သေဆုံးသွားသောမြန်မာ လေယာဉ်မှူး၏ ကျန်ရစ်သူမိသားစုကို တစ်သက်တာထောက်ပံ့မှုပေး


ရန်ကုန် (မဇ္ဈိမ)။ ။ သေဆုံးသွားသော မြန်မာလေယာဉ်မှူး၏ ကျန်ရစ်သူမိသားစုများကို ထူးဖောင်ဒေးရှင်းက တစ်သက်တာ ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်သည်။


အဆိုပါထောက်ပံ့မှုအဖြစ် မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးကို ရည်စူးပြီး ထူးဖောင်ဒေးရှင်း နာယက ဦးတေဇက ရွာလေးရွာတွင် စာသင်ကျောင်း (၄) ကျောင်းနှင့် ဆေးခန်း (၁) ခန်း ဆောက်လုပ်လှူဒါန်းရန် စီစဉ်လျက်ရှိသည်။

ထို့ပြင်ကပ္ပတိန် ဦးအောင်မြတ်တိုး၏ လက်ရှိခံစားလျက်ရှိသော လစာငွေကို ကျန်ရစ်သူ ကပ္ပတိန် ဦးအောင်မြတ်တိုး၏ ဇနီးကို တစ်သက်တာအတွက် ဆက်လက်ပေးအပ် ခံစားခွင့်ပြုမည်ဟုဆိုသည်။

ယင်းလေယာဉ်မှူး၏ ကျန်ရစ်သည့် သားငယ်အတွက် ပြည်တွင်း၊ ပြည်ပတို့တွင် ပညာရေးဆုံးခန်းတိုင်သည် အထိ ထူးဖောင်ဒေးရှင်က တာဝန်ယူထောက်ပံ့ပေးသွား မည်ဖြစ်ပြီး ဇနီးနှင့်သားအတွက် ကျန်းမာရေး ကိစ္စအ၀၀ကို တာဝန်ယူမည်ဖြစ်သည်။

အဆိုပါကပ္ပတိန် ဦးအောင်မြတ်တိုး၏ ကျန်ရစ်သော မိသားစုဝင်များဖြစ်သည့် ဇနီးနှင့်သားက လိုအပ်သော ကိစ္စအ၀၀ကို ထူးဖောင်ဒေးရှင်းသို့ အချိန်မရွေး အကြောင်းကြားနိုင်ပြီး ထူးဖောင်ဒေးရှင်းက အမြဲအကူအ ညီပေးသွား မည်ဟုဆိုသည်။

ခါကာဘိုရာဇီတောင်တွင် ပျောက်ဆုံး B4 ရဟတ်ယာဉ်နှင့်အတူ လိုက်ပါသွားသည့် မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးမှာ တောတွင်းတစ်နေရာတွင် ကွယ်လွန်နေသည်ကို အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီက ထူးဖောင်ဒေးရှင်း၏ ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့သည်။

၎င်းရဟတ်ယာဉ် မတော်တဆ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရန် အသေးစိတ် အချက်အလက များ လိုအပ်နေသော်လည်း ယင်းအချက်အလက်များကို ပြောနိုင်သူမှာ လက်ရှိဆေးကုသမှု ခံယူနေရသည့် ထိုင်းရဟတ်ယာဉ်မှူးနှင့် တောနက်အတွင်း ကယ်ဆယ်ရေးအဖွဲ့နှင့် အတူရှိနေသော ဦးရွှေရင်တော်ကြီးတို့ ဖြစ်ကြောင်း၊ ထို့ကြောင့် မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်မဖော်ပြနိုင်သေးသည်ကို နားလည်ပေးပါရန်နှင့် မကြာမီအချိန်တွင် ထူးဖောင်ဒေးရှင်းမှ သတင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆိုသည်။
Mizzima News

