တရားခွင်က အိပ် စက်မှုဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ထံမှ အ ထောက်အထားများကို ကြားနာခဲ့သည်။

ထိုဆရာဝန်က ဟယ်လ်ဗာဆင်တွင် ရှားပါးသော ရောဂါတစ်မျိုးဖြစ်သည့် Sexomnia ရောဂါခံစားနေရကြောင်း ထွက်ဆို ခဲ့သည်။

၎င်းရောဂါက အိပ်ရင်းလမ်းလျှောက် သူများကို လိင်ဆက်ဆံမှုဆီသို့ ဦးတည်စေ နိုင်သည်။ 

ဟယ်လ်ဗာဆင်၏ ရည်းစားဟောင်း ကလည်း ၄င်းအိပ်နေစဉ် လိင်ဆက်ဆံရန် ကြိုးစားဖူးကြောင်း အစစ်ခံခဲ့သည်။

Sexomnia မှာ ရောဂါအစစ်အမှန် ဟုတ်၊ မဟုတ် စိတ်ရောဂါကု ဆရာဝန်များ နှင့် ဥပဒေကျွမ်းကျင်သူများကြား သဘော ထားကွဲလွဲနေဆဲဖြစ်သည်။

Ref: 9 NEWS
TheYangonTimes

ကမ္ဘာကျော် အောင်မြင်ထင်ရှားသူတွေ အသက်(၂၀)ကျော် အရွယ်တုန်းက …





အောင်မြင်ကျော်ကြားသူတွေမှာ တချို့က ကိုယ်ဘာလုပ်ချင်တယ် ဆိုတာကို ငယ်ငယ်ကတည်းက သိခဲ့တယ်။ အဲဒီ အသိကိုပဲ တစိုက်မတ်မတ် မမှိတ်မသုန် အကောင်အထည်ဖော်တယ်။ တချို့ကတော့ အချိန်ကာလ တစ်ခုမှာ သင့်တော်တဲ့ အပြောင်းအလဲ တစ်ရပ်ရပ်ကို ရှာတွေ့သွားတယ်။ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ရပ်တည်မှု ပုံစံသစ် တစ်ခုခုကို အစပြုပြီး အောင်မြင်ကြွယ်ဝလာတယ်။

ဘီလျံနာသူဌေး မာ့ခ်ကူဘန်ဟာ သူ့အသက် (၂၅)နှစ် အရွယ်လောက်တုန်းက အရက်ဘား တစ်ခုမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်နေခဲ့တယ်။ Wall Street မှာ လူတကာ လေးစားရတဲ့ အမေရိကန် အမျိုးသမီး လုပ်ငန်းရှင် သူဌေးကြီး မာသာ စတီးဝပ်ဆိုရင် အသက်(၂၅)နှစ် အရွယ်မှာ စတော့ရှယ်ယာ ပွဲစားတစ်ယောက်သာ ဖြစ်နေခဲ့တယ်။ အဲဒီမတိုင်ခင်တုန်းက သူဟာ မော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့သေးတယ်။

ဒါပေမဲ့ သူတို့အားလုံးဟာ အလှည့်အပြောင်း တစ်ခုခုကို ခိုင်ခိုင်မာမာ ရွေးချယ်ရင်း အောင်မြင်လာကြတယ်။ ကြီးပွား တိုးတက်လာကြတယ်။ သူတို့ရဲ့ အသက်(၂၀)ကျော် အရွယ်ဟာ မျက်မှောက်ကာလနဲ့ ခြားနားလွန်းတဲ့ အတိတ်မျိုး ဖြစ်သွားပြီ။ ကမ္ဘာ့အကျော်ကြားဆုံး စာရင်းဝင် လုပ်ငန်းရှင် ပုဂ္ဂိုလ်ကြီး တချို့ရဲ့ အသက်(၂၀)ကျော် ငယ်ဘဝက ဘယ်လိုဘယ်ပုံ ရပ်တည်ခဲ့ဖူးတယ် ဆိုတာကို Business Insider က ဆောင်းပါးတစ်ခု အနေနဲ့ စုစည်းဖော်ပြထားပါတယ်။


မာ့ခ်ကူဘန် (ITနှင့် အားကစားဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်)

How to win at the Sport of Business စာအုပ်မှာ “ကျွန်တော် ဒဲလက်စ်ကို ရောက်လာတော့ အရမ်းရုန်းကန်ခဲ့ရတယ်။ အိပ်ခန်း(၃)ခန်း ပါတဲ့ တိုက်ခန်းတစ်ခုမှာ လူ(၆)ယောက် စုနေပြီး ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရတယ်”လို့ ကူဘန်က ရေးထားခဲ့ပါတယ်။

အသက်(၂၅)နှစ် အရွယ်တုန်းက ကူဘန်ဟာ အင်ဒီယားနား တက္ကသိုလ်ကနေ ဘွဲ့ရပြီး ဒဲလက်စ်ကို ပြောင်းရွှေ့ အခြေချလာပါတယ်။ အဲဒီအချိန်မှာ သူဟာ ဘားဆိုင်တစ်ခုမှာ အရက်စပ်ပေးရတဲ့ ဝန်ထမ်းတစ်ယောက် အဖြစ်သာ ရှိခဲ့တယ်။ နောက်တော့ တစ်ကိုယ်ရည်သုံး PC ကွန်ပျူတာ Software တွေ လက်လီရောင်းချတဲ့ Your Business Software ကုမ္ပဏီမှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တယ်။ တစ်နှစ် မပြည့်ခင်မှာပဲ အလုပ်ဖြုတ် ခံလိုက်ရတယ်။

အကြောင်းရင်းကတော့ ဖောက်သည် တစ်ယောက်နဲ့ တွေ့ဆုံရာမှာ ကုမ္ပဏီနဲ့ ချိတ်ဆက်ဖို့ထက် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ဖို့ အကြံပေးခဲ့လို့ပါ။ ဘာပဲဖြစ်ဖြစ် အဲဒီဖြစ်ရပ်ကနေ သူ့ရဲ့ ပထမဆုံး လုပ်ငန်းဖြစ်တဲ့ MicroSolutions ကို ဖွင့်လှစ်ဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီလုပ်ငန်းအတွက် သူ့ရဲ့ အလုပ်ဟောင်း Your Business Software ဆီကနေ အထောက်အပံ့တွေတော့ ရခဲ့ပါတယ်။ (၁၉၉၀)ပြည့်နှစ်မှာ MicroSolutions ကို CompuServe ဆီ ဒေါ်လာ(၆)သန်းနဲ့ ထုတ်ရောင်းလိုက်တော့ ကူဘန်တစ်ယောက် အခွန်နုတ်ပြီး ဒေါ်လာ(၂)သန်းလောက် အမြတ်ထွက်သွားတယ်။

အခုဆိုရင် ကူဘန်ရဲ့ ခန့်မှန်းခြေ ကြွယ်ဝမှုဟာ ဒေါ်လာ (၂.၆)ဘီလီယံလောက် ရှိနေပါပြီ။ သူဟာ ဒဲလက်စ် အခြေစိုက် NBA ဘက်စကက်ဘောအသင်း Dallas Mavericksကိုလည်း ဝယ်ယူထားပါတယ်။


မာသာစတီးဝပ် (စီးပွားရေးလုပ်ငန်းရှင်၊ စာရေးဆရာမ၊ ရုပ်မြင်သံကြား အစီအစဉ်မှူး)

အမေရိကန်မှာ သူ့နာမည်ကို လူတိုင်းလိုလို သိနေတဲ့ အချိန်အခါမျိုး မရောက်ခင်တုန်းက စတီးဝပ်ဟာ Wall Street မှာ သာမန် စတော့ရှယ်ယာ ပွဲစားတစ်ယောက် အနေနဲ့ (၅)နှစ်လောက် အလုပ်လုပ်နေခဲ့ပါတယ်။ အဲဒီမတိုင်ခင်တုန်းက သူဟာ မော်ဒယ်လ်တစ်ယောက်ပါ။

“အဲဒီအချိန်တုန်းက Wall Street မှာ ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့ အမျိုးသမီး အရေအတွက် အရမ်းနည်းသေးတယ်။ ကျွန်မအနေနဲ့ကတော့ အမျိုးသားတွေနဲ့ တူတူညီညီ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ ဘယ်တုန်းကမှ မခံစားမိခဲ့ဘူး။ ပြီးတော့ စတော့ရှယ်ယာ ပွဲစားတစ်ယောက် ဘဝမှာ ကျွန်မ အများကြီး ပညာရခဲ့တယ်လို့ ထင်ပါတယ်”လို့ စတီးဝပ်က PBSရဲ့ Makers အစီအစဉ် အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

အခုအချိန်မှာတော့ သူဟာ ဒေါ်လာသန်း(၇၀၀)လောက် ကြွယ်ဝတဲ့ အမျိုးသမီး လုပ်ငန်းရှင်ကြီး ဖြစ်နေပါပြီ။ သူ့လက်အောက်မှာ အရောင်းဆိုင်တွေနဲ့ လုပ်ငန်းအမျိုးမျိုး ရှိနေတယ်။ Martha ဆိုတဲ့ နာမည်နဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို (၇)နှစ်ကြာ ထုတ်လွှင့်ခဲ့ဖူးပြီး စာရေးဆရာမ တစ်ယောက်အနေနဲ့လည်း အမေရိကန်မှာ Bestseller တန်းဝင်ခဲ့ပါတယ်။ ပြီးတော့ Martha Stewart Living မဂ္ဂဇင်းကိုလည်း ဦးစီးထုတ်ဝေနေပါတယ်။


ရက်ဖ်လော်ရန် (နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ)

Ralph Lauren Corporation အမည်နဲ့ ဖက်ရှင် အဝတ်အထည် ကုမ္ပဏီကြီး တစ်ခုကို မတည်ထောင်နိုင်ခင်တုန်းက လော်ရန်ဟာ စစ်သားတစ်ယောက် ဖြစ်ခဲ့တယ်။ စတိုးဆိုင် ဝန်ထမ်းတစ်ယောက်လည်း ဖြစ်ခဲ့သေးတယ်။

လော်ရန်ကို နယူးယောက်မှာ မွေးဖွားခဲ့ပြီး အဲဒီတုန်းက ရက်ဖ်လစ်ရှစ်ဇ်ဆိုတဲ့ နာမည်နဲ့ပါ။ အသက်(၁၅)နှစ်မှာ မျိုးရိုးနာမည်ကို လော်ရန်အဖြစ် ပြောင်းလဲလိုက်တယ်။ နောက်ပိုင်းမှာတော့ သူ့နာမည် Lifshitz ဆိုတဲ့ စကားလုံးမှာ Shit ဆိုတာ ပါဝင်နေလို့ မကြိုက်တဲ့အကြောင်း လော်ရန်က အော်ပရာ ဝင်းဖရေးကို ပြောပြခဲ့ပါတယ်။ ဘာရုခ်ျကောလိပ်မှာ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ အထူးပြု သင်ယူခဲ့ပြီး နောက်တော့ စစ်တပ်ထဲမှာ အမှုထမ်းခဲ့တယ်။ အသက်(၂၄)နှစ်မှာ တပ်ကထွက်ပြီး စတိုးဆိုင် တစ်ခုမှာ အရောင်းဝန်ထမ်း လုပ်ခဲ့တယ်။

သူ့အသက် (၂၆)နှစ်မှာ လော်ရန်ဟာ ဥရောပ အငွေ့အသက် လွှမ်းနေတဲ့ လည်စည်း ဖက်ရှင်ဒီဇိုင်း တစ်ခုကို တီထွင်ခဲ့တယ်။ သူ့မှာ ဖက်ရှင်အမြင် ရှိနေမှန်း သိသွားတဲ့နောက် တန်ဖိုးကြီး ဖက်ရှင်တွေ ထုတ်လုပ်ရောင်းချတဲ့ Neiman Marcus ကုမ္ပဏီက ချိတ်ဆက်လာခဲ့တယ်။ (၁၉၆၇)ခုနှစ်မှာ မက်ဟန်တန်က ဖက်ရှင်လုပ်ငန်းရှင် သူဌေးကြီး နော်မန် ဟီလ်တန်ရဲ့ အထောက်အပံ့နဲ့ ပထမဆုံး လည်စည်း ဖက်ရှင်ဆိုင်ကို လော်ရန် ဖွင့်လှစ်နိုင်ခဲ့တယ်။ အဲဒီကစပြီး Poloဆိုတဲ့ ဖက်ရှင် အမှတ်တံဆိပ်ကို အသက်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ လော်ရန်ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၇)ဘီလီယံဖိုးလောက် ရှိနေပါပြီ။


ဂျေကေရိုးလင်း (စာရေးဆရာမ)

ကမ္ဘာကျော် Harry Potter ဇာတ်လမ်းတွေကို ဖန်တီးရေးဖွဲ့ခဲ့သူ အနေနဲ့ ရိုးလင်းကို လူတိုင်းလိုလို သိခဲ့ပြီးသား ဖြစ်မှာပါ။ သူ့အသက် (၂၅)နှစ်လောက် မှော်ဆန်ဆန် ဇာတ်လမ်းတစ်ခုအကြောင်း ပထမဆုံးအကြိမ် စိတ်ကူးရလာခဲ့တယ်။ Harry Potterနဲ့ ပတ်သက်ပြီး ရိုးလင်း စိတ်ကူးမိလာပုံက အဆန်းပါ။ ရထားစီးရမယ့် ခရီးစဉ် တစ်ခုမှာ (၄)နာရီလောက် နောက်ကျနေတဲ့ အချိန်မှာ ဟိုတွေးဒီတွေး စိတ်ကူးယဉ်ရင်း Harry Potter ဇာတ်လမ်းရဲ့ ကျောရိုးကို ပုံဖော်မိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့ ညနေခင်းမှာပဲ Harry Potter ရဲ့ ပထမဆုံး စာအုပ်ကို အကြမ်းထည်အဆင့် အဖြစ် ရိုးလင်းက ရေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း အပြီးသတ်ချိန်ထိ ရောက်လာဖို့ကတော့ နှစ်နဲ့ချီ ကြာမြင့်ခဲ့တယ်။ ရိုးလင်းဟာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ လန်ဒန်ရုံးမှာ အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ သူ့စိတ်က Harry Potter ဆီပဲ ခဏခဏ ရောက်နေတော့ အလုပ်မှာ လွဲချော်မှုတွေ ရှိလာပြီး အလုပ်ထုတ်ခံလိုက်ရတယ်။ အလုပ်က ရတဲ့ လျော်ကြေးကို အမှီပြုရင်း ရိုးလင်းဟာ Harry Potter ဝတ္ထုတွေကို ဇောက်ချ ရေးဖြစ်ခဲ့ပါတယ်။

