အိပ်စက်ခြင်း နဲ့ ကျန်းမာရေး


လူတစ်ဦးတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ် ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်း စွာနှစ်ခြိုက်အိပ်ရေးဝပါမှ နောက်နေ့တွင် အင် အားအပြည့်ဖြင့် ကောင်းစွာနိုးထနိုင်ပါလိမ့် မည်။ 

အိပ်ရေးဝခြင်းသည် ကိုယ်ခံစွမ်းအား ကို တိုးတက်မြင့်မားကာ အသက်ရှူလမ်း ကြောင်း၊ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ ဟို မုန်းထုတ်လုပ်မှုပမာဏတို့ကို ပုံမှန်ဖြစ် စေသလို ကြွက်သားများနှင့်ဆဲလ်များ ကို ကောင်းစွာတည်ဆောက်၍ အ သက်ရှည် စေနိုင်၏။ 

ထို့ပြင် အမြင်/အ ကြားအာရုံများကို ပံ့ပိုးပေးရုံသာမက မှတ်ဥာဏ်စွမ်းအား ကိုလည်း တိုးတက်လာ စေနိုင်သည်။ 

လူတစ်ယောက်အတွက် အိပ်ချိန် သည် တစ်နေ့လျှင်ပျမ်းမျှအနည်းဆုံး ခုနစ်နာရီခန့်ရှိသင့် ကြောင်း တစ်နေ့လျှင် လေးနာရီခွဲခန့်သာ အိပ်စက်သော သူသည် ရက်သတ္တတစ်ပတ်မျှအကြာတွင် သိသိသာသာ စိတ်ဖိစီးမှုများလာခြင်း၊ ဒေါသထွက်ခြင်း၊ သည်းမခံဘဲ စိတ်ပင်ပန်းနွမ်းနယ်ခြင်း၊ ဝမ်းနည်းလွယ်ခြင်း၊ တက်ကြွ မှုမရှိခြင်းတို့ဖြစ်စေကြောင်း အထူးသဖြင့် အမျိုးသမီးများ သည် အမျိုးသားများထက် အိပ်ရေးပျက်ခြင်းဒဏ်ကိုခံနိုင် ရည်မရှိကြောင်း၊ အမျိုးသမီးများ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း သည် ဓမ္မတာရာသီ စက်ဝန်းကိုမှန်စေကာ ခေါင်းတစ်ခြမ်း ကိုက်ခြင်းမဖြစ်စေကြောင်း အသားအရေ တင်းရင်းစေ ၍ မျက်လုံးအရောင်တောက်ပစေနိုင်ကြောင်း The Western Journal of Medicine တွင် ဖော်ပြထားသည်။
(၁) တနင်္ဂနွေအားလပ်ရက်မှအပ ကျန်နေ့များတွင် ခန္ဓာကိုယ်ကို သဘာဝဇီဝနာရီ အဖြစ်သတ်မှတ်ကာ အိပ် ရာဝင်ချိန်/အိပ်ရာထချိန်မှန်အောင် မိမိကိုယ်ကိုယ် လေ့ ကျင့်ရမည်။

(၂) ဆေးလိပ်ထဲတွင်ပါရှိသော နီကိုတင်းဓာတ်သည် ကောင်းစွာအိပ်စက်မှုကို နှောင့်ယှက်ရုံသာမက အဆုတ် ထဲရောက်သွားသော နီကိုတင်း အဆိပ်ဓာတ်တို့သည် အိပ် ပျော်နေစဉ် အသက်ရှူလမ်းကြောင်းကိုပါ အဟန့်အတား ဖြစ်စေသည်။
(၃) နေ့လယ်ဘက် ထိုင်၊ ထ၊ သွားလာခြင်းတို့ကို အား ကစားဆန်ဆန်လှုပ်ရှားပေးခြင်း၊ ထမင်းစားပြီးတိုင်း ခေတ္တမျှ လမ်းလျှောက်ခြင်း၊ အားလပ်ချိန်စက်ဘီးစီးထွက်ခြင်းတို့ ကလည်း အိပ်ပျော်ချိန်ကို ၄၅မိနစ်ခန့် တိုးတက်လာစေ နိုင်သည်။
(၄) သွေးတိုးကျဆေးများနှင့် တချို့ပဋိဇီဝဆေးဝါး များသည် မျက်စိကြောင်၍ အိပ်မပျော်စေတတ်ပါ။

