နိုင်ငံတကာစံချိန်ချိုးလိုက်သည့်အသက်ကြီးဆုံး မုဒိန်းအဖွဲ့ ဝင်များ

နိုင်ငံတကာမှာ ခလေးငယ်တွေ အလိုမတူဘဲအုပ်စုလိုက် အတင်းအင်အားသုံး လိင်ဆက်ဆံ
နကြသူတွေမှာ များသောအားဖြင့် လူငယ်ပိုင်းများ ဖြစ်ပေမယ့် ခုအဖိုးကြီးမုဒိန်းအဖွဲ့ မှာ
အသက်၈၀ ကျော်ကဦးဆောင်ခဲ့ပြီး အဖွဲ့ ဝင်ခြောက်ဦးမှာအငယ်ဆုံးက ၆၅ နှစ်ပါ။

သူတို့ အာလုံး ထိုင်းနိုင်ငံအူဒေါင် ဌာနီအရပ်က တရွာထဲ သားလယ်ပိုင် ရှင်များဖြစ်ကြပါတယ်။
အသက် ၁၂ နဲ့  ၁၃ သာရှိသေးတဲ့ မိန်းခလေးသုံးယောက်ရဲ့  မိဘတွေက ဆင်းရဲလို့  အဖိုးကြီး စိုက်ခင်းမှာ ကျောင်းပိတ်ချိန် သွားအလုပ်လုပ်ကြပါတယ်။

ခလေးငယ်တယောက်ချင်းဆီကို ဒီအဖိုးကြီးက အရင် မုဒိန်းကျင့်ပြီး ခလေးတွေကြောက်အောင် နည်းအမျိုးမျိုးနဲ့ ခြောက်လှန့် နှုတ်ပိတ်ထားပြီး ရွာမှာ ပေါက်ရောက်တဲ့သူတစ်ယောက်ဖြစ်လို့  ခလေးလးကလည်း ကြောက်ပြီး အမေတွေကို မတိုင်ရဲကြပါဘူး။

နောက်ပိုင်းတော့ သောက်ဖေါ်သောက်ဖက်တွေခေါ်လာပြီး ခလေးတွေ ကိုဝိုင်းပြီး လိင်ဆက်
ဆံခဲ့ကြပါတယ် ၊ကိစ္စပြီးတော့ သနားကြေး တယောက် ဘတ် ၃၀၀(တသောင်းကျပ်)
စီပေးပြီး အိမ်ပြန်လွတ်လိုက်ပါတယ် ၊မိဘတွေ သိသွားတာကတော့ မိန်းခလေးတယောက် သွေးတွေဆင်းနေရာကနေ စစ်ရင်းပေါ်ခဲ့တာပါ။

ရွာကရဲစခန်းကို တိုင်ချက်ဖွင့်တော့ အဖိုးကြီးက သူဝိတ်နဲ့ ဖိပြီး အမှုကိုတရားရုံးမအောင်နယ်မြေရဲတွေကို ငွေနဲ့ ပိတ်ထားတယ်၊ အမေတွေကိုလူမိုက်ဌားသတ်ဘို့ တောင်စီစဉ်ခဲ့တာကြောင့် မုဒိန်းကျင့်ခံရတဲ့ ခလေးအားလုံးကိုခေါ်ပြီး အမျိုးသမီးေ၇းရာ အဖွဲ့ ဆီမှာ အကူညီတောင်းခိုလှုံနေရပါတယ်။

မုဒိန်း အဖိုးကြီးရဲ့  သတင်းကို လူမှူကွန်ရက်စာမျက်နှာတွေမှာ ပါလာတော့မှ ရဲကစတင်အလုပ် လုပ်ပါတယ် ၊ဒီနေ့ တော့ အားလုံးကိုဖမ်လိုက်ပါပြီ နယ်မြေရဲစခန်းက အမှုမလုပ်ဘဲ ထိမ်ချန်ထားတဲ့ရဲ အရာရှိလည်း အရေးယူလိုက်ပါတယ်။
မင်းဘာ ဘာသာပြန်ဆိုသည်







ဦးလှဆွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါင်းပုဝါနဲ့ ဂါရဝပြု

လွှတ်တော် မင်းသားကြီး ဦးလှဆွေက သီတင်းကျွတ်အခါသမယမှာ မြန်မာတို့ရဲ့ ထုံးစံဓလေ့အတိုင်း သက်ကြီး ဂါရဝ ပြုမှု တခု လုပ်ခဲ့ပါတယ်။ 


ဓာတ်ပုံ- ဦးလှဆွေ/ ဖေ့စ်ဘုတ်
ဦးလှဆွေက လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ဖေ့စ်ဘုတ်ပေါ်မှာ တင်လာတဲ့ ပို့စ်မှာတော့ သူ့ရဲ့ သက်ကြီး ဂါရဝ ပြုခံ ပုဂ္ဂိုလ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါဘဲ။ 

ဒေါ်အောင်ဆန်း စုကြည်ကို ဦးလှဆွေက ဘာပစ္စည်းနဲ့ ကန်တော့လည်းဆိုတာကတော့.. 

"သီတင်းကျွတ်ဆိုတော့ သက်ကြီးတဲ့ သူ ဝါကြီးတဲ့ သူတွေကို ဂါရဝပြုရတာပေါ့ ။ ဒီနေ့ လွှတ်တော်ပြီး
တော့ အမကြီးဒေါ်အောင်ဆန်းစုကြည်ကို ယောထမီ နဲ့ ဒေါင်းပုဝါ ဂါရဝ ပြုပါတယ် ။ အမကြီးက ဆုပေးပါတယ်၊ ကျန်းမာချမ်းသာပါစေ တဲ့ဗျား။ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ " ဆိုပြီး ဦးလှဆွေက ရေး ထားပါတယ်။ 