IS စစ်သွေးကြွ များက အီရတ်ဂျာနယ်လစ် တစ်ဦးနှင့် အခြားသူ ၁၂ ဦးကို သတ်ဖြတ်

အစ္စလာမ္မစ် စစ်သွေးကြွ IS အဖွဲ့က အီရတ်သတင်းဌာနမှ ရုပ်သံကင်မရာရိုက်ကူးသူ ဂျာနယ်လစ်တစ်ဦးနှင့် အခြားသူ ၁၂ ဦးကို ဘဂ္ဂဒက်မြို့မြောက်ပိုင်းရှိ ရွာများနှင့် မြို့များတွင် အောက်တိုဘာ ၁၀ ရက်က သတ်ဖြတ်လိုက်ကြောင်း အသတ်ခံရသူများ၏ ဆွေမျိုးများနှင့် မျက် မြင် သက်သေများက ပြောကြားသည်။



အီရတ်မြောက်ပိုင်းမှ ကာဒ့်တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ အေအက်ဖ်ပီ

အီရတ် ရုပ်သံလိုင်း တစ်ခုဖြစ်သည့် Sama Salaheddin မှ အသက် ၃၇ နှစ် အရွယ် ရုပ်သံ ရိုက်ကူးသူ ရာအက် အာဇာဝီ၊ သူ၏ ညီတစ်ဦးနှင့် အခြား အရပ်သား နှစ်ဦးတို့ကို တီကရစ်မြို့ အရှေ့ပိုင်း ဆမ်မရာ ရွာတွင် စစ်သွေးကြွ များက သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စည်းမခြား သတင်းထောက်များ ဖွဲ့၏ ပြောကြားချက် အရ ကလေး သုံးယောက် တို့၏ ဖခင်ဖြစ်သူ အာဇာဝီကို စစ်သွေးကြွ များက စက်တင်ဘာ ၇ ရက်ကပင် ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အာဇာဝီက စစ်သွေးကြွများ အတွက် အလုပ်လုပ် မပေး သောကြောင့် ၎င်းအား သတ်ပစ်မည်ဟု IS တို့က ခြိမ်းခြောက် ခဲ့ကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

IS အဖွဲ့သည် အီရတ်အစိုးရနှင့် ဆက်နွှယ်သည်ဟု စွပ်စွဲခံရသူ များအား သတ်ဖြတ်ခဲ့ပြီး ဖြစ်ကာ အောက်တိုဘာ ၁၀ ရက်က သတ်ဖြတ် ခံခဲ့ရသူ များမှာ Is အဖွဲ့အား ဆန့်ကျင်သည့် အရပ်သား ဆွန်နီ ဘာသာဝင်များ ဖြစ်ကြောင်း သိရသည်။

Ref:AFP
Mizzima News

ကျွန်မချစ်သော စာအုပ်ကို ဒီနှစ်ထဲမှာ ပြီးစီးအောင် လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း မိုးဟေကိုပြော


ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးတဲ့ လူစိမ်း ဇာတ်ကားမှာ မိုးဟေကိုက နေတိုး နဲ့အတူ သရုပ် ဆောင်နေပြီး ဒီဇာတ်ကားထဲ မှာ ဆရာဝန်မ အဖြစ် သရုပ်ဆောင် ထား ပါတယ်။ ကိုယ် မရိုက်ဖူးတဲ့ ဇာတ်ရုပ် ကို အဓိက ရွေးချယ် ရိုက်ကူးချင်ပြီး မလုပ်ဖူးတဲ့ ကာရိုက်တာကို လုပ်ရ တာက သူ့အနေ နဲ့ ပိုပြီးတော့ စိတ် ဝင်စားမှု ရှိတယ်” လို့ ဆို လာတဲ့ မိုး ဟေကိုက..

