“နိုင်ငံသားဖြစ်ပြီဆိုတော့ မြန်မာကိုပဲ အားပေးရမှာပေါ့ ”ဟု မြေပုံတောင်ပေါ်စခန်းမှ ဘင်္ဂလီအချို့ဆို


“မြန်မာနဲ့ မလေးရှားဘောလုံးကန်ရင် မြန်မာကိုပဲ အားပေးရမှာပေါ့။ ကျွန်တော်တို့က မြန်မာနိုင်ငံ သား ဖြစ်ပြီလေ။ မြန်မာနိုင်ငံသားအတိုင်းနေရမှာပါ။ ဝမ်းသာပါတယ်။ အခုလို ကျနော်တို့ကို မြန်မာနိုင်ငံသားအဖြစ် လုပ်ပေးတဲ့ အစိုးရကိုရော ရခိုင်တွေကိုလည်း ကျေးဇူးတင်ပါတယ်“

မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုလိုက်ပြီးနောက် မြန်မာနိုင်ငံသားများအတိုင်း လက်ခံကျင့်သုံးသွားမည်ဟု မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသည့် မြေပုံမြို့နယ် တောင်ပေါ်စခန်းမှ ဘင်္ဂလီများကပြောသည်။

Shwe Myitmakha Media Group

Facebook တည်ထောင်သူ Mark Zuckerberg နဲ့ Priscilla Chan တို့ဆီမှ သင်ယူရရှိနိုင်တဲ့ သမီးရည်းစား ဆက်ဆံရေး အချက် (၅) ချက်


အင်တာနက်ကို တခေတ်ဆန်းသစ်လာအောင် စွမ်းဆောင်ပေးခဲ့သူ Mark Zuckerberg ဟာ သူ့ဘဝလက်တွဲဖော်လည်းဖြစ်၊ သူ့အနာဂတ်ဇနီးလောင်းလည်းဖြစ်တဲ့ Priscilla Chan ကို ပါတီတစ်ခုမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် သူတို့နှစ်ဦး ဒိတ်လုပ်ခဲ့ကြတာဖြစ်ပြီး ခုဆိုရင် Mark နဲ့ Priscillaတို့ အတူလက်တွဲနေထိုင်ခဲ့ကြတာ ၁၂ နှစ်နှီးပါး တောင် ရှိနေပါပြီတဲ့။ အချိန်တွေ ဒီလောက်ကြာမြင့်စွာ နှစ်ဦးသား ဖြတ်သန်းခဲ့ကြတာဟာ တကယ်ကို မယုံနိုင်စရာကောင်းပါတယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာအသိုက်အမြုံလေးက တဆင့် သမီးရည်းစားဆိုင်ရာ သင်ခန်းစာအချို့ သင်ယူရရှိနိုင်မယ်ဆိုရင် ဒါဟာ ဘာတွေများဖြစ်လိမ့်မလဲ။

(၁) ဘယ်လောက်အလုပ်တွေရှုပ်ရှုပ် ချစ်သူအတွက် အမြဲတမ်းအချိန်ပေး

Mr Zuckerberg နဲ့ လက်တွဲပြီး သမီးရည်းစားဘဝထဲ ဝင်ရောက်လာတဲ့အချိန်မှာ သူတို့နှစ်ဦးတွေ့ဆုံဖို့၊ ဒိတ်လုပ်ဖို့အတွက် ကြပ်တည်းတဲ့ အချိန်၊ အခက်အခဲတွေ ရှိနေတယ်ဆိုတာ သိနေကြပါတယ်။ ဒါပေမယ့် ဘယ်လိုအခက်အခဲတွေပဲရှိရှိ၊ ဘယ်လောက်အလုပ်တွေရှုပ်ရှုပ် နှစ်ဦးသား တစ်ပတ်ကို တစ်ညလောက် အနည်းဆုံးအတူရှိဖို့ Mark ကို Priscilla က မေတ္တာရပ်ခံထားပါတယ်။ နာမည်ကြီး၊ လူသိများပြီး အင်မတန် အလုပ်ရှုပ်တဲ့ လူတွေအတွက် အပြင်ထွက်၊ အချိန်ဖြုန်းပျော်ပါးနေဖို့ဆိုတာ အတော်ခက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ချစ်ရတဲ့သူအတွက် အချိန်ပေးတယ်ဆိုတာ မလွဲမသွေ လိုက်နာရမယ့် နိယာမတစ်ခုပဲလေ။

(၂) တစ်ဦးနဲ့တစ်ဦး အမြဲတမ်း အပြန်အလှန်ချီးမွမ်းအားပေးစကားဆို

သူ့ ယုံကြည်ချက်တွေနဲ့ ရှေ့ရေးကို ကြိုတင်သိမြင်မှုတွေကြောင့် Mark ဟာ ဥာဏ်ရည်ထက်မြက်တယ်ဆိုတာ လူသိများပြီးသားဖြစ်မှာပါ။ မီဒီယာအသံလွင်ဌာနတစ်ခုနဲ့ တွေ့ဆုံပြောဆိုမှု တစ်ခုမှာ ဒီလိုလူသားဆန်တဲ့ လုပ်ငန်းတွေ စတင် ခြေလှမ်းလုပ်ဆောင်လာနိုင်တာဟာ Ms Chan ကြောင့်လည်း အများကြီးပါတယ်လို့ Mr. Zuckerberg က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူမဟာ ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် သူမလူနာတွေအကြောင်း နှစ်ဦးသား ပြန်လည်ပြောဆိုရာကနေ သူ့အလုပ်အတွက် အသိ၊ အိုင်ဒီယာတွေလည်း ရရှိခဲ့ပါတယ်တဲ့။

(၃) လူမှုမီဒီယာ ဖန်တီးသူရဲ့ ပထမဦးဆုံး အမျိုးသမီးဖြစ်ပေမယ့် ကိုယ့်ကိုကိုယ် ထက်မြက်တဲ့သူဖြစ်အောင် ကြိုးစား

ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရပ်တည်နိုင်သလို စဉ်းစားတွေးခေါ်တတ်တဲ့ အမျိုးသမီးဖြစ်တဲ့ Priscilla ဟာ Silicon Valley ရဲ့ ပထမဦးဆုံး အမျိုးသမီးမဖြစ်ခင်မှာကတည်းက အောင်မြင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ Havard University မှာ ဇီဝဗေဒဘာသာရပ်ကို လေ့လာသင်ကြားခဲ့ပြီး San Francisco မြို့ California တက္ကသိုလ်မှာ ဆေးပညာနဲ့ ကျောင်းပြီးထားတဲ့ Priscilla က ခုလက်ရှိမှာတော့ UCSF Benioff Childern’s Hospital မှာ တာဝန်ထမ်းဆာင်နေပါတယ်။ Priscilla ဟာ ယခုလက်ရှိနေရာရောက်လာအောင် အလုပ်ကိုကြိုးကြိုးစားစား လုပ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ဒုက္ခသည် မိဘနှစ်ပါးမှ မွေးဖွားခဲ့တဲ့ Priscilla ဟာ မိသားစုဝင်တွေထဲမှာတော့ ပထမဦဆုံးကောလိပ်ကျောင်း တက်ဖူးသူ တစ်ဦးဖြစ်ပါတယ်။ သူမနဲ့ Mark တို့ရဲ့ ပညာရေးအကြောင်းကို ပြန်လည်ထောက်ရှုတဲ့အခါမှာ သူတို့စုံတွဲနှစ်ဦးစလုံးက ပညာရေးဖောင်ဒေးရှင်း တစ်ခု တည်ထောင်ဖို့ ကြေငြာခဲ့ကြပါတယ်။ နှစ်ယောက်အတူ နှစ်ပေါင်းများစွာ လက်တွဲပြီးတဲ့နောက် နှစ်ယောက်အတူ ခိုင်မာတဲ့ ခံယူချက်တစ်ခု ရရှိကြတာပါ။

(၄) ဟာသဥာဏ် အမြဲရှိပါစေ

ကွန်ပျူတာ ဂျပိုးတစ်ယောက်ရဲ့ ချစ်သူတစ်ဦးဖြစ်နေရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ သက်သာမှုရစေတာက Mark နဲ့ Priscilla နှစ်ယောက်စလုံးမှာ ဟာသကို နားလည်ခံစားတတ်ကြပြီး ဟာသဥာဏ်လေးတွေ ရှိကြပါတယ်။

(၅) အိမ်မွေးတိရိစ္ဆာန်တွေ ချစ်တတ်အောင် ကြိုးစား

Zuckerberg နဲ့ Priscilla နှစ်ယောက်ဟာ ဟန်ဂါရီ သိုးခွေး Beast ရဲ့ အုပ်ထိန်းသူတွေဖြစ်ကြပါတယ်။ အဲဒီခွေးလေးဟာ ဖေ့စ်ဘုတ်ခ်ပြီးရင် Mark ရဲ့ ဒုတိယဦးစားပေးဖြစ်ကြောင်း ဟိုးအရင်အင်တာဗျူးတစ်ခုမှာ Priscilla က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အချစ်တော်ခွေးလေး ပျော်ရွှင်မှုရရှိစေဖို့ တစ်နေ့တစ်နေ့ မိနစ် ၃၀ လောက် အချိန်ပေးကြတယ်။ ခွေးလေးတစ်ယောက်ကို အတူတကွ ထိန်းကျောင်းယုယပေးတာ ဂရုစိုက်မှု၊ ချစ်ခြင်းမေတ္တာ၊ စိတ်ခံစားချက်တွေနဲ့ အတူတကွ အားစိုက်ထုတ်မှုတွေကြောင့် သူတို့စုံတွဲအတွက် အမှန်တကယ် ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်တဲ့။

Source: Menxp
Trend

ထောပတ်သီးမှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ


(၁) ဦးနှောက်ကို ကျန်းမာစေပါတယ်။
(၂) နှလုံးကို ကျန်းမာစေ ပါတယ်။
(၃) ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။
(၄) သွေးတိုးရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါတယ်။
(၅) သွေးတွင်း သကြားဓာတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။
(၆) ဗိုက်အောင့်ခြင်း အတွက်လည်း ကောင်းမွန်စေပါတယ်။
(၇) မျက်စိကိုလည်း ကြည်လင်စေပါတယ်။
(၈) ဖောလစ်အက်စစ်ဓာတ်ကိုလည်း ကြွယ်ဝစေပါတယ်။
(၉) အိုမင်း ရင့်ရော်ခြင်း အတွက်လည်း ကောင်းမွန်ပါတယ်။
(၁၀) အကိုက်အခဲများကိုလည်း သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
Ref-healthnews

နာမည်လေးလုံးပိုင်ရှင် အမျိုးသမီးအဆိုတော်နဲ့ လုံးဝမဟုတ်ပါဘူးလို့ ငြင်းဆိုသွားတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကို


ဖက်ရှင်ဒီဇိုင်းဆန်းဆန်းပြားပြားနဲ့ စတိုင်လ်ကျကျ ဝတ်ဆင်တတ်ပြီး၊ မာန်ပါပါ ဟန်ပါပါအပြည့်နဲ့ တေးသီချင်းတွေကိုသီဆိုတတ်သူ နာမည်လေးလုံးပါ မြန်မာနိုင်ငံရဲ့ လက်ရှိမှာ ထိပ်တန်းစာရင်းဝင် အဆိုတော်တစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်လို့ နာမည်ထွက်နေတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကို ကို ထွက်ရှိနေတဲ့ သတင်းပေါ် မေးမြန်းကြည့်လိုက်တဲ့အခါ “ကျွန်တော်နဲ့ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တောင် အလုပ်ကိစ္စနဲ့ သူနဲ့နှစ်ခါလောက်ပဲ အပြင်မှာဆုံဖူးပါတယ်။ နောက်ပြီး အဲဒီ့လောက်ထိ တရင်းတနှီး ပတ်သက်ရလောက်တဲ့ ခင်မင်ရင်းနှီးမှုမျိုးလည်း မရှိပါဘူး။ ကျွန်တော် တောင် ကြားကြားချင်း အရမ်းအံ့သြသွားတယ်။ ဘာပြောရမှန်းတောင် မသိလောက်အောင်ပါပဲ”လို့ ငြင်းဆိုသွားပါတယ်။

သုံးသလောက်သာကောက်မည့် အစီအစဉ် အော်ရီဒူး ကြေညာလိုက်ပြီ



အော်ရီဒူးမြန်မာ က စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၆ နာရီကစပြီး တယ်လီဖုန်းခေါ်ဆိုခ နှုန်းထားကို စက္ကန့်နဲ့ တွက်ချက်ယူမယ့်နှုန်းထားကို ပြောင်းလဲကျင့်သုံးမယ်လို့ ကြေညာလိုက်ပါတယ်။

အော်ရီဒူးမြန်မာရုံး က လူမှုဆက်ဆံရေး နဲ့ ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက “အော်ရီဒူးကနေ အော်ရီဒူး အချင်းချင်း ခေါ်ဆိုရင် ၁ မိနစ်ကို ၂၅ ကျပ်ဆိုတော့ စက္ကန့် ၆၀ နဲ့ စားပေါ့။ ကျသလောက် စက္ကန့်နဲ့ ပြော သမျှပဲ ကောက်ခံမှာပါ” လို့ ပြောပါတယ်။

အော်ရီဒူး ဆင်းကတ်ကနေ မြန်မာ့ဆက်သွယ်ရေးက အမ်ပီတီဆင်းကတ်နဲ့ ဖုန်းကို ခေါ်ဆိုရင်တော့ ၁ မိနစ်ကို ၃၅ ကျပ်နှုန်းထားနဲ့ ၁ စက္ကန့်ချင်း သုံးစွဲသလောက် တွက်ချက် ကောက်ခံမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒီနှုန်းထားမတိုင်မီက ဖုန်းခေါ်ဆိုခတွေကို ၁ စက္ကန့်ကျော်တိုင်း ၁ မိနစ်စာ (၆၀ စက္ကန့်) နှုန်းထား ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အော်ပရေတာ တင်ဒါအောင်ခဲ့တဲ့ အော်ရီဒူးမြန်မာဟာ လွန်ခဲ့တဲ့လဆန်းပိုင်းကစလို့ တယ်လီဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှုပေးနေသလို လက်ရှိမှာ မြန်မာ့ဆက်သွယ်ရေး အမ်ပီတီနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နေပြီး တယ်လီဖုန်းဆင်းကတ် ၁ သန်းကျော် ရောင်းချထားပြီးဖြစ်ပါတယ်။

အော်ရီဒူးမြန်မာရဲ့ အမှုဆောင်အရာရှိချုပ် Ross Comack က “ကိုယ်သုံးသလောက်ပဲ ကျသင့်တယ်ဆိုတာ အင်မတန်အရေးကြီးတယ်လို့ ကျနော်တို့ရဲ့ သုံးစွဲသူ မိဘပြည်သူများ ပြောပြချက်အရ သိရပါတယ်။ ကျနော်တို့ရဲ့ အသံအရည်အသွေးမြင့် ခေါ်ဆိုမှုတွေကို ဒီအယူအဆနဲ့ ထပ်ပေါင်းခြင်းအားဖြင့် သုံးစွဲသူ မိဘပြည်သူများကို ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံနဲ့ ပိုမိုသက်သာတဲ့ နှုန်းထားတွေကို ၀န်ဆောင်မှု ပေးနိုင်တော့မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်သီရိကြာညိုက အော်ရီဒူးမြန်မာဟာ ပထမဆုံးအနေနဲ့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့နဲ့ အနီးဝန်းကျင်က ၆၈ မြို့နယ်ကို စတင်ဝန်ဆောင်မှုပေးနေတဲ့အနက် နေပြည်တော်နဲ့ မန္တလေးမှာ ကြည်လင်ပြတ်သားပြီး မြန်နှုန်းမြင့်အင်တာနက်ရပေမယ့် လူနေသိပ်သည်းတဲ့ ရန်ကုန်ုမှာတော့ ၄၅ မြို့နယ်အနက် မြို့နယ် ၂၆ ခုမှာသာ အပြည့်အ၀ ၀န်ဆောင်မှုပေးနိုင်သေးတယ်လို့ ရှင်းပြပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်တခွင်လုံး ၀န်ဆောင်မှုပေးနိုင်အောင် တာဝါတိုင်တွေ တိုးမြှင့်ဆောက်လုပ်နေရာမှာ ဆီဒိုးနားနဲ့ မီကာဆာဟိုတယ်တွေအပေါ်မှာ တာဝါတိုင်တည်ဆောက်ရေးအတွက် လုပ်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းမှာ လှည်းကူး၊ ရေနံချောင်း၊ အုတ်ကန်၊ သုံးဆယ်၊ သာယာဝတီ၊ နတ်မောက်၊ မရမ်းကုန်း၊ ကော့မှူး၊ ပခုက္ကူ။ တောင်ငူ၊ ပုဂံ၊ ညောင်ဦး ကြည့်မြင်တိုင်၊ မြင်းခြံ၊ ဖြူး၊ သနပ်ပင်၊ ပန်းတနော်၊ ဒလ၊ နတ်တလင်း မင်းလှမြို့နယ်တွေမှာ အော်ရီဒူးဆင်းကတ်ဖုန်းတွေ သုံးနိုင်တော့မယ်လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတွေအဖြစ် မြန်မာ့ဆက်သွယ်ရေး၊ (အမ်ပီတီ)၊ အော်ရီဒူးနဲ့ ယှဉ်ပြိုင်ရောင်းချနေကြပြီး လာမယ့် အောက်တိုဘာလဆန်းပိုင်းကျရင် အော်ပရေတာအောင်ထားတဲ့ တယ်လီနောမြန်မာက ဈေးကွက်မှာ ၀င်ရောက်ယှဉ်ပြိုင်ရောင်းချတော့မှာဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးကတော့ ၁ မိနစ်ဖုန်းခေါ်ဆိုခ ၅၀ ကျပ် ကျသင့်နေပြီး ခေါ်ဆိုသည့်အချိန် ၆ စက္ကန့်တိုင်း တခါ ကောက်ခံတဲ့စနစ်ကျင့်သုံးနေတယ်လို့ သိရပါတယ်။