အိမ့်သံစဉ် ~ 
ဧရာဝတီ 

ဖေ့ဘွတ်ကြောင့် လူသိများခဲ့သည့် လက်ထောက်ကျောင်းအုပ်ကို လူမှုထူးချွန်ဆရာဆု ပေးမည်


ဖေ့ဘွတ် အင်တာနက်စာမျက်နှာမှာတော့ တာဝန်ထမ်းဆောင်မှုအပြီး တပည့်တွေနဲ့ ခွဲခွာရတဲ့အတွက် ဖြေမဆည်နိုင်ဖြစ်နေတဲ့ ဓာတ်ပုံတွေကြောင့် လူသိများခဲ့တဲ့ ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာမှာ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ထောက်ကျောင်းအုပ် ဆရာဦးသန်းလှိုင်ကို လာမယ့် အောက်တိုဘာ ၅ ရက်နေ့ နေပြည်တော် အမ်စီစီခန်းမမှာ ကျင်းပမယ့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားမှာ လူမှုထူးချွန်ဆရာဆု ပေးအပ်သွားမယ်လို့ သိရပါတယ်။
လူမှုထူးချွန်ဆရာဆုကို တနိုင်ငံလုံးကနေ ၂ ဦးသာ ချီးမြင့်ခြင်း ဖြစ်ပြီး ဆရာဦးသန်းလှိုင် လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ဆရာဦးသန်းလှိုင်ရဲ့ ဂုဏ်ပြုနုတ်ဆက်ပွဲကို ကျင်းပခဲ့ပြီး ခွဲခွာခါနီး ဆရာနဲ့ တပည့်တွေ ဖြေမဆည်နိုင်ဖြစ်နေတဲ့ပုံတွေကို ဒေသခံ ဦးအောင်ဇော်မြင့်က လူမှုကွန်ရက် ဖေ့ဘွတ်အင်တာနက်စာမျက်နှာပေါ် တင်ခဲ့ပြီး အဲဒီပုံတွေကို ပြည်သူ့လွှတ်တော်အမတ် ဦးစောလှထွန်းနဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်မှူး မှူးဇော်တို့က ပြန်လည် ရှယ်ခဲ့ရာကနေတဆင့် နိုင်ငံတော်က သိရှိခဲ့ပြီး အခုလို လူမူထူးချွန်ဆရာဆု ပေးအပ်မှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

လက်မထပ်ခင် ဆေးစစ်ခြင်းနှင့် ကြိုတင်ပြုလုပ်ထားသင့်သည့်အရာများ



မကြာခင်အချိန်လေးအတွင်းမှာ ပင် မိုးလေကင်းပြီး ဝါကျွတ်ချိန်ခါသမယ ဝါကျွတ်ပွဲတော် ဆိုက်ရောက်လာတော့ မည်ဖြစ်သည်။ ဝါကျွတ်ပြီး သည်နှင့်တစ် ပြိုင်နက် မြန်မာ တို့၏ ဓလေ့ထုံးတမ်း အစဉ်အလာအရ လက်ထပ်ထိမ်းမြား မင်္ဂလာဆောင်ခြင်းအမှုကို နေရာတိုင်း ဒေသ၊ ကျေးရွာမကျန်ပြုကြ၊ ဆောင်ကြ
တာ့မည်လည်း ဖြစ်သည်။ မင်္ဂလာ ဆောင်ခြင်းအမှုက ဘဝတစ်ခုလုံးကို ထု ဆစ်ပုံဖော်ရာတွင် အင်မတန်မှ အရေး ကြီးလှသောကြောင့် အထူးဂရုပြု၊ အလေး ထားဆောင်ရွက်တတ်ရန်လည်း အရေး ကြီးလှပေသည်။ 

ထို့အတွက်ကြောင့် လက်ထပ်တော့မည်ဟု ပြင်ဆင်နေသည့် လူငယ်၊ လူရွယ်၊ လူလတ်များအနေဖြင့် ရင်ခုန်ရခြင်း တစ်ဖက်၊ ပင်ပန်းရခြင်း တစ်ဖက်နှင့်အတူ တချို့အရေး တကြီး ဆောင်ရွက်သင့်သည့်အရာများကို လွဲ ချော်သွား နိုင်ပေရာ မည်သည့်အရာကို မျှ အလောတကြီး မပြုလုပ်သင့်ပေ။ မင်္ဂ လာဝတ်စုံအပ်နှံခြင်း၊ ဖိတ်စာပြုလုပ် ခြင်း၊ မင်္ဂလာခန်းမငှားခြင်း စသည်တို့ကို အလောတကြီးပြုလုပ်လျှင် တစ်သက် မှာတစ်ခါဆောင်ဖြစ်သည့် မင်္ဂလာပွဲကို ကျေနပ်အားရမှု မရှိဘဲ အလိုမကျမှုများစွာနှင့် တစ်သက် လုံးနောင်တရသွား စေမည်ဖြစ်သည်။ အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင် ရွက်မှသာ မင်္ဂလာအချိန်မှာသာမကဘဲ မင်္ဂလာဆောင်ပြီးသည့်နောက်ပိုင်းနှစ် ကိုယ်တူ တစ်ဘဝထူထောင်ချိန်၌လည်း စိတ်ကျေနပ်မှုအပြည့်အဝဖြင့် တစ်သက်လုံး ပြုံးပျော်စေနိုင်မည်ဖြစ်သည်။ နှစ်ဖက်မိဘဘိုးဘွားဆွေမျိုးများက အကောင်းဆုံးဖြစ်ေ အာင် မည်သို့ပင် စီ စဉ်ပေး၊ ကြီးကြပ်ပေးစေကာမူ ဘဝတစ် ခုလုံးသာယာစေရေးအတွက်မူ မင်္ဂလာ သတို့သား၊ သတို့သမီး၏ ကျန်းမာရေး အပေါ်တွင် အဓိကမူတည် လျက်ရှိရာ အဓိကအနေဖြင့် လက်မထပ်ခင် နှစ်ဦး စလုံးဆေးစစ်ခြင်းပြုလုပ်ရပေမည်။ ဆေး စစ်ရာတွင် တစ်ဦးမှ တစ်ဦးသို့ လိင်မှ တစ်ဆင့်ကူးစက်တတ်သည့် ရောဂါရှိ မရှိ၊ မျိုးရိုးလိုက်တတ်သည့် ရောဂါရှိမရှိ ဆိုသည်ကို ဦးစွာ စစ်ဆေးခံသင့်သည်။ 