(၅) ညဥ့်နက်ခံ၍ စာရေး၊ စာဖတ်ခြင်း မလုပ်ပါနှင့်။ ညအိပ်ရာဝင်ခါနီးအထိ တီဗွီကြည့်ခြင်း၊ ကွန်ပျူတာသုံး ခြင်း၊ လက်ကိုင်ဖုန်းအချိန်ကြာကြာသုံးခြင်းဖြင့် မော်နီတာ မှအ လင်း ရောင်ပြန်ဟပ် ခြင်းတို့သည် အိပ်ချိန် ကို သုံးနာရီခန့် နောက်ရွှေ့ စေကြောင်း သြစတြေးလျနိုင်ငံရှိ သုတေသီများကဆို၏။

(၆) လက်ဖက်ရွက်၊ ကော်ဖီ၊ လက်ဖက်ရည်နှင့်ကို လာတို့ထဲတွင်ပါရှိသော ကဖိန်းဓာတ်သည် ခန္ဓာကိုယ်ထဲ ရောက်ပြီးနောက် ရှစ်နာရီကြာပြီးမှသာ ဓာတ်ပျက်ပြယ်သွား ၏။ ထို့ကြောင့် မျက်စိကြောင်တတ်သူများ မွန်းလွဲ ၂နာရီ နောက်ပိုင်းတွင် ထိုကဖိန်းဓာတ်ပါသော အရည်များကို မသောက်သင့်ပါ။

(၇) နောက်တစ်နေ့နံနက်အဆင်သင့်ဖြစ်စေရန် အိပ် ရာမဝင်ခင်ကတည်းက ပစ္စည်းများကို ကြိုတင်လုပ်ထားပါ။ (ဥပမာ-ပိုက်ဆံအိတ်၊ အဝတ်အစား၊ ရုံးစာရွက်စာတမ်းများ)

(၈) အိပ်ရာမဝင်ခင် မိနစ် ၂ဝခန့်အလိုတွင် တရား ဓမ္မစာအုပ်ဖတ်ခြင်း၊ စိတ်မလှုပ်ရှားစေသောစာပေများဖတ် ခြင်း၊ အိပ်ရာထက်တွင် မျက်စိမှိတ်၍ သင်္ချာဂဏန်းရေတွက် ခြင်း၊ အာနာပါန(ထွက်လေ၊ဝင်လေ)ရှူခြင်း၊ သီချင်းအေး အေး(သို့မဟုတ်)တရားသံတိုးတိုးနာယူခြင်းတို့ကလည်း အိပ်ပျော်ခြင်းကို အထောက်အပံ့ဖြစ်စေသည်။

(၉) အိပ်ရာမဝင်ခင် အဆီမပါသော နွားနို့နွေးနွေး၊ ငှက်ပျောသီး၊ ဒိန်ချဉ်၊ စပျစ်ဝိုင်(သို့မဟုတ်) စပျစ်ဖျော် ရည်၊ ပန်းသီးစားခြင်းဖြင့် ကောင်းစွာအိပ်ပျော်စေသလို ပန်းသီး၏သဘာဝရနံ့သည် အိပ်စက်ခြင်းကိုအထောက်အ ကူဖြစ်စေ၍ သုံးလုံးခန့်အိပ်ရာ အနီးထား၍ အိပ်ပါ။

(၁ဝ) သွေးဆုံးပြီး အမျိုးသမီးများသည် ခန္ဓာကိုယ် အပူချိန်မျှတမှုမရှိတော့ဘဲ ညဘက်ချွေးထွက်ကာ အိပ် ရေးပျက်လေ့ရှိသဖြင့် အိပ်ခန်းအပူချိန်လျော့အောင် ပန် ကာ၊ လေအေးပေးစက်တပ်ခြင်း၊ လေဝင်လေထွက်ကောင်း အောင်ပြုလုပ်ခြင်း၊ ပေါ့ပါးသောအဝတ်အထည်ဝတ်၍ အိပ်စက်ခြင်းတို့ပြုလုပ်ပါ။

(၁၁) မိမိကြိုက်နှစ်သက်သော အမွှေးနံ့တစ်ခုခုကို အခန်းတွင် အနည်းငယ်ဖျန်းပက်ခြင်း၊ ခေါင်းအုံးနှင့်မွေ့ ရာအထူအပါးတို့ကို သင့်တော်သလိုရွေးချယ်အသုံးပြုတတ် ခြင်း၊ ဦးခေါင်း၊ လည်ပင်း၊ ကျောရိုးတို့ အနေအထားမှန် အောင်အိပ်စက်ခြင်းတို့ကလည်း ကောင်းသောအထောက် အပံ့ဖြစ်စေသည်။

(၁၂) မီးအလင်းရောင်သည် ဦးနှောက်ကို နိုးကြား တက်ြ<ွကစေသည့် အချက်ပြသင်္ကေတဖြစ်၍ အိပ်ခန်းမီး အလင်းရောင် အမှောင်ချခြင်းဖြင့် နှစ်ခြိုက်စွာအိပ်ပျော် စေနိုင်သည်။