လက်ရှိကာလမှာ ဈေးကွက်အခြေအနေအရ မြန်မာ့ဆက်သွယ်ရေးတယ်လီဖုန်းဆင်းကတ်တွေဟာ ဈေးကွက်မှာ ၁၅၀၀ တန်ဆင်းကတ်တခုဟာ ၁ သောင်းခွဲကနေ ၂ သောင်းထိ ဈေးပေါက်နေပြီး အ၀ယ်လိုက်နေပါတယ်။
DVB

လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ သီချင်းမျိုးတွေကို အသက် ၁၄နှစ်ကတည်းက ရေးသားခဲ့တယ်လို့ ဆိုလိုက်တဲ့ အဆိုတော်မလေး



အရင်ကထက် ပိုနာမည်ကြီးလာတဲ့ Ariana Grande ကတော့ သူမရဲ့ ဒုတိယအယ်လ်ဘမ်ဖြစ်တဲ့ My Everything ထွက်ရှိပြီးတဲ့နောက် အောင်မြင်ပြီးရင်း အောင်မြင်တယ်လို့ပဲ ပြောရမှာပေါ့။ ခုဆို သူမဖြစ်ချင်တဲ့၊ လိုချင်တဲ့ အနေအထားကိုလည်း ရောက်လာခဲ့ပြီလေ။ တကယ်တော့ သူမဟာ အသက် ၁၄နှစ်ကတည်းက R&B အယ်လ်ဘမ်တစ်ချပ်ဖန်တီးဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။ သူမရဲ့ပြောစကားအရတော့ သူမအသက် ၁၄နှစ်အရွယ်တုန်းက အဲ့ဒီအရွယ်နဲ့မလိုက်တဲ့ ရင်ကျင့်တဲ့ အတွေးအခေါ်တွေနဲ့ သီချင်းတော်တော်များများကို ရေးသားခဲ့ပါတယ်တဲ့။
သူမက အဲ့ဒီတုန်းကအကြောင်းနဲ့ ပတ်သက်ပြီး "ကျွန်မအသက် ၁၄နှစ်တုန်းက Higher ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို ရေးဖူးတယ်။ အဲ့ဒီသီချင်းမှာ လိင်ပိုင်းဆိုင်ရာဘက် နည်းနည်းရောက်တဲ့သီချင်းဆိုပေမယ့် အရမ်းလည်း ရင့်ကျက်တဲ့ သီချင်းမျိုးပေါ့။ အဲ့သီချင်းစာသားတွေကို အမေက တွေ့တော့ ဟာ သီချင်းက အရမ်းကောင်းတာပဲ။ ဒါပေမယ့် ညည်းအသက်အရွယ်နဲ့ ဒီသီချင်းမျိုး ဘယ်လိုရေးလိုက်သလဲလို့တောင် တအံ့တသြဖြစ်ရတယ်လို့ အဲ့ဒီတုန်းက ကျွန်မကိုပြောသေးတယ်"တဲ့။
ဒါ့အပြင်သူမရဲ့ ဖန်တီးမှုတွေနဲ့ သူမရဲ့ တကယ့်အပြင်ကာရိုက်တာတွေကတော့ ကွဲပြားမှုတွေရှိနေမှာပါ။ သီချင်းထဲက ကောင်မလေးပုံစံဟာ သူမရဲ့ပုံစံမဟုတ်ဘူးလို့လည်း Ariana Grande က ဆိုဖူးပါတယ်။
"ခုဆို ကျွန်မရဲ့ဆံပင်အနက်တွေကို အညိုရောင်ပြောင်းဆိုးလိုက်ပြီ။ ပြီးတော့ ဗီဒီယိုထဲမှာလည်း ရက်ပ်ပါတစ်ယောက်နဲ့ ချစ်တဲ့အခန်းမျိုးတွေ ပါချင်ပါမယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလို သရုပ်ဆောင်ကြည့်ချင်လို့။ လူတွေရှေ့မှာ တစ်ခြားတစ်ယောက်လို အကြာကြီးဟန်ဆောင်ပန်ဆောင် နေရပြီးတဲ့နောက်မှာတော့ ကျွန်မလုပ်ချင်တာလေးတွေ လုပ်ဖို့ တော်တော်လေး စိတ်လှုပ်ရှားနေတယ်"လို့လည်း သူမက Marie Clarie အင်တာဗျူးမှာ ပြောသွားပါတယ်။
Ref:starpulse.com
မေသော် 
Trend Myanmar

အင်တာနက်ကနေ မျက်ကပ်မှန်တွေ တိုက်ရိုက်ဝယ်ယူခြင်းဟာ မိမိရဲ့အမြင်အာရုံ အတွက် စွန့်စားနေတာဖြစ်တယ်လို့ မျက်စိပညာရှင်တွေက သတိပေး


မျက်ကပ်မှန်တပ်ဆင်တဲ့သူတွေဟာ မျက်မှန်ရောင်းသူတွေဆီမှာ မ၀ယ်ယူပဲ အင်တာနက်ကနေ မျက်ကပ်မှန်တွေတိုက်ရိုက်ဝယ်ယူခြင်းဟာ မိမိရဲ့ အမြင်အာရုံအတွက် စွန့်စားနေတာဖြစ်တယ်လို့ မျက်စိ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

မျက်ကြည်လွှာကို အစားထိုးလို့မရနိုင်တဲ့ ထိခိုက်မှု မျိုးဖြစ်စေနိုင်တဲ့ Acanthamoeba လို့အမည်ရတဲ့ရောဂါတစ်မျိုး ဖြစ်ပွားမှုနှုန်းက ၂၀၁၀ ခုနှစ်က စတင်ပြီး နှစ်ဆမြင့်တက်လာကြောင်း လန်ဒန် Moor Fileds မျက်စိ ဆေးရုံက ပရော်ဖက်ဆာ John Dart ကပြောပါတယ်။

ပရော်ဖက်ဆာရဲ့ပြောကြားချက်အရ အင်တာနက်ကနေ မျက်ကပ်မှန်တွေ ၀ယ်ယူမှုဟာလည်း မြင့်တက်လာတာကိုတွေ့ရတယ်လို့ သိရပါတယ်။ မျက်ကပ်မှန် ရဲ့ သန့်ရှင်းမှုကို လူတွေအားလုံး သိဖို့လိုအပ်ပြီး မျက်စိနဲ့ ပတ်သက် တဲ့ရောဂါတွေ ဖြစ်လာရင် ဘယ်လို သိနိုင်မလဲဆိုတာတွေ က အရေးကြီးတယ်လို့ဆိုပါတယ်။

ကျောင်းသားကျောင်းသူတွေနဲ့ ငယ်ရွယ်သူတွေဟာ ပိုက်ဆံကို ချွေတာတဲ့ အနေနဲ့ အင်တာနက် ကနေ မျက်ကပ်မှန်တွေ ၀ယ်ယူကြပြီး သူတို့ဟာ မျက်ကပ်မှန်တွေကို စစ်ဆေးမှု မလုပ်ကြဘူးလို့သိရပါတယ်။အဲဒီ စစ်ဆေးမှုတွေ ဟာ မျက်စိ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တယ် လို့ ပရောဖက်ဆာက Dart ကပြောပါတယ်။ 

Ref:dailymail.co.uk
Trend

ကေအန်ယူ တပ်သားတဦး မြ၀တီတွင် အသတ်ခံရ


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ တပ်မဟာ ၆ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) အထူးစစ်ကြောင်းက တပ်သားတဦးရဲ့ ရုပ်အလောင်း မြ၀တီမြို့နယ်မှာ တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူဟာ ကေအန်အယ်လ်အေ အထူးစစ်ကြောင်းက ဗိုလ်ကြီးလမင်းရဲ့ တပ်သား စောတာနိုးဆိုသူ ဖြစ်ပြီး သူအလောင်းကို စက်တင်ဘာ ၂၂ ရက်နေ့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


ရုပ်အလောင်းတွေ့ရှိချိန် လက်ထိတ်ခတ်ထားပြီး ရုပ်ပျက်ဆင်းပျက် အသတ်ခံထားရ တယ်လို့ ကေအန် ယူရဲ့ မြ၀တီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူ စောဇောရိုးက ပြောပါတယ်။

သေဆုံးသူ တပ်သား စောတာနိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ သူတာဝန်ကျရာ မြ၀တီခရိုင် မယ်ထော်သလေး ဒေသကနေ သူ့တပ်ရင်းကို အပြန်မှာ ပျောက်ဆုံးခဲ့တာလို့ ပြောပါတယ်။

စောတာရိုးကို နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၂၂ က လက်ထိတ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ပြန်လွှတ်ခံရတဲ့ တက္ကစီသမားရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဗိုလ်မှူး စောဇော်ရိုးက ပြောပြပါတယ်။

“တာဝန်ကျတဲ့ဆီကနေ တပ်ရင်းရုံးကို ပြန်ဖို့ ဘီဂျီအက်ဖ် (နယ်ခြားစောင့်တပ်) တပ်ရင်း ၂၀၂၂ ကို ဖြတ်အလာမှာ သူတို့ခေါ်ပြီး စစ်ဆေးမေးမြန်းတယ်။ သူစီးလာတဲ့ ဆိုင်ကယ်တက္ကစီကိုတော့ မင်းနဲ့မဆိုင်ဘူး၊ ပြန်သွားပါဆိုပြီးတော့ ဆိုင်ကယ်က ပြန်လာတယ်။ အဲဒီကနေစပြီးတော့ ပျောက်သွားတယ်။ နောက်ဆုံးတော့ မနေ့က အလောင်းပေါ်လာတော့ လက်ထိတ်တန်းလန်းကြီးနဲ့ ပေါ်လာတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူတပ်မဟာ ၆ က နယ်ခြားစောင့် တပ် ၁၀၂၂ က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီသေဆုံးမှုဟာ သီတင်းတပတ်အတွင်း ကရင်လက်နက်ကိုင်တပ်သား ထပ်မံ သေဆုံးခဲ့ရမှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း မြ၀တီမြို့မှာ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်လင်းနိုင်ဟာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဒီကေဘီအေအဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်သလို နယ်ခြားစောင့်တပ်ဟာလည်း ဒီကေဘီအေကနေ ခွဲထွက်ပြီး နယ်ခြားစောင့်တပ်အစီအစဉ်မှာ အစိုးရ တပ်မတော်လက်အောက်ခံအဖြစ် ပူးပေါင်းတာဝန်ထမ်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
DVB

အသက်တစ်ချောင်းကို.... အမှိုက်တစ်စကဲ့သို့ .... စွန့်ပစ်ခဲ့ခြင်း.... (သို့ဟုတ်) တာဝန်မဲ့သောမိဘများ၏ ရက်စက်ယုတ်မာမှု ။


မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ ၊ အုန်းတော(၂)ရပ်ကွက် ၊ အပိုင်း(၁) ၊ ပညာပျိုးခင်းလမ်း တွင် မွေးကင်းစကလေးငယ် တစ်ဦး၏ ရုပ်အလောင်းတစ်ခု ယနေ့ စက်တင်ဘာလ(၂၂) ရက် မနက်(၈)နာရီခွဲ အချိန် ခန့်က တွေ့ရှိခဲ့သည်။ အဆိုပါ မွေးကင်းစကလေးငယ်၏ ရုပ်အလောင်းအား ပတ်ဝန်းကျင် ပြည်သူတစ်ဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ သတင်းပေး ပို့ခဲ့သဖြင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ကာ မြို့နယ်ဆေးရုံသို့ လိုအပ်သော ဆေးစစ်မှုများ ပြုလုပ်နိုင်ရန်ပို့အပ်လိုက်ကြ သည်။ ကလေးငယ်မှာ မိန်းကလေးတစ်ဦးဖြစ်ပြီး မွေးပြီးကာစ ချက်ကြိုးတန်း လန်းဖြင့် စွန့်ပစ်ခံခဲ့ရခြင်း ဖြစ်ကာ မသေဆုံးမီ(သို့) သေဆုံးပြီးမှ စွန့်ပစ်ခံခဲ့ရသည် ကို စုံစမ်းမှုများပြုလုပ်လျှက် ရှိသည်။ ထိုသို့ပြုမူလုပ်ဆောင် ခဲ့ခြင်းသည် လူမှုရေးပြဿနာ များကြောင့် ဥပဒေကိုမျက် ကွယ်ပြုကာ စာနာမှုကင်းစွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင် ကြောင်း ဒေသခံများကြားတွင် ဝေဖန်မှုများပြောဆိုနေကြ သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို စုံစမ်း ဖော်ထုတ်ကာ ထိရောက်ပြင်း ထန်သောအရေးယူ ဆောင် ရွက်မှုများ အမြန်ဆုံးဆောင် ရွက်နိုင်ရေးကိုလည်း ဒေသခံ များက တိုက်တွန်းဆန္ဒပြုနေ ကြသည်။

အာဖရိကန် ရွှေ့ပြောင်းအကျဉ်းသား ၂၀၀၀ ခန့် အစ္စရေး ပြန်လွှတ်ပေးမည်

အစ္စရေးတရားရုံးက အာဖရိကန်ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းထားတဲ့ ဌာနတခုကို တရားမဝင်ကြောင်း ကြေညာပြီး အကျဉ်းသား အယောက် ၂ ထောင်လောက်ကို တရားစွဲမှု မရှိဘဲ လာမယ့် ၃ လအတွင်း ပြန်လွှတ်ပေးဖို့ အမိန့်ချလိုက်ပါတယ်။

ဒီဇင်ဘာလက ကျင်းပတဲ့ အစ္စရေးလွှတ်တော် အစည်းအဝေး အတွင်း ရွှေ့ပြောင်း နေ ထိုင်သူတွေကို ထောင်ချဖို့ အတည်ပြုခဲ့လို့ လူ့အခွင့်အရေးအုပ်စုတွေ က ဝေဖန်ရှုတ်ချခဲ့ကြ ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူအများစုကတော့ ဆူဒန်နဲ့ အီရီထရီးယားနိုင်ငံတွေက လာသူတွေပါ။

အစ္စရေးခေါင်းဆောင်တွေက ရွှေ့ပြောင်းနေထိုင်သူတွေကို စိမ့်ဝင် ထိုးဖောက်နေ သူတွေလို့ ရည်ညွှန်းပြီး အစ္စရေးအတွက် အန္တရာယ်ရှိတယ်လို့ လူသိရှင်ကြား စွပ်စွဲရှုတ်ချခဲ့ပါတယ်။

သူတို့ မဝင်ရောက်နိုင်အောင် တားဖို့ အီဂျစ်နယ်စပ်မှာ ၂၀၁၂ ခုနှစ်က ခြံစည်းရိုး ကာခဲ့ပါတယ်။

အဲဒီနောက် ထောင်နဲ့ ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးပြီး နိုင်ငံတွင်းက ထွက်ဖို့ သဘောတူသူတွေကို ဘဏ္ဍာရေးမက်လုံးတွေ ကမ်းလှမ်းခဲ့ပါတယ်။

ခုတော့ လူ့အခွင့်အရေးအုပ်စုတွေရဲ့ အသနားခံမှုကြောင့် အစ္စရေးအာဏာပိုင်တွေက ဆုံးဖြတ်ချက် ပြောင်းခဲ့တာပါ။

အစ္စရေးတရားရုံးက နိုင်ငံတောင်ပိုင်းနဲ့ ဂဲ့ဗ်ကန်တာရမှာ လွန်ခဲ့တဲ့ ၁ နှစ်က ဖွင့်ခဲ့တဲ့ ဟိုလော့ ထိန်းသိမ်းရေးစခန်းကို ပိတ်ပြီး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ အာဏာပိုင်တွေကို အမိန့်ပေးခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ အစ္စရေးက ၃ လ အချိန်ရပါတယ်။ ဒါပေမယ့် ဟိုလော့ထောင်သားတွေကို ချက်ချင်းလွှတ်ပေးမှုကို လာမယ့် စက်တင်ဘာ ၂၄ ရက်နေ့မှာ စလုပ်ရမယ်လို့လည်း အမိန့်ပေးထားပါတယ်။ သူတို့က ထောင်မှူးဆီ သတင်းပို့တာကိုလဲ တရက် ၃ ကြိမ်အစား ၂ ကြိမ်သတင်းပို့ဖို့လည်း ခွင့်ပြုထားပါတယ်။
By ဒီဗွီဘီ

နောက်အိမ်ထောင်ပြုမယ့် အသိမိတ်ဆွေတစ်ယောက်ကို မပြောသင့်၊ မမေးသင့်တဲ့ အရာများ


ကိုယ့်အသိ၊ ကိုယ့်သူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က ပထမအိမ်ထောင်နဲ့ကွဲပြီး နောက်အိမ်ထောင်ပြုဖို့ စီစဉ်နေသူလား။ သူနဲ့တွေ့တဲ့အခါ ဘယ်လိုစကားမျိုးတွေက နောက်အိမ်ထောင်ပြုမယ့်သူအတွက် မေးဖို့၊ ပြောဖို့ မသင့်တော်ဘူးလဲဆိုတာ သိထားရမှာပါ။ ဒီလိုမဟုတ်ပဲ သူ့ကို ပြောလိုက်၊ မေးလိုက်မိတယ်ဆိုရင် သူအနေနဲ့ အနေရခက်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာမျိုးတွေ ကြုံရမှာ အသေအချာပါ။

