KIA နှင့် ဘင်္ဂါလီ နှောက်ယှက်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူမရသော ရခိုင်နှင့် ကချင်ဒေသများ လူဦးရေစာရင်း ခန့်မှန်းထုတ်ပြန်မည်

ယခုလအတွင်း ထုတ်ပြန်မည့် ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေး လူဦးရေစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့၏ လူဦးရေစာရင်းကို ခန့်မှန်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန (Myanmar Peace Center) တွင် ပြုလုပ်သော နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင်များ ချမှတ်နိုင်ရေး အစိုးရနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေးလူဦးရေ စာရင်းကို သြဂုတ်လ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်မည်ဖြစ်ပြီး ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် ၃ ခရိုင်နှင့် ကချင်ပြည်နယ်အတွင်းရှိ ရွာပေါင်း ၉၇ ရွာမှ လူဦးရေစာရင်းကို ခန့်မှန်းထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ရှေ့ပြေး ထုတ်ပြန်မည့် တစ်နိုင်ငံလုံး လူဦးစာရင်းသည် သန်းခေါင်စာရင်း ကောက်ကွက်များမှ စာရင်းများ၊ မွေးစာရင်း၊ သေစာရင်းများအရ ခန့်မှန်းထုတ်ပြန်ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်း အတိအကျကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်းကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ကောက်ယူခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသော ဒေသများတွင် ကောက်ယူနိုင်ခြင်း မရှိခဲ့ပေ။
From : .. the voice

မြန်မာ့ဂုဏ်ဆောင်မဲ့ အလှမောင်လာပြီ




မြန်မာပြည်က အလှမယ်တွေအကြောင်း ဟိုလူတင် ဒီလူတင်နဲ့ အလှမယ်တစ်ယောက်ဆို
မြန်မာပြည်သူတော်တော်များများ သိကြပါတယ်။ ဒါပေမဲ့ အလှမောင်တွေကိုတော့ တင်သူနည်း ကြလို့ ဂုဏ်ယူစရာ မြန်မာ့အလှမောင်တွေအကြောင်း လူသိနည်းလှပါတယ်။ အခု အလှမောင်တစ်ယောက် အကြောင်း ပထမဆုံးအဖြစ် တင်ပေးလိုက်ပါတယ်။ သူကတော့သြဂုတ်လ ၂၇ ကနေ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ဟောင်ကောင်မှာ ကျင်းပမည့် အာရှမောင် Mr. Asia 2014 ပြိုင်ပွဲဝင် မောင်မျိုးထွဋ်နိုင် ဖြစ်ပါတယ်။ မိုးကုတ်သားလေးတစ်ယောက်ဖြစ်ပြီး မိုးကုတ်သူမိုးကုတ်သားတို့ရဲ့ ထုံးစံအတိုင်း စမတ်ခပ်ကျကျပါပဲ ။ အရပ်ကတော့ ၆ ပေ ၃ လက်မ
ရှိပြီး တကယ့်ကို မြန်မာလူမျိုးတွေထဲက ရှားပါးအရပ်ပဲဖြစ်ပါတယ်။ အသက် ၂၀ ငယ်ငယ်ရွယ်ရွယ်နဲ့
ပညာအရည်အချင်းကလည်း B.A (English) ဆိုတော့ ရုပ်လေးကလည်းခန့်။ ဘော်ဒီကလည်းတောင့်နဲ့
မြန်မာမလေးတွေကြားမှာ ကျလောက်တဲ့ သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ ကဲ အလှမယ်တွေအကြောင်း
သာ ပေါပေါများများ ဖတ်ရပေမဲ့ အလှမောင်အကြောင်း ရေးကြတဲ့သူတွေ မရှိလို့ အားလုံးသိအောင်ဖော်ပြပေးလိုက်ပါတယ်။

Mr. Asia Myanmar 2014 ( Myo Htut Naing).
Age - 20
Height - 6ft 3in
Education - B.A (English)
Hometown - Moegok
National Race - Shan-Myanmar

