ISISအဖွဲ့ ဗြိတိန်နိုင်ငံသား နောက်တစ်ဦးရဲ့ ဗီဒီယို ဖြန့်ဝေ


ISIS ​အဖွဲ့ကနေ ​နောက်ဗီဒီယို ​အသစ် ​တစ်ခုကို ​ပြသလိုက်ပြီး ​အဲဒီ ​ဗီဒီယိုထဲမှာ ​ဖမ်းဆီးခံထားရတဲ့ ​ဗြိတိန် ​သတင်းသမား ​John ​Cantlie ​က ​စကားပြောထားတဲ့ ​ပုံ ​ဖြစ်ပါတယ်။

အဲဒီဗီဒီယိုထဲမှာတော့ ​ရုပ်မြင်သံကြား ​အစီအစဉ်ထဲက ​စကားပြော ​အစီအစဉ်တွေမှာလို ​စားပွဲခုံတွေ ​ချထားပြီး ​အဲဒီ ​ဗီဒီယိုထဲမှာတော့ ​အဆိုပါ ​ဗြိတိန်နိုင်ငံသားက ​ISIS ​အ ​စ္စ ​လာမ် ​မစ် ​နိုင်ငံ ​တည် ​ထောင် ​သူတွေအပေါ် ​လူတွေ ​အမြင်မှား ​နေတဲ့အကြောင်း၊ ​အနောက်တိုင်း ​မီဒီယာတွေက ​ISIS ​အဖွဲ့ကို ​အထင်လွဲအောင် ​ရေးသား ​ထုတ်ဖော် ​နေကြတဲ့ ​အကြောင်း ​ပြောဆို ​ထားပါတယ်။

သုံးမိနစ်စာ ​ဗီဒီယိုထဲမှာ ​John ​က ​သူဟာ ​ဆီးရီးယားနိုင်ငံကို ​အသွား ​၂၀၁၂ ​ခုနှစ်မှာ ​ဖမ်းဆီးခံရပြီး ​ဗြိတိန်အစိုးရက ​သူ့ကို ​ပစ်ပယ်ထားတဲ့အကြောင်း၊ ​တခြား ​အစိုးရက ​သူတို့ ​နိုင်ငံသားတွေ ​လွတ်မြောက်လာအောင် ​လုပ်ပေးပေမယ့် ​ဗြိတိန်နဲ့ ​အမေရိကန် ​အစိုးရက ​ဘာမှ ​မလုပ်ပေးဘူးလို့ ​ပြောပါတယ်။

"Lend ​Me ​Your ​Ears, ​Messages ​from ​the ​British ​Detainee ​John ​Cantlie" ​လို့ ​နာမည် ​ပေးထားတဲ့ ​ဗီဒီယိုမှာ ​John ​က ​ISIS ​အဖွဲ့အနေနဲ့ ​ဘာကြောင့် ​အခုလို ​အကြမ်းဖက်မှုတွေ ​လုပ်ရသလဲ ​ဆိုတဲ့အကြောင်းတွေ၊ ​အနောက်တိုင်း ​မီဒီယာတွေက ​သတင်းဖတ်ရှုသူတွေကို ​ဘယ်လို ​လှည့်စားနေတဲ့ ​အကြောင်းတွေကို ​အပိုင်းလိုက် ​ထုတ်ဖော်ပြောဆိုသွားမယ်လို့လည်း ​ပြောပါတယ်။

တစ်ယောက်ယောက်က ​ခေါင်းကို ​သေနတ်နဲ့ ​တေ့ထားလို့ ​အခုလို ​စကားမျိုး ​ပြောတာလို့ ​ယူဆနိုင်တဲ့အကြောင်း ​အမှန်တကယ်လည်း ​သူဟာ ​ဖမ်းဆီးခံထားရပေမယ့် ​သူရဲ့ ​အစိုးရက ​ပစ်ပယ်ခံထားရတဲ့အတွက် ​သူအခုလို ​ပြောဆိုတာက ​ဘာမှ ​ဆုံးရှုံးစရာမရှိဘူးလို့လည်း ​ပြောပါတယ်။

ဂျွန်ရဲ့ ​အဆိုအရ ​သူဟာ ​Sunday ​Times, ​The ​Sun ​နဲ့ ​Sunday ​Telegraph ​သတင်းဌာနမှာ ​အလုပ်လုပ်ခဲ့ဖူးသူ ​ဖြစ်တယ်လို့ ​ပြောဆိုထားပါတယ်။

ISIS ​အဖွဲ့ဟာ ​မကြာသေးခင်ကပဲ ​အမေရိကန် ​နိုင်ငံသား ​သတင်းသမား ​နှစ်ဦးနဲ့ ​ဗြိတိန်နိုင်ငံသား ​ကူညီထောက်ပံ့ရေးလုပ်သား ​တစ်ဦးကို ​လည်လှီး ​သတ်ဖြတ်ခဲ့ပြီ ​ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ​လုပ်ရပ်ကို ​ဗြိတိန်က ​မွတ်စလင်တွေ ​ရှုတ်ချ

ဗြိတိန်နိုင်ငံသား ​လူသားချင်းကူညီထောက်ပံ့ရေး ​လုပ်ငန်း ​လုပ်ကိုင်သူ ​David ​Haines ​ကို ​ISIS ​စစ်သွေးကြွအဖွဲ့က ​လည်လှီးသတ်ဖြတ်မှုနဲ့ ​ပတ်သက်ပြီး ​ရှုတ်ချကြောင်း ​ပြသတဲ့အနေနဲ့ ​ဗြိတိန်နိုင်ငံအတွင်းက ​မွတ်စလင် ​လူမှုအသိုင်းအဝိုင်းအပါအဝင် ​ဘာသာရေး ​ခေါင်းဆောင် ​အီမမ် ​တွေက ​ဆန္ဒပြမှုတစ်ခု ​ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြ ​မွတ်စလင်တွေက ​David ​Haines ​ကို ​သတ်ဖြတ်ခဲ့သူဟာ ​လူမဟုတ်ပဲ ​လူ့ဘီလူးသာ ​ဖြစ်ကြောင်း ​အီစ္စလာမ်ဘာသာရဲ့ ​အဆိုးဝါးဆုံးသော ​အပြစ်ကို ​ကျူးလွန်သူတွေ ​ဖြစ်တယ်လို့ ​ပြောဆိုကြပါတယ်။

David ​Haines ​ကို ​သတ်ဖြတ်တဲ့ ​ဗီဒီယို ​အတွင်း ​လူသတ်ခဲ့တဲ့လူက ​နောက်ထပ် ​ဗြိတိန်နိုင်ငံသား ​တစ်ဦးဖြစ်တဲ့ ​Alan ​Henning ​ကို ​သတ်ဖြတ်မယ်လို့ ​ပြောဆိုထားတဲ့အတွက် ​နောက်တစ်ယောက်ကို ​မသတ်ဖို့လည်း ​မွတ်စလင်ဘာသာရေး ​ခေါင်းဆောင်တွေက ​တောင်းဆိုလိုက်ပါတယ်။

ABC Radio Australia

0 comments:

Post a Comment