ဆေးစစ်ကြည့်၍ ဥပမာ လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါမျိုးတွေ့ရှိ ခဲ့လျင် ပျောက်ကင်းအောင်ကုသပြီးမှ လက်ထပ်ယူသင့်သည်။ ဆေးမစစ်ဘဲ လက်ထပ်ယူေ ပါင်းသင်းနေထိုင်ကြလျှင် နောင်တစ်ချိန်၌ အိမ်ထောင်ရေးသုခ ကို အနှောင့်အယှက်ဖြစ်စေတတ်သော ကြောင့် ဆေးစစ်ခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူ လိုက်နာဆောင် ရွက်သင့်ပေသည်။ နောက်တစ်ခုက သားသမီးရယူရေး ပင်ဖြစ်သည်။ အိမ် ထောင်သားမွေး ဆိုသည့် စကားအတိုင်း အိမ်ထောင်ပြုပြီးလျှင် ကလေး ယူခြင်းက နောက်ဆက်တွဲအနေဖြင့် ကပ်ပါလာခဲ့ သည်။ ချက်ချင်း ကလေးမယူချင်သေး လျှင် ကာကွယ်တားဆီးဖို့နှင့် ကလေးယူ မည်ဟု ဆုံးဖြတ်ထားလျှင် ရှောင်သင့်၊ ဆောင်သင့်သည့်အချက်များကို ဆရာ ဝန်နှင့် ကြိုတင်ဆွေးနွေးထားပါက ပို ကောင်းပေလိမ့်မည်။အထူးသဖြင့် ဆရာ ဝန်အများစုက သတို့သမီးအသက် ၂၅ နှစ်ကျော်လွန်နေလျှင် မြန်မြန် ကလေး ယူဖို့ တိုက်တွန်းလေ့ရှိတတ်ကြသည်။ ထို့အပြင် သားသမီးဟုဆိုရာ၌ ယနေ့ ခေတ်ကာလ အခြေအနေအရ အလုပ် အကိုင်အခွင့် အလမ်း အဆင်မပြေမှုပို များသောကြောင့် သားသမီးများများယူ ရေးကို အများစုက ရှောင်ကြဉ်တတ်ကြ သည်။ မည်သို့ပင်ဖြစ်စေ၊ ကလေးယူ သည့်အခါ၌ တစ်ဦးနှင့် တစ်ဦးအနည်း ဆုံး သုံးနှစ်လောက်ခြားပြီး ယူပါက အကောင်းဆုံးပင်ဖြစ်သည်။ တစ်နှစ် တစ်ယောက်နှုန်းဖြင့် ကလေးယူပါက မိခင်ပင်ပန်းနွမ်းနယ်မှုဖြစ်ပေါ်စေ သလို မွေးလာမည့်ကလေးတိုင်းကို ဂရုစိုက်မှု၊ မေတ္တာအပြည့်အဝပေးနိုင် မည်မဟုတ် ပေ။ ထို့အတွက်ကြောင့် အိမ်ထောင်မပြု ခင်နှစ်ဦးသား ကြိုတင်ညှိနှိုင်းတိုင်ပင်ပြီး ပြော ဆိုပေးထားသင့်သည်။ ထိုသို့သော အမှုကိစ္စတချို့ကို ကြိုတင်ပြုလုပ်ပြီး သေသေချာချာလုပ်ထားပါက အိမ် ထောင်ရေးသာယာမှုရရှိမည့်အပြင် ဘေး ဆိုးများမှလည်း ကင်းဝေးစေမည်ဟု တ ထစ်ချယုံကြည်မိပါသောကြောင့် လက် လှမ်းမီသလောက်နှင့် ရေးသား တင်ပြ ပေးလိုက်ရခြင်းသာဖြစ်ပါသည်။

Popular Myanmar

လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ နှစ်တစ်ရာပြည့် မွေးနေ့ရာပြည့် ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည်


မကွေးတိုင်း ဒေသကြီး ၊ နတ်မောက်မြို့ တွင် မွေးဖွားခဲ့သည့် လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ နှစ်(၁ဝဝ)ပြည့် မွေးနေ့ဖြစ်သည့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရာပြည့်ပွဲတော် ကို နတ်မောက်မြို့ ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင် မြို့နယ် ဓမ္မိကရာမ ကျောင်းတိုက် ၌ ပြုလုပ်သည့် ရာပြည့်ပွဲတော် ကျင်းပရေး စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

ရာပြည့်ပွဲတော်ကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ အခမ်းအနားတွင် ဗိုလ်ချုပ်၏ ဇာတိချက်မြှုပ် မွေးရပ်မြေ နတ်မောက်မြို့ ဗိုလ်ချုပ် နေအိမ်ပြတိုက် ၌ သမိုင်း တွင်ရစ်မည့် ကမ္ပည်းမှတ်တိုင် စိုက်ထူခြင်း၊ ရာပြည့်ပွဲတော် လာရောက်သူ များအား ပဲပြုတ်နှင့် နံပြားဖြင့် ဧည့်ခံကျွေးမွေး သွားမည့်အပြင် တရားပွဲများ၊ စာပေ ဟောပြောပွဲများ၊ ပျော်ပွဲရွှင်ပွဲ များနှင့် ဗိုလ်ချုပ် အမှတ်တရ ပြခန်း များကိုလည်း ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ် အမှတ်တရ ပြခန်း ပြသနိုင်ရန် အတွက် ဗိုလ်ချုပ်နှင့် သက်ဆိုင်သော သမိုင်းဝင် စာရွက် စာတမ်းများ၊ ဓာတ်ပုံများ၊ မှတ်တမ်း များအား ပေးပို့ လှူဒါန်း လိုပါက ဖုန်း- ဝ၉- ၄၄ဝ၂ ၂၈၄၇ဝ နှင့် ဝ၉- ၂၅၉ဝ ၄၅၉ဝ၈ ရာပြည့်ပွဲတော် ကျင်းပရေး အဖွဲ့သို့ ဆက်သွယ် ပေးပို့ လှူဒါန်း နိုင်ကြောင်း သိရသည်။