အဲဒီနှစ်ပိုင်းတွေမှာ ရိုးလင်းအနေနဲ့ အိမ်ထောင်ပြုခဲ့ပြီး သမီးလေးတစ်ယောက် ရလာတယ်။ နောက်တော့ အိမ်ထောင်ဘက်နဲ့ ကွာရှင်းဖြစ်ခဲ့တယ်။ Harry Potter ကို ဖန်တီးနေတဲ့ အတောအတွင်းမှာ ရိုးလင်းဟာ စိတ်ကျဝေဒနာကိုလည်း ကြုံတွေ့ခဲ့ရသေးတယ်။ အခက်အခဲတွေကြားကနေ (၁၉၉၅)ခုနှစ်မှာ Harry Potter ဝတ္ထုကို အပြီးသတ်နိုင်ခဲ့တယ်။ နောက်(၂)နှစ် အကြာမှာ ထုတ်ဝေရောင်းချတော့ ကမ္ဘာကျော် ဝတ္ထုတစ်ခု ဖြစ်လာတယ်။ ရုပ်ရှင်ဆက်ရိုက်တော့ ဝက်ဝက်ကွဲ အောင်မြင်တယ်။ Forbes မဂ္ဂဇင်းက (၂၀၀၄)ခုနှစ်မှာ ရိုးလင်းဟာ စာရေးဆရာ တစ်ဦးအနေနဲ့ ပထမဆုံး ဘီလီယံနာ သူဌေးဖြစ်လာသူလို့ အသိအမှတ် ပြုခဲ့ပါတယ်။


ဂျေးဇီး (အဆိုတော်၊ ဂီတပရိုဂျူဆာ)

ရှောင်ကာတာဆိုတဲ့ လူငယ်လေး တစ်ယောက်ဟာ နယူးယောက်မြို့က ဘရွတ်ကလင်း အရပ်မှာ ကြီးပြင်းလာခဲ့တယ်။ နောက်တော့ သူဟာ ကမ္ဘာ့ဂီတ လောကမှာ ဩဇာအကြီးဆုံး ကြယ်တစ်ပွင့် ဖြစ်လာပါတယ်။ အသက်(၂၀)လောက် အရွယ်မှာ ဂျေးဇီးဆိုတဲ့ နာမည်ကို လူသိများလာပါပြီ။ နောက်ထပ် နှစ်နည်းနည်း အကြာမှာတော့ သူဟာ အမေရိကန်ရဲ့ တက်လမ်းရှိတဲ့ Rapဂီတ အဆိုတော် တစ်ယောက်လို့ အသိအမှတ်ပြု ခံလာရတယ်။

ဂျေးဇီးဟာ အသက်(၂၇)နှစ် အရွယ်မှာ သူငယ်ချင်းနှစ်ယောက်နဲ့ ပူးပေါင်းပြီး သီချင်းတစ်ပုဒ် ဖန်တီးသီဆိုခဲ့တယ်။ အဲဒီနှစ်မှာပဲ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ Reasonable Doubt ကို ထုတ်ဝေဖြစ်ခဲ့တယ်။ သူတစ်ယောက်တည်းရဲ့ ဒီကနေ့ ကြွယ်ဝမှုဟာ ဒေါ်လာ သန်း(၅၂၀)လောက် ရှိနေပြီ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ အဆိုတော် ဘီယွန်းဆေးရဲ့ ကြွယ်ဝမှုနဲ့ ပေါင်းစပ်လိုက်ရင်တော့ နှစ်ယောက်ပေါင်း ကြွယ်ဝမှုဟာ ဒေါ်လာ သန်း(၉၀၀)နီးပါးလောက် ရှိလာပါတယ်။

မယ်ရစ်ဆာမေယာ (Yahoo ၏ အမှုဆောင် အရာရှိချုပ်)

သူ့အသက် (၂၄)နှစ်မှာ မေယာဟာ Google ကုမ္ပဏီ (Yahoo ၏ ပြိုင်ဘက်)ရဲ့ အယောက်(၂၀)မြောက် ဝန်ထမ်းအနေနဲ့ အလုပ်ရခဲ့ပါတယ်။ သူဟာ Googleရဲ့ ပထမဆုံး အမျိုးသမီး အင်ဂျင်နီယာလည်း ဖြစ်ပါတယ်။ Googleမှာ (၁၃)နှစ်ကြာအောင် တာဝန် ထမ်းဆောင်ပြီးတဲ့နောက် (၂၀၁၂)ခုနှစ်မှာ Yahoo ကို ကူးပြောင်းခဲ့ပါတယ်။ အမှုဆောင်ချုပ် ရာထူးနေရာနဲ့ပါ။

မေယာဟာ ဒီကနေ့ အအောင်မြင်ဆုံး နည်းပညာ လုပ်ငန်းစုကြီး တစ်ခုဖြစ်နေတဲ့ Google မှာ အခြေခံ အကျဆုံး အစပြုခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ပါ။ သူ့ရဲ့ အင်တာဗျူး တစ်ခုမှာ မေယာက “(၁၉၉၉)ခုနှစ်၊ ဧပြီလတုန်းက ကျွန်မကို Google က အလုပ်အတွက် အင်တာဗျူးခေါ်တယ်။ ပင်ပေါင်ကစားတဲ့ စားပွဲတစ်လုံးမှာ ကျွန်မ အင်တာဗျူး ဖြေခဲ့ရတယ်။ အဲဒါက ကုမ္ပဏီရဲ့ အစည်းအဝေး စားပွဲလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက Google မှာ အလုပ်လုပ်နေတာ လူ(၇)ယောက်ပဲ ရှိသေးတယ်”လို့ ပြောခဲ့ပါတယ်။ မေယာဟာ Google မှာ ရာထူးအမျိုးမျိုး တာဝန်ယူခဲ့ပြီး Google ရဲ့ ဖန်တီးမှု အများစုမှာ အဓိက နေရာကနေ ပါဝင်ခဲ့ပါတယ်။

Yahoo ကို ပြောင်းရွှေ့ခဲ့တဲ့နောက် မေယာဟာ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်၊ ဥက္ကဋ္ဌ ရာထူးတွေကို တာဝန်ယူခဲ့တယ်။ ဒါရိုက်တာ ဘုတ်အဖွဲ့မှာလည်း နေရာပေး ခံခဲ့ရပြီး Forbes မဂ္ဂဇင်းက မေယာကို ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး အမျိုးသမီးတွေ စာရင်းအရ အဆင့်(၃၂) သတ်မှတ်ပေးခဲ့တယ်။ Yahoo ဟာ ပထမဆုံး (၅)နှစ်အတွက် ဒေါ်လာ (၁၁၇)သန်း လုပ်ခပေးပြီး မေယာကို ခေါ်ယူခဲ့တာပါ။ အခုအချိန်မှာ အသက်(၃၉)နှစ်ပဲ ရှိသေးပေမယ့် မေယာရဲ့ ကြွယ်ဝမှုက ဒေါ်လာသန်း(၃၀၀) အထက်မှာ ရှိနေပါပြီ။


ဝါရန်ဘတ်ဖတ် (ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းရှင်)

ကမ္ဘာကျော် သူဌေးကြီးတစ်ယောက် ဖြစ်မလာခင်က ဘတ်ဖတ်ဟာ အရောင်းသမား ဝန်ထမ်းလေး တစ်ဦးပါ။ သူ့အသက် (၂၀)ကျော် အရွယ်မှာတော့ နယူးယောက်မြို့ကို ပြောင်းရွှေ့လာပြီး အသက်(၂၆)နှစ်မှာ လုံခြုံရေးဆိုင်ရာ ဆန်းစစ်သူ ပညာရှင် တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့တယ်။ အဲဒီအတောအတွင်းမှာ သူဟာ Buffett Partnership Ltd ကို တည်ထောင်ခဲ့တယ်။ အဲဒီလုပ်ငန်းက အိုဟားမားမှာ ရှိခဲ့စဉ် သူအလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အစပြုခဲ့ပါတယ်။

ဘတ်ဖတ်ဟာ ငယ်စဉ်ကတည်းက ငွေရမယ့် နည်းလမ်းတွေကို ရှာဖွေ အကောင်အထည် ဖော်ခဲ့သူပါ။ ပီကေ (Chewing Gum)တွေ ရောင်းချဖူးသလို အပတ်စဉ်ထုတ် မဂ္ဂဇင်းတွေကိုလည်း တစ်အိမ်တက်ဆင်း လိုက်ပို့ပေးပြီး ဝင်ငွေရှာခဲ့တယ်။ ပြီးတော့ ပိုက်ဆံကို ကျစ်ကျစ်လစ်လစ် စုဆောင်းခဲ့တယ်။ သူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေမှာ ဂေါက်သီးဘောလုံးတွေ လိုက်ရောင်းတာလည်း ပါတယ်။ ငွေကြေးတန်ဖိုးကို အခြေခံကျကျ နားလည်ပြီး ခြိုးခြံစုဆောင်းတဲ့ အကျင့်ကောင်းက လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာချိန်မှာ ဘတ်ဖတ်ရဲ့ တက်လမ်းကို ကြီးကြီးမားမား အထောက်အပံ့ ပေးခဲ့ပါတယ်။

ဘတ်ဖတ်ဟာ Berkshire Hethaway ကုမ္ပဏီကြီးရဲ့ အဓိက ရှယ်ယာရှင် ဖြစ်လာပြီး အမှုဆောင်ချုပ် အနေနဲ့လည်း တာဝန်ယူနေပါတယ်။ သူ့ကို မွေးဖွားတဲ့ အိုဟားမား ဒေသမှာတော့ ဘတ်ဖတ်ကို အိုးဟားမားရဲ့ ကဝေ၊ အိုဟားမားရဲ့ နတ်ဆရာ စသဖြင့် ညွှန်းဆိုဂုဏ်ပြု ခေါ်ဝေါ်ကြပါတယ်။ ဘတ်ဖတ်ရဲ့ လက်ရှိ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ (၆၇)ဘီလီယံအထက် ရှိနေပါပြီ။ (၂၀၁၂)ခုနှစ်မှာ Time မဂ္ဂဇင်းကြီးက ဘတ်ဖတ်ဟာ ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ် ဖော်ပြခဲ့ပါတယ်။

အာဆူလာဘန်းစ် (Xerox ၏ အမှုဆောင် အရာရှိချုပ်)

ဒီဂျစ်တယ် ပုံရိပ်ဖော် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Xerox ရဲ့ အမှုဆောင်ချုပ် ဖြစ်မလာခင်မှာ ဘန်းစ်ဟာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို အံတု ကျော်ဖြတ်ခဲ့ရသူပါ။ နယူးယောက်မြို့ ခပ်ကြမ်းကြမ်း ပတ်ဝန်းကျင်မျိုးနဲ့ စီမံကိန်းအိမ်ရာ တစ်ခုမှာ ကြီးပြင်းလာတဲ့နောက် နယူးယောက် ပိုလီနည်းပညာဌာနကနေ စက်မှု အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ကိုလံဘီယာ တက္ကသိုလ်ကနေ မဟာဘွဲ့ကို ရရှိလာခဲ့တယ်။

အဲဒီနောက် (၁၉၈၀)ပြည့်နှစ်မှာ သူဟာ Xerox ကို ရောက်ရှိလာပြီး တစ်ဘဝလုံး အဲဒီကုမ္ပဏီမှာ မြှုပ်နှံ ဖြတ်သန်းခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်မှာတုန်းက ဘန်းစ်ဟာ အလုပ်သင် ဝန်ထမ်းအဆင့်လောက်သာ ရှိသေးတယ်။ မဟာဘွဲ့ ရပြီးတဲ့နောက်မှာတော့ သူ့ကို Xerox က အချိန်ပြည့် ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့တယ်။ ဘန်းစ်ရဲ့ ကြိုးစား အားထုတ်မှုနဲ့ လုပ်ရည်ကိုင်ရည်တို့ကြောင့် ရာထူးမြန်မြန် တက်လာခဲ့ပြီး (၂၀၀၉)ခုနှစ်မှာ အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခံလိုက်ရပါတယ်။

“Xerox ကို ကျွန်မ ရောက်စတုန်းက ဒီအလုပ်ကို ရွေးလိုက်တယ် ဆိုတာထက် မပိုဘူး။ တစ်ယောက်ယောက်က အခြေအနေ ဘယ်လိုလဲလို့ မေးလာရင် မဆိုးပါဘူးလို့ ပြန်ဖြေပြီး အလုပ်ခန်းထဲ ဝင်သွားရုံလောက်ပဲ။ နောက်တော့ တစ်ယောက်ယောက်ဆီကနေ လုပ်ငန်းအစီအစဉ် ချမှတ်ပုံ သဘောတရားတွေ သိလာတယ်။ နောက်တော့ ကျွန်မရဲ့စိတ်က ကမ္ဘာလုံးဆိုင်ရာ ကြုံတွေ့နေရတဲ့ System ပိုင်းဆိုင်ရာ ပြဿနာတွေဆီ ယိမ်းသွားတယ်။ တကယ်တော့ အဲဒီ ပြဿနာတွေကိုက လုပ်ငန်းတစ်ခုပဲလေ”လို့ ဘန်းစ်က ဆိုပါတယ်။ ဘန်းစ်ဟာ Fortune မဂ္ဂဇင်းက ရွေးချယ်တဲ့ အမေရိကန်ရဲ့ ထိပ်တန်းကုမ္ပဏီ (၅၀၀)ထဲက တစ်ခုမှာ ပထမဆုံးအကြိမ် အမှုဆောင်ချုပ် တာဝန်ယူဖူးတဲ့ အာဖရိကန်အနွယ် အမျိုးသမီးလည်း ဖြစ်ခဲ့ပါတယ်။

မာ့ခ်ဇက်ကာဘာ့ဂ် (Facebook ၏ အမှုဆောင်အရာရှိချုပ်)

မြန်မာနိုင်ငံမှာရော၊ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ပါ လူသုံးအများဆုံး Social Networking ဝက်ဘ်ဆိုက်ဖြစ်တဲ့ Facebook ကို ထူထောင်သူ ဇက်ကာဘာ့ဂ်ဟာ သူ့ရဲ့ အသက်(၂၀)ကျော် အရွယ်တွေကို Facebook အတွက်ပဲ ကြိုးကြိုးစားစား မြှုပ်နှံ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ သူ့အသက် (၂၅)နှစ်အရွယ် (၂၀၀၉)ခုနှစ်မှာ Facebook ဟာ ငွေကြေးအရ အကျိုးအမြတ် စရလာခဲ့ပြီး အသုံးပြုသူ သန်း(၃၀၀)လောက် ရှိလာပါပြီ။

