သမ္မတဖြစ်သူကို အချမ်းသာဆုံး (၁၀) ဦးစာရင်းတွင် ထည့်သွင်း ဖော်ပြခံရ မှုကြောင့် တရားစွဲမည် ဟုဆို

နိုင်ဂျီးရီးယားသမ္မတ ဂွတ်လပ်ခ် ဂျိုနသန်က ၎င်းကို အာဖရိက၏ အချမ်းသာဆုံး လူပုဂ်္ဂိုလ် (၁၀) စာရင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည့် ၀က်ဘ်ဆိုက် တစ်ခုအား တရားစွဲဆို သွားမည် ဖြစ်ကြောင်း သတိပေး ပြောကြား လိုက်သည်။

အဆိုပါ ၀က်ဘ်ဆိုက် richestlifestyle. Com မှာ မစ္စတာ ဂျိုနသန်အား ပိုင်ဆိုင်မှု ဒေါ်လာသန်း (၁၀၀) ရှိပြီး စာရင်းတွင် နံပါတ် ခြောက် အဆင့် ရှိသည်ဟု သတ်မှတ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သမ္မတက ထိုစာရင်းမှာ မည်သည့် တိကျသည့် အချက်အလက် ကိုမှ အခြေခံ ဖော်ပြ ခြင်း မရှိသောကြောင့် ပယ်ဖျက်ပေးရန်နှင့် စာရင်းတွင် ၎င်းကို ထည့်သွင်းခြင်းမှာ ခြစားသည့် နိုင်ငံရေးသမား တစ်ဦး အဖြစ် ပုံဖော်ရန် ကြိုးစားခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ နိုင်ဂျီးရီးယား သမ္မတရုံးမှ ထိုသို့ ကြေညာချက် ထုတ်ပြန်ပြီးနောက် ၀က်ဘ်ဆိုက်သည် မစ္စတာ ဂျိုနသန်အား စာရင်းမှ ပြန်လည် ပယ်ဖျက်ခဲ့သည်။ စာရင်းတွင် ဂျိုနသန်မှာ ဆွာဇီလန်ဘုရင် အမ်စ၀ါတီနှင့် အတူ အဆင့်ခြောက် နေရာ၌ ပိုင်ဆိုင်မှု ဒေါ်လာသန်း (၁၀၀) ဖြင့် အတူတူ ရပ်တည်ခဲ့သည်။

နိုင်ဂျီးရီးယား သမ္မတသည် ယခင်ကလည်း ၎င်း ၏ ပိုင်ဆိုင်မှုများကို ထုတ်ပြန် ကြေညာခြင်း မရှိခဲ့၍ ပြင်းထန်စွာ ဝေဖန်မှုများခံခဲ့ ရသည်။ သမ္မတရုံးက မစ္စတာ ဂျိုနသန်သည် ၁၉၉၉ တွင် ရာထူး စတင်ယူချိန်မှ စ၍ မည်သည့် ပုဂ်္ဂိုလ်ရေး ၀င်ငွေမှ မရှိကြောင်း ဆိုခဲ့သည်။ 

Source: BBC
The Messenger

ဆရာရှင့် အပြင်မှာ ကိစ္စပြီးရင် ကိုယ်ဝန် ရှိနိုင်သေးရဲ့လား



မေး။ ။ ဆရာ ဆူဒိုနင်ရှင့်…

သမီး သိလိုသည့် အချက်အလက်များကို အနည်းငယ် မေးမြန်းလိုပါသည်ရှင့်…

သမီးက အိမ်ထောင်ကျပြီးသူတစ်ယောက် ဖြစ်ပါတယ်။ အိမ်ထောင်သက်ကတော့ ခြောက်လပြည့်ပါတော့မယ်။ ပွင့်ပွင့်လင်းလင်း မေးရမယ်ဆိုရင် ယောက်ျားနဲ့ မိန်းမ ဆက်ဆံကြတဲ့အခါမှာ ယောက်ျားလေးက သူ့ကိစ္စ ပြီးတဲ့အခါ အပြင်မှာ ပြီးတယ်ပဲ ဆိုပါတော့။ အဲ့လို ဆိုလို့ ရှိရင် မိန်းကလေးမှာ ကိုယ်ဝန် မရှိနိုင်ဘူးလို့ မှတ်သားခဲ့ဖူးပါတယ်။

တကယ်လည်း သမီးတို့ လင်မယား အဲ့လိုပဲ နေထိုင်ပါတယ်။ (သမီးက ဆေးသောက်ရမှာ ကြောက်လို့ပါ။) ဒါပေမယ့် တစ်ကြိမ်ကို တစ်ခါပဲ ဆက်ဆံတာပါ။ (ပြောရမယ် ဆိုရင်တော့ တစ်ရက်ကို တစ်ကြိမ်၊ တစ်ကြိမ်ကို တစ်ခါပဲလို့ ဆိုလိုတာပါရှင့်။)