၁။နင်ပြောတော့ နောက်ထပ်အိမ်ထောင် မပြုတော့ဘူးဆို

အမှန်ပဲ။ ပြောခဲ့ဖူးတာပေါ့။ အိမ်ထောင်ကွဲကွဲချင်း ခံစားချက်ကို အိမ်ထောင်ကွဲဖူးသူတွေပဲ သိမှာလေ။ ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေ့လာတော့လည်း ဘယ်သူက တင်းခံနိုင်မှာပဲ။ ဘ၀ကို တစ်ယောက်တည်း ဘယ်သူကများ ဖြတ်သန်းချင်မှာလဲနော်။

၂။ဒီတစ်ခါ အရင်နဲ့ မတူဘူးလို့ ခံစားနေရလား

အူကြောင်ကြောင်နိုင်လွန်းတဲ့ မေးခွန်းမျိုးပါ။ ပထမနဲ့ ဒုတိယ ခွဲခြားတာထက် နောက်ထပ်အိမ်ထောင်တစ်ခုက ဘယ်လိုအခြေအနေမျိုးနဲ့သွားမလဲဆိုတာပဲ ပိုစဉ်းစားရမှာ မဟုတ်ဘူးလား။

၃။ဒီမင်္ဂလာဝတ်စုံလေးက ပထမတစ်စုံထက် ပိုလှတယ်

သူများပျော်ရွှင်နေချိန်မှ အရင်အိမ်ထောင်ကွဲဖူးတယ်ဆိုတာမျိုးကို အစဖော်ချင်တာမျိုးလားလို့တောင် တွေ့ရတော့မယ်။

၎။အဲ့ဒါဆို ငါ့ facebook မှာတင်ထားတဲ့ နင့်အရင်မင်္ဂလာဆောင်ပုံတွေကို ဖျက်ပစ်ရတော့မလား

ဖျက်ချင်ရင်ဖျက်၊ မဖျက်ချင်ရင်လည်း အမှတ်တရသိမ်းထားလိုက်တော့။

၅။နင့်အရင်လူကြီးကို မင်္ဂလာပွဲကို ဖိတ်မှာလား

ဒါလည်း စိတ်ပူချင်ယောင်ဆောင်တဲ့ လှည့်ကွက်မေးခွန်းပါပဲ။ သိချင်ရင် အဲ့ဒီရောက်မှသာကြည့်လို့ ပြောပစ်လိုက်ချင်တယ်။

၆။ဒီတစ်ခါကျရင်တော့ နည်းနည်းကျဉ်းတဲ့အခန်းမှာပဲ ပွဲလုပ်မှာမလား

မင်္ဂလာဆောင်တာ ဒုတိယအကြိမ်ဖြစ်လို့ အတွေ့အကြုံရနေပြီးသား အပိုတွေ မလိုတော့ဘူးလို့ ဆိုချင်တာလား။

၇။နင့်ယောက္ခမတွေက အရင်တစ်ယောက်ရဲ့ ယောက္ခမထက်တော့ သာမယ်ထင်တယ်နော်

မလိုအပ်တာတွေ ခုလို လိုက်စိတ်ဝင်စားမယ့်အစား ကိုယ့်အကြောင်း ကိုယ်တွေးနေတာ ပိုကောင်းပါတယ်။

၈။မင်္ဂလာဦးညကျရင်တော့ နင်ပထမဆုံးအခေါက်တုန်းကလို စိတ်လှုပ်ရှားစရာ မလိုတော့ပါဘူး

ဒါလည်း စော်ကားပြောဆိုခြင်း တစ်မျိုးပဲပေါ့။

၉။နင်ကသာ နှစ်ခါလောက် မင်္ဂလာဆောင်ဖြစ်သွားတယ် ငါကတော့ တစ်ယောက်တည်းပဲ

ချီးမွမ်းတာလား၊ ကဲ့ရဲ့တာလား၊ ကိုယ့်ကိုကိုယ် အားငယ်သွားတာလား ဘာဖြစ်ချင်တာလဲ ဆိုတာ စဉ်းစာစရာစကားပေါ့။

၁၀။နင်ကြောက်နေလား

ကြောက်စရာ ဘာများရှိလို့လဲ။ ဒုတိယအကြိမ် မင်္ဂလာဆောင်မယ့်သူက ဒီတစ်ခါရော ဘယ်လိုများဖြစ်ဦးမှာလဲဆိုပြီး ကြောက်နေရမှာလား။

Ref:womenshealthmag.com
Trend

အနုပညာရှင်များကြားက မူးယစ်ဆေးပြဿနာ


မကြာသေးမီရက်ပိုင်းအတွင်းက နာမည်ရသရုပ်ဆောင်မင်းသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား တစ်ရာကျော်နှင့်အတူ ဖမ်းဆီးလိုက်သည့်သတင်းမှာ ပရိသတ်အတွက် အထူးအဆန်းမဟုတ်တော့ပါ။ အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးပြဿနာ ရောထွေးနေမှုများမှာ ပရိသတ်များနှင့် ရင်းနှီးနေပြီဖြစ်သည်။

“တချို့ရုပ်ရှင်ထုတ်လုပ်ရေး တိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီ ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက်လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေးဝယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့သူတွေ တစ်ပုံကြီး၊ ပွဲတော်ကြီးလိုဖြစ်နေတာ”

ယနေ့ အနုပညာလောကအတွင်း ကြီးကြီးမားမားစိမ့်ဝင် နေရာယူထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ၏ အခန်းကဏ္ဍမြင်ကွင်းကို အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဖွင့်ဟပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ပေါ်၌ ဘိန်းကို အလွယ်တကူဝယ်ယူရရှိနိုင်သည့် ကာလတုန်းက သုံးစွဲသည့် အနုပညာရှင်အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှုမရှိသလောက် နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူ ဒါရိုက်တာဝိုင်းက ဆိုသည်။

ယနေ့ခေတ်တွင်မူ သုံးစွဲရုံသာမက ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားသည့် အနုပညာရှင်အချို့ ရှိလာပြီဖြစ်သည်။ ၎င်းတို့သည် ငွေကြေးရလိုမှုတစ်ခုအပြင် ဆေးကို စည်းရုံးသိမ်းသွင်းသည့် လက်နက်တစ်ခုသဖွယ် သုံးစွဲလာသည်မှာ အနုပညာလောကအတွက် အန္တရာယ်ဖြစ်လာကြောင်း မူးယစ်ဆေးဝါးသံသရာထဲက ယတိပြတ် ရုန်းထွက်ခဲ့ပြီး ယခုနာမည်ကြီး ဒါရိုက်တာတစ်ဦးအဖြစ် ပြန်လည်ရပ်တည်နေသူ ဒါရိုက်တာဝိုင်းက ပြောသည်။

နာမည်ရသရုပ်ဆောင်အချို့၊ အဆိုတော်အချို့၊ ဒါရိုက်တာ အချို့ ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရချိန်တွင် ပရိသတ်များကြားထိပင် သိရှိနေသည့် ဆေးဝါးရောင်းဝယ်မှုများနှင့် ပတ်သက်နေသော အနုပညာရှင်များ ဖမ်းဆီးခံရမှုသတင်းများ မတွေ့ရသေးသည်ကို မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက အဖြေပေးပါသည်။

“သိသိကြီးနဲ့ မဖမ်းဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ သိရင်တောင်မှ သူဘယ်ဟိုတယ်မှာ သုံးနေတာလဲ။ In Position ဖြစ်နေလား ကြည့်ပြီးမှ လုပ်ရတယ်။ ဘယ်သူကတော့ သတင်းကျော်ဇောမှုရှိတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတာကတော့ အနည်းနဲ့အများရှိကြတယ်။ စောင့်ကြည့်နေတယ်။ ကိုယ့်ဘက်က သေချာပိုင်နိုင်ရင် အနုပညာရှင်မကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူတာပါပဲ”

သို့သော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် ကျော်ဇောသတင်း ရထားတိုင်းလည်း ၀င်ရောက်ဖမ်းဆီးရန်မှာမူ အခက်အခဲအတားအဆီးများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“သရုပ်ဆောင်တွေထဲလည်း သုံးတာရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ Position ရှိမှ အရေးယူလို့ရမှာ။ သတင်းတက်လာတာနဲ့ အိမ်ပေါ်တက်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်လို့မရဘူး။ မမိရင် သိက္ခာချတယ်။ ကျင့်ဝတ်ချိုးဖောက်တယ်လို့ ဖြစ်လာနိုင်တယ်။ ဥပဒေက ရှိသေးတယ်” ဟု အဆိုပါ ရဲမှူးကြီးက ပြောသည်။

မအိပ်မနေ လန်းဆန်းတက်ကြွစွာဖြင့် အနုပညာအလုပ်များ လုပ်ကိုင်နိုင်ပြီး ဆန်းသစ်သော စိတ်ကူးများ၊ အတွေးအခေါ်များ ထွက်ပေါ်နိုင်သည်ဟူသည့် ယူဆချက်များကြောင့် နီးစပ်ရာအနုပညာရှင်အချို့ ဟိုတယ်ကဲ့သို့သော အခန်းများအတွင်း အုပ်စုဖွဲ့၍ ဆေးဝါးမှီဝဲခြင်းများရှိသည်။ နာမည်ကျော် အနုပညာရှင်များကို ဆေးဝါးများ အခမဲ့ပံ့ပိုးပေးခြင်း၊ အလွယ်တကူရှာဖွေပေးနိုင်ခြင်းတို့ဖြင့် စည်းရုံးထားနိုင်ပါက လုပ် ငန်းအဆင်ပြေနိုင်မည်ဟု ယူဆ ကြသည့် ထုတ်လုပ်ရေးတိုက်အ ချို့က ယင်းနည်းလမ်းကို သုံးစွဲကြ သည်ဟု ဆိုကြသည်။

“အနုပညာရှင်အချင်းချင်းလည်း ရောင်းတယ်။ အပြင်ကလူတွေကလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့ သူတွေနဲ့ ချိတ်မိသွားပြီး အရောင်းအ၀ယ်တွေဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်၊ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန်လွတ်လပ်စွာနဲ့ လုပ်ချင်ရာ လုပ်နိုင်နေကြတယ်” ဟု အမည်မဖော်လိုသူ ဒါရိုက်တာတစ်ဦးက ပြောသည်။

“တချို့ဆေးရောင်းသူတွေက သူတို့လိုအင်ဆန္ဒအတွက် စပေးသုံးတုန်းက ပိုက်ဆံပေးစရာ မလိုဘူး။ နောက်ပိုင်းကျတော့ ရောင်းရော။ မူးယစ်ဆေးဝါးသုံးစွဲပြီးရင် နောက်ဆက်တွဲလိင်ကိစ္စတွေပါ ပါလာကုန်တယ်။ အခုဟာက အနုပညာရှင်အချင်းချင်းကိုပဲ ရောင်းတာမဟုတ်ဘဲ လူတကာကို ရောင်းနေတာ” ဟု ယင်းဒါရိုက်တာက ပြောသည်။ အနုပညာရှင်အချို့သည် မူးယစ်စေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မှီဝဲသုံးစွဲမှ ဖန်တီးထုတ်လုပ်သည့် အနုပညာထုတ်ကုန်များ အရည်အသွေး တောက်ပြောင်ထူးချွန်သည်ဟု တလွဲယူဆချက်မှာ ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်သည့် အဓိကအချက်ဖြစ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးစီမံချက် ဒါရိုက်တာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးဒေါက်တာလှဌေးက ဆိုပါသည်။

“အရင်ခေတ်က ဘိန်းက သုံးပြီးရင် ငြိမ်တော့ အကျခေတ်ပေါ့။ အခုက အကြွခေတ်။ များသောအားဖြင့် မအိပ်မနေနဲ့ ဖျော်ဖြေရေးလိုင်းသွားတဲ့ ကလေးတွေက စိတ်ကြွဆေးတွေကို တလွဲသုံးစွဲကြတယ်။ အဆိုတော် ကောင်လေးတစ်ယောက်ဆို ဒါသုံးလို့ ပိုဆိုနိုင်တယ်လို့ပြောတယ်။ ဒါတော်တော်လေး လွဲမှားတယ်။ ရှိသမျှခွန်အားကို တစ်ထိုင်တည်းနဲ့ သုံးတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအရ ရုတ်တရက်သေဆုံးတဲ့ ဖြစ်ရပ်တွေ အခုနောက်ပိုင်းများလာတာ တွေ့နိုင်တာပဲ” ဟု ဒေါက်တာလှဌေးကပြောသည်။

အနုပညာရှင်များအကြား ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသရသည်ဟုဆိုကာ ဆေးလွန်သွားသဖြင့် ကုသမှုခံယူရသည့် သတင်းများကလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက ဖမ်းဆီးမှုများရှိသလောက် လက်လှမ်းမီ အလွယ်တကူရနိုင်သည့် ဆေးဝါးမှာလည်း အဆိုပါ WY စာတန်းပါ ဆေးပြားများ ဖြစ်နေကြောင်း တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်နေသည့် ဒေါက်တာလှဌေးက ဆိုသည်။ ရုပ်ရှင်ရိုက်ကွင်းအချို့တွင်ပင် တရားဝင်သဖွယ် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများ ရှိနေပြီး အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုမှာ အားနည်းနေကြောင်း ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါးအပေါ်ထားတဲ့ တစ်ဦးချင်းရဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ တော်တော်လေး ကြီးမားပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မသုံးစွဲသင့်ပါဘူး” ဟု အကယ်ဒမီထွန်းအိန္ဒြာဗိုက ပြောကြားသည်။

တိုင်းပြည်ကို ပြန်လည်ထူထောင်နေသည့် ကာလတွင် လူ့စွမ်းအားအရင်းအမြစ်များထဲမှ အဓိကအရေးပါသည့် လူငယ်ထု၏ အသက်အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသော စိတ်ကြွရူးသွပ်ဆေးဝါးကို အမြစ်ဖြတ်သုတ်သင်ရန် အစိုးရတွင် တာဝန်အပြည့်အ၀ရှိကြောင်း ဒါရိုက်တာရီဇော်က ပြောသည်။

“လွယ်လွယ်နဲ့ ၀ယ်မရဘူးဆို ဘယ်သူမှ သုံးမနေဘူး။ တိုင်းပြည်ပြန်ထူထောင်မယ့်အချိန်မှာ ပညာတတ်တွေ စွမ်းအားအရင်းအမြစ်တွေ နည်းရတဲ့အထဲ မူးယစ်ဆေးဖျက်ဆီးခံနေရတာ ၀မ်းနည်းဖို့ ကောင်းပါတယ်။ အစိုးရမှာလည်း သူ့အကျပ်အတည်းနဲ့ သူရှိမှာပါ။ ဒါပေမဲ့ ဒီဆေးဝါးပြဿနာကိုတော့ အရေးပေါ်စီမံချက်တစ်ခု အနေနဲ့ နှိမ်နင်းသင့်ပါပြီ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းရှိ မူးယစ်ဆေးဝါးကိစ္စများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထားပြီး အရေးမယူကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ပိုမိုများပြားလာနေကြောင်း မေလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ဒီချုပ်ဗဟိုဦးစီးအစည်းအဝေးတွင် ပြောကြားထားသည်။

တရားဝင်ဈေးကွက်ကြီးသဖွယ် အနုပညာသမားများ၏ စွမ်းအားများးကို ခြိမ်းခြောက်ဖြိုဖျက်သော မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကို မိမိတို့၏ ကိုယ်ပိုင်အသိခံယူချက်တို့ဖြင့်သာ တွန်းလှန်ရမည် ဖြစ်သည်။ ပရိသတ်များ ချစ်ခင်အားပေးသည့် အနုပညာရှင်ဖြစ်လာရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲရန် မလိုပါ။ မူးယစ်ဆေးဝါး မှီဝဲရန် မလိုပါ။ ပင်ကိုအရည်အသွေးကို မှတ်ကျောက်တင်နိုင်သည့် အနုပညာဝမ်းစာပြည့်ဝသော ပါရမီရှင်များကိုသာ ပရိသတ်ကတောင့်တသည်။ မူးယစ်ဆေးအကူအညီကြောင့် အောင်မြင်ကျော်ကြားပြီး ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်ရပ်တည်နိုင်သော အနုပညာရှင် မရှိသေးပါ။ ရှိမည်လည်း မဟုတ်ပါ။ “အနုပညာရှင် ကျွန်တော့်လူနာတွေ ဆုံးပါးသွားကြတာ တော်တော်တောင်ကြာသွားပါပြီ”ဟု လမ်းလွဲသွားသူ ကြွေလင့်အနုပညာရှင်အချို့အကြောင်း ဆရာဝန်ကြီးဒေါက်တာလှဌေး၏ မှတ်ချက်က ယနေ့ မူးယစ်ဆေးဝါးနွံထဲက ရုန်းမထွက်နိုင်သေးသော အနုပညာရှင်အချို့အတွက် မှတ်သားစရာပင် ဖြစ်ပါသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News

မွေးဖွားပြီး ပထမဆုံး ရက်သတ္တပတ်များ မွေးကင်းစကလေး၏ သွင်ပြင်လက္ခဏာများ


(၁) အရေပြားအရောင်
မွေးကင်းစကလေးငယ်ရဲ့ ခန္ဓာကိုယ်မှာ အဖြူရောင်အဆီခဲ၊ အဆီဖတ်များနဲ့ ဖုံးလွှမ်းနေတတ်ပါတယ်။ အချို့ကလေးများရဲ့ နောက်ကျောကုန်း(သို့) ပခုံးပေါ်မှာ မွှေးညှင်းနုထူထူအကွက်များဟာ ရှိတတ်ပြီး တစ်ပတ်လောက်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ ကျန်းမာတဲ့ မွေးကင်းစကလေးငယ်ရဲ့ အသားရောင်ဟာ နီညိုအကွက် အပြောက်များနဲ့လည်း ရှိနေတတ်ပါတယ်။ သွေးလည်ပတ်မှု မတည်ငြိမ်သေး၍ ဖြစ်ပါတယ်။
ရင်သွေးငယ်ရဲ့ အရေပြားတွေဟာ တွန့်နေပြီး ခြောက်သွေ့နေတတ်ပါတယ်။ တချို့ဟာ ခြောက်သွေ့ပြီး ကွာကျတတ်တယ်။ သင့်ရင်သွေးငယ်၏ တွန့်ပြီးခြောက်သွေ့နေတဲ့ သဘာဝအရေပြားအတွက် Babi Mild Baby Lotion with Vitamin E ကို လိမ်းပေးခြင်းဖြင့် ခြောက်သွေ့ကွာကျမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။