အဲဒီတုန်းက ပျော်ရွှင် စိတ်လှုပ်ရှားနေတဲ့ ဇက်ကာဘာ့ဂ်က ဒါဟာ Facebook အတွက် အောင်မြင်မှု အစပျိုးနေတုန်း အဆင့်သာ ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ “လူတွေအချင်းချင်း ချိတ်ဆက်ပေးဖို့ ကျွန်တော်တို့ ကြံဆထားတဲ့ နည်းလမ်းတွေအတွက် ဒါဟာ အစပြုမှု အဆင့်သာ ရှိပါသေးတယ်”လို့ ဇက်ကာဘာ့ဂ်က သူကိုယ်တိုင် အစပြု ပျိုးထောင်ခဲ့တဲ့ Social Networking ဝက်ဘ်ဆိုက်ပေါ်မှာ ဂုဏ်ယူစွာနဲ့ ရေးသားခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ ဇက်ကာဘာ့ဂ်ဟာ Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထူးချွန်ဆုံး ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုရွေးချယ် ခံခဲ့ရပါတယ်။

ဇက်ကာဘာ့ဂ် အပါအဝင် လူ(၅)ယောက်က စတင်တည်ထောင်ခဲ့တဲ့ Facebook ဟာ အခုဆိုရင် ကမ္ဘာပေါ်မှာ အသုံးပြုသူ (၁.၃)ဘီလီယံအထက် ရှိနေပြီး လစဉ်လတိုင်း တိုးပွားနေတုန်းပါပဲ။ ဇက်ကာဘာ့ဂ်ဟာလည်း အသက်(၃၀)အရွယ်မှာ ဒေါ်လာ (၃၃.၁)ဘီလီယံလောက် ကြွယ်ဝနေပါပြီ။

ဟောင်းဝပ်ရှုတ်ဇ် (Starbucks ၏ အမှုဆောင် အရာရှိချုပ်)

မြောက်ပိုင်း မစ်ချီဂန် တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက် ရှုတ်ဇ်ဟာ Xerox ကုမ္ပဏီမှာ အရောင်းဝန်ထမ်း တစ်ယောက်အဖြစ် စပြီး အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီမှာ သူ့အရည်အသွေးကို သတိပြုမိလာတဲ့နောက် Hammerplast ဆိုတဲ့ ဆွီဒင်ကော်ဖီမှုန့် ကုမ္ပဏီ တစ်ခုက ရှုတ်ဇ်ကို ခေါ်ယူခဲ့ပါတယ်။ Hammaerplast ကို ရောက်ခဲ့ချိန်မှာ ရှုတ်ဇ်ရဲ့ အသက်က (၂၆)နှစ်ပါ။

အဲဒီမှာ အလုပ်လုပ်ရင်း သူဟာ ဆီယက်တဲလ် မြို့ပြင်က Starbucks အမှတ်တံဆိပ် ဆိုင်လေးတွေကို ပထမဆုံး သတိထားမိလာတယ်။ သူ့အသက် (၂၉)နှစ်မှာတော့ Starbucks နဲ့ ပူးပေါင်းလိုက်ပါတော့တယ်။ အဲဒီနောက်ပိုင်းမှာ Starbucks ရဲ့ ကော်ဖီလုပ်ငန်းဟာ တဖြည်းဖြည်း တွင်ကျယ်ကြီးထွားလာပြီး ဗြိတိန်က Costa Coffeeနဲ့အပြိုင် ကမ္ဘာ့အကြီးဆုံး ကော်ဖီ လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ရှုတ်ဇ်ဟာ Starbucks ရဲ့ ကော်ဖီဆိုင်တွေကို နယ်မြေဒေသအလိုက်၊ ရာသီဥတုအလိုက် အံဝင်အဆင်ပြေအောင် ဖန်တီးခဲ့ပါတယ်။

ရှုတ်ဇ်ဟာ ပညာတတ် မိသားစုက ပေါက်ဖွားလာသူ မဟုတ်ပါဘူး။ သူ့မိသားစုထဲမှာ ပထမဆုံးအကြိမ် ကောလိပ်ကျောင်း တက်ခွင့်ရဖူးတာဟာ သူပါပဲ။ သူဟာ အမေရိကန် ပရော်ဖက်ရှင်နယ် ဘက်စကက်ဘောအသင်း Seattle SuperSonics ကိုလည်း ဝယ်ယူပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ရှုတ်ဇ်ရဲ့ လက်ရှိ ကြွယ်ဝမှုဟာ ဒေါ်လာ (၁.၅)ဘီလီယံလောက် ရှိနေပါပြီ။

ရိုမန်အေဗရာမိုဗစ်ခ်ျ (စီးပွားရေး လုပ်ငန်းရှင်နှင့် ချယ်လ်ဆီး ဘောလုံးအသင်းပိုင်ရှင်)

ကလေးဘဝတုန်းက အေဗရာမိုဗစ်ခ်ျဟာ မိဘမဲ့ တစ်ယောက်အနေနဲ့ ကြီးပြင်း လူလားမြောက်ခဲ့ရတာပါ။ အေဗရာမိုဗစ်ခ်ျကို သူ့ရဲ့ဦးလေးက ပျိုးထောင်ပေးခဲ့တယ်။ သူ့အသက် (၂၁)နှစ် အရွယ်မှာတော့ ရုရှားလူငယ်လေး တစ်ယောက်ဟာ မှောင်ခိုဈေးကွက်တွေထဲမှာ လှုပ်ရှားနေပါပြီ။ သူဟာ ဇနီးဖြစ်သူရဲ့ မိဘတွေက လက်ဖွဲ့ခဲ့တဲ့ ငွေကြေးတွေကို အရင်းအနှီးလုပ်ပြီး စီးပွားရေး ချဲ့ထွင်ခဲ့ပါတယ်။ (၁၉၉၀)ပြည့်နှစ်တွေမှာတော့ သူ့ရဲ့ လုပ်ငန်းတွေဟာ ရုရှားမှာ ခြေကုပ်ကောင်းကောင်း ရနေပြီး အီဗရာမိုဗစ်ခ်ျပိုင် ကုမ္ပဏီပေါင်း (၂၀)ထက်မနည်း ရှိလာခဲ့ပါတယ်။

သူ့အသက်(၂၆)နှစ် အရွယ်မှာတော့ အစိုးရ ပိုင်ဆိုင်မှုတွေကို ခိုးယူမှုနဲ့ အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ အသက်(၃၅)နှစ် အရွယ်မှာတော့ ရုရှားရဲ့ ချူကော့ကာ ပြည်နယ်မှာ အုပ်ချုပ်ရေးမှူး ဖြစ်လာပါတယ်။ အီဗရာမိုဗစ်ခ်ျကို ကမ္ဘာသိ ထင်ရှားလာစေတဲ့ အချက်တစ်ခုက (၂၀၀၃)ခုနှစ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ် ချယ်လ်ဆီးကို သိမ်းသွင်း ဝယ်ယူလိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ အီဗရာမိုဗစ်ခ်ျဟာ ငွေကြေး အလုံးအရင်း သုံးစွဲပြီး ချယ်လ်ဆီးကို ကမ္ဘာကျော် ဘောလုံးကလပ် တစ်ခုဖြစ်လာအောင် ပြောင်းလဲစေခဲ့တယ်။

အသက်(၂၀)ကျော် အရွယ်တွေမှာ မှောင်ခိုသမားလေး တစ်ယောက်အဖြစ် ကျင်လည်ခဲ့တဲ့ အေဗရာမိုဗစ်ခ်ျဟာ လက်ရှိအသက် (၄၇)နှစ်မှာတော့ ဒေါ်လာ(၁၄.၂)ဘီလီယံလောက် ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက် ဖြစ်လာပါပြီ။ အေဗရာမိုဗစ်ခ်ျကတော့ သူ့ဘဝရဲ့ အတိတ်က အမည်းစက်နဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း ငြင်းဆန်နေဆဲပါ။ “အဲဒီတုန်းက ဘဏ်စနစ်မှာ ပြဿနာတွေ ရှိခဲ့တယ်ဗျ။ အစိုးရဆီ တင်သွင်းရမယ့်ငွေ မရောက်လို့ဆိုပြီး ကျွန်တော် အဖမ်းခံလိုက်ရတာပါ။ နောက်တော့ သူတို့လက်ထဲ ငွေရောက်လာတဲ့အခါ ကျွန်တော့်ကို ပြန်လွှတ်လိုက်ပါတယ်”လို့ အေဗရာမိုဗစ်ခ်ျက ဆိုပါတယ်။

Source: Businessinsider
7 Day

မြန်မာကားတွေကို hollywood ထိသွားပြီး ရိုက်နိုင်တဲ့သူ တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုတဲ့ Mister Global International ဆုရှင် Marco Victor

Mister Global International 2014ရဲ့ဆုရှင်ဖြစ်သူ Marco victorဟာ ခုလတ်တလောမှာ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ပေးဖြစ်တာတွေ ရှိပေမယ့် တစ်ခြားကမ်းလှမ်းမှုတွေကိုတော့ စာမေးပွဲပြီးမှ ဆက်ပြီး လက်ခံရိုက်ကူးဖြစ်သွားမယ်လို့ သိရပါတယ်။ သူ့ရဲ့မျက်နှာထားကို ကြည့်လိုက်တာနဲ့ အင်္ဂလိပ်စပ်တဲ့လူမျိုးမှန်း တန်းသိနိုင်ပေမယ့် တစ်ခြားပြုပြင်ခွဲစိတ်ထားတာမျိုး ဘာတစ်ခုမှ မရှိဘူးလို့ဆိုလိုက်တဲ့ သူက သူ့ရဲ့အားနည်းချက်အနေနဲ့ ဘော်ဒီပိုင်းနဲ့ အသားအရေပိုင်းကို သိပ်အားမရဘူးလို့ ဆိုတဲ့အပြင် ဗမာလူမျိုးတွေနဲ့ သိပ်ထဲထဲဝင်ဝင် စကားပြောဖူးတာမျိုးမရှိခဲ့တဲ့အတွက် သူ့ရဲ့ ပြောဆိုပုံ လေယူလေသိမ်းတော့ လေ့ကျင့်ရပါဦးမယ်တဲ့။

သူ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Mister Global International ပွဲသွားပြိုင်အတွေ့အကြုံ၊ ဆုရရှိခဲ့ပုံနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါမှာတော့ သူက “ကျွန်တော်ပြည်တွင်းမှာလည်း ပြိုင်ပွဲတွေ တော်တော်များများ ပြိုင်ခဲ့ဖူးပါတယ်။ ပြည်ပသွားပြီး ပြိုင်ပွဲတစ်ခုကို သွားပြိုင်တဲ့အခါမှာ တစ်ခြားနိုင်ငံရဲ့ လူမျိုးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပြိုင်ပွဲလုပ်တဲ့ပုံစံ၊ သူတို့ရဲ့စည်းလုံးမှုနဲ့ Team Work ဘယ်လောက်ရှိတယ်ဆိုတဲ့ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ အဓိက Professional ကျတဲ့ မော်ဒယ်လ်တစ်ယောက်ရဲ့ ပုံစံတွေ အများကြီး ရခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့မြန်မာလူမျိုးဆိုတာ သိအောင်လို့ သူတို့ကို ပြောပြတယ်။ မြန်မာဆိုတာ ယဉ်ကျေးသိမ်မွေ့တယ်။ ပျူပျူငှာငှာဆက်ဆံ တတ်တယ်။ စိတ်နေစိတ်ထား ကောင်းတယ် ဆိုတာမျိုးတွေ ပြောပြခဲ့တယ်။ ပြီးတော့ အဲဒီ့ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်တစ်ဖွဲ့လုံးTeam Work တစ်ခုကို ဦးဆောင်ရတဲ့သူ ဖြစ်မှန်းမသိဖြစ်သွားတယ်။ အဲဒါကြောင့် အခုလို ဆုကို ရရှိခဲ့တာပါ။ ဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကြောင့် ရရှိခဲ့တယ် ဆိုတာကိုတော့ အားစိုက်မှုတွေ အများကြီးရှိပါတယ်။ မသွားခင်မှာလည်း အချိန်ကပ်ပြီးသိရတယ်။ သုံးပတ်ကျော်လောက်ပဲ အချိန်ရခဲ့တယ်။ အဲဒီ့အခါမှာကျွန်တော် GYMဆော့တယ်။ Trainning တွေ ကောင်းကောင်းဆင်းပြီး အင်္ဂလိပ်စာစကား သေချာလေ့လာပြင်ဆင်ဖြစ်တယ်။ Trainning ကောင်းကောင်းနဲ့ အတွေ့အကြုံအသစ်တွေ အများကြီး ရရှိစေတယ်။ ပြီးတော့ ဟိုမှာ သွားပြိုင်တဲ့အခါမှာ အခက်အခဲတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဟိုရောက်တဲ့အခါမှာ ကျွန်တော် အဓိကစိတ်တစ်ခု မွေးလိုက်ပါတယ်။ ယှဉ်ပြိုင်ခြင်းသာ အဓိကပေါ့။ ငါဒီမှာလာပြိုင်တယ်။ နိုင်ငံ ကိုယ်စားပြုခွင့်ရခဲ့တယ်။ အဲဒီ့အပေါ် အရမ်းဝမ်းသာတယ်။ အင်္ဂလိပ်စကားကျွမ်းကျင်စွာ ပြောနိုင်တာက ငယ်ငယ်ကတည်းက အင်္ဂလိပ်ကျောင်းမှာ တက်ခဲ့တယ်။ အဖေနဲ့အမြဲ English စကား အမြဲပြောနေကျဆိုတော့ အင်္ဂလိပ်စကားပြောကတော့ ရတာပေါ့” လို့ သူက ပြောပြသွားပါတယ်။

Marco ရဲ့ပရိသတ်တွေက သူဟာ ဗုဒ္ဓဘာသာလူမျိုး မဟုတ်ဘူးဆိုပြီးပြောဆို ဝေဖန်နေကျတာမျိုး တွေကိုတော့ သူက “အဲဒါနဲ့ပတ်သက်ပြီး ပြန်ပြောချင်တာက ကျွန်တော်လည်း အရမ်းကြီးမဖြေရှင်းပါဘူး။ တစ်ဖြေးဖြေးနဲ့တော့ သိလာကြမယ်လို့ထင်ပါတယ်။ ရှေ့ဆက် လျှောက်လှမ်းသွားချင်တာကတော့ သရုပ်ဆောင် ကောင်းတစ်ယောက် ဖြစ်ချင်တယ်။ မင်းသားဖြစ်ရမယ် ဆိုပြီး တွေးထားတာ မျိုးတော့မရှိပါဘူး။ အနုပညာနဲ့ ပတ်သက်ပြီး အမြင့်ဆုံးရည်မှန်းချက်က တော့ ကျွန်တော်နိုင်ငံကျော် သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်တဲ့ ရည်မှန်းချက်ပေါ့။ အောင်မြင်ပြီးသွားတဲ့နောက်မှာ မြန်မာကားတွေကို hollywood ထိသွားပြီးရိုက်နိုင်တဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားသွားချင်ပါတယ်”တဲ့။

ဇနီးဖြစ်သူနဲ့ အချင်းများသည့် မြို့တော်ဝန်တစ်ဦး နေအိမ်တွင် သေနတ်ပစ်ခံရကာ သေဆုံး

The mayor of a California suburb has been fatally shot at home and his wife taken into custody.