အဲ့ဒီလို နားလည်ခဲ့ရာမှ သည်နေ့မှ လူကြီးများ ပြောပြချက်အရ သိခဲ့ရတာကတော့ မိန်းမတွေဟာ ယောက်ျားလေးတွေဆီက သူတို့ ဆန္ဒ ပြီးမြောက်တဲ့ အချိန်မှာ ထွက်တဲ့ အရည်တစ်ခုထဲနဲ့တင် ကိုယ်ဝန် ရှိနိုင်တာ မဟုတ်ဘဲနဲ့ အစပိုင်းထွက်တဲ့ အရည်ကြည်မှာလည်း သုတ်ပိုးဟာ ပါလာနိုင်တတ်တယ်ဆိုပြီး အတိအကျ ပြောနေကြတယ် ဆရာရယ်။ သမီးလည်း တစ်ခါမှ မကြားဖူးဘူး။ သူတို့ကတော့ အဲ့လိုမျိုး အပြင်မှာ ပြီးတယ် ပြီးတယ်ဆိုပြီး စိတ်ချလက်ချမနေနဲ့လို့ပြောတယ်။ ကွန်ဒုံးကိုပဲ သုံးတဲ့။

သမီးလည်း တော်တော် စိတ်ညစ်သွားတယ်။ အစထဲက တစ်ရက်ကို တစ်ခါပဲ ဆက်ဆံခိုင်းနေလို့ အမျိုးသားက ငြိုငြင်ချင်ရတဲ့ကြားထဲ၊ ကွန်ဒုံးနဲ့ပါ ဆက်ဆံရမယ် ဆိုရင်တော့ သမီးကို ကွာမှာ ကျိန်းသေတယ်.. ဟီဟိ…

ကျေးဇူးပြု၍ သမီး စာလေးကို အမြန်ဆုံး ဖြေကြားပေးပါရန် တောင်းဆိုပါတယ်ရှင့်… (ပြီးတော့ သမီးမေးတဲ့စာကို ဆရာ့ရဲ့ Blog တွေမှာ တင်ခဲ့မယ်ဆိုရင်လည်း သမီးရဲ့ FB နာမည်ကြီးတော့ မထည့်နဲ့နော်… ဟဲဟဲ )

ကျေးဇူးတင်စွာ
မတရုတ်မ

ဖြေ။ ။ ယောက်ျားဖြစ်ရတဲ့ ဒုက္ခတကာအနက်မှာ အဲဒါက အဓိက ဒုက္ခပဲ ထင်ပါရဲ့ဗျာ။ ဟုတ်ပါ့။ ကျွန်တော်လည်း အိမ်ထောင်သက် နုစဉ်တုန်းက ခံစားဖူးပါတယ်။ ကိုယ်ကလည်း ဒါမျိုးဆို သိပ်နေနိုင်တာမဟုတ်၊ ကိုယ်ဝန် ရှိသွားမှာလည်း ပူရ၊ ကိုယ်ချစ်လို့ ယူထားတဲ့ ဇနီးမယားကိုလည်း ဆေးတွေ ၀ါးတွေ မသုံးစေချင်နဲ့၊ အတော့်ကို ဗျာများလှပါတယ်။

ထားပါတော့လေ… မေးထားတဲ့ မေးခွန်းကို ဖြေရရင်တော့ အမျိုးသားတွေရဲ့ သုက်ရည်မဟုတ်ဘဲ ပထမပိုင်းထွက်တဲ့ ကနဦးအရည်ကြည်မှာ သုက်ပိုးတွေ ပါရှိနိုင်တယ်ဆိုတဲ့ အယူအဆတစ်ခုက ရှိပါတယ်။ ဒါပေမယ့် သိပ်မကျယ်ပြန့်လှတဲ့ သုတေသနငယ်လေးတချို့အရဆိုရင်တော့ အဲဒီ့အရည်ကြည်ထဲမှာ သုက်ပိုး ပါရှိတာကို မတွေ့ရဘူးလို့ ဆိုပါတယ်။

ကျယ်ပြန့်တဲ့၊ တစ်နည်းပြောရင် ခိုင်မာတဲ့ သုတေသန မရှိပေမယ့် ပညာရှင်အများအပြား ယုံကြည်ထားတာကတော့ ယခင် သုက်ထွက်ချိန်က ကျန်ရစ်ခဲ့တဲ့ သုက်ပိုးတွေဟာ ကနဦး အရည်ကြည်ထဲမှာ ပါဝင်သွားရာက ကနဦးအရည်မှာ သုက်ပိုးပါတယ်ဆိုတဲ့ အယူအဆ တစ်ရပ် ဖြစ်ပေါ်လာတယ်လို့ပါပဲ။ ဆိုလိုတာက ကနဦး အရည်ကြည်မှာ သုက်ပိုး ပါချင်လည်း ပါနိုင်ပါတယ်ပေါ့။ အဲသလို မဖြစ်အောင် ကာကွယ်ချင်ရင်တော့ ကိစ္စပြီးတဲ့နောက် နောက်တစ်ကြိမ် စခန်းမသွားခင် (၀ါ) နောက်တစ်ကြိမ် ကိစ္စမပြီးခင် စပ်ကြားကာလမှာ ဆီးသွားလိုက်ခြင်းအားဖြင့် ဆီးလမ်းကြောင်းတစ်လျှောက်မှာ မတော်တဆ ကျန်ရစ်ခဲ့လေမယ့် သုက်ပိုးများကို ရှင်းထုတ်ပစ်လိုက်နိုင်ပါတယ်။