Themyawadydaily

အိမ်ဖြူတော်လုံခြုံရေး ကျိုးပေါက်မှုများ ဖြစ်ပွားပြီးနောက် သမ္မတလုံခြုံရေး အကြီးအကဲ နုတ်ထွက်

The Secret Service director Julia Pierson promised such an incident would "never happen again"

အမေရိကန် သမ္မတ၊ မိသားစုနှင့် အိမ်ဖြူတော် လုံခြုံရေးကို တာဝန်ယူ ရသော အထူးလျှို့ဝှက် အဖွဲ့အစည်း အကြီးအကဲ ဂျူလီယာပီယာဆန် သည် ကြီးမားသော လုံခြုံရေး လျော့ရဲမှုများ ဖြစ်ပွား ပြီးနောက် ယမန်နေ့က ပြည်ထဲရေးနှင့် လုံခြုံရေးဌာန အတွင်းရေးမှူး ထံ နုတ်ထွက်လွှာ တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက်က အိမ်ဖြူတော် လုံခြုံရေး ကျိုးပေါက်မှုကြီး ဖြစ်ပွား ခဲ့ခြင်းကြောင့် စက်တင်ဘာ ၃ဝ ရက်တွင် ကွန်ဂရက် က ဂျူလီယာ ကို ဒေါသတကြီး စစ်ဆေး မေးမြန်းခဲ့ရာ ဂျူလီယာ က အိမ်ဖြူတော် လုံခြုံရေး ကျိုးပေါက်မှုတွင် သူမတွင်သာ တာဝန် အပြည့်အဝ ရှိပါကြောင်း ပြောကြားခဲ့ပြီး နောက်တစ်နေ့ တွင် နုတ်ထွက်လွှာ တင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ အမေရိကန် သမ္မတ အိုဘားမား က ပီယာဆန် ၏ ကာလကြာမြင့် စွာ တာဝန်ကျေပွန် ခဲ့ခြင်းကို အသိအမှတ်ပြု ကျေးဇူး တင်ကြောင်း ပြောကြား လိုက်သည်။

ပြည်ထဲရေး နှင့် လုံခြုံရေးဌာန အတွင်းရေးမှူး ဂျေးဂျွန်ဆင် ကလည်း ''ဒီနေ့ အမေရိကန် ပြည်ထောင်စု လျှို့ဝှက် လုံခြုံရေးအဖွဲ့ ဒါရိုက်တာ ဂျူလီယာပီယာဆန် နုတ်ထွက်လွှာ တင်လာ ပါတယ်။ ဒီ နုတ်ထွက်လွှာ ကို ကျွန်တော် လက်ခံ ပါတယ်။ နိုင်ငံနဲ့ လျှို့ဝှက် လုံခြုံရေး အဖွဲ့အပေါ် အနှစ် ၃ဝ လုံးလုံး တာဝန် ကျေပွန် ခဲ့တာကို ကျွန်တော် အလေးပြု ပါတယ်'' ဟု ပြောသည်။

''ကွန်ဂရက် က ကျွန်မရဲ့ အစွမ်းအစ အပေါ် အယုံအကြည် မရှိတော့ပါဘူး။ ဒါကြောင့် ကျွန်မ နုတ်ထွက် လိုက်တာဟာ လျှို့ဝှက် လုံခြုံရေး အဖွဲ့အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ယုံကြည်တဲ့ အတွက် အခုလို နုတ်ထွက်လိုက် ရတာပါ .. ''ဟု ဂျူလီယာ က သတင်းဌာန များကို ပြောပြသည်။

လျှို့ဝှက် လုံခြုံရေးအဖွဲ့ သမ္မတ ကာကွယ်ရေး ဌာနစိတ် တာဝန်ခံ ဂျိုးဇက်ကလင်စီ က ကြားဖြတ် ဒါရိုက်တာ အဖြစ် တာဝန်ယူ သွားမည်ဖြစ်ပြီး ဒါရိုက်တာ အသစ်ကို ရွေးချယ် တာဝန်ပေးခြင်း မရှိသေးကြောင်း သိရသည်။

၂ဝဝ၉ ခုနှစ် နိုဝင်ဘာ၌ ရုပ်သံဇာတ်လမ်း တစ်ခုကို ရိုက်ကူးနေသော စုံတွဲ တစ်တွဲသည် လျှို့ဝှက် လုံခြုံရေး အဖွဲ့၏ စစ်ဆေးရေး ဂိတ်များကို ကျော်ဖြတ်ပြီး ထိုစဉ်က အလည်အပတ် ရောက်ရှိနေသော အိန္ဒိယ ဝန်ကြီးချုပ် ကို ညစာဖြင့် တည်ခင်း ဧည့်ခံ နေသော ခန်းမထဲသို့ ရောက်သွား ခဲ့သည်။

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် လူတစ်ဦးက အိမ်ဖြူတော် တောင်ဘက်တွင် ကားကို ရပ်လိုက်ကာ အိမ်ဖြူတော်ကို သေနတ်ဖြင့် ခုနစ်ချက် ပစ်ခတ်ခဲ့သည်။ လျှို့ဝှက် လုံခြုံရေး အဖွဲ့က အိမ်ဖြူတော်ကို သေနတ်ဖြင့် ပစ်ခတ် ထားကြောင်း ကို လေးရက်ကြာမှ သိခဲ့သည်။

၂ဝ၁၂ ခုနှစ် ဧပြီလ၌ သမ္မတ၏ ကိုလံဘီယာ၊ ကာတာဂျီနာ ခရီးစဉ် အတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် တာဝန်ရှိသော လျှို့ဝှက် လုံခြုံရေး အဖွဲ့ဝင် ၁၁ ဦးက ဟိုတယ်သို့ ပြည့်တန်ဆာများ ခေါ်ယူ ခဲ့သည်။

၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ တွင် အိမ်ဖြူတော် ကို အပေါ်စီးမှ မြင်ရသော ဟိုတယ်တစ်ခု၏ အမျိုးသမီး အိမ်သာကို ဝင်ကြည့်ရန် အထက်တန်း ကြီးကြပ်ရေးမှူး တစ်ဦးက အတင်းအကျပ် တောင်းဆို ခဲ့သည်။

၂ဝ၁၄ ခုနှစ် မတ်လတွင် နယ်သာလန် ရောက် လျှို့ဝှက် လုံခြုံရေး အေးဂျင့် တစ်ဦးသည် ခန်းမ လျှောက်လမ်း တစ်ခုတွင် အရက်မူးပြီး အိပ်ပျော် နေသည်ကို တွေ့ရှိခဲ့ပြီး ၄င်းနှင့်အတူ တာဝန်ကျသူ နှစ်ဦးကိုပါ ထုတ်ပယ် ခဲ့ရသည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် လက်နက်ကို လျှို့ဝှက် ကိုင်ဆောင် ထားသော ပြစ်မှုမှတ်တမ်း ရှိသူ တစ်ဦးသည် သမ္မတ အိုဘားမား နှင့် ဓာတ်လှေကား အတူ စီးခွင့် ရရှိခဲ့သည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် လူတစ်ဦးသည် အိမ်ဖြူတော် လုံခြုံရေး စည်းရိုးကို ဖြတ်ကျော်ပြီး သော့မခတ်၊ အရေးပေါ် ခေါင်းလောင်း တပ်မထားသော တံခါးကို တွန်းဖွင့်ကာ အိမ်ဖြူတော် ထဲအထိ ဝင်ရောက် နိုင်ခဲ့သည်ဟု သိရသည်။

PyiChitThar

တယ်လီနောဆင်းမ်ကတ်များ နိုင်ငံပေါင်း ၂ဝဝကျော်သို့ ဖုန်းခေါ်ဆိုနိုင်ပြီး နိုင်ငံငါးနိုင်ငံကို သယ်ဆောင်အသုံးပြုနိုင်မည်


အော်ပ ရေတာ တစ်ခုဖြစ်သည့် တယ်လီနော (မြန်မာ)မှ ပြည်တွင်းမှ နိုင်ငံပေါင်း ၂ဝဝကျော်သို့ အပြန်အလှန်ဖုန်းခေါ် ဆိုနိုင်ရန် ဆောင်ရွက်ထားပြီး နိုင်ငံ ငါးနိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။

ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံ များ အပါအဝင် ကနေဒါအစရှိသည့် နိုင်ငံများသို့ ဖုန်းအပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ပြီး မည်သည့် နိုင်ငံကိုမဆို စာတိုစနစ် (SMS)ပေးပို့ခြင်း အားဈေးနှုန်း အနေဖြင့် ကျပ်၃ဝ သတ်မှတ်ထားကြောင်း သိရ သည်။

တယ်လီနော(မြန်မာ)မှတာဝန် ရှိသူတစ်ဦးက ''ပြည်တွင်းကနေ နိုင်ငံခြားကောလ်တွေကို အလွယ် တကူ ခေါ်ဆိုနိုင်အောင် ဆောင် ရွက်ထားတယ်။ ဖုန်းခေါ်ဆိုခတွေကို လဲ နှုန်းထား အနည်းဆုံးဖြစ်အောင် သတ်မှတ်ပေးထားပါတယ်။ ကနေ ဒါနိုင်ငံဆိုရင်၁မိနစ် ၁ဝဝကျပ်လောက် နဲ့ဖုန်းခေါ်နိုင်မှာပါ''ဟုပြောသည်။

အဆိုပါ အော်ပရေတာမှ နိုင်ငံခြားသို့ သယ်ဆောင် အသုံးပြု နိုင်ရန် လက်ရှိတွင် ငါးနိုင်ငံသတ် မှတ်ထားကာ ယင်းတို့မှာ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အစရှိသည့် နိုင်ငံ များဖြစ်ပြီး လစဉ်နိုင်ငံငါးနိုင်ငံခန့်ထပ်တိုးသယ်ဆောင် အသုံးပြုနိုင် ရန် တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိနိုင်ငံတကာ ဖုန်းခေါ် ဆိုခများကို တစ်မိနစ်လျှင် ကျပ် ၁ဝဝမှ အများဆုံး ကျပ်၈ဝဝ အထိ သတ်မှတ်ထားပြီး အာဂျင်တီးနား သို့ ခေါ်ဆိုပါက ကျပ် ၈ဝဝ၊ သြစ တြေးလျ ကျပ် ၄ဝဝ၊ ဘရာဇီး ကျပ် ၈ဝဝ၊ အမေရိကန် ကျပ် ၄ဝဝဟုဆိုင် ရာ နိုင်ငံအလိုက် အသီးသီးသတ်မှတ် ထားကြောင်း သိရသည်။

''တယ်လီနော ကတ်တွေကို အောက်တိုဘာ ပထမပတ်လောက် မှာ နေပြည်တော်မှာ ရောင်းမယ်၊ နောက်ဒုတိယပတ်လောက်မှာ ရန် ကုန်မှာ ရောင်းပေးနိုင်အောင်စီစဉ်ထား တယ်။ နိုင်ငံခြား ကောလ်တွေ ခေါ် ဆိုရာမှာလဲ လိုင်းကောင်းကောင်း ပြောနိုင်ဖို့အတွက် ကိုပြင်ဆင်ပေး ထားတယ်'' ဟုပြောသည်။