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် လော့အိန်ဂျလိစ် ခရိုင် ဘဲလ်ဂါးဒင်း မြို့တော်ဝန် Daniel Crespo (၄၅)နှစ် သည် ယမန်နေ့တွင် နေအိမ်၌ ဇနီးသည်နှင့် အချင်းများ ရာမှ ဇနီးဖြစ်သူ Lyvette Crespo (၄၃)နှစ် က သေနတ်ဖြင့် အချက်ပေါင်း များစွာ ပစ်ခတ်ခဲ့ သဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး ခဲ့ကြောင်း သိရသည်။

ခရက်စပို ဇနီးမောင်နှံ၏ အသက် ၁၉ နှစ်အရွယ် သားဖြစ်သူက ဝင်ရောက် ဖျန်ဖြေရန် ကြိုးပမ်း ခဲ့သော်လည်း ဇနီးသည် Lyvette က Daniel ကို သေနတ်ဖြင့် ပစ်ခဲ့သည်ဟု ယူဆ ရသောကြောင့် ယခုအခါ Lyvette ကို ထိန်းသိမ်း ထားကြောင်း လော့စ်အိန်ဂျလိစ် ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဘဲလ်ဂါးဒင်း မြို့တော်ဝန် Daniel သည် မြို့တော် ကောင်စီ အဖွဲ့ဝင် တစ်ဦး အဖြစ်လည်း ၁ဝ နှစ် ထက်မက အလုပ်အကျွေး ပြုနေသူဖြစ်ပြီး ဇနီးသည် Lyvette နှင့် ငယ်ကျွမ်းဆွေများ ဖြစ်ကာ ၁၉၈၆ ခုနှစ်တွင် လက်ထပ် ထိမ်းမြားခဲ့သည်။ Daniel သည် လော့စ်အိန်ဂျလိစ် ပြည်နယ် ခြေချုပ် တရားခံ စောင့်ကြည့်ရေး အရာရှိ အဖြစ်လည်း လက်ရှိ တာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

Lyvette ကို ဒယ်နီယယ် အား သေနတ်ဖြင့် အချက်ပေါင်း များစွာ ပစ်ခတ်မှုဖြင့် သင်္ကာမကင်း ဖြစ်ကာ ထိန်းသိမ်း ထားသော သေမှုသေခင်း ရဲတပ်ဖွဲ့က စစ်ဆေး မေးမြန်း ပြီးနောက် ပြန်လွှတ် ပေးလိုက်ပြီး ယခုအချိန် ထိလည်း နောက်ထပ် သံသယ ရှိသူများကို ထပ်မံ ဖမ်းဆီး ထားခြင်း မရှိသေးဘဲ Lyvette ၏ စစ်ကြောချက် များကို တရားရုံးသို့ တင်ပြပြီးမှ တရားစွဲဆို သွားမည် ဖြစ်ကြောင်း သိရသည်။

ဖခင် နှင့် မိခင် တို့သည် မွန်းလွဲ ၂ နာရီခွဲခန့်တွင် စကားများ ခဲ့ကြောင်း၊ သားဖြစ်သူက ဖျန်ဖြေရန် ကြိုးစား ခဲ့ပါကြောင်း၊ သို့သော် Daniel နှင့် Lyvette တို့ လုံးထွေး သွားခဲ့ပြီး Lyvette လက်ထဲတွင် သေနတ်တစ်လက် ရောက်လာကာ Daniel အား အချက်ပေါင်း များစွာ ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ က ထပ်မံ အတည်ပြု ပြောကြားသည်။

Daniel သည် အေးဆေးစွာ နေတတ်သူ ဖြစ်ပြီး မြို့တော်ဝန် တာဝန်များကို ဆောင်ရွက်ရာတွင် လူထု မကျေနပ်ချက်များ နှင့် ကင်းရှင်းသူ ဖြစ်သောကြောင့် ပြင်ပပုဂ္ဂိုလ် တစ်ဦးဦးက ဝင်ရောက် လုပ်ကြံခြင်း မဖြစ်နိုင်ကြောင်း နီးစပ်သော အသိုင်းအဝိုင်း က ပြောဆို နေကြောင်း သိရသည်။

PyiChitThar

ရေခဲရိုက်ထားသော မျက်နှာသေများ


ယခုအခါ Botoxကို အရေ ပြားတွန့်ခြင်းတွင် ထိုးဆေးအဖြစ် အသုံးပြုနေကြပါသည်။ ထိုဆေးကို အလှအပအဖြစ် မျက်နှာအတွင်းသို့ ထိုးပြီး ကြွက်သားကိုပြေလျော့စေကာ အရေးအကြောင်းကို ပျောက်စေပါသည်။ ဒီလိုဖြစ်လာတဲ့ မျက်နှာကို ရေခဲရိုက်ထားတဲ့ မျက်နှာသေလို့ သိပ္ပံပညာရှင်များက ဆိုကြပါသည်။ တစ်ဖက်တွင် အလှအပအတွက် အဆင်ပြေသော်လည်း တစ်ဖက်တွင် ဆုံးရှုံးမှုသည်ရှိစမြဲပင်ဖြစ်သည်။

၎င်းင်း နှင့်ပတ်သက်ပြီး UK မေ့ဆေး ပညာနှင့် သုတေသနခေါင်းဆောင် ပြုလုပ်နေသော Ms.Hellen Collier က ““လူတွေဟာ စိတ်ခံစားမှုတွေ ဖြစ်တဲ့ ၀မ်းနည်းခြင်း၊ စာနာခြင်း စသည့် စိတ်ပိုင်းဆိုင်ရာများကို မျက် နှာတွင် အရေးအကြောင်းများဖော်ပြ ခြင်းနှင့် ဖော်ပြကြပါတယ်။


အခုတွေ့ ရှိမှုတွေအရ Botox နှင့် အရေး အကြောင်းပျောက်စေရန် ထိုးကြလို့ ကြွက်သားတွေက ပြေလျော့သွား ( Muscel paralysis) ပြီး

ကျုံ့ခြင်း ( Contraction) ပြုလုပ်လို့ မရတော့ လို့ မျက်နှာမှာ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် ဖော်ပြမှုများမပြုလုပ် နိုင်တော့ပါဘူး။ ဒါ့ကြောင့် ရေခဲရိုက် ထားသောမျက်နှာသေများလို့ ခေါ် ဆိုနေကြပါတယ်”” ဟု ပြောပါသည်။

မာဃ
Ref;Netdoctor
Health Updates Journal

ဟောင်ကောင်က ဆန္ဒထုတ်ဖော်နေသူတွေ အများအပြားသုံးစွဲလာကြတဲ့ Firechat ဆိုတဲ့ app

လက်ရှိမှာ ကမ္ဘာ အကြီးဆုံးတားမြစ်မှု တစ်ခုဖြစ်နေတဲ့ ဟောင်ကောင်က ဆန္ဒပြပွဲ ရဲ့ ၅ ရက်မြောက် နေ့မှာ Firechat ဆိုတဲ့ app တစ်မျိုးကို ဆန္ဒထုတ်ဖော်နေသူတွေဟာ အများအပြားသုံးစွဲလာကြပြီး တနင်္ဂနွေနေ့က စတင်ကာ Download ပြုလုပ်သူ တစ်သိန်းထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Firechat ဆိုတဲ့ app ဟာ Wi-Fi (သို့) Cellular Connection တို့ကို မလိုအပ်တော့ပဲ Bluetooth နည်းပညာကိုသုံးပြီး Chat လို့ရနိုင်တဲ့ app တစ်မျိုးဖြစ်ပါတယ်။ ထို app ကို မတ်လကမှ Open Garden ကုမ္မဏီ က စတင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ထို app ကို သုံးစွဲနေသူအရေအတွက်ကို အတိအကျ မသိရပေမယ့် ဟောင်ကောင်အစိုးရဟာ ဆယ်လူလာ ကွန်ရက်တစ်ခုလုံးကို ပိတ်ချ လိုက်နိုင်တယ်လို့ ဟောင်ကောင်ရဲ့ အကြို-ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေကဆိုပါတယ်။

ဒီတနင်္လာနေ့ကပဲ တရုတ်နိုင်ငံအစိုးရ ဟာ တရုတ်နိုင်ငံထဲက ဒေသ အများအပြားများ ဓါတ်ပုံတွေဝေမျှဖို့သုံးစွဲတဲ့ Instagram ဆိုတဲ့ app ကို သုံးစွဲခွင့် တားမြစ်လိုက်တယ်လို့သိရပါတယ်။

Ref:hollywoodreporter.com

အကောင်းဆုံး နည်းနဲ့ ပျော်ရွှင်အောင်နေပါ


လူတစ်ယောက် ဖြစ်လာပြီ ဆိုတာနဲ့ အရေးအကြီး ဆုံးနဲ့ အဓိက အကျဆုံး အရာဟာ စိတ်ချမ်းသာဖို့ စိတ်ပျော်ရွှင်ဖို့သာ ဖြစ်ပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုကို ရရှိစေနိုင်မည့် နည်းလမ်းကောင်းများကို ရေးသား လိုက်ရပါတယ်။

(၁) ကျန်းမာရေး ကောင်းအောင် ရေများများ သောက်ပါ။


(၂) မနက်စာကို ရှင်ဘုရင်လို စားပါ။ နေ့လယ်စာကို သူဌေးလို စားပြီး ညနေစာကို သူတောင်းစားလို စားပါ။

(၃) သဘဝအစား အစာများကို များများ စားပါ။ ထုတ်လုပ်စာများကို လျော့စားပါ။

(၄) အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် တွေးတော ဆင်ခြင်ပါ။

(၄) တရားထိုင်ပါ။

(၅) အားကစားလုပ်ပါ။

(၆) စာဖတ်ပါ။

(၇) တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်ကို လန်းဆန်းစေမည့် နေရာမှာ တစ်နေ့ကို ၁၀ မီနစ်ခန့်လောက် နေပေးပါ။

(၈) တစ်နေ့ကို ၇ နာရီလောက် အိပ်ပေးပါ။

(၉) တစ်နေ့မှာ မီနစ် ၃၀ ခန့်လောက် လမ်းလျှောက်ပေးပါ။ လမ်းလျှောက်နေစဉ်မှာ ပြုံးပါ။

(၁၀) စိတ်တွေ အရမ်းမွမ်းကျယ်နေပြီး အလုပ်အတွက် ဘာမှ မကြံစည်နိုင်ဘူးဆိုလျှင် စိတ်ကို လန်းဆန်းစေမည့် ခရီးတစ်ခု ထွက်လိုက်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

(၁၁) အလုပ်ကို ပုံမှန်လုပ်ပါ။ ဒီနေ့နည်းနည်းလုပ်ပြီး နောက်နေ့ အများကြီး လုပ်တာမျိးကို ဖြစ်နိုင်ရင် ရှောင်ပါ။

(၁၂) အချိန်တိုင်းကို တန်ဖိုးရှိစွာ အသုံးချပါ။

(၁၃) တစ်ပါးသူ အောင်မြင်တာကို မြင်လျှင် မနာလို မဖြစ်ပါနဲ့။ မိမိကိုယ်တိုင် ကြိုးစားပါ။

(၁၄) သူငယ်ချင်းတွေ အပေါ်မှာ အနစ်နာခံပါ။ ထိုသို့ အနစ်နာခံခြင်းကြောင့် သင့်မှာ ပျော်ရွှင်မှုတွေကို ပိုမိုရရှိစေနိုင်ပါတယ်။

(၁၅) ဘဝဟာ အလွန်တိုပါတယ်။ ဒါကြောင့် အမုန်းပွါးမှုတွေကို လျော့ပြီး လူတိုင်းနှင့် တည့်အောင် ပေါင်းသင်း ဆက်ဆံပါ။

(၁၆) အရင်တုန်းက သူငယ်ချင်းတွေက ပေးခဲ့သော လက်ဆောင်တွေကို သိမ်းထားပါ။ ထိုလက်ဆောင်တွေက နောင်တစ်ချိန် သင့်ကို ပျော်ရွှင်ပါလိမ့်မယ်။

(၁၇) တစ်နေတာအတွက် များများပြုံးပါ။ များများ ရယ်ပါ။

(၁၈) အငြင်းအခုန် ဖြစ်လျှင် အလျော့ပေးပါ။ အလျော့ပေးခြင်းဟာ သင့်စိတ်ကို သက်သာစေပါတယ်။

(၁၉) အဝေးတစ်နေရာကို ရောက်နေလျှင် မိသားစုထံသို့ ဖုန်းခဏခဏခေါ်ပါ။

(၂၀) အတွေးအခေါ် ကောင်းတဲ့သူ ကောင်းသော အကြံဥာဏ်ပေးနိုင်သူ ထံမှ အကြံဥာဏ်ယူပါ။

(၂၁) ဖြစ်နိုင်လျှင် သူငယ်ချင်းတွေ အားလုံးကို အဆက်အသွယ်မပြတ် ပါစေနဲ့။

(၂၂) အချိန်ပိုတွေ သင့်မှာ ရှိတယ်ဆိုလျှင် အသက် ၇၀ ကျော် ဒါမှမဟုတ် အသက် ၆ နှစ်အောက် သူတွေနှင့် အတူနေပါ။