(၂) ချက်ကြိုး
မွေးကင်းစကလေးငယ်ရဲ့ ချက်ကြိုးငုတ်တိုဟာ မွေးပြီး (၁၀) ရက်မှ ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့သဘာဝအတိုင်း ကြွေသွားပါလိမ့်မည်။
သန့်စင်သော ဂွမ်းစတွင် အရက်ပျံအနည်းငယ်ထည့်၍ ဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။ ချက်ကြိုးမှာ သာမန်ထက် သွေးထွက်များနေခြင်း၊ ချက်တိုင်ပတ်လည်မှာ အရေပြားနီရဲနေခြင်း၊ ရောင်ရမ်းနေခြင်းတွေ့ရရင် ဆရာဝန်နဲ့ အမြန်ပြသပါ။
ရင်သွေးငယ်မွေးဖွားစဉ် ပြုလုပ်ခဲ့ရသော မိခင်၏ မွေးလမ်းကြောင်း အသေးစားခွဲစိတ်မှုနှင့် ဆက်စပ်သော ချုပ်ရိုးနှင့်အနာသို့ ရောဂါပိုးမွှားဝင်ရောက်မှုကို ကာကွယ်ရန်နှင့် အနာကျက်စေရန် အတွက် အရက်ပျံဆွတ်ထားသော ဂွမ်းလုံးလေးကို နေ့စဉ်အနည်းဆုံး (၂) ကြိမ် (သို့) ကိုယ်လက်သန့်စင်မှု ပြုလုပ်ပြီးတိုင်း အသုံးပြုသင့်ပါသည်။

(၃) ငယ်ထိပ်နဲ့ဦးခေါင်း
ရင်သွေးငယ်ရဲ့ ဦးခေါင်းအရှည်ဟာ ခန္ဓာကိုယ်အလျားရဲ့ လေးပုံတစ်ပုံရှိပါတယ်။ မွေးပြီးစကလေးရဲ့ ငယ်ထိပ်နေရာမှာ ဦးခေါင်းရိုးများ မဆက်သေးတာတွေ့ရပါမယ်။ ငယ်ထိပ်နေရာမှာ သွေးခုန်နှုန်းနဲ့ အတူလှုပ်ရှားနေတာတွေ့ရပါတယ်။ ငယ်ထိပ်နေရာမှာ ဦးနှောက်ကို ကာကွယ်ပေးထားတဲ့ အထူးစပါယ်ရှယ် အလွှာတစ်ခုရှိပါတယ်။ အထဲကို ထိခိုက်မှု ဒဏ်မှ အတော်အတန်ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် အဲဒီနေရာမှာ အပေါ် ဦးခွံအပေါ် သန့်ရှင်းရေး စိတ်ချလက်ချလုပ်နိုင်ပါတယ်။

(၄) မွေးရာပါ အမှတ်အသားများ
ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်တွင် တွေ့ရတဲ့ မွေးရာပါ တချို့အမှတ်အကွက်တွေဟာ ကလေးကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ ကလေးရဲ့ လက်ချောင်းကလေးတွေမျာ အသားမာတက်သလိုဖြစ်ပြီး အပူလောင်ဖူတွေ တွေ့ရတတ်ပါတယ်။ မွေးလမ်းကြောင်းတစ်လျောက် ထွက်လာစဉ်အတွင်း အချိန်ကြာ ခဲ့တဲ့ အချို့ကလေးငယ်တွေရဲ့ မျက်နှာဟာ ပြာနှမ်း၊ ရောင်ရမ်း နေတတ်ပါတယ်။ စိတ်မပူပါနဲ့။ ရက်အနည်းငယ်အတွင်းမှာ ပျောက်သွားမှာ ဖြစ်ပါတယ်။

ဒေါက်တာ အိအိခင်(ကလေး)

ဧရာဝတီဘဏ်က Mobile Banking ကို အောက်တိုဘာတွင် မိတ်ဆက်မည်


ဧရာဝတီဘဏ်သည် လက်ရှိ အချိန်၌ Internet Banking စနစ် ကို ဝန်ဆောင်မှုပေးအပ်နေပြီး လာမည့် အောက်တိုဘာလဆန်းပိုင်း၌ Mobile Banking စနစ်ကို ထပ်မံ ဝန်ဆောင်မှုပေးအပ်မည်ဟု ဧရာဝတီဘဏ်၏ အီလက်ထရွန်နစ်ဌာနမှ ကိုမျိုးဝင်းရည်ကပြောသည်။ Internet Banking စနစ်ကို ဇွန်လ ၂၇ ရက်နေ့တွင် စတင်ဝန်ဆောင်မှုပေးအပ်ခဲ့သည့် ဧရာဝတီဘဏ်သည် Mobile Banking စနစ်ကိုဝန်ဆောင်မှုပေးအပ်နိုင်ရန် ပြင်ဆင်နေခြင်ဖြစ်ပြီး အဆိုပါ Mobile Banking စနစ်၌ Internet Banking စနစ်နှင့်မတူညီသော ဝန်ဆောင်မှုသစ်များကို ထည့်သွင်းထားသည်ဟုသိရသည်။
ဧရာဝတီဘဏ်၏ Internet Banking စနစ်၌ ကျပ်ငွေစနစ်တစ်ခုကိုသာ ဖော်ပြပေးနိုင်သော်လည်း Mobile Banking စနစ်၌ ယူရို ၊ အမေရိကန်နှင့် စင်ကာပူငွေကြေး စနစ်များကို ဖော်ပြပေးနိုင်သည်ဟု သိရသည်။ ထို့အပြင် Mobile Banking စနစ်၌ SMS စနစ်ကို အပိုဆောင်းအနေဖြင့် အသုံးပြုနိုင် မည်ဖြစ်သည်။ SMS စနစ်ကြောင့် အင်တာ နက်ကွန်ရက်မလိုအပ်ဘဲ ငွေကြေး များကို လွှဲပြောင်းပေးအပ်နိုင်မည့် အပြင် အခြားသောဝန်ဆောင်မှုများ ဖြစ်သည့် နိုင်ငံတကာသုံးစမတ် ကတ်များဆီသို့လည်း Internet Banking နှင့် Mobile Banking စနစ်ကိုအသုံးပြု၍ ငွေကြေးလွဲ ပြောင်းအသုံးပြုနိုင်မည်ဟု သိရသည်။ ထို့အပြင် ATM စက်များ ၏ တည်နေရာများကို ကြည့်ရှုနိုင် ခြင်းနှင့် မိုဘိုင်းဖုန်းများဆီသို့ ငွေကြေးဖြည့်သွင်းနိုင်ခြင်း ၊ ဈေးဝယ် စင်တာများ၌ ငွေကြးပေးချေနိုင် ခြင်းတို့ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ Mobile Banking စနစ်ကို အင်းဝဘဏ် ၊ CB ဘဏ်နှင့် အခြားသောဘဏ်တစ်ခု တို့က စတင်ဝန်ဆောင်မှုပေးအပ်နေ ပြီဖြစ်ပြီး ဧရာဝတီဘဏ်က လေးခုမြောက်ဘဏ်အဖြစ် Mobile Banking ကို ၀န်ဆောင်မှုပေးအပ် မည်ဖြစ်သည်။ အင်းဝဘဏ်၏ Mobile Banking စနစ်၌ အသုံးပြု သူ ၅ သောင်းကျော်ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း အခြား သောဘဏ်များကမှု ထုတ်ပြန်ပြော ဆိုခဲ့ခြင်းမရှိပေ။ ဧရာဝတီဘဏ်သည် Internet Banking စနစ်နှင့် Mobile Banking စနစ်အသုံးပြုသူများအတွက် ငွေကြေးစာရင်းဇယားများကို အချိန် နှင့်တစ်ပြေးညီအသုံးပြုနိုင်စေရန် အင်တာနက်မှတစ်ဆင့် ဘဏ်ခွဲ အားလုံးကို ကွန်ရက်တစ်ခုချိတ် ဆက်ထားကြောင်း သိရသည်။ လက်ရှိအချိန်၌ ဧရာဝတီဘဏ် သည် ဘဏ်ခွဲပေါင်း ၇၉ ခုကို ဖွင့်လှစ်ထားပြီး လာမည့် ၂၀၁၅ ခုနှစ် မတ်လ၌ ဘဏ်ခွဲပေါင်း ၁၂၀ ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထား သည်။ လက်ရှိအချိန်၌ ဧရာဝတီဘဏ်တွင် Internet Banking အသုံးပြုသူ ၄၃၀၀ ဝန်းကျင်ရှိသည်။

မြဝတီ နည်းပညာ

အမေရိကန် နှင့် မိတ်ဖက် အာရပ်နိုင်ငံတို့ ဆီးရီးယားရှိ IS စစ်သွေးကြွများကို ဗုံးကြဲတိုက်ခိုက်


အမေရိကန်နှင့် မိတ်ဖက် အာရပ်နိုင်ငံအချို့သည် ဆီးရီးယားရှိ IS စစ်သွေးကြွပစ်မှတ်များကို အင်္ဂါနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဒဏ်ပိနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်က ထိုးစစ်ဆင်နွှဲခြင်း ဖြစ်သည်။
ယခုလေကြောင်း တိုက်ခိုက်မှုများမှာ IS တို့က ၄င်းတို့၏ မြို့တော်အဖြစ် ကြေညာထားသော ရက်ကာမြို့ကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း အခြားနေရာများလည်းပါဝင်ကြောင်း သိရသည်။

တိုက်ခိုက်မှု၌ ဗုံးကြဲလေယာဉ်များ၊ တိုက်လေယာဉ်များနှင့် တိုမဟော့ ဒုံးကျည်များ ပါဝင်ကြောင်း အမေရိကန်စစ်အရာရှိကြီး တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

Ref : CNN

ရှားစောင်းလက်ပတ်သုံးပြီး ရောဂါကုသနည်းများ


ရှားစောင်းလက်ပပ်က ဘယ်လို ထိ ထိရောက်ရောက် အသုံးဝင် တယ်ဆိုတာ အတိအကျ မပြောနိုင် သေးပေမယ့် ရောင် ရမ်းမှု လျော့ကျစေတဲ့ ဒြပ်ပေါင်းတွေနဲ့ နာကျင်မှု သက်သာစေတဲ့ ဓာတ်ပါပါတယ်။ ဒါ့အပြင် ရှားစောင်း လက်ပပ်မှာပါတဲ့ မဂ္ဂ နီဆီယမ် လက်တိတ်ဟာ ယားယံမှုကို သက် သာစေပြီး သွေးကြောတွေကို ကျယ်စေတဲ့ နည်းနဲ့ အနာကျက်နှုန်းကို မြန်စေပါတယ်။

(၁) ပြတ်ရှဒဏ်ရာကို ဖုံးအုပ်ပေးခြင်း ပြတ်ရှရာပေါ်မှာ ရှားစောင်းလက်ပပ် ဂျဲလ်တွေက သုတ်လိမ်းပေးရင် အနာကျက် နှုန်းကို မြန်ဆန် စေပါတယ်။ ဒါပေမဲ့ ပြင်း ထန်ဆိုးရွားတဲ့ အနာတွေ အတွက် ကောင်း မွန်တဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး။ ရှားစောင်း လက်ပပ်ဂျဲလ် အနှစ်ရည်လိမ်း လိုက်ရင်အနာကျက်နှုန်း များတယ်လို့ လော့စ် အိန်ဂျလိစ်သုတေသီတွေက ဆိုပါတယ်။


(၂) အပူလောင်နာကို သက်သာစေခြင်း အပူလောင်တဲ့ ဒဏ်ရာပေါ်မှာ ရှား စောင်းလက်ပပ်ဂျဲလ် အနှစ်ကို သုတ်လိမ်း ပေးတာကြောင့် နာကျင်မှုကို လျော့ကျ စေပြီး အရေပြားကို စိုပြည်စေကာ ပိုး မွှားကပ်ငြိမှု လျော့နည်းအောင် ကူညီပေး ပါတယ်။ နေလောင်ဒဏ်ရာကြောင့် အ ရေပြားနာကျင်မှုကိုလည်း သက်သာစေ ပါတယ်။ နေလောင်ဒဏ်ရာရချိန်မှာ ကြက်သီးနွေးရေထည့်ထားတဲ့ ချိုးရေထဲ ကို ရှားစောင်းလက်ပပ်အနှစ်ရည် တစ် ခွက်-နှစ်ခွက်ခန့်ထည့်ပြီး စိမ်ပေးရမှာ ဖြစ်ပါတယ်။

(၃) ဆိုးရီးယေးစစ်အနာကို ကုသခြင်း ရှားစောင်းလက်ပပ်ဂျဲလ် အနှစ်ရည် ကို ယားယံနေတဲ့ အရေပြားပေါ် သုတ် လိမ်းပေးရင် ရောင်ရမ်းမှုကို လျော့ကျ စေပြီး အရေပြား စိုပြည်နူးညံ့စေပါတယ်။ လေးပတ်ကြာလေ့လာမှု တစ်ရပ်အရ ရှားစောင်းလက်ပပ်အသုံးပြုသူတွေက အရေ ပြားအနာကင်းပြီး ကြည်လင်သန့်စင်နိုင် ခြေ ၈၃ ရာခိုင်နှုန်းရှိပြီး ခရင်မ်လိမ်းသူ တွေက အရေပြားအနာကင်းနိုင်ခြေ ၆ ရာခိုင်နှုန်းပဲရှိကြောင်း သိရပါတယ်။

(၄) ဝက်ခြံအဖုကို လျော့ပါစေးခြင်း ဝက်ခြံအဖုအပိမ့်ဖြစ်တဲ့ နေရာတွေ မှာ ရှားစောင်းလက်ပပ်အနှစ်ရည်ကို လိမ်း ပေးပါ။ လေ့လာမှုတစ်ရပ်အရ ရှားစောင်း လက်ပပ်သုံးတဲ့ ငါးရက်တာကာလအတွင်း အရေပြားအဖုအပိမ့် အနာကျက်နိုင်ခြေ နှစ်ဆနီးပါး ပိုများကြောင်း သိရပါတယ်။

(၅) ရေယုန်ကို ကုသခြင်း ရေယုန်ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အ ရေပြားအနာပေါ်မှာ ရှားစောင်းလက်ပပ် အနှစ်သား သုတ်လိမ်းပေးတာကြောင့် မြန်မြန် အနာကျက်နိုင်ခြေရှိပါတယ်။ ရှားစောင်းလက်ပပ်အနှစ်သားမှာ ဗိုင်းရပ်စ် တားအာနိသင်ရှိတဲ့အပြင် သွေးကြောငယ် တွေကို ကျယ်စေပြီး သွေးရောက်ရှိမှုများ ကာ အနာကျက်နှုန်း မြင့်တက်စေပါတယ်။

ဇွန်
BY GOOD HEALTH

မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကို ပစ်မှတ်ထားသည့် အယ်လ်ကိုင်ဒါအစီအစဉ် အောင်မြင်နိုင်ရဲ့လား

အယ်လ်ကိုင်ဒါခေါင်းဆောင် အေမန်အယ်လ်ဇ၀ါဟီရီ (ဓာတ်ပုံ - အီးပီအေ)



အိုင်အက်စ်အိုင်အက်စ် ဟု အတိုကောက်ခေါ် ကြ သည့် အစ္စလာမ် မစ်ကိုယ်ပိုင်နိုင်ငံအဖွဲ့သည် လ အနည်းငယ် အချိန်တိုအတွင်း ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံကို ထူ ထောင်သည်။ ထို့နောက်ဆိုရှယ် မီဒီယာစာမျက်နှာတွေကနေ စည်း ရုံးရေးဆင်းကာ ဥရောပနှင့် အနောက်အာဖရိကမှ လူငယ် နိုင်ငံခြားသား တိုက်ခိုက်သူများ ဈေးကွက်ကို တစ်ဦးတည်းအပိုင်စီးရယူလာနေပါသည်။

အနောက်နိုင်ငံသား သတင်း စာဆရာများ၊ စစ်သားများ၊ ကယ် ဆယ်ရေးလုပ်သားများကို ရက် စက်စွာလူသိထင်ရှားခေါင်းဖြတ် သတ်ခဲ့ပြီး အမေရိကန်သမ္မတအို ဘားမားထံသို့ သူတို့၏ ကြေညာ ချက်ကိုပေးပို့ခြင်းဖြင့် အိုင်အက်စ် အဖွဲ့သည် ကမ္ဘာပေါ်တွင် အဓိက မွတ်စလင်အကြမ်းဖက်အဖွဲ့ ဂျီ ဟတ်အုပ်စုအဖြစ် သူတို့ကိုယ်သူ တို့ စတင်ပုံစံဖော်ထူထောင်လာခဲ့ ပါသည်။ ထိုအချက်ကြောင့် အယ်လ်ကိုင်ဒါအကြမ်းဖက်အုပ်စု အနေဖြင့် အိုင်အက်စ်အဖွဲ့ကို ကြိုးစားအမီလိုက်ရန် ဖြစ်လာစေ သည်။