တယ်လီနောမှ ယင်းဆင်းမ် ကတ်စတင်အသုံးပြုချိန်တွင်ဖေ့စ် ဘွတ်တစ်လ အခမဲ့အသုံးပြုခွင့်ပေး သွားမည်ဖြစ်ကာ Wikipedia (အွန် လိုင်းစွယ်စုံကျမ်း)အား အခမဲ့ အသုံး ပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း အော်ပရေတာမှ ပြည် တွင်း(သို့) ပြည်ပသို့ပြောဆို ဆက် သွယ်ခြင်းများနှင့် ပတ်သက်၍အဆင် မပြေခြင်းများရှိပါကလည်းကောင်း မေးမြန်းစုံစမ်းလိုပါက ဖုန်းနံပါတ် ၉၇၉သို့ တစ်ကြိမ်ခေါ်ဆိုလျှင် ၂၅ ကျပ်ဖြင့် ဆက်သွယ်ခေါ်ဆိုနိုင် ကြောင်း သိရသည်။

တယ်လီနော(မြန်မာ)ဆင်းမ် ကတ်များကိုမန္တလေးတွင်စက်တင် ဘာ၂၇ရက်မှစတင်ရောင်းချခဲ့ ကြောင်းသိရသည်။

Democracytoday

ဟောင်ကောင်သို့ သွားရောက်မည့် ခရီးသွားအဖွဲ့၏ ဗီဇာများကို တရုတ်အစိုးရ ရပ်ဆိုင်း

ဟောင်ကောင်ကျောင်းသားများ၏ ဆန္ဒဖော်ထုတ်မှု မြင်ကွင်း

ဟောင်ကောင် ၊ ၃-၁၀-၂၀၁၄

ဒီမိုကရေစီစနစ် ကို ထောက်ခံသည့် ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသော ဟောင်ကောင် သို့ သွားရောက်မည့် ခရီးသွား အဖွဲ့တစ်ဖွဲ့ ၏ ဗီဇာများကို တရုတ်အစိုးရ က ရပ်ဆိုင်း ခဲ့ကြောင်း အဆိုပါ ခရီး သွားလာရေး အဖွဲ့အစည်းမှ အကြီးအကဲ တစ်ဦးက ထုတ်ဖော် ပြောကြား ချက်ကို Zee သတင်းဌာနက ကိုးကား၍ ဖော်ပြ ခဲ့သည်။

ဟောင်ကောင်သို့ သွားရောက်မည့် တရုတ် ခရီးသွား များ၏ ဗီဇာကို အောက်တိုဘာ ၂ ရက်က ရပ်ဆိုင်း ခဲ့ကြောင်း၊ ထိုကဲ့သို့ တားမြစ်ခြင်းသည် ဟောင်ကောင်၏ ခရီးသွား လုပ်ငန်းကို ဆိုးရွားစွာ ထိခိုက် စေနိုင်ကြောင်း ဟောင်ကောင် ခရီးသွား အဖွဲ့အစည်းမှ အမှုဆောင် ဒါရိုက်တာ ဂျိုးစပက်သန် က ပြောကြား ခဲ့သည်။

ဟောင်ကောင်၏ ခရီးသွား လုပ်ငန်းသည် တရုတ်ပြည် ပြည်မကြီးမှ လာရောက် လည်ပတ်ကြမည့် ခရီးသွား အဖွဲ့များ အပေါ်တွင် မှီခို နေရကြောင်း၊ ခရီးသွား များသည် ဟောင်ကောင် ၏ အဆင့်မြင့် ရှောပင်းမောလ် များကို အလွန် စိတ်ဝင်စား ကြကြောင်း၊ နှစ်စဉ် လာရောက် လည်ပတ် ကြသည့် ခရီးသွား ဧည့်သည် ၅၉ သန်းအနက် ၄၅ သန်းမှာ တရုတ် ပြည်မကြီး မှ ဧည့်သည်များ ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ 

ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြသူ ထောင်ပေါင်း များစွာသည် စက်တင်ဘာ ၂၈ ရက် ကတည်းက တရုတ် အစိုးရကို ဆန့်ကျင်သည့် အနေဖြင့် ဟောင်ကောင်မြို့ ရှိ လမ်းမများတွင် ဆန္ဒပြခဲ့ ကြကြောင်း သိရသည်။

PyiChitThar

ဓာတ်ပုံရိုက်ကူးသတင်းယူနေတဲ့ကင်မရာသမား တစ်ယောက်ကိုလက်သီးနဲ့ထိုးခဲ့တဲ့ Justin Bieber

ကောင်မလေးတို့ရဲ့ အသည်းစွဲ Justin Bieber
ဟာ ပါပါရာဇီတွေနဲ့ ထပ်မံ ပြသနာတက်ပြီး
ခါင်းစီး သတင်းမှာပါလာ ပြန်ပါပြီ။
အသက် ၂၀ အရွယ် အဆိုတော် ကောင်လေး
JB ဟာ ပဲရစ်မြို့မှာ မော်ဒယ်ကောင်မလေး 


Kendall Jenner နဲ့ ညစာစားပြီးတဲ့နောက် သူ့ရဲ့ ဟိုတယ်ကိုပြန်တဲ့အခါ ဓာတ်ပုံ ရိုက်ယူနေတဲ့ ကင်မရာ သမားတစ်ယောက်ကို သူ့ရှေ့က ဖယ်ဖို့ ပြောဆိုခဲ့ပြီး နောက်တစ်ယောက်ကိုတော့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တယ်လို့ TMZ သတင်းဌာန ရဲ့ဖော်ပြချက်အရသိရပါတယ်။

ပြောက်ကျား ၀တ်စုံကို ၀တ်ဆင်ထားတဲ့ Justin Bieber ဟာ သူ့ရဲ့ပရိတ်သတ်တွေအတွက် လက်မှတ်ထိုးပေးဖို့ ရပ်နားနေချိန်မှာ ထို ဓာတ်ပုံဆရာတွေက လာရောက် ဓါတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။

JB ဟာပဲရစ်မြို့ကို သူ့ကောင်မလေး Selena Gomez နဲ့အတူ Fashion Week အတွက် ရောက်ရှိနေတာဖြစ်ပြီး Kendall Jenner နဲ့ ညစာစားခဲ့တာကတော့ သူငယ်ချင်းကိစ္စ ပဲဖြစ်တယ်လို့ ဆိုပါတယ်။သူဟာ Kendall Jenner၊ Kim Kardashian၊ Ciara တို့နဲ့အတူ ဓာတ်ပုံရိုက်ကူးရမယ့် အလုပ်ကိစ္စလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။