ခံတွင်းနံ့ဆိုးတွေ ပျောက်ကင်းစေဖို့ နည်းလမ်း (၆) ခု



ခံတွင်းနံ့ဆိုးခြင်းဟာ လူအများနဲ့ ဆက်ဆံရတဲ့အခါမှာ ကိုယ့်ဘေးနားက လူတွေကို အနှောင့်အယှက်အပေးဆုံး အချက်ပါပဲ။ ခံတွင်းနံ့ဆိုး မထွက်အောင် ဘယ်လိုဂရုစိုက်သင့်သလဲဆိုတဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

သင့်သွားကို အဓိကထားဂရုစိုက်ပါ

ပထမဆုံးနဲ့ အလွယ်ကူဆုံးနည်းက ပါးစပ်ကို အထူးဂရုစိုက်ပေးပို့ပါ။ သွားပိုးပေါက်တွေ၊ သွားပျက်စီးခြင်း နဲ့ သွားဖုံးပေါ်က ရောဂါပိုးမွှားတွေဟာ မသိမသာ အနံ့အသက်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သွားတွေနဲ့ သွားဖုံးကြားက ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားဖို့ တစ်နေ့ နှစ်ကြိမ် သွားတိုက်ပေးဖို့နဲ့ အနည်းဆုံး တစ်ရက်တစ်ခါလောက် သွားသန့်ရှင်းရေးလုပ်ပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးသင့်ပါတယ်။ နောက်ပြီး သွားဆရာဝန်ဆီ တစ်နှစ် နှစ်ကြိမ် စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးဖို့လည်း အထူးသတိပြုသင့်ပါတယ်။

သင့်လျှာကို သန့်ရှင်းအောင်ထားပါ

လျှာရဲ့အရင်းနေရာဟာ အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွားများ ပေါက်ပွားရာနေရာနဲ့ အနံ့အသက်ဆိုးတွေ ထွက်စေတဲ့နေရာ တစ်နေရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုက သွားတိုက်တဲ့အခါ အရေးပါတဲ့ အဲဒီနေရာကို လစ်လျူရှု တတ်ကြတယ်။

အချိုဓာတ်ကို ရှောင်ပါ

အရွက်စိမ်းနဲ့ ဂျမ်(ပီကေ)စားပေးခြင်းဖြင့် အနံ့အသက်ဆိုးကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမဲ့ သင့် သိကြား အချိုဓာတ်ပါတဲ့ အမျိုးအစားတွေအသုံးပြုမယ်ဆိုရင် ပြဿနာကို တိုးပွားစေသလိုဖြစ်နေပါလိမ့်မယ်။ သင့်ပါစပ်းထဲက ဘက်တီးရီးယားတွေက ဆိုးရွားတဲ့ အနံ့အသက်တွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

အာခေါင်ကို စိုစွတ်နေအောင်ထားပါ

တံတွေးမှာ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ အဓိကမရှိမဖြစ် အင်ဇိုင်းတွေပါဝင်တာကြောင့် အာခေါင်ကပ်နေတယ်ရင် အနံ့အသက်တွေ ထွက်တတ်ပါတယ်။ ရေကို ပုံမှန်သောက်ပေးခြင်းဖြင့် တံတွေးဂလင်းတွေကို လှုံ့ဆော်ပေးပြီး အာခေါင်ကို စိုစွတ်နေအောင်ထိန်းပေးပါတယ်။

အနားယူလက်ဖက်ရည်သောက်ဖို့အချိန်ပေးပါ

ရေနွေးကြမ်းသောက်ခြင်းသည် လည်း အနံ့ဆိုးတွေကို ပျောက်ကင်းစေဖို့အထောက်အကူဖြစ်စေပါတယ်။ လက်ဖက်ခြောက်တွေမှာပါတဲ့ chemical ဓာတ်တွေဟာ ဘက်တီးရီးယားတွေကြောင့်ထွက်တဲ့အနံ့ဆိုးတွေအပါအ၀င် ၎င်းဘက်တီးရီးယားပိုးမွားတွေရဲ့ ကြီးထွားမှုကို အဟန့်အတားဖြစ်စေပါတယ်။