နောက်တစ်ချက်က သည်နည်းရဲ့ စိတ်ချရမှု အတိုင်းအဆပါ။ လေ့လာချက်များအရ ကိန်းဂဏန်းနဲ့ ပြောမယ်ဆိုရင် အမျိုးသားက အပြင်မှာ ကိစ္စပြီးတဲ့ နည်းဟာ တစ်နှစ်မှာ ၁၅ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းအထိ မအောင်မြင်ပါဘူးတဲ့။ ဆိုလိုတာက သည်နည်းကို သုံးလျက်နဲ့ ကိုယ်ဝန်ရှိသွားသူ အမျိုးသမီးက နှစ်စဉ် အမျိုးသမီး တစ်ရာမှာ ၁၅ ယောက်ကနေ ၂၈ ယောက်အထိ ဖြစ်နိုင်ပါသတဲ့။ ဆေးသုံးမယ်ဆိုရင်တော့ ကိုယ်ဝန်ရှိသွားသူက တစ်နှစ်ကို တစ်ရာမှာ နှစ်ယောက်မှ ရှစ်ယောက်အထိသာ ရှိနိုင်တယ်ဆိုပဲ။

အိုင်ယူဒီလို့ခေါ်တဲ့ သားအိမ်ထဲကို တည့်သွင်းသုံးစွဲရတဲ့ ကိရိယာကို သုံးစွဲမယ်ဆိုရင်တော့ စိတ်အချရဆုံးဖြစ်ပါတယ်။ အဲဒါက တစ်နှစ်ကို တစ်ထောင်မှာမှ ရှစ်ယောက်မျှသာ ကိုယ်ဝန်ရှိစေနိုင်တယ်လို့ ဆိုတာကိုး။ ကွန်ဒုံးကိုလည်း စိတ်ချရတယ်လို့တော့ ဆိုမထားဘူးခင်ဗျ။ ကွန်ဒုံး မှန်မှန် သုံးပါလျက်နဲ့ ကိုယ်ဝန်ရှိသွားသူတွေကလည်း တစ်နှစ်ကို တစ်ရာမှာ ၁၀ ယောက်မှ ၁၈ ယောက်လောက် အထိ ရှိတယ်လို့ လေ့လာချက်တွေက ပြောနေပြန်တာကိုး။

အပြင်မှာ ကိစ္စပြီးတဲ့နည်းမှာ စိတ်မချရပုံက အဲဒီ့ ကနဦး အရည်ကြည်ထက် စခန်းသွားနေချိန်မှာ အမျိုးသားကိုယ်တိုင် သတိမထားမိလိုက်ဘဲ သုက်ရည် အနည်းအပါး ထွက်သွားတတ်တာမျိုးကြောင့်ပါပဲ။ အဲဒါကို အမျိုးသားကိုယ်တိုင်တောင် သတိမထားလိုက်ဘူးဆိုမှတော့ အမျိုးသမီးက သတိထားမိဖို့ သာတောင် ခဲယဉ်းသေးတာပေါ့။ အဲလိုနဲ့ပဲ ကိုယ်ဝန်ရှိကုန်တဲ့ အမျိုးသမီးတွေ သည်လောကမှာ မနည်းပါဘူး။

အဲတော့ ကျွန်တော့်ကို မေးလာသူ “မတရုတ်မ” အနေနဲ့က ဆရာဝန်နဲ့ တိုင်ပင်ပြီး အိုင်ယူဒီထည့်တာမျိုးကို လုပ်လိုက်မယ်ဆိုရင် ယောက်ျားကလည်း သူ့ကို ကွာသွားမှာ မဟုတ်သလို စိတ်မချ လက်မချ စခန်းသွားနေစရာလည်း လိုတော့မှာ မဟုတ်ပါဘူး။ နောက်အားသာချက်တစ်ခုက အိုင်ယူဒီက သောက်ဆေးလိုမျိုး မဟုတ်တာကြောင့် မတရုတ်မ မသောက်ချင်တဲ့ ဆေးလည်း သောက်စရာ မလိုဘူး။ ကလေးလိုချင်တဲ့အခါကျရင်လည်း အလွယ်တကူ ဖယ်ရှားလိုက်ပြီး ချက်ချင်း ကလေး ယူလို့ ရနိုင်တာမျိုးမို့ သည်နည်းကို အကြံပြုလိုက်ချင်ပါတယ်။

အရေးကြီးလှတဲ့ အချက်ကတော့ အမျိုးသားက အပြင်မှာ ကိစ္စပြီးခြင်းအားဖြင့် HIV အပါအ၀င် လိင်မှ တစ်ဆင့် ကူးစက်တဲ့ရောဂါ များကို ကာကွယ်ပေးနိုင်စွမ်း လုံးဝမရှိဘူး ဆိုတာပါပဲ။



HIM

ဒီအတိုင်း ပဲကြည့်နေကြတော့ မှာလား

မန္တလေးမြို့တွင် ယခင်ကဲ့သို့ အတွဲ(သမီးရည်းစား)များ ချိန်းတွေ့ရာနေရာမှာပန်းခြံများမဟုတ်တော့Mini Cinema ၊ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်စသည့်ြ ဖင့်ယောက်ျားလေး၊ မိန်းကလေး နှစ်ယောက်တည်းတံခါးပိတ် ဆွေးနွေးတိုင်ပင်နိုင်သောနေရာများမှာ တစ်စ တစ်စတိုးမြင့်ဖွင့်လှစ်လာခြင်းကြောင့်သမီးပျိုများ အတွက် လက်ထပ်ထိမ်းမြားခြင်းမပြုလုပ်ရသေးဘဲ အပျိုဘ၀စွန့်လွှတ်ရာနေရာ၊ ဘ၀ပျက်ရာ နေရာတစ်ခု ကဲ့သို့ ဖြစ်လာနိုင်သည်ဟု သမီး ရှိမိဘများက တွေး ပူနေကြပြီ၊ တာဝန်ရှိသူတွေကရော ဒီအတိုင်း ကြည့်နေကြတော့မှာလား။