“မိုးက ပုံမှန်ကတော့ တစ်လကို နှစ်ကား လောက်ပဲ ရိုက်ဖြစ်နေတယ်။ တခြား အလုပ်လေးတွေ လည်း တွဲ လုပ်ဖြစ်နေတယ်။ ဇာတ်လမ်းတွေ အဓိက ရွေးဖြစ်တယ်။ မလုပ်ဖူး တဲ့ ကာရိုက် တာတွေကို အဓိကရွေး ချယ်ပြီး ရိုက်ကူး ဖြစ်တယ်။ အမှန် အတိုင်း ပြောရရင် မလုပ်ဖူးတဲ့ ကာ ရိုက်တာတွေ လုပ်ရတာက ပိုပြီးတော့ လည်း စိတ်ဝင် စားတယ်။ လုပ်ချင်တဲ့ စိတ်လည်း အပြည့်အဝ ရှိတယ်။ အဲဒီလိုမျိုး ဇာတ်လေးတွေ ကိုယ့်ဆီလာရင် ပိုပြီးတော့ အာရုံထည့်ပြီး လုပ်ချင်စိတ် အပြည့်အဝ ရှိတယ်” လို့ ပြောပါတယ်။

ဖတ်သန်း လာတဲ့ အနုပညာ သက်တမ်း အရ ပရိသတ်ရဲ့ အားပေး မှုကိုလည်း တန်ဖိုးထား လေးစားပြီး ကျေနပ် အားရမှု ရှိသလို၊ ကိုယ့်ရဲ့ လုပ်ဆောင်မှု လေးတွေ ကို လည်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ် အောင် ကြိုးစား ဖြစ်နေတယ်”လို့ မိုး ဟေကိုက ဆိုပါတယ်။

“မိုးက အနုပညာ သက်တမ်း ကလည်း (၉)နှစ်ကျော် လောက် ရှိသွားပြီ။ အရင်က တည်းက အားပေးတဲ့ ပရိသတ် တွေကိုလည်း ကျေးဇူးတင် မိတယ်။ နောက်ပြီးတော သူတို့ ရဲ့ ချစ်ခင် အားပေးမှုကြောင့်လည်း မိုးက ဒီနေ့ ဒီအချိန် အထိ ရပ်တည် လို့ရတာပါ။ ကိုယ့်ရဲ့ ပုံရိပ်တွေကို ဂရု တစိုက်နဲ့ ကြည့်ပေးတဲ့ ပရိသတ်လည်း ရှိတယ်။ မိုးလည်း အနုပညာ သက်တမ်း ရလာတာ နဲ့အမျှ ဘာ လုပ်လုပ် ပရိသတ် အတွက် စဉ်းစားပြီး လုပ်ဖြစ်တယ်။ ကိုယ့်ရဲ့ အနုပညာ ရပ်တည်မှု ကလည်း ပရိ သတ် တွေကြောင့် ပဲ ဖြစ်တယ်။ မိုးရဲ့ “ကျွန်မချစ်သော” စာအုပ်လေးကိုလည်း ဒီနှစ် မကုန်ခင်မှာ အပြီးသတ် နိုင်အောင် ကြိုးစားနေ ပါတယ်။၂ဝ၁၅ ထဲမှာ ထွက် နိုင်အောင် ကြိုးစားနေ ပါတယ်။ ဒီနှစ်က နှစ်ပဲ ကုန်တော့မယ် ဆိုတော့အပြီး သတ်နိုင်အောင် ကြိုးစားနေပါတယ်။ စာအုပ်ကိုတော့ ပိုပြီး အချိန် ပေးပြီး လုပ်ဖြစ် မယ်။ အနုပညာ သက်တမ်း အရရော ကိုယ် ကြိုးစား တင်ဆက်မှု တွေရော၊ ပရိသတ်ရဲ့ အားပေး မှုတွေကို ပါရတဲ့ အတွက် ကိုယ့် ကိုယ်ကိုယ်လည်း တတ်နိုင် သလောက်တော့ အားရ ကျေနပ်မှု ရှိပါတယ်” လို့ မိုး ဟေကိုက ပြောပါတယ်။
Popular