Ref:starpulse.com
Treand Myanmar

ထိုင်ဝမ်မုန်ညင်းရဲ့ အာနိသင်




ဈေးသက်သာတဲ့အပြင် နေရာ တိုင်းလိုလိုမှာဝယ်စားနိုင်တဲ့ ထိုင် ဝမ်မုန်ညင်းလို့ခေါ်ကြတဲ့ မုန်ညင်း စိမ်းလေးတွေက ကျန်းမာရေး အတွက် ဘာတွေအကျိုးပြုသလဲ ဆိုတာ မျှဝေပေးချင်ပါတယ်။ လတ်ဆတ်ချိုမြတဲ့၊ အရသာရှိတဲ့ မုန်ညင်းလေးတွေက ကိုယ် အလေးချိန်လျော့ကျဖို့ ထောက် ကူပေးတဲ့အပြင် ကျန်းမာရေးနဲ့ လည်း ညီညွတ်စေပါတယ်။

ထိုင်ဝမ်မုန်ညင်းက ကစီ ဓာတ်နဲ့ ကယ်လိုရီနည်းတဲ့အစား အစာဖြစ်ပြီး ထမင်းစားချိန်မှာ များများဖြည့်စွက်စားပေးမယ်ဆို ရင် အဆာလည်းခံသလို အဆီ လည်းမတက်နိုင်ပါဘူး။

နောက်ပြီး ဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိလည်း ကြွယ်ဝ တာကြောင့် ရောဂါဖြစ်ပွားမှုတွေ ကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိ ပါတယ်။ ဒါ့အပြင် ကင်ဆာရော ဂါအမျိုးမျိုးဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်သလို နှလုံးရော ဂါကိုလည်း ကာကွယ်ပေးနိုင်ပါ တယ်။

ဗီတာမင်စီ ပါဝင်တာကြောင့် ဟင်းသီးဟင်းရွက် အစားနည်း လို့ ဗီတာမင်ချို့တဲ့ပြီး ဖြစ်ပွားတဲ့ သွေးရောဂါဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တာကြောင့် ထမင်းစားတိုင်း ထည့်စားပေးသင့်ပါ တယ်။

သံဓာတ်လည်းကြွယ်ဝတဲ့ အတွက် ကိုယ်ဝန်ဆောင်အမျိုး သမီးတွေစားဖို့ သင့်လျော်တာ ကြောင့် ကိုယ်ဝန်ဆောင်အစား အစာစာရင်းထဲမှာ ထည့်ထားသင့်ပါတယ်။

ထိုင်ဝမ်မုန်ညင်းမှာ ပိုတက်ဆီယမ်ကြွယ်ဝ တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ကိုယ်လိုအပ်တဲ့ပိုတက်ဆီယမ်ပမာဏအတိုင်း နေ့စဉ်စားအစားအစာစာရင်းထဲမှာ ထည့်သွင်းစားသောက်နိုင်ပါသေးတယ်။

မုန်ညင်းအပြင် အခြားသော အသီးအရွက်စိမ်းတွေကလည်း ကျန်းမာရေးအတွက် အထောက်အကူပြုတာကြောင့် သက်ရှည်ကျန်းမာပြီး ပျော်ရွှင်တဲ့နေ့ရက်တွေရှိလာဖို့အတွက် ဟင်းသီး ဟင်းရွက်တွေကိုမဖြစ်မနေ စားပေးသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။

—Ref: healthdigezt.com
7 Day

ကျပ်သိန်း ၃၁၉၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ






၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် UWSA “ဝ” အဖွဲ့သည် တာချီလိတ်ဘက်မှ ဝမ်ဟုန်ဘက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရန်ရှိကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ တပ်မတော် စစ်ကြောင်းများ၊ နယ်မြေခံ ရဲတပ်ဖွဲ့မှ အဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ တာချီလိတ်-မိုင်းဆတ် ကားလမ်း တစ်ဝိုက်တွင် စက်တင်ဘာလ ၃၀ ရက်နေ့ ၁၁ နာရီအချိန်မှစတင်၍ ရှောင်တခင် ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။


ပူးပေါင်းအဖွဲ့များ စစ်ဆေးရှာဖွေစဉ် ယာဉ်ငယ် ၃ စီးနှင့် ဟီးနိုးအမျိုးအစား (၁၀)ဘီး အဖြူရောင်ယာဉ် (၁)စီးတို့အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ငယ် ၃ စီးပေါ်တွင် မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် ဆက်လက်ထွက်ခွာစေခဲ့ပြီး ယာဉ်မောင်း အိုက်သန်း (အရပ်သား) မောင်းနှာင်လာပြီး UWSA “ဝ” အဖွဲ့၊ စစ်သေဒ (၁၇၁)မှ တပ်သားအဆင့်ရှိ အေးလွင် (ခ) အိုက်စိုက် နှင့် အိုက်စု တို့လိုက်ပါလာသော ယာဉ်အမှတ် ၊ …. (၁၀) ဘီး အဖြူရောင်ယာဉ်အား စစ်ဆေးခဲ့ရာ ဘိလပ်မြေ (၁၀၀) အိတ်ခန့် တင်ဆောင်လာကြောင်း တွေ့ရှိရပြီး ယာဉ်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထားကြောင်း တွေ့ရှိရသဖြင့် မဟုန်တန်ရွာရှိ ကားဝပ်ရှော့သို့ မောင်းနှင်စေပြီး ကြမ်းခင်းအား ဖွင့်ဖောက် စစ်ဆေးခဲ့သည်။

ဖွင့်ဖောက် စစ်ဆေးခဲ့ရာ ကြမ်းခင်းအောက်တွင် အလျား ၄ ပေ၊ အနံ ၃ ပေ၊ အမြင့် ၆ လက်မခန့်ရှိသော အကန့် ၃ ကန့်အတွင်း သိုဝှက်၍ သယ်ဆောင်လာသော မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ပါသည်။