တွေးပူတာနဲ့တင်မပြီးသေးပါဘူး၊ ဖြစ်စဉ်တွေလည်းရှိနေပါတယ်၊ နယ်မြို့လေးတစ်မြို့က မန္တလေးမြို့ပေါ်ကိုရောက် အလုပ်တစ်ခုမလုပ်မီမှာ ရည်းစားထား၊ အဆိုပါ နေရာတွေကို သွားရတာ လွယ်ကူ တဲ့အတွက် သွား၊ ကိုယ်ဝန်ရ၊ ရတဲ့ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တာဝန်ယူနိုင်တဲ့ အနေအထားမရှိတဲ့ သူနဲ့ တွေ့ပြီး တဲ့နောက် ကိုယ်ဝန်ကိုလက်သိပ်ထိုးဖျက်ချ၊ ဆရာဝန်မဟုတ်တဲ့သူက ကိုယ်ဝန်ဖျက်ချပေးတော့ ကျေးရွာတစ်ခုက ကွမ်းတော်ကိုင်ပန်းတော်ကိုင်အသက်၂၁နှစ် အရွယ် မိန်းက လေးတစ်ဦးမှာ အသက်မသေဆုံးသင့်ဘဲ သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

“ဆေးရုံပြဖို့လုပ်တယ်၊ အမျိုးသမီးဆေးရုံကြီးကိုသွားမပြဘူးလို့ အတင်းငြင်းတဲ့အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးကိုပြတယ်၊ ဟိုစစ်ဒီစစ်ဆေးနေပြီး ဘာရောဂါ မှ မတွေ့ရှိပါဘူး၊ ဘာမှမဖြစ်ဘူးလို့ ထင်တဲ့အတွက် ရွာပြန်လာတယ်၊ ရွာရောက်တော့ အသားအရေမည်းခြောက်နေပြီးဆရာဝန်နဲ့ကုမရလို့ သားဖွားဆရာဝန်မ တစ်ဦးကိုပြကြည့်ရာမှ သားအိမ်ထဲမှ ကျန်တဲ့ အသားက ပုတ်နေပြီ အမြန်ဆေးရုံပို့လို့ပြောပေမယ့် ပို့တဲ့လမ်းမှာတင်အသက်သေဆုံးသွားခဲ့ရပါတယ်”မျက်ရည်မ ဆည်နိုင်အောင်ငိုကြွေးထားသော မိခင်က သမီးဖြစ်စဉ်အား ရှင်းပြခဲ့သည်။

တက္ကသိုလ်အနီးဝန်းကျင်

မှာအတွဲတွေအတွက်လေအေးစက်

ပါတဲ့အခန်းတွေကို တစန်ာရီကျပ်နှစ်ထောင်ဝန်း

ကျင်နဲ့အတားအဆီးမရှိဖွင့်လှစ်ခွင့်ပြုထားတာ။

ထို့ဖြစ်စဉ်ဖြစ်ပွားရခြင်း အစပထမမှာ အရှက်ကို ရှေ့တန်းမတင်ဘဲ နောက်ပိုင်း ပြဿနာဖြစ်ပွားကာမှ အရှက်တရား ကို ရှေ့တန်းတင် ဆေး ကုသမှုမပြုခဲ့ တာကြောင့် အခုလိုအဖြစ်မျိုးကြုံတွေ့ခဲ့ရတာဖြစ်တဲ့အတွက် မိဘတွေထိန်းသိမ်းဖို့၊ ကာယကံရှင် မိန်းမပျိုတွေအနေနဲ့လည်း ထိန်းသိမ်းဖို့လိုလာနေပြီဆိုတာကို သိသာထင်ရှားစွာ မီးမောင်းထိုးပြလိုက်တာပါပဲ။သိသာထင်ရှားစွာပေါ်လွင်လာတာနဲ့အတူ လက်ရှိအနေအထားအရ အထက်ပါဖြစ်စဉ်လိုမျိုး ဘယ်နှဦးလောက်ြ ဖစ်နေပြီလဲဆိုတာကတော့ အတိအကျမသိရပါဘူး။