မိန်းကလေး တစ်ဦး၏ ပါးစပ်အတွင်းမှ ဘောလုံးခန့် အကြိတ်ကြီးကို ဖယ်ထုတ်နိုင်ခဲ့

ကွန်ဂိုနိုင်ငံမှ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးတွင် ပါးစပ်တွင်း ဘောလုံးတစ်လုံးစာ ကြီးသည့် အကြိတ်ကြီးရှိနေရာ ကမ္ဘာအကြီးဆုံး ဆေးရုံသဘောင်္ Mercy Ship က အခမဲ့ခွဲစိတ်ဖယ်ရှားပေးခဲ့သည်။

အသက်အားဖြင့် ၁၇နှစ်သာရှိသေးသော ဂရေ့စ်ဆိုသူမိန်းကလေးတွင် မေးရိုးအကြိတ်က ကြီးထွားသထက်ကြီးထွားလာခဲ့ရာ ဘောလုံးတစ်လုံးထက်ပင်ကြီးမား သည့် အရွယ်အစားရှိနေပြီ ခွဲစိတ်ကုသနိုင်ခြင်းမရှိပါက သေရန်သာရှိတော့သည့် အခြေအနေသို့ ဆိုက်နေသည်။

ဂရေ့ ၏ ပါးစပ်တွင်းက မေးရိုးပေါ်ဖြစ်ပွားသည့် အကြိတ်သည် သွားကြွေလွှာကို ဖြစ်စေသောဆဲလ်များကမေးရိုးလယ်တွင် ဖြစ်တည်ပြန့် ပွားကြီးထွား လာခြင်း ကြောင့်ဖြစ်ရသည်။

ထိုသို့ ပါးစပ်တစ်ခုလုံးပြည့်နေအောင် ကြီမားလှသည့် အကြိတ်ကြီးရှိနေသော်လည်း ထူးဆန်းစွာပင်ဂရေ့သည် စကားပြောဆိုနိုင်ဆဲလည်းဖြစ်ကာ အစားအစာ လည်းစားနေနိုင်ဆဲဖြစ်သည်။ သို့ သော်လည်း အရှက်စိတ်ကြောင့် ဂရေ့ က ကျောင်းက ထွက်ခဲ့ရသည်ဟုဆိုသည်။

ဒေသတွင်းမှာရှိသည့် ဆေးရုံသို့ ဂရေ့ မိခင်ဖြစ်သူက သမီးကို သွားရောက်ကုသပေးသော်လည်း ထိုဆေးရုံများက မတတ်နိုင်ခဲ့ပေ။ ``ဆေးရုံရောက်သွားတော့ သူတို့ တွေက အများကြီးတော့ ပြောပြကြတာပဲ။ ဒါပေမယ့် ဘာမှကုသမှုလည်း မပေးနိုင်ကြပါဘူး။``ဟု ၎င်းကပြောသည်။

"ကျွန်မ နာမကျန်းဖြစ်ရတယ်။ အိမ်တွင်းပုန်းလုပ်နေရတယ်။ ဘယ်လိုမှ စိတ်မပျော်ဘူး။ အချိန်တိုင်းပဲ စိတ်ညစ်ပူပန်နေခဲ့ရတာပါ။"ဟု ဂရေ့ က ပြောသည်။

ဂရေကို ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးကတွေ့ ရှိခဲ့ရာမှ ၎င်း၏ ဘုရားကျောင်းဝက်ဆိုက်တွင် ဂရေ့ အကြောင်းတင်ခဲ့ပြီး Mercy Ship ၏ ခွဲစိတ်ကုသပေးမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

အသက်အန္တရာယ်တဖြည်းဖြည်းနီးလာနေပြီဖြစ်သည့် ဂရေ့ ကို ၎င်း အာဖရိက Mercy Ship တွင် လေးနာရီကြာမျှ ခွဲစိတ်ပေးခဲ့ရခြင်းဖြစ်ကာဂရေ့ တစ်ယောက် မှာ ကျန်းမာပျော်ရွှင်သည့် ဘဝကို လက်ဝယ်ရရှိခဲ့ပြီဖြစ်သည်။