(၂၃) နေမကောင်း ဖြစ်လျှင် အလုပ်မလုပ်ပါနဲ့။

(၂၄) မှန်ကန်သော နည်းလမ်းတွေကိုသာ ကျင့်ကြံအားထုတ်ပါ။

( ၂၅) မနက်ခင်း အိပ်ယာထသောအခါ သဘဝအလှများကို ကြည့်ရှုခံစားပါ။

ကျော်လင်းနိုင်

ISIS အစ္စလာမ္မစ် စစ်သွေးကြွများက အီရတ်ကို ဂျုံစစ်ဆင်ရေး ဆင်နွှဲ

ISIS အစ္စလာမ္မစ် စစ်သွေးကြွများက အီရတ်ကို ဂျုံစစ်ဆင်ရေး ဆင်နွှဲ

ဆာလာပေါလစ် ဟာ အီရတ်နိုင်ငံ ထဲမှာ ISIS တွေ သိမ်းပိုက်ထားတဲ့ မိုဆူမြို့ မှာ ဂျုံစိုက်ပျိုး သူပါ။ စက်တင်ဘာ လဆန်းပိုင်းမှာ ISIS ရန်ကို ကြောက်လို့ မိသားစုနဲ့ အတူ ထွက်ပြေး ခဲ့ရပါတယ်။ အီရတ်မှာ နယ်မြေတွေ တစ်ခုပြီး တစ်ခု သိမ်းပိုက်နေတဲ့ ISIS ဟာ ဆာလာ ရဲ့ ဂျုံစိုက်ခင်း ကိုလည်း အလွတ်မပေးခဲ့ ပါဘူး။ ဂျုံစိုက်ခင်းကို စွန့်ခွာ ထွက်ပြေးပြီး နှစ်ပတ်ခန့် အကြာမှာတော့ ISIS ကနေ ဆာလာ ကို ဖုန်းဆက် ပါတယ်။

" ISIS ကပါ။ ကျွန်တော်တို့ ခင်ဗျားရဲ့ ဂျုံ သိုလှောင်ရုံကို ရောက်နေတယ်။ ခင်ဗျား ခရစ်ယာန် ဘာသာကနေ အစ္စလာမ်ဘာသာ ကို ကူးပြောင်းပြီး ISIS အတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၅ဝဝ သွင်းမယ် ဆိုရင် ခင်ဗျားကို ဘယ်သူမှ လက်ဖျားနဲ့တောင် မတို့စေရ ပါဘူး ... '' လို့ ဖုန်းနဲ့ ပြောတာကို ဆာလာ က ငြင်းလိုက်တော့ ''ဒါဆိုလဲ ခင်ဗျားရဲ့ဂျုံတွေအားလုံး သိမ်းရ ပါလိမ့်မယ်လို့ ... '' ပြောပြီး ဆာလာ နဲ့ မိသားတစ်စု စိုက်ပျိုးပြီး ရိတ်သိမ်း ထားတဲ့ ဂျုံတွေ အားလုံးကို ယူသွား ပါတယ်။

ဆာလာ လိုပဲ စစ်ဘေး ကြောက်လို့ ထွက်ပြေးသွားတဲ့ လယ်သမား တွေလဲ အလားတူ ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွက် ISIS ဟာ အီရတ်နိုင်ငံကို အငတ်ဘေး ဆိုက်အောင် ဂျုံစစ်ဆင်ရေး လုပ်နေပြီဆိုတာ ထင်ရှား ပါတယ်။ အခုဆိုရင် အီရတ်နိုင်ငံ ရဲ့ နှစ်စဉ်ထွက်ဂျုံ စုစုပေါင်း ပမာဏရဲ့ ၄ဝ ရာခိုင်နှုန်း ဟာ ISIS လက်ထဲ ရောက်နေပါပြီ။ ISIS ဟာ နယ်မြေတွေကို သိမ်းပိုက်ရုံတင် မက ကောက်ပဲသီးနှံ တွေနဲ့ ရေနံလို သယံဇာတ ပစ္စည်း တွေကိုလဲ လက်ဝါးကြီးအုပ် နေပါပြီ။

ISIS ဟာ ဂျုံကို စိတ်ကြိုယ် ခြယ်လှယ်ပြီး ငွေရမယ့် လမ်းစတွေ ထွင်နေပါတယ်။ သူတို့နဲ့ ဘာသာရေး ပြိုင်ဘက်တွေ ဖြစ်တဲ့ ခရစ်ယာန်နဲ့ ယာဇီဒီ လူနည်းစု တွေကို ဂျုံလိုပင်မ အစားအစာ ဖြတ်တောက် ထားသလို သူတို့နဲ့ ပေါင်းစပ်ထားတဲ့ ဆွန်နီ မွတ်ဆလင် တွေကိုလဲ ဂျုံနဲ့ပဲ ထိန်းထားပါတယ်။ အီရတ်နိုင်ငံရဲ့ မြောက်ပိုင်း ထမင်းအိုးလို့ ခေါ်လို့ရတဲ့ ဂျုံစိုက်ခင်း တွေမှာ ISIS က သူ့လူတွေ လွှတ်ထားပြီး ဂျုံရောင်းဝယ် ဖောက်ကားမှု မှန်သမျှကို ထိန်းချုပ်ထား ပါတယ်။

ဒါဟာလဲ ISIS ဟာ Al Qaeda ထက် ကြောက်ဖို့ ကောင်းရတဲ့ အကြောင်းရင်း တွေထဲက တစ်ခုပါပဲ။ ISIS ဟာ Al Qaeda ကနေ ပေါက်ဖွား လာတယ် ဆိုပေမယ့် Al Qaeda ဟာ အသေခံ ဗုံးဖောက်ခွဲဖို့၊ ချုံခို တိုက်ခိုက်ဖို့ပဲ အာရုံစိုက် ပါတယ်။ ISIS စစ်သွေးကြွ တွေကတော့ သူတို့ကို သူတို့ အစိုးရတပ်ဖွဲ့ လို့လဲ ခံယူထားပုံ ရပါတယ်။

ISIS ဟာ အီရတ်နိုင်ငံ မှာပဲ ဂျုံကို လက်ဝါးကြီးအုပ် ထားတာ မဟုတ်ပါဘူး။ ဆီးရီးယားမှာလဲ ဂျုံစိုက်ခင်း သုံးပုံတစ်ပုံ လောက်ကို အပိုင်စီး ထားပြီးပါပြီ။ ဂျုံရောင်းရငွေ အပြင် လုပ်ငန်းရှင်တွေ ဆီကနေ အခွန်လဲ ကောက်ပါတယ်။ အနောက်တိုင်း သားတွေကို လုယက်တာ၊ ဓားစာခံ ဖမ်းတာတွေ အမြဲ လုပ်နေပြီး ပြည်တွင်း ရေနံထုတ်လုပ်မှု ကိုပါ အပိုင်စီး ထားပါတယ်။ ISIS ဟာရေနံ ရောင်းဝယ်မှု ကနေ လစဉ် အမေရိကန် ဒေါ်လာ သန်းနဲ့ချီ ရနေလို့သာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစုကြီး ကို ဆက်လက် ခုခံဖို့ လူသူ လက်နက် အင်အားတွေ ရှိနေသေး တာပါ။ ဒါကြောင့်လဲ မဟာမိတ် တပ်ပေါင်းစုက အဲဒီ ရေနံသန့်စင် စက်ရုံတွေကို သဲကြီးမဲကြီး ဖျက်ဆီး နေတာ ဖြစ်ပါတယ်။

ISIS တွေဟာ လယ်ယာမြေ တွေကနေ ဂျုံတွေကိုပဲ သိမ်းတာ မဟုတ်ပါဘူး။ တွေ့တွေ့သမျှ အသားစား၊ နို့စား တိရစ္ဆာန်တွေ ကိုလဲ ယူပါတယ်။ သြဂုတ်လ အစောပိုင်း ကဆိုရင် ဂျုံစိုက်ခင်း တစ်ခုကနေ ရိတ်သိမ်းပြီးဂျုံ ၅၄ တန် ယူသွားသလို ကြက် အကောင်ရေ ၂ဝဝ နဲ့ ခို ၃၆ ကောင်ကိုပါ ယူသွား ခဲ့တာပါ။ ဒါ့အပြင် မီးစက်၊ ကားလို အဖိုးတန် ပစ္စည်း တွေကိုလဲ တွေ့မရှောင် အကုန်ယူ သွားလေ့ ရှိပါတယ်။ လမ်း တစ်လျှောက် မှာလဲ မြေမြှုပ်မိုင်းတွေ ထောင်ထား ခဲ့တတ်ကြတဲ့ အတွက် ဒေသခံ တပ်ဖွဲ့က ပြန်သိမ်းပိုက် ပြီးတဲ့ မြို့ရွာတွေ ကိုတောင် လူထုက မပြန်ရဲ ပါဘူး။ မြေမြှုပ်မိုင်း ရန်ကို ကြောက်လို့ပါ။ ဒီလို အောင်မြင် ဖြစ်ထွန်းတဲ့ ဂျုံစိုက်ခင်းတွေ ဖြစ်လာဖို့ တောင်သူတွေက အနှစ် ၂ဝ လောက် ကြိုးပမ်းခဲ့ ရပါတယ်။ အခုတော့ ISIS က ရက်ပိုင်း အတွင်း ဒါတွေကို အပိုင်စီး လိုက်တာပါ။ တောင်သူများ အဖို့တော့ ဘဝကို သုညကနေ ပြန်စရ ပါတော့မယ်။

၁၉၉ဝ ပြည့်နှစ်မှာ အီရတ်သမ္မတေ ဟာင်း ဆက်ဒမ်ဟူစိန် က ကူဝိတ် ကို ကျူးကျော် ဝင်ရောက်ခဲ့လို့ အမေရိကန်နဲ့ မဟာမိတ်များရဲ့ ထိုးစစ် ဆင်နွှဲမှုကို ခံခဲ့ရသလို နောက်ပိုင်း စီးပွားရေး ပိတ်ဆို့မှုကိုလဲ ပြင်းပြင်း ထန်ထန် ခံခဲ့ ရပါတယ်။ ဒီတော့ ဟူစိန်ကလဲ အီရတ် နိုင်ငံမှာ အစားအသောက် ခွဲဝေရေး စနစ်ကို တင်းတင်း ကျပ်ကျပ် ထုတ်ပြန်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ ကုလသမဂ္ဂ ရဲ့အစားအစာ နှင့် ရေနံ လဲလှယ်တဲ့ စနစ်ကို လက်ခံကျင့်သုံး ခဲ့ပါတယ်။ အဲဒီတုန်း ကတည်းက အီရတ်ပြည်သူ သုံးပုံနှစ်ပုံ ခန့်ဟာ ကုလသမဂ္ဂ ရဲ့ ရေနံအစားပေး အစားအစာ ရယူခြင်း စနစ်နဲ့ပဲ ၂ဝဝ၃ ခုနှစ်အထိ ရှင်သန်ခဲ့ ရပါတယ်။

အခု နောက်ပိုင်း အထိကို အီရတ်နိုင်ငံမှာ အစားအသောက် ခွဲဝေမှု အချိုးအစား မညီမျှတဲ့ ပြဿနာ ရှိနေ ပါသေးတယ်။ အီရတ်ပြည်သူ လေးပုံ တစ်ပုံခန့် ဟာ အစိုးရက ခွဲဝေပေးတဲ့ အစားအစာ အပေါ် မှီခို နေရဆဲ ဖြစ်နေပေမယ့် နောက်ထပ် လေးပုံတစ်ပုံ လောက်မှာတော့ အစားအစာ တွေက အလျှံပယ် ဖြစ်နေပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဂျုံကို ထိန်းချုပ်လိုက် နိုင်တဲ့ ISIS ရဲ့ သြဇာအာဏာ ကြီးထွား လာတာ မဆန်းပါဘူး။ ISIS ဟာ တီဂရစ်မြစ် တစ်လျှောက် နိုင်နာဗေ ပြည်နယ်ထဲက ဂျုံစိုက်ခင်း ကိုးခုလုံးကို ထိန်းချုပ် ပါတယ်။ ဒီပြည်နယ်ရဲ့ မြို့တော် မိုဆူကို သိမ်းပိုက် ပြီးတော့ သုံးလအတွင်းမှာ ISIS က အတင်းအဓမ္မ သိမ်းပိုက်ခဲ့တဲ့ ဂျုံတန်ချိန်ပေါင်း သောင်းနဲ့ချီ ရှိနေပါတယ်။ ဒီလောက်နဲ့ မကျေနပ်သေးဘဲ ISIS ဟာ သြဂုတ် ၇ ရက်မှာ မာ့ခ်မာမြို့ ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ ပါတယ်။ မာ့ခ်မာမှာ ဂျုံတန်ချိန် ၂၅ဝဝဝဝ ထွက်တဲ့ စိုက်ခင်းတွေ ရှိပါတယ်။ ဒါဟာ အီရတ် တစ်နိုင်ငံလုံး ရဲ့ နှစ်စဉ် ဂျုံစိုက်ပျိုး ထုတ်လုပ်မှု ရဲ့ ရှစ်ရာခိုင်နှုန်း နီးနီး ရှိပါတယ်။

ISIS ရဲ့ဂျုံစစ်ဆင်ရေး ဟာ အောင်မြင်တယ်လို့ ဆိုရမှာပါ။ အခုကိုပဲ အဲဒီဂျုံကို စိုက်ခဲ့တဲ့ မြို့သူမြို့သား တွေ ကိုယ်တိုင်က သူတို့စိုက်ခဲ့တဲ့ ဂျုံကို သူတို့ပြန်ပြီး ဈေးကြီးပေး ဝယ်နေ ရပါတယ်။ ဒါ့အပြင် နောက်လိုက် ဆွန်နီ မွတ်ဆလင် များကလဲ မလှန်ရဲ ပါဘူး။ လက်နက် အင်အား ဘယ်လောက် ကောင်းကောင်း အစားအသောက် တော့ နေ့စဉ် သုံးကြိမ် လိုနေတာမို့ ဂျုံပုံပေါ် ထိုင်နေတဲ့ ISIS ပြောသလိုပဲ ဆွန်နီတွေက လုပ်နေရ တာပါ။

ISIS တွေက ဂျုံအဝယ်ဒိုင် တွေလဲဖွင့်ထားပြီး ဘယ်သူ လာရောင်းရောင်း အစစ်အဆေး အမေးအမြန်း မရှိ ဝယ်ပါတယ်။ ဈေးကိုသူတို့ စိတ်ကြိုက် နှိမ်ပြီးပေးတာ တစ်ခုပါပဲ။ ဒီတော့ တောင်သူတွေမှာ အဆမတန် နှိမ်ထားတဲ့ ဈေးနှုန်းနဲ့ ရောင်းချ ရပါတယ်။ မရောင်းရင် သူတို့က သိမ်းမှာပဲလေ။ အစိုးရကို ယူသွားရောင်းဖို့ ကလဲ ISIS ထိန်းချုပ်တဲ့ နယ်မြေ ဖြစ်နေလေတော့ ဂျုံတစ်ပွင့် ကိုတောင် ISIS မသိဘဲ ထုတ်သွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ဒါ့ပြင် ISIS တွေဟာ အီရတ်နဲ့ ဆီးရီးယားမှာ သူတို့ သိမ်းပိုက်ခဲ့တဲ့ နယ်မြေ တွေထဲက သုံးလို့ရတဲ့ အဆောက်အအုံ နဲ့ ယန္တရား တစ်ခုကိုမှ မဖျက်ဆီး ခဲ့ပါဘူး။ စက်ရုံ၊ အလုပ်ရုံ၊ ဆည်၊ ကား၊ စိုက်ခင်း၊ မွေးမြူရေးခြံ အားလုံးကို သူတို့က ဆက်လက် ကြီးကြပ် လုပ်ကိုင် စေတာပါ။