ဒါပေမဲ့ အရေအတွက်အရတော့မနည်းတော့ဘူးဆိုတာကတော့ တွေးကြည့်ရုံနဲ့သိသာပါတယ်။အဲဒါတွေဖြစ်ပွားလာရတဲ့အကြောင်းအရင်းတစ်ခုအနေနဲ့ကတော့ ကျောင်းပတ်ဝန်းကျင်၊ တက္ကသိုလ်နားဝန်ကျင်မှာလည်းဟိုတယ်၊ မိုတယ်၊ Mini Cinema တွေကိုမှိုလိုပေါက်အောင် ဖွင့်လှစ်ခွင့်ပြုထားတာတွေကြောင့် အချိန် ပိုင်းအနားယူသွားအိပ်၊ဘ၀ပျက်ကြရတာတွေကလည်း ဒုနဲ့ဒေးပါပဲ၊ စာပေပိုင်းဆိုင်ရာကို လေ့လာမှုကတော့ မသိဘူး၊ နိုင်ငံတကာယဉ်ကျေးမှုကိုတော့ လိုက် နာနေကြတာကတော့ မြေကြီးလက်ခတ်မလွဲဘဲ တွေ့မြင်နေရတာပါပဲ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ် အရွယ်မခင်ခင်က(အမည်လွှဲ) “နယ်မြို့ကလာတဲ့မနိးကလေးတေကွ အများဆုးံ ၀န်ထမ်းအလုပ်လုပ်ပြီး မြို့မှာနေထိုင် ကြ တာများတယ်၊သူတို့က ငွေကို အဓိကထားတယ်၊ ဝေဖန်တာမဟုတ်ပါဘူး၊ အမြင်ကိုပြောတာဖြစ်ပါတယ်၊ အဆောင်တစ်ခုမှာ မိန်းကလေး၃၀ဦး လောက် ရှိမယ်ဆိုရင် ငါးဦးနဲ့ ရှစ်ဦးကြားမှာဖြစ်နေတယ်။ ကျွန်မနေခဲ့တဲ့ အဆောင်က အနေအထားကို ပြောတာပါ၊အဲဒီထဲမှာ တချို့ဗိုက်ပေါ်လို့ပြန်သွားတာ၊လက် သိပ် ထိုးဖျက်ချတာ မျိုးစုံရှိပါတယ်၊အဓိကတော့ အလေးမထားတာနဲ့ လွယ်လွယ်ကူကူ ဖြစ်နိုင်တဲ့နေရာတွေပေါလာတာကြောင့်လို့ထင်တယ်၊ဒါတင်မကတစ်ယောက် နဲ့တစ်ယောက် ဘယ်ဟိုတယ်၊ ဘယ်နေရာက သန့်တယ်ဆိုတာမျိုးအထိ လမ်းညွှန်လုပ်ဆောင်လာကြတာမျိုး ဖြစ်လာနေပြီ” ဟု ပြောသည်။

ယင်းကဲ့သို့သောပြောင်းလဲမှုအပြင်မန္တလေးမြို့မှာ အခါကြီးရက်ကြီး အလည်ထွက်၊ ဘုရားဖူးသွားတဲ့ ခေတ်မ ဟုတ်တော့ဘဲ ဟိုတယ်လူပြည့်တဲ့အထိစည် ကား တဲ့မြို့၊မာဆတ်တွေ တောင်ပုံရာပုံဖွင့်လှစ်ခွင့်ပေးအဲဒီမှာ ရရှိတဲ့ ငွေကြေးအနည်း ငယ်ကြောင့်ဘ၀ပျက်သွားရတဲ့ သမီးပျိုတွေနေထိုင်တဲ့မြို့၊ အရက်သေ စာေ သာက်စားဖို့အတွက်လည်း အသက်၁၈ နှစ်ပြည့်ပြီလားဆိုတာမကြည့်၊ ရောင်းချဖို့ရဖို့အတွက် အဓိကဦးစားပေးနေတဲ့မြို့ စသည့်ဖြင့် ထိန်းချုပ်ကန့်သတ်မှုမ ရှိတော့တဲ့ မြို့အဖြစ် တဖြည်းဖြည်းပုံပြောင်းလို့လာနေပါပြီ။

ထဘီခြေဖနောက်ဖုံးဝတ်တဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးက မန္တလာသူကနေ ဒူးအောက်မဆင်းအ၀တ်အစားတွေဝတ်လာပြီး ယဉ်ကျေးမှုပြယုဂ် နွမ်းပါးလာတဲ့ မြို့အဖြစ် တဖြည်းဖြည်း ပုံပြောင်းစပြုလာနေပြီလို့ ထင်တယ်။ ဒါတွေသာမက အမျိုးသမီး များအနေဖြင့် ယခင်ကလိုမျိုး မိမိတစ်သက် တာပေါင်း သင်းနေထိုင် မည့်သူနှင့် နေထိုင်ခြင်း ကိုအချို့သောသူများက လုပ်ဆောင် ကြသော်လည်း ယခုခေတ်တွင် ယင်းကဲ့သို့ ပုံစံမျိုး မဟုတ်ဘဲ မည့်သည့်အကြောင်း အရင်းမျှ မသိ ရသေးသောသူများနှင့် သမီးရည်းစားဖြစ်ကာ အလေးမထားဘဲ အတူတကွနေထိုင်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားမှုများရှိလာခြင်းဖြစ်ကာ အထက်ပါ ဖြစ်စဉ် များကဲ့သို့ အသက်သေဆုံးသည့်အထိဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု အသက် ၄၅နှစ်ရှိဒေါ်အေးက သုံးသပ်ပြောဆိုခဲ့သည်။