ဟင်းခတ်အမွှေးအကြိုင်အသုံးပြုခြင်း

အိန္ဒိယအစားအစာတွေမှာ တွေ့နိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်မှာ ဘက်တီးရီးယားပိုးကို ခုခံနိုင်တဲ့ အာနိသင်ပါရှိတယ်လို့ သိရှိရပြီး ပါစပ်းအနံ့အသက်ကင်းစင်အောင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့တယ်လို့ သိရှိရပါတယ်။ ဖာလာပင်ဟာ ဘီးတီးရီးယားပိုးမွားတွေကို သေစေပြီး ပြင်းထန်တဲ့ အနံ့သက်ဆိုးတွေကို သက်သာပျောက်ကင်းစေတဲ့ စီနိုလီ တစ်မျိုးပါဝင်ပါတယ်။

Source: womenshealthmag
From; trend

ပရိသတ်အတွက် ၃ နှစ်လောက် အချိန်ပေးဦးမယ်ဆိုတဲ့ ဂျင်းနီ


ငယ်ရွယ်စဉ်ကတည်းက အနုပညာနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ဟန်နွေငြိမ်းဟာ ဂီတလောကအပြင် အငြိမ့်ဘဘင်လောကမှာပါ နာမည် တွင်ခဲ့သူပါ။ ခုဆိုရင် သူမဟာ အနုပညာသက်တမ်း ၁၀ နှစ်ကျော်တောင် ရရှိခဲ့ပြီမို့ အတွေ့အကြုံများတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ဂီတလောကမှာ ခြေလှမ်းကျဲလာတယ်လို့ ပရိသတ်တွေက ခံစားနေရတာကြောင့် သူမရဲ့ ဂီတလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ “ခုလောလောဆယ်တော့ မိုးတွင်းမို့ အခွေလုပ်ဖြစ်နေတယ်။ ဒင်နာပွဲလေးတွေလောက်ပဲ ဆိုဖြစ်ပါတယ်။ မိုးတွင်းကျတော့ နယ်ရှိုးနည်းနည်း ကျဲတယ်ဆိုတော့လေ ။ အခွေကခု အစအဆုံး အသစ်ပြန်လုပ်နေတာပေါ့နော်။ ကော်ပီလုံးဝမပါဘူး။ own tune ကြီးပဲ သွားမယ်ပေါ့နော်။ သီချင်းပုံစံကတော့ ဂျင်းနီဆိုနေကျ ပုံစံလေးတွေ၂ပုဒ် ၃ပုဒ်လောက်တော့ ပြန်ထည့်ပေးမှာပါ။ နောက်ဂျင်းနီနဲ့လိုက်မယ်ထင်တဲ့ သီချင်းပုံစံ အသစ်လေးတွေလဲ အများကြီးပါဦးမှာပါ။ ဂျင်းနီက မှန်းတာတော့ မှန်းနေတာပဲ။ ဒါပေမဲ့ ကြားထဲမှာ ခရီးတွေထွက်နေရတာနဲ့ ကြာကြာသွားတယ်။ ဒါပေမဲ့ ဒီနှစ်မှ မထွက်ရင်တော့ ဂျင်းနီအဆိုတော်မလုပ်တော့ဘူးလို့။ ခုကျန်တာက ဂျင်းနီ vocalတွေပဲ ကျန်တော့တယ်။ တေးရေးတွေက အားလုံးကို Choice မလုပ်ရသေးတော့လေ။ မသေချာသေးဘူး။ ပါမှာက ၁၁ပုဒ်နဲ့ ၁၂ပုဒ်တစ်ခုခုပဲ။ title ကလဲ မစဉ်းစားရသေးဘူး။ သီချင်းတွေကတော့ အကောင်းဆုံးဆိုတဲ့ သီချင်းတွေပဲထည့်သွားမှာပါ။” လို့ သူမရဲ့အခွေသစ်အကြောင်း ပြောပြသွားပါတယ်။