ထို့ကြောင့် ယခုအခါ အယ်လ်ကိုင်ဒါအဖွဲ့က တိုက်ခိုက်မှုများပြန်လည်ပြုလုပ်လာပြီး သူတို့၏ နာမည်သိက္ခာကိုပြန်လည် ရယူတည်ထောင်လိုသောသဘော တွေ့မြင်နေရသည်။ ပြီးခဲ့သည့် နှစ်ပတ်ကျော်ကထွက်ပေါ်ခဲ့သော ၅၅ မိနစ်ကြာဗီဒီယိုတွင် အယ်လ်ကိုင်ဒါ၏ လက်ရှိခေါင်းဆောင် အေမန်အယ်လ်ဇဝါဟီရီက ဂျီဟတ်အလံကိုလွှင့်ထူပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် အစ္စလာမ်ဘာသာအရ အုပ်ချုပ်မှုတွေ ပျံ့နှံ့လာစေရမည်ဟု ကြွေးကြော်ခဲ့ပါသည်။

အဆိုပါဗီဒီယိုနှင့်ပတ်သက် ၍ အစိုးရအရာရှိများက အစစ် အမှန်ဟုတ်၊ မဟုတ် ဖော်ထုတ်ရန် ကြိုးစားနေချိန်တွင် အိန္ဒိယနိုင်ငံက ဒေသတွင်း ကြာရှည်စွာခြေကုပ် ယူရန်ပြင်ဆင်လာသည့် အယ်လ် ကိုင်ဒါများ၏ အစီအစဉ်အတွက် စိုးရိမ်မှုများ ကိုဖော်ပြခဲ့ပါသည်။

ကမ္ဘာ့သတင်းအတော်များ များတွင်အိုင်အက်စ်အဖွဲ့က နေရာ ယူစိုးမိုးထားချိန် အယ်လ်ဇဝါဟီရီ ၏ကြေညာချက်က အားလုံးကို အံ့အားသင့်စေခဲ့သည်။ လူများ က အယ်လ်ကိုင်ဒါအကြမ်းဖက် အဖွဲ့သည် တဖြည်းဖြည်းအားပျော့ လာပြီး ခေတ်မီသောလူငယ်အုပ် စုများက သူတို့နေရာအစားထိုး လာပြီဟု ယူဆနေကြသည်။

မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလား

ဒေ့ရှ်နိုင်ငံများသည် အယ်လ်ကိုင် ဒါများအတွက် နယ်မြေသစ်ဖြစ် လာခြင်းမှာ ထိုဒေသများတွင် မွတ် စလင်တွေအပေါ် တရားမျှတမှုမရှိ ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကြောင့်ဖြစ် သည်ဟု အယ်လ်ဇဝါဟီရီကဆိုပါ သည်။

မွတ်စလင်ဒေသများ

၎င်း၏ဗီဒီယိုခွေတွင် အယ်လ် ဇဝါဟီရီက အိန္ဒိယနိုင်ငံ ဂူဂျာရတ်၊ အာသံနှင့် ကက်ရှ်မီးယားဒေသ များမှ မွတ်စလင်လူမျိုးများအပေါ် ဖိနှိပ်မှုများနှင့် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်များက ဘင်္ဂါလီ (ဆောင်းပါးမူရင်းတွင် ရိုဟင်ဂျာ ဟု သုံးနှုန်းထားသည်) မွတ်စလင် များအပေါ် ဖိနှိပ်မှုများကို ကိုးကား ပြောကြားသွားသည်။ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာသည် တစ်ချိန်က မွတ်စလင်ဒေသများဖြစ်ပြီး ရန်သူ များက သိမ်းပိုက်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ ရှာရီရာ ဥပေဒဖြင့် မွတ်စလင် နိုင်ငံတော်ကို စတင်ရန်အတွက် ထိုဒေသရှိမွတ်စလင်လူမျိုးများ တိုးတက်ရန်နှင့် လွတ်မြောက်ရန် လိုသည်ဟု သူက ဝါဒဖြန့်ပါသည်။

သို့ရာတွင် အယ်လ်ဇဝါဟီရီ က ထိုဗီဒီယိုခွေကို အချိန်ကိုက် ထုတ်လွှင့်ရခြင်းမှာ ပြိုင်ဘက်အဖွဲ့ဖြစ်သော အိုင်အက်စ်အဖွဲ့ မရောက်ရှိနိုင်သောဒေသကို ဖြန့်ကြက်ကြိုးစားရယူလိုသည့် သဘောသာဖြစ်ပါသည်။ အိုင်အက်စ်အဖွဲ့က ကမ္ဘာနှင့်ချီပြီး လူသိများအောင်မြင်လာသည့်အချိန် အယ်လ်ကိုင်ဒါကလည်းသူနည်း သူ့ဟန်ဖြင့် ပြန်လည်ကြိုးစားမှု တစ်ခုဖြစ်ပါသည်။

အိုင်အက်စ်က အယ်လ်ကိုင် ဒါ မည်သည့်အခါမှမလုပ်နိုင်ခဲ့ သည့်အရာများကို စီမံခန့်ခွဲနိုင်ခဲ့ သည်။ အယ်လ်ကိုင်ဒါတို့က အနောက်နိုင်ငံများကိုသာ တစ်ခု တည်းအာရုံထားတိုက်ခိုက်သည်။ အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ထက်မပိုချေ။ အိုင်အက်စ်က တော့ အစ္စလာမ်မစ်နိုင်ငံတစ်ခုအဖြစ်တည်ထောင်ရန် ကြိုးစားသည်။ ထို့အပြင် အယ်လ်ကိုင်ဒါ လုပ်နိုင်ခဲ့သည်ထက် အိုင်အက်စ်အဖွဲ့က နိုင်ငံခြားသားတိုက်ခိုက်သူများကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။

အယ်လ်ကိုင်ဒါများအတွက် ပို၍စိတ်ပူစရာကောင်းလာသည် ကား အိုင်အက်စ်သည် အယ်လ် ကိုင်ဒါလွှမ်းမိုးထားသည်ဆိုသော အုပ်စုအငယ်လေးများကိုပါ သိမ်း သွင်းလာခဲ့ခြင်းဖြစ်သည်။ မြောက် အာဖရိက,က အယ်လ်ကိုင်ဒါ ဂိုဏ်းခွဲဟုယူဆကြသည့် အယ်လ် ဂျီးယားအခြေစိုက်ကာလီဖိတ်ခေါ် အစ္စလာမ်နိုင်ငံ၏ စစ်သားများဆို သည့်အုပ်စုက မကြာသေးမီက သူတို့သည် အိုင်အက်စ်နှင့် မဟာ မိတ်ဟု ကြေညာခဲ့ပါသည်။

ထို့အပြင် အိန္ဒိယတိုက်ဘက် ကို အယ်လ်ကိုင်ဒါများက ရွှေ့ ပြောင်းနယ်ပယ်ချဲ့ထွင်လာရသည်မှာ အခြားမဟာဗျူဟာအရ အလားအလာကောင်းသော အချက်များကြောင့်လည်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံက လူဦးရေ ၈၀ ရာခိုင်နှုန်းကဟိန္ဒူဘာသာဝင်များ ဖြစ်သော်လည်း လူဦးရေသန်း ၁၄၀ က မွတ်စလင်များဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှာကလည်း မွတ်စလင် ၁၃၂ သန်းရှိနေသည်။ ထို အရေအတွက်ကပင် ကမ္ဘာ့မွတ်စလင်အရေအတွက်၏ ငါးပုံတစ်ပုံဖြစ်နေပါပြီ။မြန်မာကလည်း မတရားအနှိပ်စက်ခံနေရသော မွတ်စလင်လူနည်းစုရှိသည့်နိုင်ငံ ဖြစ်သည်။

အယ်လ်ကိုင်ဒါ၏ အစီအစဉ်ကျ ဆုံးမှာလား

ပါကစ္စတန်ဘက်မှာလည်း အခြေအနေက အားနည်းလာ သလို အိုင်အက်စ်အဖွဲ့ကလည်း အရှေ့အလယ်ပိုင်းကို လွှမ်းမိုးလာ သည့်အခါ အယ်လ်ကိုင်ဒါအနေ ဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာလိုမထိတွေ့ရသောဒေသ များကို အင်အားစုရုံးရန် ကြိုးစား လာခြင်းဖြစ်သည်။

သို့ရာတွင် ထိုဒေသများက ပါကစ္စတန်လို အရှေ့အလယ်ပိုင်း က နိုင်ငံများအုပ်စု၏ ဩဇာအာ ဏာသက်ရောက်ခြင်းနည်းသည့် အပြင် ကိုယ်ပိုင်ယဉ်ကျေးမှုလည်း ရှိသည်။ ထို့အပြင် အိန္ဒိယလို နိုင်ငံ မျိုးတွင် ဒီမိုကရေစီအားကောင်း သဖြင့် အစ္စလာမ်အုပ်စုများကို အထင်ကြီးသည့် အုပ်စုများသည် အစိုးရကို လွှမ်းမိုးနိုင်ခြင်းမရှိပါ။

ထို့ကြောင့် အယ်လ်ဇဝါဟီရီ ၏ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအပေါ် ထိုးဖောက်ရန်ကြိုး ပမ်းမှုက ကျရှုံးဖို့သာရှိပါသည်။ အယ်လဇဝါဟီရီက ထိုနိုင်ငံတွေ ကို ပါကစ္စတန်ကဲ့သို့ မှားယွင်းစွာ ယူဆနေခြင်းဖြစ်သည်။ ပြီးတော့ သူတို့သည် ဗွေဆော်ဦးအမှားတစ် ခုကိုလည်း လုပ်ခဲ့ပါသေးသည်။ ယင်းမှာ ပြီးခဲ့သောရက်ပိုင်း အတွင်း အမေရိကန်လေယာဉ် တင်သင်္ဘောတစ်စင်းထင်မှတ်ပြီး ပါကစ္စတန်စစ်သင်္ဘောတစ်စင်းကို ဝင်တိုက်ခဲ့သေးသည်။ တိုက်ခိုက် မှုမအောင်မြင်ဘဲ အကြမ်းဖက်သုံး ဦးသေဆုံးပြီး ခုနစ်ဦးအဖမ်းခံခဲ့ရ သည်။

ထို့ကြောင့် အယ်လ်ကိုင်ဒါ သည် အိုင်အက်စ်အဖွဲ့ပေါ်ပေါက် လာမှုကို ကြောက်ရွံ့ပြီး မနာလို နေဟန်ရှိပါသည်။ သို့ရာတွင် အယ်လ်ကိုင်ဒါအဖွဲ့သည် ခေါင်း ဆောင်အိုစမာဘင်လာဒင်ကို သုတ်သင်ပြီးနောက်ပိုင်း ကျရှုံး သွားခဲ့သည့် သူတို့၏အင်အားများ ကို ပြန်လန်ထူထောင်ရန် အတော် အားထုတ်ကြိုးပမ်းရဦးမည်ဖြစ်ပါ သည်။

(တိုင်းမ်မဂ္ဂဇင်းပါ နိုင်ငံရေးပညာ ရှင် ဂါဖာဟူစိန်၏ Why al Qaeda's expansion into India and Bangladesh will fail ဆောင်းပါးကို ကိုးကားရေးသား ထားပါသည်။)

အတက်ရောဂါရှိသူများတွင် ရုတ်တရက်သေဆုံးရသည့် အကြောင်းရင်း


နှလုံးနှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါသည့် မျိုးဗီဇပစ္စည်း တစ်ခုသည် အတက်ရောဂါရှိသူများတွင် ရုတ်တရက်သေဆုံးရခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း သုတေသီများကဆိုသည်။

အတက်ရောဂါရှိစေရန် ဖန်တီးထားသည့် တိရစ္ဆာန်များတွင်စမ်းသပ်ချက်အရ SENP2 အမည်ရှိမျိုးဗီဇ ပစ္စည်း တစ်စိတ်တစ်ပိုင်း ချို့တဲ့နေ သည့်ကြွက်များတွင် အတက်ရောဂါ ပိုမိုထကြွလေ့ရှိပြီး ရုတ်တရက် သေဆုံးတတ်သည်ကိုတွေ့ရသည်။


SENP2 ပရိုတင်းချို့တဲ့မှုနှင့် ကင်ဆာရောဂါတို့ ဆက်စပ်မှုရှိမရှိ စမ်းသပ်ရန် မွေးမြူထားသောကြွက် များတွင် အထက်ပါတွေ့ရှိချက်များ ကိုပါ ထပ်မံတွေ့ရှိရခြင်းဖြစ်သည်ဟု သုတေသီများကဆိုသည်။

“SENP2 ပရိုတင်းဟာ ဦးနှောက်ရဲ့  hippocampus အစိတ်အပိုင်းမှာ အများဆုံးတွေ့ရပါတယ်။ အဲဒီအစိတ်အပိုင်းဟာ အတက်ရောဂါ စတင်ထကြွစေတဲ့ ဦးနှောက်အစိတ် အပိုင်းတစ်ခု ဖြစ်ပါတယ်။ အတက် ရောဂါရှိသူတွေ ရုတ်တရက်သေဆုံး နှုန်းဟာ သာမန်လူတွေထက် အဆ နှစ်ဆယ်လောက် ပိုများပါတယ်။ ရုတ်တရက်သေဆုံးရတဲ့ နောက်ကွယ် မှာ မျိုးဗီဇအရင်းခံအကြောင်းရင်း တွေရှိနေတာ သိလာရတဲ့အတွက် အတက်ရောဂါရှိသူတွေကို အကူအညီများစွာပေးလာနိုင်မှာ ဖြစ်ပါ တယ်”” ဟု University of Texas MD Anderson Cancer Center မှ သုတေသီ Edward Yeh ကဆိုသည်။

ဦးနှောက်တွင်း SENP2 ပရို တင်းချို့တဲ့သည့်အခါ အတက်ရောဂါထကြွစေသည့် အာရုံကြောစနစ်ကိုလှုံ့ဆော်ပြီး နှလုံးလျှပ်စီးပတ်လမ်း စနစ်ကိုပါ ပြောင်းလဲမှုများဖြစ်ပေါ် စေသည်။ ထို့ကြောင့် နှလုံးသွေးဝင် ခန်းနှင့် သွေးလွှတ်ခန်းတို့အကြား ဆက်သွယ်မှုများပိတ်ဆို့ပြီး နှလုံးခုန် နှုန်းနှေးကွေးကာ ရုတ်တရက်နှလုံးခုန်ရပ်သည်အထိ ဖြစ်စေသည်ကို တွေ့ရသည်။

SENP2 ချို့တဲ့လာသည့် ကြွက်များသည် မွေးကင်းစအရွယ်၌ မသိသာသော်လည်း ခြောက်ပတ်မှ ရှစ်ပတ် အရွယ်ရလာသည့်အခါ အတက်ရောဂါ စတင်ခံစားလာရပြီး ရုတ်တရက် သေဆုံးလေ့ရှိသည်ကို တွေ့ရသည်။

အတက်ရောဂါရှိသူများတွင် ရုတ်တရက်သေဆုံးရသည့်အကြောင်း ရင်းကို ကြွက်များတွင်တွေ့ရှိရသော ကြောင့် လေ့လာမှုများ၊ ကုသမှုနည်း လမ်းများ ထပ်မံပြုလုပ်နိုင်မည်ဖြစ် ကြောင်း သုတေသီများကဆိုသည်။

ဇော်ကို
Ref;MDI
Health Updates Journal

ကရင်ပြည်နယ်မြ၀တီတွင် ဇတ်တူသားစားမှုဖြစ်ပွား


မြ၀တီမြို့ တွင် ဇတ်သူသားစားခြင်းခံရသူ၏ ရုတ်အလောင်းကို ယနေ့နံနက်ပိုင်းက နယ်ခြားသောင်ရင်းမြစ်အတွင်းပြန်လည်တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အထူးစစ်ကြောင်းမှ ဗိုလ်ကြီးလမင်း၏ စစ်သည်စောတာနိုဖြစ်ပြီး ရုပ်အလောင်းတွေ့ရှိချိန်တွင် လက်ထပ်ခတ်လျက်သား လည်ပင်းအလှီးခံထားရကာ ဦးခေါင်းတွင်လည်း သေနတ်ဖြင့်ပစ်ခတ်ခံထားရသည်ဟုသိရသည်။

ဗိုလ်ကြီးလမင်းက လွန်ခဲ့သည့် ၁၆ ရက်နေ့က တပ်သားစောတာနိုကို (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်ရင်း အမှတ်(၁၀၂၂)က ဖမ်းဆီးပြီးနောက် ပျောက်ဆုံးနေပြီး ယနေ့တွင်အလောင်းပြန်လည်တွေ့ရှိရခြင်းဖြစ်သည်ဟု အခိုင်အမာပြောဆိုကာ ယခုကိစ္စကိုတရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟုပြောသည်။

စောတာနိုပျောက်ဆုံးမှုနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ် အမှတ် (၁၀၂၂)သို့မေးမြန်းရာ စတင်ဖမ်းဆီးသည့်နေ့မှာပင် ပြန်လွတ်ပေးလိုက်သည်ဟု ပြောဆိုကြောင်း ဗိုလ်လမင်းကဆိုသည်။

ဖြစ်စဉ်နဲ့ပတ်သက်ြ၍ နယ်ခြားစောင့်တပ် အမှတ် (၁၀၂၂)က တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုံးများပိတ်ထားကြသည်။

အဆိုပါတပ်သား သတ်ဖြတ်ခံခဲ့ရခြင်းကို ကရင်အမျိုးသားအစည်းအရုံး KNU မြ၀တီဆက်ဆံရေးရုံးကလည်း မှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့သည်။

ကရင်လက်နက်ကိုင်အဖွဲ့များအတွင်း ယခုကဲ့သို့ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်ကြောင့် ဒေသတွင်းရှိကရင်အမျိုးသားများက ကရင်လက်နက်ကိုင်အဖွဲ့များအရေး ရင်လေးမိသည်ဟု မြ၀တီမှကရင်ဘုန်းတော်ကြီးတပါးကမိန့်ကြားသည်။