သုံးသပ်ချက်များအပြင် လက်ရှိအချိန်ကာလအား ဒီမိုကရေစီခေတ်ဟုဆိုကာဖော်ချွတ်မော်ဒယ်များ တဖြည်းဖြည်းတိုးတက်လာခြင်း၊ အမျိုးသမီးများအရက်သေ စာသောက်စားမှုများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြခြင်း၊ သမီးရည်း စားနေထိုင်မှုပုံစံ ပွင့်လင်းသထက် ပွင့်လင်းလာခြင်းတို့ကြောင့် အတုမြင် အတတ်သင် လာနိုင်ခြင်း၊ အွန်လိုင်းပေါ်မှ အပြာရောင်ဝက်ဘ်ဆိုဒ်များအား အလွယ်တကူကြည့်ရှုလာကာမလိုလားအပ်သော အတုယူမှားများကိုလူငယ်၊ လူရွယ်များမှ ရယူ လာခြင်းကြောင့်လည်း တဖြည်းဖြည်း ယခုကဲ့သို့အသွင်ပြောင်းလဲလာခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါးလက်တစ်ကမ်းမှာဝယ်ယူနိုင်တဲ့အနေအထား၊ ဆယ်ကျော်သက်များ လိင်မှုဆိုင်ရာ စူးစမ်းမှုအနေထား၊၁၈+ကားများ ဆိုင်များအား အလွယ်တ ကူဝယ်ယူနိုင်သည့် အနေအထားများကြောင့်အနောက်တိုင်း ယဉ်ကျေးမှုဝင်ရောက်လာပြီး၊လက်မထပ်မီအတူနေထိုင်ခြင်းတွေဖြစ်ပေါ်တာပါ၊ဒါ့အပြင်သူများနိုင် ငံတွေလိုကျန်းမာရေးအသိစိတ်ဓာတ်၊ ဆေးဝါးပိုင်းဆိုင်ရာအသိ စသည့်တို့ကို သိရှိနားလည်ခြင်းမရှိတာကြောင့် ဒီလိုတွေဖြစ်ကုန်တာ၊အဲလိုမျိုးတွေမဖြစ်အောင် အားလုံးကို သိရှိလုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာမှာ တာဝန်ရှိတယ်” ဟု ဒေါ်အေးကပြောသည်။

ယင်းအချက်အလက်များကြောင့်လက်ရှိအချိန်တွင် နင်အပျိုစစ်ရဲ့လားလို့မေးခွန်းပိုင်းဆိုင်ရာမှာအခုခေတ်လူငယ်ကြားတွင် ဖြေဆိုဖို့မ၀ံ့မရဲတဲ့ဖြစ်စဉ်တွေတော တော် များများဖြစ်လာခဲ့ကြောင်း ၊အားလုံးခြုံငုံသုံးသပ်ပြောဆိုခြင်းတော့မဟုတ်ပါဘူး၊ လက်ရှိလူငယ်တွေကို အဓိကထားဆိုခြင်းဖြစ်တယ်လို့ အမျိုးသမီးတစ် ဦးကပြောခဲ့ပါတယ်။

ထို့ကဲ့သို့သောဖြစ်စဉ်များနှင့် ပတ်သက်၍ ၀န်ထမ်းအမျိုးသားတစ်ဦးဖြစ်သည့်ကိုအေး(အမည်လွှဲ) အား ထင်မြင်ချက်မေးမြန်းရာ “ ကျွန်တော်တို့ ယောက်ျားေ လးတွေက ကိုယ်တစ်သက်တာ လက်တွဲရမယ့်သူဖြစ်မယ့်မိန်းမတွေမှာ ရှိသင့်တဲ့အပျိုဂုဏ် ဆိုတာမျိုးကို တန်ဖိုးထားနေကြဆဲပါ၊အဖော်အချွတ်တွေ ပေါ်လာလို့ လည်းယောက်ျားဖြစ်တာကြောင့် ကြည့်တယ်၊အလေးထားမှုတော့မရှိပါဘူး”ဟု ပြောဆိုသွားခဲ့ပါတယ်။

ဒါမျိုးတွေမဖြစ်၊ သမီးပျိုတွေကို ဝေဖန်နေ တာမျိုးတွေရှိလာရတဲ့ အဓိက အချက်ကတော့ သက်ဆိုင်ရာကနေ ထိန်းချုပ်မှုမပြုတာ၊ လူငယ်လူရွယ်တွေ နေထိုင် သွားလာမှုများတဲ့ ကျောင်း၊ တက္ကသိုလ်ပတ်ဝန်းကျင်မှာ အဲလိုမျိုးဆိုင်တွေကို ဖွင့်လှစ်ခွင့်ပြုတာ၊ ဟိုတယ်တွေမှာ ကျောင်းသား၊ လူငယ်တွေကို တည်းခိုခွင့်ကို ကြပ်မတ်လုပ်ဆောင်တာ၊ အရက်ဆိုင်၊ ဘီယာဆိုင်များကိုဖွင့်လှစ်ခွင့်ကန့်သတ်တာတို့လုပ်ဆောင်သင့်ပါတယ်။

ဒါပေမဲ့ လုပ်ဆောင်ခြင်းကတော့ အခုထိထင်ထင်ရှားရှားမရှိသေးပါဘူး။ဥပမာအနေနဲ့ပြောရင်မန္တလေးတက္ကသိုလ်အနီးဝန်းကျင်မှာအတွဲတွေအတွက် လေအေး စက်ပါတဲ့ အခန်းတွေကိုတစ်နာရီကျပ်နှစ်ထောင်ဝန်းကျင်နဲ့ အတားအဆီးမရှိ ဖွင့်လှစ်ခွင့်ပြုထားတာ၊ အဲဒီနေရာမှာ တစ်နေ့ကို အတွဲပေါင်းရာဂဏန်းဝန်းကျင် အထိနေ့စဉ် လာရောက်ကြတာ၊အဲဒီထဲမှာ ဘယ်လောက်များ သမီးပျိုလေးတွေရဲ့ ဘ၀ပျက်စီးသွားရပြီလဲဆိုတာကိုချင့်ချိန်တွေးတောကြည့်နိုင်ပါတယ်။ အမြင် မတင့်တယ်သလို ဥပဒေအရလည်း ခွင့်ပြုမယ်လို့ မထင်ပါဘူး၊ ဒါတွေမဖြစ်အောင်သက်ဆိုင်ရာအနေနဲ့ လျစ်လျူရှုမနေပါနဲ့လို့ ပြောချင်ပါတယ်။

ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလားမျိုးသန့်တက္ကသိုလ်အနီးဝန်းကျင်မှာအတွဲတွေအတွက်လေအေးစက်ပါတဲ့အခန်းတွေကို တစ်နာရီကျပ်နှစ်ထောင်ဝန်း ကျင်နဲ့အတား အဆီးမရှိဖွင့်လှစ်ခွင့်ပြုထားတာ ။
Mizzima

Rape Drug သုံးစွဲမှု အချိန်မီတားဆီးရန် လိုအပ်



Rape Drug သုံးစွဲမှု အချိန်မီတားဆီးရန် လိုအပ်

ကမ္ဘာတစ်ဝန်း ရှိ တက္ကသိုလ် ကျောင်းများ နှင့် ပါတီပွဲ၊ မွေးနေ့ပွဲ၊ နိုက်ကလပ်၊ ဒေးကလပ် အပါအဝင် ပွဲပေါင်းစုံအပြီး အုပ်စုလိုက် အဓမ္မပြုကျင့်မှု ( Group Rape ) အမှုများ ဖြစ်ပွားခြင်း များပြားလျက် ရှိကြောင်း သိရသည်။

အပြုကျင့် ခံရသည့် ကျောင်းသူလေး များနှင့် မိန်းကလေး အများစုမှာ မနက်မိုးလင်း သည်အထိ ညက ဖြစ်စဉ်များကို မည်သို့မျှ မမှတ်မိဘဲ ဆရာဝန် ဆေးစစ် ကြည့်ရာမှ ဆေးစစ်ချက်တွင် Rohypnol ဟု ခေါ်သည့် ဆေးတစ်မျိုးကို တွေရှိခဲ့ ရသည်။ မြန်မာနိုင်ငံ ၌လည်း ၂ဝ၁၃- ၂ဝ၁၄ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း က ထိုဆေးကို အသုံးပြုကာ အဓမ္မမှု ၁၃ မှု ဖြစ်ပွား ခဲ့ကြောင်း သိရပြီး မကြာမီ ကာလတွင် ရောက်ရှိလာမည့် ၁၂ လ ရာသီ ပွဲများထဲမှ တန်ဆောင်တိုင် ပွဲတော်၊ ခရစ္စမတ် နှင့် နှစ်သစ်ကူး ပွဲတော်များ နီးလာပြီ ဖြစ်သည့်အတွက် သမီးရှင် မိဘများ အနေဖြင့် အထူး ဂရုပြုရန် လိုအပ်ကြောင်း သိရသည်။

အထက်ပါ Rohypnol မှာ ဆေးကုမ္ပဏီ၏ ကုန်သွယ် တံဆိပ်ဖြစ်ပြီး နာမည် အမျိုးမျိုးဖြင့် ထုတ်လုပ် ထားကြောင်း၊ ဓာတုဗေဒ အမည်မှာ Flunitrazepam ဖြစ်ကြောင်း သိရသည်။ မူလ အသုံးပြုရန်မှာ စိတ်ငြိမ်ဆေး၊ အိပ်ဆေး အဖြစ် သုံးစွဲခဲ့ရာမှ မသမာသူ များနှင့် အုပ်စုဖွဲ့ အနိုင်ကျင့် တတ်သည့် စိတ်ထား ရှိသည့် လူငယ်များကြား သို့ပျံနှံရောက်ရှိ ခဲ့ပြီး ယခုလို အမှုများ ကျုးလွန် လာကြခြင်း ဖြစ်ကြောင်း သိရသည်။ ထို ဆေးမှုန့်မှာ အရက် ၊ ဝိုင်ဖြူ၊ ဝိုင်နီ ၊ Spy ၊ Gas နှင့် ကာဘိုနိတ်တက် ပါသည့် အရည်၊ အချိုရည်များတွင် လျင်မြန်စွာ ပျော်ဝင် လွယ်ကြောင်း သိရသည်။ 

ဆေး၏ အာနိသင်မှာ မိနစ် ၃ဝ အတွင်း အစွမ်းပြ၍ ၂ နာရီအတွင်း ပုံမှန်အသိ ပျောက်ကာ ဆေး၏ အစွမ်းရှိန်မှာ ၈ နာရီခန့် ကြာမြင့် တတ်ကြောင်း၊ ထိုအဆင့်သို့ ရောက်ရန်ဆေး ၁ မီလီဂရမ်( 1 mg = 0.0001 ) တစ်ထောင်ပုံ တစ်ပုံခန့်သာ အသုံးပြု ရကြောင်းနှင့် အရက်ဓာတ် ပါသည့် အရည်မျိုးတွင် ပိုမို လျင်မြန်စွာ ပျော်ဝင်၍ အစွမ်းပြ မြန်ကြောင်း သိရသည်။ 