ISIS ဆိုတဲ့ အစ္စလာမ် နိုင်ငံတော် စစ်သွေးကြွ တွေဟာ နာမည်နဲ့ လိုက်အောင် ကိုယ်ပိုင် နိုင်ငံတော် တည်ဆောက်ဖို့ကို မဟာမိတ် တိုက်လေယာဉ် တွေ အဆက်မပြတ် ပစ်ခတ်နေတဲ့ ကြားက ကြိုးပမ်းနေဆဲ ဖြစ်ပါကြောင်း လေ့လာရေးသား တင်ပြ လိုက်ရ ပါတယ်။
PyiChitThar

လမ်းခွဲဖို့ စဉ်းစားထားပြီးမှ အဲ့ဒီလူနဲ့ ပြန်တွဲသင့်သလား


အကြောင်းအမျိုးမျိုးနဲ့ ပြသနာတွေ ခဏခဏတက်ရလွန်းလို့ လက်တွဲဖြုတ်လိုက်ဖို့ စဉ်းစားထားပြီးသားသူကို နောက်ထပ်ပြန်လည်လက်တွဲဖို့ သင့်မှာယုံကြည်မှုရှိရဲ့လား။ သူ့ကိုလက်ခံချင်သေးလား။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် စဉ်းစားကြည့်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီမေးခွန်းလေးတွေ ဖြေပြီးရင်တော့ သင်သူနဲ့ပြန်ပေါင်းထုတ်ဖို့ အိုကေမလား၊ ပထမ ဆုံးဖြတ်ချက်ကိုပဲ အတည်ပြုသင့်သလားဆိုတာ သေချာသွားစေမှာပါ။

၁။ သူနဲ့ထပ်ပြီး ပြသနာတွေ မတက်တော့ဘူး၊ သူအမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီဆိုတာ သေချာပါသလား။

ဘယ်လိုလမ်းခွဲခဲ့ကြလဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားပါ။ သင့်ရဲ့နှလုံးသားနဲ့စဉ်းစားပြီးတော့ ဦးနှောက်နဲ့ဖြေရှင်းပါ။ ချစ်ရဲ့သားနဲ့ အခြားသော ပြသနာတွေဆိုရင်တော့ နှစ်ဦးအတူဖြေရှင်းဖို့ ကြိုးစားနိင်ပါတယ်။ အဲ့ဒီလို မဟုတ်ဘူး သူက ဖောက်ပြန်တာကြောင့်၊ အချိန်တိုင်း ပြသနာရှာနေတာကြောင့်၊ ကိုယ့်အပေါ်အလေးမထားတာတွေကြောင့်ဆိုရင်တော့ သင့်ကို နောက်ထပ်တစ်ကြိမ်ပိုလှည့်စားဖို့၊ ပိုခံရဖို့ပဲဆိုတာ သိထားပါ။ သင်ဒီကိစ္စတွေကို ကျော်လွှားနိုင်မလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။

၂။ ဒီလိုလုပ်ခြင်းဟာ သင့်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်လား။

အတိတ်ကတော့ အတိတ်ပေါ့။ ဒါပေမယ့် သင့်ဘဝမှာ ဒီလူကို ပြန်ရလိုခြင်းအကြောင်းပြချက်ကို သင့်စိတ်ထဲမှာ အဖြေရှိနေဖို့ လိုအပ်ပါတယ်။ ယခုနဲ့အနာဂတ်အတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို သင်ထည့်စဉ်းစားပါ။

၃။ အရင်လိုပဲ ဆက်ဆံရေးက ပြန်ကောင်းလာမှာသေချာလား။

ဒုတိယအကြိမ် ပြန်ပတ်သက်ကြတဲ့အခါ အရင်ကလို ပြန်ပြီးကြည်နူးခွင့်တွေ ရှိဦးမလား၊ ပြန်အဆင်ပြေနိုင်ဦးမလား။ ဘာတွေပြောင်းလဲလာနိုင်လဲ ဆိုတာကို သင်သေချာ ပြန်မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုပြဿသနာမျိုးကိုပဲ နောက်တစ်ကြိမ် ထပ်မှား ပြန်တောင်းပန် အဲလိုနဲ့ သံသရာလည်သွားနိုင်ပါတယ်။

၎။ ဒီဘဝနဲ့သင် နေသားကျပြီလား။

သင်အသည်းကွဲပြီး တစ်ယောက်တည်းနေတာကို နေသားကျနေပြီလား။ ဒါမှမဟုတ် သင်ပြန်ပြီးတော့ သူနဲ့ပတ်သက်မှုကိုပဲ အမြဲတောင့်တနေလား။ သူ့ကို တစ်ချိန်လုံး လွမ်းနေမိလား။ ဆက်ဆံရေးက အရမ်းရှုပ်ထွေးတယ်လို့ ခံစားမိရင် အဲ့ဒီကနေ သင်ရုန်းထွက်ကြည့်ပါ။ သင်လွတ်လပ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ သေချာပါတယ်။ ပြန်မလှည့်ပါနဲ့တော့။

Ref: teenvogue.com

ဖြတ်ထားသော ခြေထောက်တစ်ဖက် ရောင်းမည့်သူ



အသက် (၅၃)နှစ် အရွယ်ရှိ နယ်သာလန် နိုင်ငံသား လီယိုဘွန်တန်ဟာ ဖြတ်ထားတဲ့ ခြေထောက်ကို ပြန်ရောင်းပြီး ခြေတု ၀ယ်ယူဖို့ စီစဉ် ထားကြောင်း သိရပါတယ်။ ဘွန်တန်ဟာ ၂၀၁၂၊ ဇူလိုင်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆ ဖြစ်ရပ်ကြောင့် ခြေထောက်ကျိုး ဒဏ်ရာ ရရှိခဲ့ပြီး ဘက်တီးရီးယား ပိုးကြောင့် ခြေထောက် ဖြတ်ပစ်ဖို့ အကြောင်းဖန်လာခဲ့ ပါတယ်။ ဘွန်တန်ဟာ သူငယ်ချင်း ဖြစ်သူရဲ့နောက်ပြောင်မှုကြောင့် အခုလို ဖြစ်ရပ်နဲ့ ကြုံတွေ့ ရခြင်း ဖြစ်ပါတယ်။ ဘွန်တန်ဟာ ဖြတ်ခဲ့တဲ့ ညာဘက် ခြေထောက်ကို နေအိမ်ကို ပြန်လည် ယူဆောင်လာ ပြီးတဲ့နောက် မီးအိမ်မှန်ဘောင် ထဲမှာ ထည့်သွင်း ခဲ့ပါတယ်။ ဘွန်တန်ဟာ ခြေထောက် တစ်ဖက်တည်းနဲ့ ပြုလုပ်ထားတဲ့ ပထမဆုံး မီးအိမ်ကို ရောင်းချပြီး ခြေတု ၀ယ်ယူဖို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်။ ဘွန်တန်က ကျွန်တော့်ရဲ့ ခြေထောက်ဟာ ကိုယ်ပိုင်ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ သိမ်းထားပိုင်ခွင့် ရှိပါတယ်။ ကျွန်တော့် ရဲ့ ခြေထောက်နဲ့ မီးအိမ် ဖန်တီးပြုလုပ်ခဲ့ ပါတယ်လို့ ပြောကြားသွားခဲ့ ပါတယ်။

ဆေးရုံ ကလည်း ဘွန်တန်ရဲ့ ခြေထောက်ကို ဖြတ်ပေးပြီးတဲ့ နောက် နေအိမ်ကို ယူဆောင်ဖို့ ခွင့်ပြုချက်ပေးခဲ့ ပါတယ်။ ဘွန်တန်က မိမိအနေ ဖြင့် ခြေတုတပ်ရန် လိုအပ်သဖြင့် ဖြတ်ထားတဲ့ ခြေထောက်နဲ့ ပြုလုပ် ထားတဲ့ မီးအိမ်ကို ရောင်းချ လိုကြောင်း မိမိ၏ ပစ္စည်းကို ချမ်းသာတဲ့သူ တစ်ဦးက စိတ်ကူးပေါက်ပြီး ပေါင် (၇၈၀၀၀) ပေးဝယ်ယူရန် မျှော်လင့်ထားကြောင်း ဆိုခဲ့ပါတယ်။ အလွန်တရာ ဆန်းကြယ်တဲ့ စိတ်ကူး ဖြစ်ပေမယ့် eBoy၀က်ဘ် ဆိုက်မှာတော့ ရောင်းချခွင့်ပိတ်ပင် ထားပါတယ်။ အွန်လိုင်းကနေ ပစ္စည်းတွေ ရောင်းချနိုင်တဲ့ eBoy ဟာ လူသားတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ရောင်းဝယ်မှုကို တားမြစ် ပိတ်ပင်ထား တာကြောင့် ဖြစ်ပါတယ်။

Messenger

သေဆုံးခဲ့သည့် ကလေးငယ်တစ်ဦး၏ ကိုယ်တွင်းအင်္ဂါများဖြင့် လူငါးဦး၏အသက်ကို ကယ်တင်နိုင်ခဲ့

Even the smallest of people can make a huge difference. These words cannot be more true in the case of three year old Jingyao Liu. 

How This Little Three Year Old Girl Saved Five Lives Will Bring You to Tears .




တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီပြည်နယ် ရှိ ပြည်သူ့ ဆေးရုံကြီး၌ ဦးနှောက် အကျိတ် ရောဂါဖြင့် ကွယ်လွန် ခဲ့သည့် သုံးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦးက လှူဒါန်း ခဲ့သည့် ကိုယ်တွင်းအင်္ဂါ များဖြင့် လူနာငါးဦးကို အစားထိုး ကုသမှုများ ပြုလုပ်ခဲ့ရာ ယခုအခါ ၄င်းတို့၏ အခြေအနေမှာ စိတ်ချရသော အနေအထားတွင် ရှိကြောင်း ၄င်းဆေးရုံမှ ဆရာဝန်များ က စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

လျူကျင်ယောင် အမည်ရှိ အဆိုပါ မိန်းကလေး၏ ကိုယ်တွင်းအင်္ဂါ လှူဒါန်းမှုဖြင့် လူနာ ငါးဦးသည် နှလုံး၊ အသည်း၊ ကျောက်ကပ် နှင့် မျက်ကြည်လွှာ အစားထိုး ခွဲစိတ် ကုသမှု ခံယူနိုင်ခဲ့ သည်ဟု သိရသည်။

အလှူရှင် မိန်းကလေးသည် လမ်းလျှောက်သည့် အခါ တုန်တုန်ယင်ယင် ဖြစ်သည့် ဝေဒနာကို ခံစားခဲ့ ရပြီးနောက် ၄င်း ခံစားနေရသည့် ဝေဒနာမှာ ဦးနှောက် အကျိတ်ရောဂါ ဖြစ်ကြောင်း ဆရာဝန်များက ယခုနှစ် အစောပိုင်းတွင် စစ်ဆေး တွေ့ရှိ ခဲ့သည်။ သူမ၏ မိဘနှစ်ပါးက ၄င်းကို ဆေးရုံများသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေခဲ့ သော်လည်း သူမ ဝေဒနာမှာ ကုသရန် အလွန် နောက်ကျသွားပြီ ဖြစ်ကြောင်း ဆရာဝန်များ က ပြောကြား ခဲ့သည်။

လျူကျင်ယောင် ၏ ရောဂါ အခြေအနေမှာ အလွန်ဆိုးရွား လာခဲ့ပြီး စက်တင်ဘာ ၂၃ ရက်က ကျန်းရှီ ပြည်သူ့ ဆေးရုံကြီး ၌ပင် ကွယ်လွန် သွားခဲ့သည်။ လျူကျင်ယောင် ၏ ကိုယ်အင်္ဂါများ ကို အခြား ဝေဒနာရှင်များ အစားထိုး ကုသရန် အတွက် ဆေးရုံမှ တာဝန်ရှိ သူများက လျူကျင်ယောင် ကွယ်လွန်ပြီး မကြာမီ ထုတ်ယူ ခဲ့ကြောင်း သိရှိရသည်။

PyiChitThar

ချန်ပီယံလိဂ်ပွဲအများဆုံးကစားထားတဲ့ ကစားသမားဖြစ်လာခဲ့တဲ့ "ဇာဗီ"


ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား "ဇာဗီ"ဟာ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်
ကစားသမားအဖြစ် ပါဝင်ကစားခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားထားတဲ့ ကစားသမားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အသက် (၃၄) နှစ်အရွယ် ကွင်းလယ်ကစားသမား "ဇာဗီ"ဟာ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်ကစားသမား "ရာကီတစ်" အစားဝင်ရောက် ကစားခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်သမိုင်း တစ် လျှောက်ပွဲအများဆုံးကစားသမားအဖြစ်ယခင်က "ဇာဗီ"နဲ့ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားသမား "ဖီဂို"တို့က အတူရပ်တည်နေတာဖြစ်ပြီး၊လက်ရှိအချိန်မှာတော့ "ဇာဗီ"က တစ်ပွဲအသာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့အောက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်း "ရိုင်ယန်ဂစ်"က ပွဲပေါင်း (၁၄၁) ပွဲ၊ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ ဂိုးသမား "ကာဆီးလက်စ်"က ပွဲပေါင်း (၁၄၁) ပွဲနဲ့ အေစီမီလန်အသင်းရဲ့ကွင်းလယ် ကစားသမားဟောင်း "ဆီးဒေါ့ဖ်"က ပွဲပေါင်း (၁၂၅) ပွဲနဲ့ အစဉ်လိုက်ရပ်တည်နေကြတာ ဖြစ်ပါတယ်။

အဆိုပါကစားသမားများဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲကစားထားတဲ့ ပွဲစဉ်များပါဝင်ခြင်းမရှိဘဲ ရပ်တည်နေတာဖြစ်ပြီး၊ခြေစစ်ပွဲများ ပါဝင်ပါက "ရိုင်ယန်ဂစ်"က ပွဲပေါင်း (၁၅၁) ပွဲကစားထားပြီး၊ ထိပ်ဆုံးကရပ်တည်သွားမှာ ဖြစ်ပါတယ်။ဘာစီလိုနာအသင်း ဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် (၂) ပွဲကစားထားပြီး၊ ရမှတ် (၃) မှတ်နဲ့ အဆင့် (၂)နေရာမှာ ရပ်တည်နေတာ ဖြစ်တယ်လို့သိရပါတယ်။