၎င်းက"ဘုန်းကြီးတို့က ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြည်လည်ရင်ကြားစေ့ရေးအတွက် ကြိုးစားနေတဲ့ကာလမှာ ဒီလိုမျိုးဇတ်တူးသားစားတဲ့အလုပ်မျိုးက လုံးဝမဖြစ်သင့်ဘူး အခြေအနေတွေဒီထက်ထပ်ပြီး မဆိုးရလေအောင် ချက်ခြင်းဖြေရှင်းကြဘို့ တိုက်တွန်းပါတယ်"ဟု မိန့်ဆိုသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ စွပ်စွဲခံနေရသူများဘက်က တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရှိရသည်။

ဘားအံမြို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတဦးက "ဒီလိုဘဲဆက်ပြီးဖြစ်နေကြမယ်ဆိုရင်တော့ ဟင်္သာကိုးသောင်းပျက်တဲ့ကိန်းဘဲဆိုက်ဘို့ရှိတယ် အားလုံးကိုတောင်းဆိုချင်ပါတယ် ကိုယ့်ကိုကိုယ်ဘာလဲဆိုတာ သိကြပါလို့ဘဲပြောချင်တယ်"ဟု ဆိုသည်။

KNLA က ကရင်တပ်မှူးဟောင်းတဦးက" ကရင်အချင်းချင်းတွေဘဲ သဘောထားကြီးရမယ်လေ အရင်ကအတူတူနေလာခဲ့ကြတာဘဲ ကျောင်းတော်ကရန်စတွေကို ဒီလိုကာလမှာ မေ့ထားသင့်ပါပြီး"ဟု သဘောထားပေး ပြောဆိုသည်။

ပုံစာ - ယနေ့နံနက်က ပြန်တွေ့ရှိသည့် တပ်သားစောတာနို ။From: ကရင်အမျိုးသား (မီဒီယာ)

လိုအပ်နေသည့် အမျိုးသမီးများ၏ အာသာဆန္ဒကိုဖြည့်ဆည်းပေးရသည့် မြန်မာပြည်မှ ယောင်္ကျား SEX WORKER

လှုပ်လီလှုပ်လဲ့ဖြင့် မြွေတစ်ကောင်က ခါးလယ်မှဖြတ်ကာ တစ်ဆင့်ချင်း တစ်ရစ်ချင်းတက်လာနေသလို ခံ စားရသည်။ ခန္ဓာကိုယ်ပေါ် မှိန်ပြပြမီးရောင် အောက်တွင် သိုင်းဖက်ထားသော လက်တစ်စုံ က မြွေတစ်ကောင်လို သူ့ကိုရစ်ပတ်သိုင်းဖက် ထားသည်။ သူမျက်လုံးလေး မှေးပြီးကြည့်တော့ သူမ၏မျက်လုံးများက ရမ္မက်ခိုးများဖြင့် တောက် ပနေသည်။ သူ့မျက်နှာပေါ်တွင် သူမ၏ဆံပင်များ က ဝေ့ဝဲဖုံးအုပ်နေသည်။ မသိမသာမှုတ်ထုတ် မိသော သူ၏သက်ပြင်းခိုးတွင် သူမဆံသားတချို့ လှုပ်ခါသွားသည်။

အနွေးဓာတ်မပါသော သူ့ အနမ်းတွင် သူမ၏နှုတ်ခမ်းများ ပွင့်ဟလှုပ်ရှား သွားသည်။ မကြာမီမှာပင် သူအကြိမ်ကြိမ်မှားခဲ့ ဖူးပြီး မနှစ်မြို့သော ခရီးဆုံးကိုရောက်ချေဦးတော့ မည်။ သည်လိုနှင့်ပင် ခါးသီးသောညထဲ၌ သူ့ ဘဝသည် စုံးစုံးမြုပ်ခဲ့ရလေသည်။

*****

ဆယ်တန်းစာမေးပွဲကျကာ အိမ်ပေါ် မှ ဆင်းလာပြီးနောက် နားခိုစရာအဖြစ် သူငယ် ချင်းတစ်ဦး၏ အခွေဆိုင်တွင်နေရသော သူ့ဘဝ နောက်ကြောင်းကို ကိုဇင်(အမည်လွှဲ)က ပြန်ပြော ပြခဲ့သည်။

''ကျွန်တော် အဲဒီတုန်းက နေစရာမရှိ တော့ သူငယ်ချင်းကိုပြောပြီးနေခဲ့ရတာ။ အခွေ ဆိုင်က တစ်နေကုန်ဖွင့်တော့ ညဘက်ကျတော့ ကျွန်တော်ညအိပ်ဖို့အတွက် အဆင်ပြေတယ်လေ။ အခွေဆိုင်ဆိုပေမယ့်လဲ မြောင်းပေါ်ခွတင်ဖွင့် ထားတာ။ ဆိုင်က လူတစ်ကိုယ်စာ အိပ်ရုံလေး တော့ရတာပေါ့ဗျာ'' ဟု ကိုဇင်ကပြောပြခဲ့ခြင်းဖြစ် သည်။

သူ့အနေဖြင့် နားခိုရာဗီဒီယိုဆိုင်လေး သို့ ညအိပ်ချိန်လေးပဲပြန်လာပြီး နေ့ပိုင်းအချိန် များတွင် ငွေရပေါက်လမ်းတချို့ကို ရှာဖွေလုပ် ခဲ့ရသည်။

''အိမ်ကဆင်းလာတာဆိုတော့ ငွေက ဘယ်ကရှာရမှန်းလဲမသိဘူး။ အိမ်ပေါ်ကဆင်း ခါစတုန်းက ကြို့ကုန်းဘက်မှာ ပီနံအိတ်တွေကို ဓားနဲ့ခုတ်ဖြတ်ရတဲ့အလုပ်လဲ လုပ်ခဲ့ရတယ်။ အဲ အလုပ်က သုံးဖို့စွဲဖို့တော့ ရတယ်ဆိုပေမယ့်လဲ ကျွန်တော် ဆယ်တန်းပြန်ဖြေဖို့ စုဖို့ဆောင်းဖို့ အတွက် မလောက်ဘူးလေ''ဟုပြောသည်။

တစ်နေကုန်တစ်နေခန်း ပီနံအိတ်များ ကို ဓားနှင့်ခုတ်ရခြင်းအပေါ် ကြာတော့ ကျန်းမာ ရေးထိခိုက်နိုင်သည့်အတွက် ယင်းအလုပ်မှထွက် လိုက်သည်။ ယင်းနောက်ပိုင်းတွင် သူငယ်ချင်း ချိတ်ပေးသည့်အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်ခဲ့ သည်။

*****

လိုအပ်နေသည့် အမျိုးသမီးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရသည့်အလုပ်ဖြစ် သည်။ သူတို့အခေါ် 'ဂျေဂလို'ဖြစ်သည်။

''ကျွန်တော်တို့ကတော့ ဒီလိုလုပ်စား တဲ့လူတွေကို ဂျေဂလိုလို့ခေါ်တာပဲ။ သေချာ တော့မသိဘူး။ ကျွန်တော်သူငယ်ချင်းက အမျိုး သမီးတချို့နဲ့ မိတ်ဆက်ပေးတယ်။ သူတို့နဲ့လိုက် နေပေးရတဲ့အလုပ်ပေါ့။ ပထမဆုံးကြုံတဲ့အမျိုး သမီးက အိမ်ထောင်သည်အမျိုးသမီးဗျ။ ကလေး တစ်ယောက်လဲရှိတယ်။ ကလေးက နှစ်နှစ်လောက် တော့ရှိမယ်။ သူ့ယောက်ျားက သင်္ဘောသား၊ နိုင်ငံခြားသွားနေရတော့ သူ့ယောက်ျားမရှိတဲ့အချိန် မှာ ကျွန်တော်က သူ့အလိုကိုဖြည့်ဆည်းပေးရတာ လေ''ဟု ဂျေဂလိုဘဝ (သို့မဟုတ်) Sex worker တစ်ဦးအဖြစ် ပထမဦးဆုံးဖြတ်သန်းခဲ့ရသည့်အချိန်ကို ပြန်ပြောပြသည်။

''အဲအမျိုးသမီးက ကလေးရှိတော့ အ ရင်ဆုံး သူ့ကိုသိပ်ရတာပေါ့။ နှစ်နှစ်ဆိုတော့ ဘာ မှမသိသေးတဲ့ အရွယ်ဆိုပေမယ့် ခုတင်တစ်ခု တည်းမှာ လင်မယားလိုနေရမှာဆိုတော့ ကလေး ကို အရင်သိပ်ရတယ်လေ။ တစ်ခါတလေဆိုရင် အဲ့ကလေးကို အိမ်ရှေ့ဧည့်ခန်းမှာ ထားသိပ်ရတာ မျိုးလဲ ရှိခဲ့တယ်''ဟု ပြောသည်။

ထို့အပြင် သူ့အနေနှင့် Sex worker အနေဖြင့် ဘဝကိုရှင်သန်ရင်း ထူးထူးခြားခြားဖြတ် သန်းခဲ့ရမှုများလည်း ရှိခဲ့သည်။ ထူးခြားသော် လည်း ထွက်ပြေးချင်လောက်အောင်လည်း စိတ် ပေါက်ခဲ့သည်ဟု ရင်ဖွင့်ခဲ့သည်။

''လှိုင်သာယာက Beauty Salon ဖွင့် ထားတဲ့ အမျိုးသမီးသုံးဦးရဲ့အိမ်မှာ သူတို့ကိုဖျော် ဖြေပေးရတာ။ သူတို့က ယောက်ျားခွန်အားတိုး ဆေးတွေ ပြီးတော့ ဘလက်လေဘယ်တွေကအစ ဝယ်ပေးထားတာ။ အိမ်ထဲကနေ မထွက်ရဘူး။ သူတို့နဲ့အလှည့်ကျနေပေးခဲ့ရတာလေ။ အဲဒီသုံး ဦးက အမျိုးတွေဗျ။ တစ်ဦးက ဆိုင်ဖွင့်နေရင် အိမ် ကိုပြန်လာ၊ တစ်ဦးက အိမ်ထဲမှာ ထမင်းဟင်း ချက်နေရင် တခြားတစ်ဦးနဲ့အတူနေရတာ။ ပြီး တော့ အဲဒီသုံးဦးနဲ့က နေ့စဉ် အဆက်မပြတ်သလို ဆိုတော့ ကျွန်တော် မခံနိုင်တော့ဘူး။ နိမ့်နိမ့် လေးရှိတဲ့ လှေကား လေးထစ်လောက်ကိုတောင် ကျွန်တော် လေးဖက်ထောက်တက်နေရတာ။ အဲဒီ တော့ သူတို့လစ်တဲ့အချိန် ထွက်လာခဲ့တယ်'' ဟု ပြောသည်။

ထိုအမျိုးသမီးသုံးဦး နေအိမ်တွင်ရှိ သော ကြိုးဖုန်းဖြင့် အမျိုးသမီးများနှင့်ချိတ်ဆက် ပေးသည့် သူငယ်ချင်းဆီဖုန်းဆက်ကာ အမြန်လာ ခေါ်ရန် ဆက်သွယ်ခဲ့ရကြောင်းပြောပြသည်။

ယင်းကဲ့သို့ အမျိုးသမီးများနှင့်သာမက ဘဲသူ့အနေဖြင့် အခြားသောအမျိုးသမီးများစွာ နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

အမျိုးသမီးများက ယောက်ျားက နိုင်ငံ ခြားသွားနေလို့၊ ယောက်ျားနဲ့ကွဲနေလို့၊ ယောက်ျား မရှိပေမယ့် ခဏအပျော်ထားချင်တာတို့၊ စပွန် ဆာပေးထားတဲ့ လူမရှိတဲ့အချိန် ထိုမိန်းကလေး နှင့်နေပေးရသည်မှာSex worker တို့ အများဆုံး ကြုံရသည့်ဘဝဖြစ်သည်။

''ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတာက အ သက်အကြီးဆုံးက ၄၁နှစ်ရှိပြီ။ သူက အပျိုကြီး။ နောက်ထပ်မှတ်မှတ်ရရအတွေ့အကြုံက အသက် ခုနစ်နှစ်လောက်ရှိတဲ့ မိန်းကလေးတစ်ဦးမွေးထား တဲ့ မိန်းကလေးတစ်ဦးနဲ့လဲ ကျွန်တော်နေပေး ခဲ့ရသေးတယ်။ ကျွန်တော်တို့နေထိုင်တာကို သူ့ သမီးမြင်သွားတယ်လို့ ကျွန်တော် သံသယရှိမိ တယ်''ဟု ပြန်ပြောပြသည်။

******

စားပွဲတွင်တင်ထားသည့် ဘီယာခွက် ကို စိုက်ကြည့်ရင်း ''ကျွန်တော် သေချာတယ်။ နောက်ဘဝမှာ လူဖြစ်မှာမဟုတ်ဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်တော် လူမဆန်တဲ့လုပ်ရပ်တွေ အများကြီးကျူးလွန်ခဲ့မိတယ်။အဲဒီလူမဆန်တဲ့ ကိစ္စတွေက အရမ်းကိုဆိုးရွားတယ်။ ဒါကြောင့် ကျွန်တော်သေရင် နောက်ဘဝ လူပြန်ဖြစ်မှာ မဟုတ်ဘူး။ ငရဲကြီးရှစ်ထပ်မှာ အောက်ဆုံးထပ် ကို ကျမယ့်ကောင်။ ကျွန်တော့်အနေနဲ့ ဘဝမှာ ကျူးလွန်ခဲ့တဲ့ ဒီအဆိုးရွားဆုံးကိစ္စကို ဘယ်သူ့ကို မှ မသိစေချင်ဘူး''ဟု ထပ်ပြောသည်။

စကားဝိုင်းလေးက ခေတ္တရပ်ဆိုင်း သွားသည်။ ထိုအချိန်တွင် စင်တင်စားသောက် ဆိုင်တစ်ခုမှ အမျိုးသမီးငယ်လေးများ၏ ကြည် နူးဖွယ် သီဆိုသံများက တိတ်ဆိတ်သွားသည့် စားပွဲဝိုင်းထဲ တိုးဝင်လာသည်။

သီချင်းဆိုရင်း စားပွဲဝိုင်းတစ်ခုသို့ ရောက်လာသည့် မိန်းကလေးတစ်ဦးကိုကြည့်ရင်း ကိုဇင်က ''ကျွန်တော် ဒီဘဝရောက်သွားခဲ့ရတာ က တကယ့်ကို ဘယ်လိုမှ မတတ်သာလွန်းလို့ မတတ်နိုင်လို့ရောက်ခဲ့ရတာ။ နေစရာကလဲမရှိ ဘူး။ အိမ်ကလဲဆင်းလာတာ။ ၁ဝ တန်းကလဲ ကျနဲ့။ အဲဒီအခြေအနေမှာ မထူးတဲ့ဘဝကိုလုပ်ခဲ့ ရတာ။ စင်တင်မှာဆိုနေတဲ့ မိန်းကလေးတွေ၊ ပြီး တော့ တခြား Sex worker မိန်းကလေးတွေဆို ရင်လဲ သူတို့ဘဝမှာ မတတ်သာလို့ ဒီဘဝကိုရောက် သွားခဲ့ကြရတာလို့ထင်တယ်။ ဒါမျိုး ဘယ်သူက လုပ်ချင်မှာလဲ''ဟု Sex worker ဘဝများသို့ ရောက်နေခဲ့သည့် ဘဝများအပေါ် စာနာစွာဖြင့် ပြောပြသည်။

Sex worker အနေဖြင့် အချိန်အတန် ကြာ ကျင်လည်ခဲ့ပြီး ငွေကြေးအနည်းငယ်စုနိုင် ခဲ့သည့်အချိန်တွင် မိခင်က သတင်းစာမှတစ်ဆင့် လူပျောက်ကြော်ငြာထည့်ကာ ရှာခဲ့သည်။ ယင်း နောက် မိခင်အိမ်ပေါ်သို့ သူတစ်ကျော့ပြန်ရောက် ခဲ့ရသည်။ တစ်ကျော့ပြန်ရောက်တော့ အမေရော အဖေရော ကျန်းမာရေးက ချို့တဲ့နေသည်။

''အဖေက ကိုယ်တစ်ခြမ်း လေဖြတ် သွားတော့ မထနိုင်ဘူး။ အမေကလဲ မျက်လုံးက သိပ်မကောင်းတော့ ဆေးတွေဘာတွေ ကုသဖို့ ငွေလိုနေတယ်။ အဲဒီလိုနေတဲ့အချိန်မှာ ကျွန်တော် ရှာခဲ့ရတဲ့ငွေနဲ့ ဆေးတွေဘာတွေကုခဲ့တယ်။ ဒီ အလုပ်လုပ်ရင်းရှာခဲ့တဲ့ငွေနဲ့ ကျွန်တော် ၁ဝတန်း ပြန်ဖြေနိုင်ခဲ့တယ်။ အောင်လဲအောင်ခဲ့တယ်''ဟု ဘဝကိုအရင်းပြုကာ ရှာဖွေခဲ့သည့်ငွေဖြင့် ပြန် လည်အသုံးချခဲ့သည်ကို ပြန်ပြောသည်။

******

စားသောက်ဆိုင်အတွင်း စားပွဲဝိုင်း များ ပြည့်နှက်လာသည်နှင့်အမျှ သီချင်းသံလေး များက ပြည့်နှက်လာသည်။ စားပွဲဝိုင်းများပြား လာသည်နှင့်အတူ ညဥ့်ကနက်လာသည်။ ကား လမ်းပေါ်မှာ ကားတချို့သွားလာနေဆဲ။ ကိုဇင် တစ်ယောက် လက်ပြနှုတ်ဆက်ရင်း အမှောင်ထု တွင်းတိုးဝင်သွားခဲ့သည်။