သောက်သုံးမိ ခဲ့သော မိန်းကလေး များမှာ နောက်တစ်နေ့ နံနက်မိုးလင်း ချိန်၌ မည်သည့် အကြောင်းအရာ ကိုမျှ ပြန်လည် မှတ်မိနိုင်ခြင်း မရှိတော့ဘဲ ဘဝများ ပျက်ခဲ့ရကြောင်း၊ ထိုဆေးနှင့် အလားတူ ဆေးပေါင်း များစွာမှာ အလွယ်တကူ ဝယ်၍ ရနေသဖြင့် သက်ဆိုင်ရာမှ အချိန်မီ ထိရောက်စွာ တားဆီးရန် လိုအပ်ကြောင်း၊ မိန်းကလေးများ အနေဖြင့် ပွဲလမ်းများတွင် အရက်၊ ဝိုင်၊ စပိုင်၊ အချိုရည် များကို တတ်နိုင်သမျှ ရှောင်ကြရန် နှင့် ယောက်ျားလေး သူငယ်ချင်း မိတ်ဆွေများ ကိုလည်း သတိထား ပေါင်းသင်းရန် အပြင် မဖြစ်မနေ ပွဲတက်၍ သောက်ရမည် ဆိုပါက လုံးဝ မဖောက်ရ သေးသောဘူး အသစ်ကိုသာ မှာယူ သောက်သုံး ကြရန် လိုကြောင်း ဆရာဝန် တစ်ဦးက ပြောပြ၍ သိရသည်။

PyiChitThar

မူးယစ်ဆေးဝါး သုံးစွဲသည့် သရုပ်ဆောင်များကို နိုင်ငံ့ရုပ်သံလိုင်း များတွင် မဖော်ပြရန် တရုတ်အစိုးရ ပိတ်ပင်

သရုပ်ဆောင် Huang Haibo

ဂျက်ကီချန်း သား Jaycee Chan

သရုပ်ဆောင် Gao Hu

ပေကျင်း ၊ ၁၂-၁၀-၂၀၁၄

တရုတ်အစိုးရ က အနုပညာ လောက တစ်ခုလုံးကို သန့်ရှင်းစေရန် မူးယစ်ဆေးဝါး သုံးစွဲသည့် တရုတ် အနုပညာရှင် များ၏ ဇာတ်ကား များကို နိုင်ငံ့ ရုပ်သံလိုင်း နှင့် အခြား ပြည်သူ့ မီဒီယာလိုင်း များတွင် ဖော်ပြခြင်း မပြုရန် ပိတ်ပင် တားမြစ် လိုက်ပြီ ဖြစ်ကြောင်း China Daily ၏ အင်တာနက် သတင်းတစ်ရပ် တွင် ဖော်ပြ ထားသည်။

သြဂုတ်လ တွင် ဟောင်ကောင် သရုပ်ဆောင် ဂျက်ကီချန်း ၏ သား Jaycee Chan နှင့် ထိုင်ဝမ် သရုပ်ဆောင် Kai Ko တို့က မူးယစ်ဆေးဝါး မှုဖြင့် အဖမ်းခံ လိုက်ရပြီး အဆိုပါ သတင်းမှာ အင်တာနက် ပေါ်တွင် နာမည်ကြီး ခဲ့သည်။

သြဂုတ်လ တစ်လတည်း တွင်ပင် သရုပ်ဆောင် Gao Hu က ဆေးခြောက် နှင့် မီတမ်ဖီတမင်း ဆေးဝါးများ လက်ဝယ် ထားရှိမှုဖြင့် ဖမ်းဆီး စစ်ဆေးခံ ရသည်။ ထို့ပြင် ပြည့်တန်ဆာ ခေါ်ယူခြင်းဖြင့် ဒါရိုက်တာ Wan Quan'an နှင့် သရုပ်ဆောင် Huang Haibo တို့ကလည်း ထပ်မံ အဖမ်းခံခဲ့ ရသဖြင့် အဆိုပါ သတင်းများမှာ တရုတ်နိုင်ငံ ၏ လူငယ်များ အတွက် ဆိုးရွားသော စံနမူနာ တစ်ရပ်ဖြစ်စေ ခဲ့သည်ဟု တရုတ်အစိုးရ က ဆိုပြီး မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ ကြပ်မတ်စွာ ချထားသော စည်းကမ်းချက် များကို ချိုးဖောက် သည့် အနုပညာရှင် များကို ရုပ်သံလိုင်းများ ပေါ်တွင် ပါဝင်ရန် ဖိတ်ခေါ်ခြင်း မပြုကြရန် နှင့် ၄င်းတို့၏ အနုပညာ လက်ရာများ ကိုလည်း ခေတ္တဆိုင်းငံ့ ထားရန် ညွှန်ကြားထား သည်။ ထို့ကြောင့် သရုပ်ဆောင် Huang Haibo နှင့် Gao Hu တို့ ပါဝင်သော ဇာတ်ကားများကို တရုတ် နိုင်ငံ၏ ရုပ်သံလိုင်း များတွင် ဖော်ပြခြင်းကို ရပ်တန့် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် က ၂ဝ၁၂ တွင် နိုင်ငံ့တာဝန်ကို စတင် ထမ်းဆောင်စဉ် ကတည်းက အကျင့်စာရိတ္တ ပျက်ပြားမှုကို ဖြစ်စေသည့် လုပ်ရပ်များကို ထိရောက်စွာ နှိမ်နင်းပြီး မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေး ကိုလည်း ကြပ်မတ်စွာ ကိုင်တွယ် ခဲ့သည်။ မူးယစ်ဆေးဝါး မှုများတွင် နာမည်ကြီး တရုတ် အနုပညာရှင် များ ပါဝင် ပတ်သက် လာသဖြင့် တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန က မူးယစ်ဆေးဝါး၊ လောင်းကစား နှင့် ပြည့်တန်ဆာ လုပ်ငန်းများကို ပြည်သူ့ ရဲတပ်ဖွဲ့အား တင်းကြပ်စွာ ကိုင်တွယ် စေခဲ့ကြောင်း သိရသည်။

PyiChitThar