
မွန်ပြည်နယ် ရေးမြို့နယ်၊ မြို့မ ရဲစခန်းအပိုင် ဇီးဖြူသောင် ရဲကင်းရှိ နေအိမ်လိုင်းခန်း အတွင်း စာတစ်စောင်ရေးသားခဲ့ပြီးနောက် ရဲတပ်သား တစ်ဦးက မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အဆုံးစီ ရင်မှုတစ်ခု သြဂုတ်၂၁ရက် ည၆း၃ဝနာရီ၌ ဖြစ်ပွားခဲ့ ကြောင်း ရေးမြို့နယ်ရဲစခန်းမှ သိရသည်။
''သေသူ ရဲတပ်သားရဲ့ဘေးမှာ ဝဋ်ကြွေးရှိ ရင် ဒီဘဝဒီမျှသာကျေပါစေ ဘုရားဆိုပြီး စာရွက်နဲ့ရေး ပြီး ချထားတာတွေ့ပါတယ်။ ကျည်ဆံကမေးရိုးကိုဖောက် ပြီး ဦးခေါင်းနောက်စေ့ပွင့်ထွက်သွားခဲ့တာပါ''ဟု ရဲတပ် ကြပ်တစ်ဦးက ပြောသည်။
မိမိကိုယ်ကိုအဆုံးစီရင်သူသည် ရဲတပ်သား အောင်ကိုမြင့်ဆိုသူဖြစ်ပြီး အသက်၂၆နှစ်ရှိကြောင်း၊ ၄င်းသည် ရဲတပ်သား ဆန်းနိုင်ဆိုသူနှင့် ကင်းလဲပြီး နောက် M22 သေနတ်တစ်လက်၊ ကျည် ၂ဝတောင့်နှင့် အတူ ၄င်း၏နေအိမ်လိုင်းခန်းသို့ထွက်သွားခဲ့ပြီး ခဏ အကြာ ၄င်း၏နေအိမ်လိုင်းခန်းအတွင်းမှ သေနတ်သံ တစ်ချက်ကြားသဖြင့် စခန်းမှတာဝန်ရှိသူများသွားရောက် ကြည့်ရှုရာမှ အိပ်ရာပေါ်တွင် ပက်လက်အနေအထား ဖြင့် သေနတ်ပိုက်ပြီး လည်မျိုတွင်သေနတ်ထိမှန်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ် သည်။
အဆိုပါရဲတပ်သား အောင်ကိုမြင့်သည် ၂ဝ၁၄ခုနှစ်စပိုင်းမှစတင်၍ မော်လမြိုင်မြို့ ယာဉ်ထိန်း တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ရေးမြို့မ ရဲစခန်းအပိုင် ဇီးဖြူသောင်ရဲကင်း၌ သေဆုံးခဲ့ခြင်းဖြစ် သည်။
''ရွာမှာတော့ အေးအေးဆေးဆေးပါပဲ။ သူမသေခင် ကျွန်တော်သိရတာက အမေကို သတိရကြောင်း ပြောတတ်တယ်။ နောက်ပြီး အမေနဲ့ပတ်သက်တဲ့ သီချင်းတွေ အမြဲတမ်းဖွင့်ထားတယ်။ သေချိန်မှာတောင် အဲဒီသီချင်း ဖွင့်ရက်သားပါ။ ကျွန်တော် ကြားပါတယ်'' ဟု ဇီးဖြူသောင်ကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ရဲတပ်သားအောင်ကိုမြင့်သည် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာဇာတိ ဖြစ်ပြီး အလောင်းအား ရေးမြို့ ပြည်သူ့ဆေးရုံသို့ပို့အပ်ကာ စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့စည်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ မိမိကိုယ်ကို အဆုံးစီရင် မှုကို အမှုဖွင့်လှစ်ထားခြင်းမရှိဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Flower News Journal


အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသည့် သမီးငယ်၏ လိင်မှုကိစ္စကို တားမြစ်ခြင်း မရှိသည့် အပြင် ကိုယ်ဝန် ရှိလာချိန်တွင် ငွေညှစ်ခဲ့သည့် မိခင်ဖြစ်သူကို ရဲတပ်ဖွဲ့ စွဲချက်တင်ကာ စစ်ဆေးမှု ပြုလုပ်လျှက် ရှိသည်။
တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ဖိုရှန်မြို့ စားသောက်ဆိုင်တစ်ခုတွင် မြွေသား ဟင်းချိုချက်နေ သည့် စားဖိုမှူးအား အိုးအတွင်းမှ မြွေခေါင်းပြတ်က လက်ကိုကိုက်မှုကြောင့် အဆိပ်သင့်ပြီး အာရုံကြောစနစ် ထိခိုက်ပျက်စီးကာ သေဆုံးသွားကြောင်း သိရသည်။
စားဖိုမှူးပန်ဖန်းသည် အဆိုပါ အင်ဒိုချိုင်းနားမြွေဟောက်အား အကိုက်မခံရမီ မိနစ် ၂၀ ကျော်ကပင် ခုတ်ဖြတ်ခဲ့ပြီး ချက်ပြုနေစဉ် မြွေ၏ခေါင်းအား အိုးအတွင်းမှ ဖယ်ရှားရန် ဆယ်ယူစဉ် အကိုက်ခံခဲ့ရခြင်း ဖြစ်သည်။ 
Yangon