ဓာတ်တိုင်မီးရောင်မှိန် ပြပြရှိနေသေး သော်လည်း ထိုသို့သော ကားလမ်းနံဘေးမီး ရောင်အောက်များ၊ Sex worker များနှင့်ပတ် သက်ပြီး ရန်ကုန်မြို့ရှိ နာမည်ကြီးသော သိမ်ကြီး ဈေးတံတားပေါ်နှင့် အနီးတစ်ဝိုက်၊ ပန်းဆိုးတန်း ခုံးကျော်တံတားအောက်ဝန်းကျင်၊ သီရိမင်္ဂလာ ဈေးဟောင်း၊ မင်္ဂလာဈေး၊ တံတားဖြူမှတ်တိုင် အနီးဝန်းကျင်နှင့် ကမ္ဘာအေးဘုရားလမ်းပေါ်မှ လမ်းနီ၊ ရိပ်သာမှတ်တိုင် စသည့်နေရာအချို့ မှာ Sex worker တို့၏ ဈေးကွက်နေရာများပင် ဖြစ် ကာ ပြည့်တန်ဆာအချို့က သူတို့ကိုလာခေါ်ကြ မည့်သူများကို ညဥ့်နက်နက်အချိန်များအထိ စောင့်ဆိုင်းနေကြရဆဲဖြစ်သည်။

From: TheFlowerNews

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ ရွှေနှစ်ခုဆွတ်ခူးပေးလိုက်ပြီ

မြန်မာနိုင်ငံအတွက် အာရှရွှေတံဆိပ်ရယူပေးခဲ့သော အမျိုးသားပိုက်ကျော်ခြင်းအဖွဲ့ (ဓာတ်ပုံ - အေအက်ဖ်ပီ)



တာင်ကိုရီးယား နိုင်ငံတွင်ကျင်းပလျက်ရှိသည့် (၁၇)ကြိမ်မြောက်အင်ချွန်း အာရှအား ကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့က ရွှေတံဆိပ်နှစ် ခုဆွတ်ခူးရရှိခဲ့ကြောင်းသတင်းရရှိသည်။


စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် ပိုက်ကျော်ခြင်းနှစ်ယောက်တွဲပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်းက အိမ်ရှင်တောင်ကိုရီးယား အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊ (အမျိုးသမီး)ဗိုလ်လုပွဲ စဉ်တွင် မြန်မာအသင်းက လာအို အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း အနိုင်ရရှိကာ ရွှေတံဆိပ် ဆုများ ရယူခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားပိုက်ကျော် ခြင်းအသင်းသည် အကြိုဗိုလ်လုပွဲစဉ်တွင် ဂျပန်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်း အသင်းသည်လည်း အကြိုဗိုလ်လုပွဲစဉ်တွင် ဂျပန်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ယူကာ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ ခြင်းဖြစ်သည်။

၂၀၁၄ အာရှအားကစားပြိုင်ပွဲ၏ အားကစားနည်းများကို (ဘောလုံးမှလွဲ၍) စက်တင်ဘာ ၂၀ ရက်မှ စတင်ကျင်းပနေခြင်းဖြစ်ပြီး မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ ရယူပေးသည့် ရွှေတံဆိပ်နှစ်ခုမှာ မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံးရယူခဲ့သည့် ရွှေတံဆိပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့သည် ပြီးခဲ့သည့် (၁၆)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင်လည်း နှစ်ယောက်တွဲ (အမျိုးသား၊အမျိုးသမီး)ပြိုင်ပွဲများတွင် ရွှေတံဆိပ်များရယူပေးခဲ့ ပြီး နှစ်ကြိမ်ဆက်ရွှေတံဆိပ်ရယူ ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် အင်ချွန်းအာရှအားကစားပြိုင်ပွဲတွင် အသင်းလိုက်နှင့် သုံးယောက်တွဲပြိုင်ပွဲတို့တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၄ အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အနေဖြင့် အားကစားနည်း ၁၀ မျိုးတွင် အားကစားသမား ၆၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ သည်။
By 7 Day

အသည်းကွဲလို့သေနိုင်သလား

ယုံချင်ယုံ၊ မယုံချင်နေ ချစ်ရသူတစ်ယောက်ဆုံးရှုံးသွားခြင်း ကြောင့် လူတစ်ယောက်အသည်းကွဲပြီး သေဆုံးနိုင်သည်။ ဗြိတိန်နိုင်ငံဘာမင်ဂန်တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုအရ ဝမ်းနည်းပူဆွေးခြင်း၊ ရင်နာခြင်းနှင့် ဆုံးရှုံးလိုက်ရသည့် စိတ်ခံစားချက်များကဲ့သို့ ပြင်းထန်သော စိတ်ခံစားချက်များကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကိုဆိုးရွားစွာ ပျက်စီးစေနိုင်သဖြင့် အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။


ချစ်ရသူတစ်ယောက်ဆုံးရှုံးလိုက်ရခြင်းကြောင့် နမိုးနီးယားရောဂါပိုးကဲ့သို့ ဘက်တီးရီးယားများကို တိုက်ဖျက်ရာတွင် ကူညီပေးသောနူထရိုဖီးလ် (neutrophils)ဟုခေါ်သည့် သွေးဆဲလ်များအပေါ် ထိခိုက်မှုများကို သုတေသီများလေ့လာခဲ့ကြသည်။ များမကြာမီက ချစ်သူခင်သူတစ်ယောက်ဆုံးရှုံးထားသူများထံမှ သွေးနမူနာများကို သုတေသီများကရယူပြီး ၎င်းတို့၏ နူထရိုဖီးလ်များက ဘက်တီးရီးယားများကို တိုက်ဖျက်ရာတွင် မည်သို့အကျိုးရှိကြောင်း လေ့လာခဲ့သည်။

ဝမ်းနည်းပူဆွေးမှုဒဏ်ခံစားခဲ့ရသည့် လူငယ်များ၏ နူထရိုဖီးလ် များမှာ များစွာမပြောင်းလဲဘဲရှိနေသ်ာလည်း အသက် (၆၅)နှစ်နှင့် အထက် ပုဂ္ဂိုလ်များမှာ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်ခြင်းမရှိ တော့ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

ယင်းအချက်အပြင် ချစ်သူခင်သူတစ်ယောက်သေဆုံးသွားပြီးနောက် အသက်အရွယ်ကြီးသူများမှာ ရုတ်တရက်အထီးကျန်သွားသည်ဟု ခံစားကြရသဖြင့် ၎င်းတို့မှာနာမကျန်းဖြစ်၍ အားလျော့သွားတတ်ကြသည်။

ဇနီးသည်ကို ဆုံးရှုံးလိုက်ရသော မုဆိုးဖိုတစ်ဦး၏သေဆုံးနိုင်မှု အန္တရာယ်မှာ နှစ်ဆမြင့်မားပြီး သေဆုံးဖွယ်ခြောက်ဆမြင့်မားကြောင်း သုတေသီများ၏ လေ့လာမှုက ဖော်ပြသည်။

အိမ်ထောင်သက်ကြာရှည်သော ဇနီးမောင်နှံများမှာ ၎င်းတို့၏ ဘဝလက်တွဲဖော်ကို ဆုံးရှုံးလိုက်ရပြီးနောက် သေဆုံးနိုင်မှုအန္တရာယ်ပို၍မြင့်မားပြီး အသက်ရှင်ကျန်ခဲ့သူတစ်ဦးအဖို့ ပထမဆုံးနှစ်အတွင်း သေဆုံးနိုင်မှုအန္တရာယ်အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။

—Ref: TOI

အခက်အခဲကာလအပြီးမှာ အားပေးတဲ့ လန်ဒန်ပရိသတ်ကို ကျေးဇူးတင်တဲ့ အစ်ဂီအဇယ်လီယာ


သြစတြေးလျအဆို တော် အစ်ဂီအဇယ်လီယာက လန်ဒန်မြို့ ဖျော်ဖြေပွဲ၌ ၎င်းကို ချစ်ခင်အားပေးသော ပရိသတ် များအပေါ် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပြီး အလွန်ခက်ခဲ ကြမ်းတမ်းသည့် သီတင်းတစ် ပတ်ပြီးနောက် အားပေးခဲ့သော ပရိသတ်များအား ကျေးဇူးတင် စကား ပြောကြားခဲ့သည်။


အစ်ဂီအဇယ်လီယာနှင့် ၎င်း ၏ ရည်းစားဟောင်း ဂျီဖီဝိုင်တို့ ချစ်ရည်လူးနေသည့် ဗီဒီယိုမှတ် တမ်းကို အပြာရုပ်ရှင်ဖြန့်ချိသူများ က ရရှိထားသည်ဟူသော မ ကောင်းသတင်း ပျံ့နှံ့နေချိန်တွင် အစ်ဂီက လန်ဒန်မြို့၌ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


အစ်ဂီအဇယ်လီယာက ယင်းဗီဒီယိုမျိုးမရှိဟု ငြင်းထားပြီး ရည်းစားဟောင်းကို ကွန်ပျူတာ မှ ဖိုင်များနှင့် ဗီဒီယိုများ ခိုးယူမှု ဖြင့် တရားစွဲထားသည်။


အစ်ဂီက ၎င်းအခက်အခဲဖြစ် နေချိန်တွင် ဆက်လက်အားပေး ဆဲဖြစ်သည့် လန်ဒန်မြို့ ပရိသတ် များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။


အစ်ဂီ၏ လန်ဒန်မြို့ဖျော် ဖြေပွဲ၌ ဗြိတိန်အဆိုတော် ရီတာ အော်ရာကလည်း Black Widow သီချင်းဖြင့် ပါဝင်ဖျော်ဖြေပေးခဲ့ သည်။အဆိုတော် ဂျနီဖာလိုပက်ဇ် နှင့် အစ်ဂီအဇယ်လီယာတို့ ပူးတွဲ သီဆိုထားသော Booty တေးဂီတ ဗီဒီယိုသည် ထွက်ရှိပြီး ၄၈ နာရီ အတွင်း ကြည့်ရှုသူ ၂၅ သန်း ကျော် ရရှိထားသည်ဟုသိရသည်။

—Ref: AAP

အိမ်ထောင်ရေးအတွက် အကြံပေးချက်


တယောက်နဲ့တယောက်ချစ်ကြလို့ လက်ထပ်ခဲ့ကြတာပါ။လက်ထပ်ပြီးတော့မှ မချစ်ကြတော့တာဟာ ဘာကြောင့်လဲ။

ကိုယ့်ရဲ့ချစ်သူနဲ့ တသက်လုံး ချစ်ချစ်ခင်ခင် နေထိုင်သွားနိုင်ရန်အတွက် ဒီအကြောင်းလေးကို တင်ပြပါရစေ။

Gerald Rogers ဟာ ၁၆နှစ်ကြာ ပေါင်းသင်းလာသော သူ့၏ အမျိုးသမီးနှင့် ကွာရှင်းခဲ့ရသူပါ။ အဲဒီအတွက် ပူဆွေးသောကရောက်ခဲ့ရပါတယ်။
သူ့ရဲ့ရင်ထဲက ခံစားချက်တွေ နောင်တတွေကို အခြားသောသူတွေလည်း မကြုံတွေ့စေရန် ရည်ရွယ်ပြီး အိမ်ထောင်ရေးအတွက် အကြံပေးစာလေးကို ရေးခဲ့ပါတယ်။

သူ့ရေးသားခဲ့တဲ့စာလေးတွေက Facebook မှာ ၁လအတွင်း စာဖတ်ပရိသတ် ၁သိန်း၎သောင်းကျော် Share လုပ်ခဲ့တယ်လို့သိရပါတယ်။

၀၁. ချစ်တယ်ဆိုတဲ့အကြောင်း သွားလာဖို့ မမေ့နဲ့အမျိုးသမီးက ကိုယ့်ရဲ့
အနားမှာရှိတယ်ဆိုတာကိုမေ့မနေပါနဲ့။ သမီးရည်းစားဘဝတုန်းကလို သွားသွားလာလာရှိဖို့လဲ အရေးကြီးပါတယ်။ လက်ထပ်တုန်းကတော့ 
သူ့ကို တသက်လုံးစောင့်ရှောက်ပါမယ်လို့ ကတိပေးထားတာကို မမေ့ပါနဲ့။

၀၂.သူ့အတွက် နေရာလေးချန်ထားပါ
သူ့ကိုစောင့်ရှောက်ရမဲ့တာဝန်တခုတဲ့တော့မဟုတ်ပါ။သူ့အတွက်စိတ်ထဲမှာ
လည်း တနေရာပေးထားလိုက်ပါ။
အလုပ်တွေ လူမှုရေးကိစ္စတွေနဲ့ ဘယ်လောက်ပဲရှုပ်ထွေးနေပစေ သူ့နေရာလေးကိုတော့ ဘယ်သူ့မှမဝင်မခံပါစေနဲ့။

၀၃.ချစ်ပြီးရင်းချစ်ပါ
လူဆိုတာ အချိန်နှင့်အမျှပြောင်းလဲနေပါတယ်။လက်မထပ်ခင်အချိန်တုန်းကနဲ့ လက်ထပ်ပြီးသွားတဲ့အချိန်မှာ ကိုယ်ရဲ့အခြေအေနေက တူနေမယ်လို့မထင်ပါ။
ဒါကြောင့်လည်းသမီးရည်းစားဘဝတုန်းကလိုသူ့အတွက်ဆိုရင်ဘာမဆိုလုပ်ပေးမယ်ဆိုတဲ့အချစ်တွေကိုမမေ့ပဲ ပစ္စပန်မှာလည်း တူညီသောအချစ်တွေကို
ပေးနိုင်ဖို့ကြိုးစားပါ။

၀၄.သူရဲ့ကောင်းသောအချက်ကလေးတွေကိုမမေ့ပါနဲ့
သူ့ရဲ့ကောင်းချက်ကလေးတွေကို ဂရုတစိုက်ကြည့်ထားသင့်ပါတယ်။လူဆိုတာ လူတယောက်ရဲ့မကောင်းတဲ့အချက်ကို အရင်မြင်တတ်ပါတယ်။
သူ့ရဲ့မကောင်းတဲ့အချက်တွေကိုပဲ စဉ်းစားနေရင်တော့ ရေရှည်မှာမကောင်းပါ။

၀၅.သူ့ရဲ့အကျင့်စရိုက်ကိုပြောင်းလဲဖို့မကြိုးစားပါနဲ့
ကိုယ်လိုချင်တဲ့ပုံစံမျိုးကို ပုံသွင်းတာမျိုးမလုပ်သင့်ပါ။လူဆိုတာ အားလုံးပြီးပြည့်စုံနေတယ်ဆိုတာမရှိတဲ့အတွက်သူရဲ့အကျင့်စရိုက်ကိုပြောင်းလဲဖို့လုပ်တယ်ဆိုတာဟာ သင့်အလုပ်မဟုတ်ပါ။
သူကိုရှိတဲ့အတိုင်းပဲချစ်တယ်ဆိုတာလည်း မင်္ဂလာတပါးပါ။

၀၆. ကိုယ့်ရဲ့တာဝန်ကိုသိပါ
အိမ်ထောင်ရေးဘဝကို သာယာအောင်လုပ်ဖို့အတွက် သူ့မှာပဲ အားလုံးတာဝန်ရှိတာမဟုတ်ပါ။ ကိုယ့်မှာလည်းတာဝန်ရှိတယ်ဆိုတာကို မမေ့ပါနဲ့။

၀၇.သူ့ကို အပြစ်သိပ်မတင်ပါနဲ့
ဘယ်လောက်ပဲဒေါသထွက်ထွက် သူ့ကို အပြစ်သိပ်မတင်သင့်ပါ။ဒေါသထွက်နေတယ်ဆိုတာ အကြောင်းကြောင်းကြောင့်ဖြစ်ပင်မဲ့ ဒေါသကြောင့်မမှားကို မပြုလုပ်သင့်ပါ။

၀၈.သူ့ရဲ့စိတ်ကို နားလည်ပေးပါ
သူကစိတ်ဆိုးနေတာကို ချော့ဖို့သင့်ရင်ချော့ရမှာပါ။သူ့မှာဖြစ်နေတဲ့ပြဿနာကို နားထောင်ပြီး နှစ်သိမ့်ဖို့လည်းလိုပါလိမ့်မယ်။သူစိတ်ဆိုးနေတာက အလုပ်ရှုပ်တယ်ဆိုပြီး ရှောင်မထွက်သွားသင့်ပါ။

၀၉.ပျော်တတ်ဖို့လိုပါတယ်
ကိုယ်ကိုတိုင်လည်း ပြုံးပြုံးပျော်ပျော်နေတတ်ဖို့လိုပါတယ်။ဒါမှသာလျှင် တစ်ယောက်နှင့်တစ်ယောက် ပြုံးသင့်လျှင်ပြုံး ပျော်သင့်လျှင်ပျော်မှသာလျှင် အိမ်ဆောင်ရေးအဆင်ပြေမှာပါ။

၁၀.သူ့ရဲ့လိုအပ်ချက်ကို ဖြည့်စီးပေးပါ
သူ့မှာတော့ မောင်ကချစ်မှချစ်ပါ့တော့မလားလို့တွေးရင်လည်း တွေးနေတတ်ပါတယ်။ သူ့မှာဘာလိုအပ်နေလည်း ဘယ်လိုလုပ်ရမလဲမသိရင် တိုက်ရိုက်မေးသင့်ပါတယ်။

၁၁. သူအတွက် အချိန်ပေးပါ
လက်ထပ်ပြီးတဲ့အချိန်ကနေ အလုပ်ကများ လူမူရေးကများနဲ့ သူ့အတွက်အချိန်ကို မပေးနိုင်တာရှိပါတယ်။ သူနဲ့ရှိနေချိန်မှာ သူ့အတွက် အချိန်ကို အားလုံးပေးနိုင်ရင်ကောင်းပါတယ်။