ပရိသတ်နဲ့အလှမ်ဝေးနေရတာနဲ့ ပတ်သက်ပြီးတော့လည်း သူမက “ပြည်ပခရီးစဉ်တွေသွားလိုက်၊ နယ်ရှိုးတွေ သွားဆိုလိုက်နဲ့လနဲ့ချီပြီး ပရိသတ်တွေနဲ့ အလှမ်းဝေးသွားတယ်။ အဲ့ဒီတွက် ပရိသတ်ကို အရမ်းအားနာပါတယ်။ ဂျင်းနီကို မျှော်လင့်နေတဲ့ ပရိသတ်တွေလဲ ရှိမှာပဲလေ။ ဒီအခွေထွက်ရင်လဲ အကောင်းဆုံးကြိုးစားသွားမှာပါ”တဲ့။

သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့လဲ “အချစ်ရေးကတော့ ဒီလိုပါပဲ။ ဂျင်းနီကတော့ အိမ်ထောင်ပြုဖို့ထက်ကို အခွေအရင် ထွက်ချင်တယ်။ နောက်၂ နှစ် ၃ နှစ်လောက်ကို ပရိသတ်အတွက်ပဲ ကြိုးစားချင်တယ်။ အသက်ကလဲ အမှန်အတိုင်းပြောရရင် ကလေးတော့ မဟုတ်တော့ဘူးပေါ့နော်။ ၄ပုံ၁ပုံကျော်သွားပြီဆိုတော့လေ။ ဒါပေမဲ့ ပရိသတ်ကို နောက်၃ နှစ်လောက်ထိတော့ သမီးပေးဆပ်ဦးမှာပါ။ ပရိသတ်ကြီး အားလုံး ဂျင်းနီကြိုးစားနေတာ ပရိသတ်အတွက်ပါ။ အားလုံးပဲ ဘုရားသခင် ကောင်းချီးပေးပါစေလို့” သူမက ဆိုသွားပါတယ်။
From Trend

စိန်ခေါ်မှုများကိုသာ ပြောနေမည့်အစား အောင်မြင်မှုများ အခြေခိုင်အောင် ကူညီရန် သမ္မတဦးသိန်းစိန်က ဂျွန်ကယ်ရီအား တုံ့ပြန်


မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု များကိုသာအလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆို ပါ အောင်မြင်မှုများအခြေခိုင်အောင် အကူ အညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

သမ္မတအိမ်တော်တွင် သြ ဂုတ် ၉ ရက်က တွေ့ဆုံစဉ် ပြော ကြားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအ နေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းခဲ့သည့် အခြေအနေနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံကပြုပြင် ပြောင်းလဲရေးကို တည်ငြိမ်စွာ အ ကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် သုံးနှစ်တာကာလ အတွင်း ဒီမိုကရေစီစံနှုန်းများအ ပြည့်အ၀ ပေါ်ပေါက်အောင် အ ကောင်အထည်ဖော်ရန် ကန့်သတ် ချက်များရှိသည်ကို နားလည်ပေး စေလိုပြီး ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်သည် နောက်ပြန်လှည့်ရန် မရှိဘဲ ရှေ့သို့ဆက်လက်ချီတက် နိုင်ရန် ဆုံးဖြတ်ထားကာ နိုင်ငံတ ကာကလည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီးများနှင့် တွေ့ဆုံ ရာတွင် ဂျွန်ကယ်ရီက စိုးရိမ်ပူပန် ကြောင်း ပြောဆိုသွားခြင်း မရှိ သော်လည်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခက်အခဲများကို ကျော်လွှားနိုင်ရန် အမေရိကန်က ကူညီလုပ်ဆောင်လိုကြောင်း ပြောဆိုသွားခဲ့သည်။