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများမှာ အလျား ၆ လက်မ၊ အနံ ၄ လက်မ၊ ထု ၁ လက်မခန့်ရှိ ဘိန်းဖြူ ဘလောက်တုံး ၆၆၅ တုံး၊ ၁ တုံးလျင် ၁၉၉.၅ ကီလိုဂရမ်၊ ဒေသတန်ဖိုး ၁ ကီလိုလျှင် ကျပ်သိန်း ၁၆၀ နှုန်းဖြင့် ၃၁၉၂၀ သိန်း နှင့် 12 ဗို့ Remington 870 အမျိုးအစား သေနတ် ၁ လက်နှင့် ကျည် ၄၅ တောင့်၊ အမ်-၇၉ ဗုံးပစ်လောင်ချာ သေနတ် ၁ လက်နှင့် ဗုံးသီး ၁၀ လုံး၊ Sigsauer P-229 အမျိုးအစား ၉ မမ ပစ္စတို ၁ လက်နှင့် ကျည်အိမ် ၁ ခု ကျည်တောင့် ၁၀ တောင့်၊ CZ-75 D အမျိုးအစား ၉မမ ပစ္စတို ၁ လက်နှင့် ကျည်အိမ် ၁ ခု ကျည် ၈ တောင့်တို့ ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

အိုက်သန်း (၄ဝ နှစ်)၊ အေးလွင် (ခ) အိုက်စိုက် (၄၂ နှစ်) နှင့် အိုက်စု (ခ) အနက် (၂၂ နှစ်) တို့ (၃) ဦး အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
မြ၀တီ 

မြဝတီမြို့အမှတ်(၄)ရပ်ကွက် မြေနီကုန်း တိုးချဲ့ ရပ်ကွက်တွင် မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်း များ ဖမ်းဆီးရမိ



၂.၁၀.၂၀၁၄ ရက်နေ့(၁၁၄၅)အချိန်တွင် ပူးပေါင်း
အဖွဲ့များဖြစ်ကြသည့် စစ်တပ်/BGF/စရဖ/ရဲ/
အမှတ်(၄)အုပ်ချုပ်ရေးမှူးတို့အဖွဲ့သည် သတင်း
အရ အမှတ်(၄)ရပ်ကွက် မြေနီကုန်းတိုးချဲ့ ရပ်ကွက်
ရှိ မသင်္ကာဖွယ်ရာနေအိမ်များ ဝင်ရောက်ရှာဖွေခဲ့
ရာ မျိုးမင်းနေအိမ်မှ
၁။ ကိုးလုံးပြူးကျည် - (၁၅)တောင့်
၂။ အီနာဂါဗုံးသီး - (၂) လုံး
၃။ M-16 ကျည်ကဒ်အတို-(၁)ခု
၎။ M-16 ကျည်ကဒ်အရှည်-(၁)ခု
၅။ ကွန်မန်ဒိုအမှတ်တံဆိပ်ပါလေးထောင့်လက်
မောင်းဘတ်တံဆိပ်(၁)စုံ
၆။ရခိုင်တပ်မတော်အမှတ်တံဆိပ်ပါ ဒိုင်းပုံလက်
မောင်းဘတ်တံဆိပ်(၁)စုံ
၇။Arakan Army အမှတ်တံဆိပ်ပါ လေးထောင့်
လက်မောင်းဘတ်တံဆိပ်(၁)စုံ
၈။Federal Union Army အမှတ်တံဆိပ်ပါ
လေးထောင့်လက်မောင်းဘတ်တံဆိပ်ပါနှင့်
ရင်ဘတ်တံဆိပ်(၁)စုံ
၉။ DKBA လက်မောင်းဘတ်တံဆိပ်(၃)စုံနှင့်ရင်
ဘတ်တံဆိပ်(၃)ခုနှင့်အတူ
မဝင်းဝင်းထွန်း မယဉ်ယဉ်သန့် မတင်တင်ထွေး
တို့၏နေအိမ်မှ ပန်းသီးတံဆိပ်ပါ ပန်းရောင်စိတ်ကြွ
ရူးသွပ်ဆေးပြား(၂၀၀)ပြားပါ(၉)ထုတ် (၇၇)ပြားပါ
၁ ထုပ် / စုစုပေါင်း(၁၀)ထုပ်/စုစုပေါင်း(၁၈၇၇)ပြား
အလေးချိန် ၁၆၈.၉၀ ဂရမ် (တစ်ပြားလျှင်-နှုန်းဖြင့်
ကာလတန်ဖိုး- ၅၆၃၁၀၀၀) တို့အားတွေ့ရှိ ဖမ်းဆီး
ခဲ့ပြီး မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိသူ
၁။ မဝင်းဝင်းထွန်း(သ)၂၉ နှစ်(ဘ)ဦးရွှေသာထွန်း
၁၁/စတန(နိုင်)၀၆၉၂၇၁ ကျဘမ်းလုပ် မြေနီ
ကုန်းတိုးချဲ့ရပ်ကွက် အမှတ်(၄)ရပ်ကွက် မြဝတီ
၂။ မယဉ်ယဉ်သန့်(ခ)မြဒါဦး(သ)၂၃နှစ်(ဘ)ဦးသန်း
ကျော်ရှိန် ၁၄/ပတတ(နိုင်)၀၅၇၅၂၉ လိပ်စာတူ
၃။ မတင်တင်ထွေး(သ)၃၆နှစ်(ဘ)ဦးဘသိန်း
၁၂/ဒဂတ(နိုင်)၀၃၁၉၈၃ ကျဘမ်းလုပ် အမှတ်-
၁/၁၁/၂၃၉ ) ဗိုလ်အေးချိုလမ်း လှိုင်သာယာ
မြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူတို့(၃)ဦး
အား မြဝတီမြို့မရဲစခန်း မယ(ပ) ၆၆/၂၀၁၄ မူးယစ်
ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါ
များဆိုင်ရာ ဥပဒေ ပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့် အမှု
ဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရှိရပါသည်။
အား အင်