၁၂.သူ့ကမိန်းကလေးဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့
ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘာတွေပြောင်းလဲပြောင်းလဲ သူကိုမိန်းကလေး
တယောက်လို ဆက်ဆံသင့်ပါတယ်။သူ့အတွက်လည်းကိုယ်ဟာ
ဆွဲဆောင်မူရှိတဲ့ယာင်္ကျားကောင်းတယောက်ဖြစ်တယ်ဆိုတာကို ပြဖို့လိုပါတယ်။

၁၃. အမှားကို လက်ခံပါ
ကိုယ့်မှာလည်း အမှားရှိသလို သူ့မှာလဲ အမှားရှိပါတယ်။ သူ့ရဲ့အမှားကိုမဲပြီး အပြစ်တင်တာကို မလုပ်ပါနဲ့။

၁၄.သူအတွက် အေးအေးဆေးဆေးနေနိုင်တဲ့နေရာလေးရှိပါစေ
သူ့မှာ နေ့စဉ်နှင့်အမျှအိမ်ကိစ္စနဲ့ပဲအလုပ်ရှုပ်နေတတ်ပါတယ်။ ကလေးရှိ
တဲ့သူဆိုရင်တော့ပိုဆိုးရောပေါ့။ ကိုယ်တယောက်တည်းမဟုတ်ပဲသူ့အတွက်
လည်းစိတ်ပြေလက်ပျောက်နေနိုင်မဲ့နေရာလေးကို ထားပေးသင့်ပါတယ်။

၁၅.ကိုယ်ရဲ့အားနည်းချက်ကို ပြောဖို့လည်းဝန်မလေးပါနဲ့
ယောင်္ကျားဆိုတော့ ကိုယ်ရဲ့အားနည်းချက်ကို ထုတ်ပြောဖို့ဝင်လေးတတ်ပါတယ်။အချို့ပြဿနာဆိုတာ ကိုယ်တယောက်တည်း မဖြေရှင်းနိုင်တဲ့အခါရှိပါတယ်။အဲဒီအချိန်မှာ ကိုယ့်ရဲ့လက်တွဲဖော်ကို ပွင့်ပွင့်လင်းလင်းတိုင်ပင်သင့်ပါတယ်။

၁၆. သူအပေါ်မှာ ဟန်မဆောင်ပါနဲ့
တယောက်အပေါ်တယောက် ပွင့်ပွင့်လင်းလင်းရှိဖို့လိုပါတယ်။ ဟန်ဆောင်တာတွေ လိမ်ညာတာတွေရှိလာရင်တော့ မကောင်းပါ။

၁၇.နှစ်ယောက်အတူတူ ဘဝကို တိုးတတ်အောင်ကြိုးစားပါ
ဘဝရည်မှန်းချက်ဖြစ်ပါစေ၊ ဝါသနာပါတဲ့အရာပဲဖြစ်ပါစေ နှစ်ယောက်အတူတူတိုင်ပင်ပြီး လုပ်သင့်ပါတယ်။ဒါမှသာလျှင် တစ်ယောက်နှင့်တစ်ယောက် နားလည်မူရှိလာနိုင်သလို အိမ်ထောင်ရေးလည်း သာယာလာပါလိမ့်မယ်။

၁၈.ပိုက်ဆံအတွက် နားမပူပါနဲ့
ပိုက်ဆံဆိုတာဟာ ဂိမ်းတခုနဲ့တူပါတယ်။လင်မယားနှစ်ယောက် အတူတူဘဝဂိမ်းကိုအောင်မြင်အောင် ကြိုးစားရမှာပါ။မသေမချင်း ပိုက်ဆံဆိုတာကို ရှာဖွေနိုင်ပါတယ်။
ပိုက်ဆံမရှိလို့ဆိုပြီး ပြောနေမဲ့အစား သူနဲကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို တိုင်ပင်သင့်ပါတယ်။

၁၉.ခွင့်လွတ်တတ်ဖို့လိုပါတယ်
အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စကို အစွဲထားပြီး ထပ်ခါတလဲလဲ ပြန်ပြောတာမျိုးမလုပ်သင့်ပါ။ခွင့်လွှတ်သင့်တာကို ခွင့်လွတ်ပြီး ရှေ့ဆက်လျှောက်ဖို့သာ အရေးကြီးပါတယ်။

၂၀. အချစ်ကိုရွေးပါ
ဘဝမှာ ဆုံးဖြတ်ရခက်တဲ့အချိန်တွေဟာ အများကြီးပါ။ အဲဒီအချိန်မှာ အချစ်ရှိသောနေရာကို ရွေးရင်တော့ မမှားဘူးလို့ထင်ပါတယ်။
ဒီစာလေးဟာ အိမ်ထောင်သည်တွေအတွက်ပဲမဆိုလိုပါ။မကြာခင်
လက်ထပ်မဲ့သူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ယောင်္ကျားလေးဘက်က
ရေးထားပင်မဲ့ ပြောင်းပြန်စဉ်းစားရင်လဲ မိန်းကလေးတွေအနေနဲ့လည်း 
ဖတ်လို့ရပါတယ်။

Chelmo Team
Ref. Buzz News

နာမည်ကျော် အနုပညာရှင်များ၏ အလှဖန်တီးရှင် နှစ်ဦး ငွေဆောင်တွင် ရေနစ်သေဆုံး


စန္ဒီမြင့်လွင်နှင့် ၀ိုင်းစုခိုင်သိန်းတို့ အပါအ၀င် နာမည်ကျော်အနုပညာရှင်များ၏ မိတ်ကပ်ဖန်တီးရှင်နှစ်ဦးဖြစ်သည့် ဖြူစင်နှင့် မငယ်တို့သည် စက်တင်ဘာလ ၂၂ ရက် ညနေက ငွေဆောင်ကမ်းခြေတွင် ရေကစားရင်း ရေနစ်သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။


ထိုမိတ်ကပ်ဖန်တီးရှင် နှစ်ဦးသည် စန္ဒီမြင့်လွင်နှင့် ၀ိုင်းစုခိုင်သိန်းတို့၏ အမ်တီဗီရိုက်ကူးရေးတွင် မိတ်ကပ်ပြင်ပေးရန် လိုက်ပါသွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ရေဆင်းဆော့ရင်းဖြစ်တာလို့ တွေ့လိုက်တဲ့လူတွေက ပြော ကြတယ်။ မနေ့ ညနေပိုင်းလောက်က ရေနစ်သွားတာ။ တစ်ယောက် ကတော့ သိပ်မကြာဘူး။ ပြန်ပေါ်လာတယ်။ နောက်တစ်ယောက်က ဒီနေ့မနက်မှာ ထပ်ပေါ်လာတယ်’’ ဟု ငွေဆောင်ကမ်းခြေမှ ဒေသခံတစ်ဦးဖြစ်သူ ကိုသူရစိုးက ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ငွေဆောင်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် သက်ဆိုင်ရာအရာရှိ မရှိသောကြောင့် ဖြေကြား၍ မရကြောင်း ညစောင့်တာဝန်ကျတပ်သားတစ်ဦးက ပြောသည်။

‘‘နှစ်ယောက်လုံး ရေဆင်းဆော့နေတုန်း လှိုင်းပုတ်ပြီး နစ်သွားတာ။ ကမ်းခြေက လူတွေကယ်ဖို့ လိုက်ကြတော့ မမီတော့ဘူး။ ဘယ်လိုမှ မယုံနိုင်ဘူး။ မိနစ်ပိုင်းလေးအတွင်းမှာ ဖြစ်သွားတာ။ စိတ်ထဲမှာ အခုထိမဖြေနိုင်သေးဘူး’’ဟု ၎င်းတို့နှင့်အတူ ငွေဆောင်တွင် အတူရှိနေခဲ့သူဟု ယူဆရသည့် သူငယ်ချင်းတစ်ဦးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။

Ref: World Myanmar

သံဃာအယောင်ဆောင်ကုလားတယောက်အား သက်သေခံပစ္စည်းများ နှင့် အတူဖမ်းဆီး




၂၂. ၉. ၂၀၁၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့် တွင်ဖျာပုံမြို့ ၊ အမျိုး ဘာသာ သာ
သနာစောင့်ရှောက်ရေးအဖွဲ့ မ ဘ သသံဃာတော်များ နှင့် ၀ံသာနုရက္ခိတအဖွဲ့ မှဘိုကလေး-ဖျာပုံကားပေါ်တွင် ကိုတင်လှ(ခေါ်)ဦးဇောတိက ဆို သူ သံဃာအယောင်ဆောင် ကုလားတယောက် အားသက်သေခံပစ္စည်းများ နှင့် အတူဖမ်းဆီးမိ၍ ဖျာပုံမြို့ ရဲစခန်းသို့ အကြောင်းကြားပို့ဆောင်ပေးခဲ့ပါသည် ။


ရဲစခန်း မှ တာဝန်ရှိပုဂ္ဂိုလ် များမှစစ်ဆေးမေးမြန်းပြီး ဥပဒေအရ အရေးယူသွားမည်။
၎င်းဧ။် ကျော တွင် အစ္စလာမ် မဟုတ်သူ များ ကို ဓားကိုင်ကာ ခေါင်း ဖြတ် နေ သော ဆေး မှင် ကြောင် များ လည်း ထိုး ထား သည်ကို တွေ့ ရ ပါ သည် ။

Posted By
မဟာမြိုင် ဝိသေဋ္ဌ
ကို မိုးသူအောင် ပို့  ပေးသည်။

ပုရိသတွေကို စိတ်ကုန်လို့ ရင်သားသုံးဖက်ဖြစ်အောင် ဆာဂျရီနဲ့ ပြုပြင်လိုက်တဲ့ ဖလော်ရီဒါ အနှိပ်ခန်းက မိန်းကလေး

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် မိန်းကလေးသည် အမျိုးသားများအပေါ် စိတ်ကုန်သွားပြီး ဆွဲဆောင်မှုမရှိတော့စေရန် တတိယမြောက်ရင်သား တစ်ခုကို ပလပ်စတစ်ဆာဂျရီဖြင့် ပြုပြင်လိုက်သည်။


အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်သော ဂျက်စမင်းထရိုင်ဒီဗဲလ်သည် အဆိုပါ ရင်သားနောက်ထပ်တစ် လုံးကို ရရှိရန် အမေရိကန်ဒေါ်လာ ၂၀၀၀၀ အကုန်အကျခံ ပြုပြင်ခဲ့ရကြောင်း ပြောကြားသည်။

“ကျွန်မအနေနဲ့ နောက်ထပ်ရင်သားတစ်လုံး ရလာတာကလွဲလို့ ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ အဲဒီနို့သီးခေါင်းအသစ်က နဂိုနို့ သီးခေါင်းတွေလိုတော့ ခံစားမှုသိပ်မရှိဘူး” ဟု ပြောသည်။

အမျိုးသားများအပေါ် စိတ်ကုန်သွားပြီး ၎င်းတို့က မိမိအား စိတ်မ၀င်စားတော့အောင် ယခုကဲ့သို့ လုပ် ဆောင်ခြင်းဖြစ်ကြောင်း သူမက အိုလန်ဒို အသံလွှင့်ဌာနသို့ ပြောကြားသည်။

“ကျွန်မ ရူးနေပါတယ်။ ဒါပေမယ့် ရူးတဲ့သူတွေဟာ ကိုယ်ရူးတာကို ကိုယ်မသိကြဘူး။ ဒါကြောင့် ကျွန်မရူးနေတာ မဟုတ်ဘူးလို့ လည်း ပြောနိုင် ပါတယ်” ဟု ထရိုင်ဒီဗဲလ်က ပြောသည်။

တတိယ ရင်သားပြင်ဆင်ရန် ဆရာဝန်အများအပြားနှင့် သွားရောက်ဆွေးနွေးခဲ့ရသည်ဟု သူမက ပြောသည်။


Photo- Daily News

ထရိုင်ဒီဗဲလ်က နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်ချင်သကဲ့သို့ အမ်တီဗွီ အစီအစဉ်များတွင် လည်း ပါဝင်သရုပ်ဆောင် ချင်ကြောင်း ပြောကြားသည်။

“အမေ့ကို ဖုန်းကင်မရာကနေ လှမ်းပြလိုက်တော့ အမေက ဘာမှမပြောတော့ဘဲ အပြင်ဘက်ကို ချာကနဲ လှည့်ထွက်သွားတယ်” ဟု သူမက ပြောသည်။
by Mizzima News

သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျသို့ ပြန်လာမည် ဆိုပါက ထောင်နှစ်ရှည်ကျခံရမည်ဟု ဝန်ကြီးချုပ်ပြော

အရှေ့အလယ်ပိုင်းဒေသတွင် စစ်သွေးကြွများနှင့်အတူ ပါဝင်တိုက်ခိုက်နေကြသော သြစတြေးလျနိုင်ငံသားများ သြစတြေးလျသို့ ပြန်လာမည် ဆို ပါက ထောင်ဒဏ်နှစ်ရှည်ကျခံရလိမ့်မည် ဖြစ်ကြောင်းသြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ထ်က သတိပေးခဲ့သည်ဟု စက်တင်ဘာ ၂၂ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



သြစတြေးလျတွင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဥပဒေများကို အစိုးရက ပိုမိုတင်းကျပ်လာနေသည်။

“အကြမ်းဖက်အဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေကြတဲ့ သြစတြေးလျတွေအားလုံးကို ကျွန်တော်ပြတ်ပြတ်သားသားပြောချင်တာကတော့ ခင်ဗျား တို့ အဖမ်းခံရလိမ့်မယ်၊ တရားစွဲခံရလိမ့်မယ်၊ ပြီးတော့ အလွန်ရှည်လျားတဲ့ ထောင်ဒဏ်ကို ကျခံရလိမ့်မယ် ဆိုတာပါပဲ” ဟု အက်ဘော့ ထ်က နိုင်ငံတော်လုံခြုံရေး နှင့် ပတ်သက်သော ကြေညာချက် တစ်စောင်ထဲတွင် ပြောကြားခဲ့သည်။

သြစတြေးလျသည် နိုင်ငံအတွင်းရှိ အစွန်းရောက်ဝါဒီများကို ပစ်မှတ်ထားလျက် ရှိသလို ဆီးရီးယားနှင့် အီရတ်တို့တွင် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်လျက်ရှိသော သြစတြေးလျနိုင်ငံသားများ နိုင်ငံအတွင်းသို့ ပြန်လာကြမည့် ကိစ္စနှင့် ပတ်သက်၍လည်း စိုးရိမ် ပူပန်နေသည်။

“ကျွန်တော်တို့ရဲ့ လမ်းမတွေ ပေါ်မှာ အကြမ်းဖက်သမားတွေ မရှိအောင် လုပ်ဆောင်တဲ့ နေရာမှာ ပိုပြီးလွယ်ကူအောင်လို့ ကျွန်တော်တို့ရဲ့ ဥ ပဒေတွေကိုလည်း ပြောင်းလဲနေပါတယ်” ဟု အက်ဘော့ထ်က ဆိုခဲ့သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က သြစတြေးလျတွင် ရဲအရာရှိ ၈၀၀ ကျော်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်မှု တစ်ရပ်အဖြစ် အိမ်ပေါင်း ၃၀ ခန့်ကို ဝင်ရောက်စီးနင်းခဲ့ကြရာ သြစတြေးလျ သမိုင်း တစ်လျှောက်တွင် အကြီးမားဆုံးသော လုံခြုံရေးဆိုင်ရာ စစ်ဆင်မှု တစ်ရပ်ပင် ဖြစ်သည်။ အကြမ်းဖက်မှုလုပ်ရန် စီစဉ်မှုဖြင့် အသက် ၂၂ နှစ် အရွယ် အမျိုးသား တစ်ဦးကိုလည်း စွဲချက်တင်ထားခဲ့သည်။

သြစတြေးလျ နိုင်ငံအတွင်း စစ်သွေးကြွများက လူများကို ကြုံရာကျပန်းရွေးချယ်ကာ သရုပ်ပြ သတ်ဖြတ်ကွပ်မျက်မှုများ ပြုလုပ်မည်ဆိုသည့် IS စစ်သွေးကြွများ၏ အစီအစဉ်တစ်ရပ်ကိုလည်း သြစတြေးလျ အစိုးရက ဟန့်တားနိုင်ခဲ့ကြောင်း သြစတြေးလျ အစိုးရက ဆိုခဲ့သည်။ “သြ စတြေးလျ IS အဖွဲ့သား တစ်ယောက်ဟာ လမ်းပေါ်က လူတွေကို ကြုံသလို ရွေးချယ်ဆွဲထုတ်ပြီး သူတို့အနေနဲ့ ဘာသာရေး မယုံကြည်သူတွေကို သတ်ဖြတ်နိုင်ကြောင်း သရုပ်ပြဖို့ ညွန်ကြားခဲ့ပါတယ်” ဟုလည်း အက်ဘော့ထ်က ပြောခဲ့သည်။

အီရတ် နှင့် ဆီးရီးယားတို့တွင် သြစတြေးလျ ၆၀ ခန့် တိုက်ခိုက်လျက် ရှိပြီး ၊၂၀ ကျော်မှာ သြစတြေးလျသို့ ပြန်လာခဲ့ပြီးဖြစ်ကာ ဂျီဟတ်ဝါဒီများကို တက်တက်ကြွကြွ ထောက်ခံသူ နောက်ထပ် အနည်းဆုံး အယောက် ၁၀၀ ခန့် ရှိနေကြောင်း အက်ဘော့ထ်က ဆိုခဲ့သည်။

သြစတြေးလျ၏ လက်ရှိ ဥပဒေများမှာ IS အဖွဲ့ ကဲ့သို့သော အကြမ်းဖက်အဖွဲ့များ၏ အန္တရာယ်ကို တိုက်ဖျက်ရန် မလုံလောက်ဟု သြစတြေးလျ အစိုးရက ယူဆနေပြီး ယခုသီတင်းပတ်တွင် ဥပဒေကြမ်းနှစ်ရပ်အား လွှတ်တော်သို့ တင်သွင်းလျက် ရှိသည်။
by Mizzima News