ရီဟားနား ၀တ်စုံကြောင့် ဝေဖန်မှုများ ထွက်ပေါ်


ကမ္ဘာကျော် အဆိုတော် ရီဟားနား၏ ပွဲတက်ဝတ်စုံနှင့် ပတ်သက်၍ ၀တ်လစ်စလစ်နီးပါး ဖြစ်ပေါ်ခဲ့မှု အပေါ်တွင် ကမ္ဘာ့ မီဒီယာ အသီးသီးက ဝေဖန်ခဲ့မှုကြောင့် ရီဟားနား ၀တ်စုံချုပ်လုပ် ပေးခဲ့သည့် ဒီဇိုင်နာ မဲလ် အော်တင်ဘတ်က ၀တ်လစ်စလစ်နီးပါး ဖြစ်ခဲ့ရကြောင်း ၀န်ခံခဲ့သည်။ သူက “ဒါဟာ တုန်လှုပ်စရာ ကောင်းတယ် ဆိုရင်တော့ ကျွန်တော် နားမလည်ပါဘူး ကျွန်တော် တစ်ချိန်လုံး ရီဟားနား နဲ့အတူ ရှိနေပါတယ်။ 

ကျွန်တော် တီထွင်ထားတဲ့ ၀တ်စုံကို သူဝတ်ဖို့ အဆင်သင့် ရှိမလား ပြောတော့ သူက လွယ်လွယ်ကူကူပဲ ခေါင်းညိတ်ခဲ့ပါတယ်။ ဒီအခွင့်အရေးကို ကျွန်တော် လက်လွတ် မခံနိုင်ပါဘူး။ ဒီနေ့ညဟာ ပရိသတ်တွေနဲ့အတူ ရီဟားနား အတွက် ပြည့်စုံတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က သူမကို ကမ္ဘာကြီးမှာ ခင်ဗျားတို့ ရှာမတွေ့တဲ့ အရာကို သူတွေ့ပါစေလို့ ဆုတောင်းခဲ့ ပါတယ်”ဟု မီဒီယာများကို ထုတ်ဖော် ပြောကြားခဲ့သည်။ 

ရီဟားနားသည် အသက် ၂၆ နှစ် အရွယ်ရှိပြီး ယခုနှစ် အကောင်းဆုံး တေးသီချင်း သီဆိုသူအဖြစ် အရွေးခံရသည့် အတွက် အအောင်မြင်ဆုံး နှစ်တစ်နှစ်ဟု ဆိုရမည်ဖြစ်သည်။ ယခု အခမ်းအနားတွင် သူမ၏ ဆံပင်ပုံစံကို အထူးချုပ်လုပ်ထားသော ခေါင်းဆောင်းဖြင့် ဖုံးအုပ်ခဲ့သလို ခန္ဓာကိုယ် တစ်ခုလုံးအားလည်း ငါးအကြေးခွံများဖြင့် အထူး ချုပ်လုပ်ထားသော ၀တ်စုံကို ဆင်မြန်းခဲ့ခြင်း ဖြစ်သည်။

Tomorrow

ယောင်္ကျားမျိုးပွားဥ လှူသည့် ဆေးခန်းတွင် ၂ နာရီကြာသဖြင့် သေရသူ

တရုတ်ပြည်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ခဲ့တဲ့ မှုခင်းကို ယခု ရုံးတင်မှ ပြည်သူအများ သိရှိလာရခြင်း ဖြစ်ပါတယ်။ ယင်းကတော့ အမျိုးသား မျိုပွား ဆဲလ်အရည် လှူဒါန်းတဲ့ တက္ကသိုလ်ဆေးခန်းမှာ လှူဖို့ ကြိုးစားရင် သေဆုံးသွား တဲ့ ဆေးကျောင်းသား တစ်ဦး ဖြစ်ပါတယ်။

တရုတ်ပြည်အရှေ့ပိုင်းက Wuhan မြို့က Wuhan တက္ကသိုလ်မှ အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသား တစ်ဦး ဖြစ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများက သူ့ကို sperm (အမျိုးသား မျိုပွား ဆဲလ်အရည်) လှူဖို့ အတွက် တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ တက္ကသိုလ်ရဲ့ ဆေးခန်းမှာပဲ သွားရောက်လှူဒါန်း ပါတယ်။ ဒါတောင် ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ စတုတ္ထမြောက် အကြိမ် ဖြစ်ပါတယ်။ ဒီတော့ လှူဒါန်းလို့ ရအောင် အခန်းထဲမှာ တစ်ယောက်တည်း စိတ်ကြိုက်နေစေ ပါတယ်။ ၁၈ နှစ်အောက် မဖတ်ရ ပုရိသကြိုက် မဂ္ဂဇင်း ထားရှိထားပေးပြီး ၂ နာရီကြာချိန် အခန်းထဲကနေ ဘာသံမှ ထွက်မလာတော့ ဝင်စစ်တဲ့အခါ သေဆုံးနေတဲ့ လူငယ်ကိုသာ တွေ့မြင် ရပါတယ်။

နှလုံးရပ်လို့ သေဆုံးသွားရခြင်း ဖြစ်ပါတယ်။ ဒီအတွက် သေဆုံးသူ ကျောင်းသား မိသားစုမှ လျော်ကြေးငွေ တောင်းပါတယ်။ ယခု ရက်ပိုင်းကပဲ တရားရုံးရဲ့ စစ်ဆေးချက်အရ လူငယ်ဟာ သူလှူဖို့ မလှူဖို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိတာကြောင့် ယခု သေဆုံးမှုမှာ အခြားလူ အပြစ် မပါကြောင်း ဆိုပါတယ်။ တစ်ချိန်ကြရင် မြန်မာပြည်မှာ အဲ့လို မျိုးပွားဥ လှူဒါန်းတဲ့ ဘဏ် ရှိမလာနိုင်ဘူးလို့ ပြောလို့ မရပါဘူး။ ဒီတော့ တရုတ်ပြည်က ကျောင်းသားလေး သတင်းက သတိထားစရာလေး ဖြစ်စေခဲ့ ပါတယ်။
From:ရိုးရာလေး

သွေးတိုးခြင်းဖြင့် အသက်ဆုံးရှုံးမှု များနေသောကြောင့် ကြိုတင်ကာကွယ်ရန် လိုအပ်

ကမ္ဘာပေါ်၌ လူ ၁၀ ဦးလျှင် တစ်ဦးသည် သွေးတိုးရောဂါ ဖြစ်ပွားလျက် ရှိပြီး အသက် ဆုံးရှုံးမှုဖြင့် ကြုံတွေ့ နေရ သောကြောင့် သွေးတိုးရောဂါ မဖြစ်ပွားရန် ကြိုတင် ကာကွယ် သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။


သွေးတိုးရောဂါ သည် လူနေမှု ဘဝနှင့် ဆက်စပ်နေပြီး ကိုယ်လက် လှုပ်ရှားမှု နည်းပါးခြင်း၊ ဆား၊ အငန် နှင့် အဆီအအိမ့် အစားများခြင်း၊ ဆီးချို သွေးချို ရောဂါရှိခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ ဆေးလိပ်နှင့် အရက် အလွန်အကျွံ သောက်သုံးခြင်း တို့ ကြောင့် အဖြစ်များကာ သွေးပေါင်ချိန် (၁၄ဝ /၉ဝ) မီလီမီတာ မာကျူရီ နှင့် အထက် ရှိလျှင် သွေးတိုးရောဂါ ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စမ်းသပ်ချက်များ အရ သိရသည်။


သွေးတိုးရောဂါ ဖြစ်ပွားသူ များသည် ခေါင်းမူးခြင်း၊ ဇက်ကြော တက်ခြင်း၊ မျက်စိပြာခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ အော့အန်ခြင်း တို့ဖြစ်သည်။ သွေးတိုးရောဂါ ကို ကာကွယ်ရန် ကိုယ် အလေးချိန်ကို ထိန်း၍ အဝမလွန် စေရန် နေထိုင် စားသောက်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု ပုံမှန် ပြုလုပ်ခြင်း၊ နေ့စဉ် နာရီဝက်၊ တစ်နာရီခန့် လမ်းလျှောက် ပေးခြင်း၊ ဆားနှင့် အချိုမှုန့် အသုံးပြု၍ ပြုလုပ် ထားသော စားသောက် ဖွယ်ရာများ၊ ငါးပိ၊ ငါးခြောက် နှင့် အသင့်စားသုံး နိုင်သော အစားအစာ များကို ရှောင်ကြဉ်ခြင်း၊ ဟင်းသီး ဟင်းရွက်၊ အသီးအနှံများ စားသုံးခြင်း၊ အရက်နှင့် ဆေးလိပ် လွန်ကဲစွာ သောက်သုံး ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အဆီကို လွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။


သွေးတိုးရောဂါ ဖြစ်ပွားလျှင် နှလုံးကြီးခြင်း၊ နှလုံး သွေးကြော ပိတ်ခြင်း၊ နှလုံးညှစ်အား လျော့ကျခြင်း၊ နှလုံး သွေးကြော ကျဉ်းခြင်း၊ မျက်စိမှုန်ခြင်း၊ မျက်စိဝေခြင်း၊ မျက်စိ ကွယ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ ဦးနှောက် ရောင်ခြင်း၊ လေဖြတ်ခြင်း နှင့် ရုတ်တရက် သွေးကြော ပိတ်ခြင်း စသော နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွား နိုင်သောကြောင့် သွေးတိုးရောဂါ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနများ၌ သွေးပေါင် မှန်မှန်ချိန်၍ စနစ်တကျ ဆေးကုသမှု ခံယူ သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သတိပေးချက် ထုတ်ပြန် ထားသည်။ 


ဆုလာဘ်

Themyawadydaily

လက်ပံတောင်းဒေသခံများ တရုတ်အလံကို မီးရှို့


ပုံသဏ္ဌာန်မျိုးစုံဖြင့် ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်းကျေးရွာ၏ မြောက်ဘက် ရဲကင်းများအနီးတွင် ဒေသခံများက အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ကျိန်စာတိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံအလံကို မီးရှို့သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။


လက်ရှိ ကျိန်စာတိုက်ပွဲသည် လက်ပံတောင်း ဒေသ၏ ၁၁ ကြိမ်မြောက် ကျိန်စာတိုက်ပွဲ ဖြစ်ခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီ ခြံစည်းရိုးအနီး ကန်တော့ပွဲများဖြင့် တောင်စောင့်နတ်များကို ပူဇော်ကာ ဒေသခံများ မြေယာမဲ့ဘဝ ဖြစ်ရအောင် ပြုလုပ်သူများနှင့် တောင်ကို စောင့်ရှောက်နေသော တောင်စောင့်နတ်များကို နေရာပျောက်အောင် ပြုလုပ်သူများကို ကျိန်စာတိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆည်တည်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ရွာက ဒေသခံ အမျိုးသမီးတစ်ဦးက ဖိုလ်ဝင်ရှင်မ နတ်ပူးပြီး ကျိန်စာတိုက်မှုတွေ လုပ်သလို၊ နတ်ကျားပူးကပ်တဲ့ ပုံသဏ္ဌာန်နဲ့ စီမံကိန်း ခြံစည်းရိုးအနီးမှာ ကျားဟိန်းသံလို အော်ပြီး ကန်တော့ပွဲထဲက ဆန်တွေကို စီမံကိန်း ဧရိယာထဲ ပစ်ကြဲပြီး ကျိန်စာတိုက်တယ်” ဟု ၎င်းကဆိုသည်။

လက်ပံတောင်းတောင်အား မျက်နှာမူ၍ ရွှေရောင်သုတ်ထားသည့် မျက်နှာဖုံးများကို တပ်ထားသူ သုံးဦးမှ တရုတ်နိုင်ငံ အလံကို ကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်ဟစ်ပြီး မောင်းထုကာ တရုတ်နိုင်ငံအလံကို မီးရှို့မှုများကို ခဲ့သည်။

ကျိန်စာတိုက် ဆန္ဒထုတ်ဖော်ပွဲသို့ ဒေသခံ ၇၀ ဦးခန့် လာရောက်ခဲ့ပြီး ဒေသခံတွေအပေါ် ကျွန်ပြုရန် လုပ်ဆောင်နေသည့် တရုတ် ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိ၊ စစ်ခရိုနီ ဦးပိုင်ကုမ္ပဏီ ကျဆုံးပါစေ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝအလိုမရှိ၊ မဖြူနှင်းထွေး အပါအဝင် မတရားဖမ်းဆီးခံ ထားရသူများကို ချက်ချင်းလွှတ် စသည့် အချက်များကိုလည်း ကြွေးကြော်ခဲ့ကြောင်း ပါဝင်ခဲ့သည့် ဒေသခံများက ပြောကြားသည်။

လက်ပံတောင်းတောင် စီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒေသခံများက ရာချီသော ဆန္ဒထုတ်ဖော်ပွဲများကို ပြုလုပ်ခဲ့သကဲ့သို့ ထူးခြားသည့် ပုံသဏ္ဌာန်ဖြင့် သုသာန်အတွင်း ပြုလုပ်သည့် ပါဖော့မန့်များ၊ အခေါင်းသုံးလုံး မီးရှို့မှုများ နတ်များ ပင့်ဖိတ်ကျိန်စာတိုက်မှုများကို အမျိုးမျိုး ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးအနေနှင့် တရုတ်နိုင်ငံ အလံကိုပါ မီးရှို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice

နာကျင်မှု ဝေဒနာ အတွက် အိမ်တွင်း ကုထုံးများ


လေ့လာမှုတွေ အရ ကျွန်မတို့ လူသား အားလုံးရဲ့ ၅၀%ကျော်ဟာ နာကျင်မှု ဝေဒနာကို အပတ်စဉ် ခံစားရလေ့ ရှိတယ် လို့ သိရှိရပါတယ်။သင်ရဲ့  နာကျင်မှု ဝေဒနာတွေကို သင့်မီးဖိုချောင် ဒါမှမဟုတ် သင့်ရေခဲသေတ္တာထဲက ပစ္စည်းတွေ အသုံးပြုတာ နဲ့ ပျောက်ကင်း နိုင်တဲ့ အကြောင်းကို သုတေသန ပြုချက်အရ သက်သေပြထား နိုင်တာမို့ နည်းလမ်းတွေကို ဖော်ပြ ပေးလိုက်ပါ တယ်။
(၁)ရေယုန် ပေါက်နေသလား? ပျားရည် အသုံးပြုပါ။
ရေယုန် ဖြစ်နေရင် အနာပေါ်ကို ပျားရည်နဲ့ တစ်နေ့ လေးကြိမ် တို့ ပေးပါက အနာကျက်တာဟာ ဆေးဝါး အသုံးပြုတာ ထက် ၄၃%မြန်ဆန် နိုင်ပါတယ်။ပျားရည်မှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ
ရောင်ရမ်းမှုကို လျော့ကျစေပြီး ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ပိုးကို ဖျက်ဆီး နိုင်လို့ ပါလို့ လေ့လာမှု ပြုသူတွေက ဆိုပါတယ်။