‘‘မြန်မာနိုင်ငံက အနာဂတ် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေ ရှင်းနေချိန်မှာ အမေရိကန်နိုင်ငံရဲ့ မိတ်ဆွေအဖြစ် ကူညီပံ့ပိုးမှုကို ရ ထားတယ်ဆိုတာကို မြန်မာပြည် သူတွေကို သိစေချင်တယ်’’ဟု ၎င်းက ပြောဆိုသွားသည်။ အိုဘားမားကလည်း မြန်မာနိုင်ငံသို့ ထပ်မံလည်ပတ်ရေးကို စိတ်အား ထက်သန်နေကြောင်း လည်း ပြောဆိုသွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ဂျွန်ကယ်ရီသည် သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၃ ခုနှစ် ဘရူနိုင်း နိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးပြီး နောက် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။
From: 7day

ဆေးခြောက်အိတ်အား ၀ှက်ထားသည့် ကိုယ်ဝန်ဆောင် ဇနီးကို ခင်ပွန်းက ဓားဖြင့် ခုတ်

အင်္ဂလန်အနောက်အလယ်ပိုင်း ဘာမင်ဟန်မြို့တွင် ဆေးခြောက်များထည့်ထားသည့် အိတ်အား ၀ှက်ထားသည့် ကိုယ်ဝန်ဆောင်ဇနီးကို ခင်ပွန်းဖြစ်သူက ဓားမြှောင်ဖြင့် ခုတ်ခြင်း၊ မုတ်ဆိတ်ရိတ်အပြီး သုံးသည့် ဆေးဖြင့် မျက်နှာကို ဖျန်းခြင်းနှင့် သုံးနာရီကြာအောင် ထိုးကြိတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ကိုယ်ဝန် နှစ်လကျော်ခန့်ရှိနေသည့် နိလမ်သည် ဘာမင်ဟန်မြို့ရှိ ၎င်းတို့နေအိမ်တွင် ဖေဖော်ဝါရီ ၈ ရက်က စက်ရုံအလုပ်သမားခင်ပွန်းဖြစ်သူ ဟာရွန်အာရှယက်ဖ်၏ ဆေးခြောက်အိတ်အား တွေ့ရှိခဲ့ရာ ခင်ပွန်းဆေးခြောက် ရှူခြင်းကို မနှစ်သက်သောကြောင့် အဆိုပါ အိတ်အား ၀ှက်ထားခဲ့သည်။

မိမိ၏ အိတ်ပျောက်ဆုံးကြောင်း သိသွားသော ရှယက်ဖ်က နှစ်ရက်အကြာတွင် ဇနီးသည်အား ဆံပင်ကို ဆွဲကာ ရိုက်နှက်ခြင်း၊ မုတ်ဆိတ်ရိတ်အပြီး သုံး သည့် ဆေးရည်ဖြင့် မျက်နှာအား ဖျန်းခြင်း၊ ထိုးကြိတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အရက်သောက်ထားပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်တွင် ရှယက်ဖ်သည် ဆေးခြောက် အိတ်ကို ပြန်မပေးသေးသည့် ဇနီးသည်၏ မျက်နှာအား ဓားဖြင့် ခုတ်ရန် ကြိုးပမ်းစဉ် ဇနီးသည်က လက်ကို မြှောက်ပြီး ကာကွယ်လိုက်သောကြောင့် လက်မောင်းတွင် ဒဏ်ရာရသွားခဲ့သည်။

အသက် ၂၄ နှစ်အရွယ် ရှယက်ဖ်က ဇနီးသည်အားဓားဖြင့် တမင်ကြံရွယ် ထိုးခဲ့ကြောင်း၊ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း စွဲချက်များကို တရားရုံး တွင် ငြင်းဆိုထားပြီး ဇနီးဖြစ်သူကသာ မိမိအား ဓားပါးဖြင့် တိုက်ခိုက်ခဲ့ပြီး ကိုယ့်ကိုယ်ကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ခုံခံချေပခဲ့သည်။

အမျိုးသမီး လေးဦးနှင့် အမျိုးသား ရှစ်ဦးပါသည့် ဂျူရီအဖွဲ့က ရှာယက်ဖ်အား သုံးရက် စစ်ဆေးအ ပြီးတွင် ပြစ်ဒဏ်ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ချက် ချလိုက်သည်။

Ref: Daily Mail
Mizzima