Mercy Ship သည် အစိုးရမဟုတ်သော နယ်လှည့်ဆေးကုသရေး ရေယာဉ်အုပ်စုဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ရေပေါ်ဆေးရုံကြီးအဖြစ် သတ်မှတ်ခံရကာ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများဆောင်ရွက်ပေးနေသည်။

Ref: Morror
မဇ္ဈိမ

လိပ်ကျွန်းလူသတ်မှုမှာ တရားခံ အစစ်ဖြစ်ရေး သေဆုံးသူ မိသားစုတောင်းဆို

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရပ်ဌာနီခရိုင် လိပ်ကျွန်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့က သတ်ဖြတ်ခံခဲ့ရသူ ဗြိတိန်အမျိုးသမီး မစ္စ ဟန်နာ ဝစ်သရစ်ခ်ျရဲ့ မိသားစုတွေက ထိုင်းတရားရုံးမှာ လူသတ်မှုနဲ့ တရားရင် ဆိုင်ရမယ့်သူတွေဟာ တရားခံ အစစ်မှန်တွေနဲ့သာ ဖြစ်ဖို့ တောင်းဆိုလိုက်ပါတယ်။ 


လိပ်ကျွန်းတွင် သေဆုံးသွားသူ မစ္စဟန်နာ ဝစ်သရစ်ခ်ျ၊ ဓာတ်ပုံ- ဒေးလီးမေးလ်

သဆုံးသူ ဟန်နာရဲ့ ဈာပန အခမ်းအနား ကိုတော့ ယမန်နေ့က ဗြိတိန်နိုင်ငံမှာ ကျင်းပခဲ့ရင်း မိသားစု ရဲ့တောင်းဆိုမှုတွေပါဝင်တဲ့ ကြေညာချက်နဲ့ပတ်သက်လို့ ဒေးလီးမေးလ် သတင်း တပုဒ်မှာ ဖော်ပြထားပါ တယ်။ 

အဲဒီကြေညာချက်ထဲမှာ အခင်းဖြစ်စဉ်က ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ဟန်နာရဲ့ ဓာတ်ပုံတွေကိုလည်း ပို့စ်တင်ထားသူတွေအနေနဲ့ အင်တာနက်ကနေ ဖယ်ရှားပေးဖို့လည်း ပါဝင်ပါတယ်။ 

မစ္စ ဟန်နာရဲ့ ရုပ်အလောင်းကို ထိုင်းနိုင်ငံက ဗြိတိန်နိုင်ငံက သူ့မိသားစုဆီ ပြန်လည် ပို့ဆောင်ပြီး ၃ ပတ်
ကြာ ထားပြီမှ မနေ့ကမှ ဈာပန အခမ်းအနားကို ကျင်းပခဲ့တာပါ။ 

ဟန်နာရဲ့ ဈာပန အခမ်းအနားကိုလည်း သေဆုံးသူရဲ့ ဆန္ဒအတိုင်း မိသားစုတွေက စီစဉ်ပေးခဲ့တာဖြစ် တယ် လို့ ဒေးလီးမေးလ်သတင်းက ဆိုထားပါတယ်။ 



မစ္စဟန်နာရဲ့ ဈာပန ဓာတ်ပုံတွေကိုလည်း ထိုင်း လူမှု ကွန်ယက်ထဲက လိပ်ကျွန်း လူသတ်မှုအကြောင်း စဉ်ဆက်မပြတ်သုံးသပ်တင်ပြနေတဲ့ CSI LA ကလည်း ဒေးလီးမေးလ်က ဖော်ပြတဲ့ ဈာပန ဓာတ်ပုံတွေ ကို ဖော်ပြထားပါတယ်။ 








အိမ့်သံစဉ် ~

ဧရာဝတီ