(၂)ကြွက်သားတွေ တောင့်တင်း ညောင်းညာ နေပါသလား? ခရမ်းချဉ်သီး ဖျော်ရည်သောက်ပါ။ အမျိုးသမီး ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ခြေထောက် ကြွက်တက် တတ်ပါတယ်။ညောင်းညာ ကိုက်ခဲနေရင်ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက်ကို နေ့ စဉ် သောက်ပေးပါ။ခရမ်းချဉ်သီး ဖျော်ရည်မှာ ပါဝင်တဲ့ များစွာသော ပိုတက်စီယမ်တွေကြောင့် ၁၀-ရက် အတွင်း ကြွက်သား တောင့်တင်းတာ သက်သာ သွားနိုင်ပါတယ်လို့ သုတေသန အရ တွေ့ ရှိထားခဲ့ပါတယ်။

(၃)ရေနွေးပူ လောင်နေပါသလား? လက်ဖက်ခြောက်အိတ် (tea bag)ကိုအသုံးပြုပါ။
လက်ဖက်ခြောက်မှာ ပါဝင်တဲ့ tannins တွေဟာ ရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး အပူလောင်တာကြောင့် ဖြစ်တဲ့ နာကျင်မှု ဝေဒနာကို ငါးမိနစ် အတွင်း သက်သာသွားနိုင်ပါတယ်လို့ UCLAက ပြုလုပ်တဲ့ သုတေသန အရ သိရပါတယ်။အပူလောင်တဲ့ နေရာကို အရင်ဆုံး ဘုံပိုင်ရေနဲ့ နှစ်မိနစ်ခန့် စိမ်ထားပါ။ပြီးရင် စွတ်စိုပြီး အေးနေတဲ့ tea bagနဲ့ ပူစပ်ပူလောင် ဖြစ်နေတာ ပျောက်ကင်းတဲ့ အထိ ကပ်ထားပေးပါ။

(၄)လေပွပြီး အစာမကြေ ဖြစ်နေသလား?
နာနတ်သီးစားပါ။ နာနတ်သီးဟာ သဘာဝ ဆီးရွှင်ဆေး ဖြစ်တဲ့ အပြင် သူ့ မှာ ပါဝင်တဲ့ အစာခြေ အင်ဇိုင်းတွေက ပရိုတင်း ခေါ်တဲ့ အသား ဓာတ်တွေ အချဉ် မဖောက်နိုင်ခင်မှာပဲ ချေဖျက် ပေးနိုင်ပါတယ်။ နာနတ်သီး ဖျော်ရည် တစ်ခွက်သောက်တာဟာ ၇၂-နာရီ အတွင်း လေပွတာနဲ့ လေထိုးတာ သက်သာစေနိုင်တယ်လို့ Stanford တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

(၅)ခါးကိုက်ခါးနာ ဖြစ်နေသလား?
စပျစ်သီးစားပါ။ အနီရောင် စပျစ်သီး တစ်ခွက်စားတာကြောင့် သွေးကြောတွေ relax ရရှိစေပြီး ခါးနောက်ကျော တစ်သျှူးတွေထံ သွေး ရောက်ရှိမှု များစေနိုင်တဲ့ အတွက် စားအပြီး သုံးနာရီ အတွင်း ပျက်စီးနေတဲ့ တစ်သျှူးတွေ ပြန်လည် ကောင်းမွန်လာကာ နာကျင် မှု ဝေဒနာ သက်သာ နိုင်ပါတယ်။

(၆)ရင်ပူနေသလား?
ရှာလကာရည်(Cider Vinegar) သောက်ပါ။
အစာ မစားခင်မှာ ထမင်းစားဇွန်း တစ်ဇွန်းစာ ရှာလကာရည်ကို ရေတစ်ဖန်ခွက်နဲ့ ရောစပ်ပြီး
သောက်ပေးပါက ရင်ပူ ဝေဒနာ ပျောက်ကင်း သွားနိုင်ပါတယ်။ရှာလကာရည်မှာ ပါဝင်တဲ့ အစာခြေ အက်စစ်တွေက အစာအိမ်မှ အစာတွေ အစာမျိုပြွန်ကို ဆန်မတက်ခင်မှာပဲ အစာအိမ်မှ ထွက်သွားစေနိုင်လို့ ပါလို့  Restoring your digestive health စာအုပ်ကို ရေးသားသူ Joseph, M.D က ဆိုပါတယ်။
(၇)ဒူးနာနေပါသလား? ချင်းစားပေးပါ။ ချင်းမှုန့် ထမင်းစားဇွန်း နှစ်ဇွန်း ဒါမှမဟုတ် ချင်းအနှစ် ဇွန်းတစ်ဝက်စာကို နေ့ စဉ် စားသုံးပေးရင် ခြောက်ပတ်အတွင်း ဒူးနာဝေဒနာ သက်သာနိုင်တယ်လို့  Miami တက္ကသိုလ်မှ လေ့လာမှု အရ အကြံပြု ထားပါတယ်။
TIPS ----ရေသောက်ဖို့ မမေ့ပါနှင့်
နေ့ စဉ် ဖန်ခွက် ရှစ်ခွက်စာ ရေသောက်တာကြောင့် တစ်ပတ်အတွင်း နာကျင်မှု ဝေဒနာ အများစု သက်သာသွားနိုင်ပါတယ်။ရေဟာ ဒဏ်ရာ ရရှိနေတဲ့ တစ်သျှူးတွေမှ ထွက်ရှိလာတဲ့ နာကျင်မှု ဝေဒနာကို လှုံ့ ဆော်တဲ့ ဓာတ်ပေါင်း histamine ကို အားပျော့ စေနိုင်ပြီး ခန္ဓာကိုယ်မှ ထွက်ရှိသွားအောင် ပြုလုပ် နိုင်လို့ ပါ။

Ref: နည်းစနစ်ကျကျ အတွေးအခေါ်

ဆံပင်တွေကို မြိုချတဲ့ အကျင့်ကြောင့် ခွဲစိတ်ကုယူရ


ကာဂျစ်စတန် နိုင်ငံက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦး ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အရလည်း ဘာရောဂါမှ မရှိကြောင်း ဆရာဝန်များက စစ်ဆေး ထွက်ဆိုထားပါတယ်။ ဒါပေမယ့် သူ့မှာ ရှိတဲ့ အကျင့်ကလေး တစ်ခုကတော့ ဆံပင်များကို စားခြင်း ဖြစ်ပါတယ်။ သူများတွေ လက်သည်းကိုက်တတ်သလိုပဲ သူ့ဆီမှာ ရှိတဲ့ အကျင့်က ဆံပင်မွေး သေးသေး လေးတွေကို ကောက်စားတတ်ပါတယ်။

သူ့ရဲ့ ဆံပင်တွေပဲ စာားတာတင် မဟုတ်ပဲ အိမ်က ကော်ဇောပေါ်က ဆံပင်မွေးလေးတွေပါ တွေ့ရင် ကောက်စားသတဲ့။ သူမ လူမှန်းသိတတ်စ အရွယ်ကနေ ယူလာတဲ့ ယင်းအကျင့်ဟာ အသက် ၁၈ နှစ်အပြည့်မှာ ဒုက္ခ ပေးပါ တော့တယ်။ ရေအလွန်ငှက်ခြင်း၊ ခန္ဓာကိုယ် ရေဓာတ် ခမ်းခြောက် ခြင်းတို့ ခဏခဏ ဖြစ်ပြီး နောက်တော့ ဆေးရုံ ပို့လိုက်ရ ပါတယ်။ ခွဲစိတ် ကြည့်တဲ့အခါ ရလာတဲ့ ရလဒ်က ပုံမှာ မြင်တွေ့ ရသလိုပါပဲ။ အူလမ်းကြောင်း တစ်လျှောက် အစာအိမ် အထိ ခံနေတာက ဆံပင်မွေးလုံး ဖြစ်ပြီး အော်ဂလီဆန်စရာ ကောင်းလောက်တာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။


နောက်ဆုံး ခွဲထုတ်ပြီးမှပဲ သူမဟာ ကျန်းမာရေး ပြန်ကောင်း ပါတော့တယ်။ သူမ စားသမျှ အဆီဓာတ် အရည်များဟာ ဆံပင်တစ်ဝိုက်မှ ကပ်ညှိနေတာကြောင့် အမြဲ ရေငတ်ပြီး ရေဓာတ်လည်း ဆုံးရှုံးပါတယ်။ အချိန်မှီသာ မခွဲစိတ်ရင် သေဘေးမှာ ရှိတဲ့ အမျိုးသမီးဟာ ဆံပင်တွေကို စားတတ်တဲ့ အကျင့် မဖြစ်အောင် လူတိုင်းကို သတိပေးစေခဲ့ ပါတယ်။ သင့် ကလေးငယ် တွေမှာ ယင်း အကျင့် ရှိနေရင် ခပ်မြန်မြန် ပြင်ပေးဖို့ လိုအပ် ပါတယ်။ 
.
Ref: Metro

KIA အဖွဲ့တွင် အရာရှိအား တပ်ကြပ်ကြီးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွား


ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဗဟိုဌာနချုပ်လက်အောက်ခံ ဘွမ်မလွန်းရှိ တပ်ရင်း၌ စက်တင်ဘာ ၃၀ ရက် ည ၇ နာရီချိန်ခန့်တွင် အရာရှိတစ်ဦးအား တပ်ကြပ်ကြီးတစ်ဦးမှ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ တပ်ရင်းစားရိပ်သာ၌ ၎င်းတို့နှစ်ဦး အရက်သေစာသောက်စားနေစဉ် KIA ခေါင်းဆောင်ပိုင်းနှင့် ငြိမ်းချမ်းရေးကိစ္စ အမြင်ဖလှယ်ကြရာမှ စကားအချေအတင်ဖြစ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့နှင့် နီးစပ်သူဒေသံတစ်ဦးက ပြောသည်။
ပစ်ခတ်သတ်ဖြတ်ခံရသူမှာ ဒုဗိုလ်အဆင့်ရှိ ကလောင်းယိန်းဇုံဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်သူမှာ တပ်ကြပ်ကြီး အဆင့်ရှိ ရှန်းတိန်းနော်ဆန်းဖြစ်ကြောင်း သိရသည်။
``အဲဒီတပ်ရင်းမှာ ရွာထဲက အိမ်ထောင်ကျလို့ လိုက်နေတဲ့ မိန်းကလေးတွေရှိတယ်၊ သူတို့တောင် ကြောက်လန့် ပြီး ရွာထဲပြန်ပြေးလာကြတယ်၊ အသတ်ခံရတဲ့အရာရှိက ငြိမ်းချမ်းရေးလိုချင်တဲ့သူ၊ ပစ်တဲ့လူက ငြိမ်းချမ်းရေး မလိုချင်တဲ့သူလို့ ပြောတာပဲ၊ အဲဒီတပ်ရင်းမှာလည်း နှစ်ဖွဲ့ကွဲနေတယ်လို့ ကြားတယ်´´ ဟု ဒေသခံတစ်ဦးက ပြောသည်။
KIA အရာရှိက တိုက်ပွဲများဖြစ်ပွားခြင်းအား အလိုမရှိကြောင်း၊ ၎င်းသာ KIA ခေါင်းဆောင်ဖြစ်ပါက အစိုးရနှင့် ငြိမ်းချမ်းရေးရယူမည်ဖြစ်ကြောင်း ပြောဆိုမှုအပေါ် တပ်ကြပ်ကြီး ဖြစ်သူက လက်မခံဘဲ မင်းလိုကောင်တွေ ရှိတာ ငါတို့လူမျိုးသိက္ခာကျတယ်ဟုပြောဆိုကာ ပစ္စတိုသေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါ သေနတ်ဒဏ်ရာများကြောင့် ဒုဗိုလ်ကလောင်းယိန်းဇုံသည် ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်၌ ၎င်းနေရာ မှာပင် သေဆုံးသွားခဲ့ကြောင်းနှင့် တပ်ကြပ်ကြီး ရှန်းတိန်းနော်ဆန်းအား ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိ ရပါသည်။
ဇော်မိုင်

ရီဟားနားကို James Bond ဇာတ်ကားသစ်မှာ မြင်တွေ့ရမှာလား













ရီဟားနားကတော့ Bond 24 မှာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်တင်ဆက်ဖို့ ရှိနိုင်ပါတယ်။ “Umbrella” သီချင်းရဲ့ အဆိုရှင်ရီဟားနားကို Daniel Craig နဲ့အတူ ထွက်ရှိလာမယ့် James Bond ရုပ်ရှင်ဇာတ်ကားထဲမှာ အဓိက ဇာတ်ကောင်သရုပ်ဆောင်အဖြစ် ပါဝင်ဖို့ ထုတ်လုပ်သူတွေ ချဉ်းကပ်ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြတယ်လို့ The Sunday Mirror သတင်းမှာ ဖော်ပြထားပါတယ်။
Bond 24 ကို ဒီဇင်ဘာ ၆ ရက်မှာ စတင်ရိုက်ကူးဖို့မျှော်လင့်ထားပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ဒီဇာတ်ကားထွက်ရှိဖို့ စီစဉ်ထားပါတယ်။ Skyfall နဲ့ ရှေ့ဆင့်နောက်ဆင့်ဖြစ်တဲ့ ဒါရိုက်တာ Sam Mendes ရဲ့ အနုပညာဖန်တီးမှုဖြစ်သလို ဒီဇာတ်ကားမှာ Daniel Craig ကိုတော့ သူလျိုတစ်ဦးအဖြစ် တွေ့မြင်ရမှာဖြစ်တယ်။ Hoyte van Hoyte က Bond 24 ရဲ့ ရိုက်ကူးသူအဖြစ် ပါဝင်ဆောင်ရွက်သွားမှာဖြစ်တယ်။
ရီဟားနားကတော့ Ray Rice ပြည်တွင်းအလွဲသုံးစားမှု လုပ်ရပ်ဖြစ်ပွားပြီးနောက် Baltimore Ravens နဲ့ Pittsburgh Steelers ရဲ့ NFL ပြိုင်ပွဲယှဉ်ပြိုင်မှုအတွင်း သူမရဲ့သီချင်းတစ်ပုဒ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်အတွက် CBS ကို မကြာသေးမီက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
Source: cosmopolitan
Trend Myanmar