(၁၃) ခွေး/ကြောင်တို့သည် သဘာဝအရ တစ်နေ ရာတည်းတွင် အချိန်ကြာကြာ တစ်သမတ်တည်း အိပ်လေ့ မရှိသဖြင့် ထိုအိမ်မွေးတိရစ္ဆာန်များဖြင့်အတူ အိပ်စက် ခြင်းက အိပ်ရေးပျက်စေနိုင်သည်။

(၁၄) အိပ်ချိန်မမှန်ခြင်းနှင့် အိပ်ရာအပြောင်းအလဲ အိပ်စက်ခြင်းတို့ကလည်း အိပ်ရေးမဝစေနိုင်သဖြင့် တစ် ချိန်တည်း၊ တစ်နေရာတည်းတွင်သာ အိပ်စက်ပါ။

(၁၅) ချမ်းအေးသောရာသီတွင် ရေနွေးနွေးဖြင့် ရေချိုး ခြင်းသည် ကြွက်သားများပြေလျော့စေပြီး အိပ်မောကျစေ သလို ယောဂကျင့်ခြင်းနှင့် ပူအိုက်သောရာသီတွင် ရေအေး ချိုးခြင်းတို့သည်လည်း အိပ်စက်ခြင်းကို အထောက်အကူ ပြုစေ၏။

(၁၆) စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ စိုးရိမ်သောကများ ခြင်း၊ စိတ်စောခြင်းစသည့် စိတ်ရောဂါအမျိုးမျိုး၊ အစားအ သောက်၊ ဆေးဝါးများနှင့် ဓာတ်မတည့်သောရောဂါများ၊ အဆစ်အမျက်ရောင်ရမ်းနာများ၊ ကင်ဆာ၊ နှလုံးရောဂါ၊ ဟိုက်ပါသိုင်းရွိုက်စသည့်ရောဂါများသည် နာတာရှည်အိပ် မပျော်ခြင်းနှင့် ဆက်နွယ်နေသဖြင့် နားလည်တတ်ကျွမ်း သောဆရာဝန်များဖြင့် ဆွေးနွေးတိုင်ပင်ပါ။

(၁၇) ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းသည် ဟို မုန်းထွက်ကာ ဦးနှောက်ကိုတက်ြ<ွကလာအောင် လှုံ့ဆော် ပေးသဖြင့် အိပ်ရာဝင်ခါနီး သုံးနာရီခန့်အလိုကတည်းက လေ့ကျင့်ခန်းပြင်းပြင်း မလုပ်သင့်ပါ။

(၁၈) သုတေသနပြုချက်များအရ အိပ်ရာမဝင်မီ လေး နာရီခန့် ညစာစားသောအခါ ကယ်လ်စီယမ်၊ အမိုင်နိုအက် စစ်၊ ကာဘိုဟိုက်ဒြိတ်(ခေါ်)ကစီဓာတ်ပါသော အစားအ စာများစားသုံးခြင်းဖြင့် အိပ်မောကျချိန်ကို ပိုမိုနီးကပ်လာ စေနိုင်ကြောင်း မှတ်တမ်းတင်ဖော်ပြထား၏။
(၁၉) ဆေးသုတေသီများ၏ အတည်ပြုချက်အရ အ ရက်၏ မူးယစ်ထုံထိုင်းစေမှုသည် တစ်ခဏတွင်းအိပ်မော ကျစေသည်ဆိုသော်လည်း မကြာမီအချိန်အတွင်း အရက် ဆိပ်များ သွေးထဲတွင် ပြေပြောက်သည်နှင့်တစ်ပြိုင်နက် ပြန်လည်နိုးထလာစေသဖြင့် အိပ်ရေးပျက်စေသည်ဟုဆို၏။

(၂ဝ) ညနေခင်း တရေးတမောမှေးခြင်းကလည်း ည အိပ်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည်။ 


မှီငြမ်း

The Sleep Doctor's Diet Plan

ထိုင်းနိုင်ငံသွားရောက်မည့် မြန်မာနှစ်ဦး၏ မိဘများ ဗီဇာမရသေး

ရန်ကုန် (မဇ္ဈိမ) ။ ။ လိပ်ကျွန်း လူသတ်တရားခံဟုဆိုကာ ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာလူငယ်နှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့ သွားရောက်နိုင်ရန် သုံးရက်အတွင်း နိုင်ငံကူးလက်မှတ် ရရှိထားသော်လည်း သက်ဆိုင်ရာနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ မပေးသေးဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က အောက်တိုဘာ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။



ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် သားဖြစ်သူ မောင်ဝင်းဇော်ထွန်းအား သွားရောက်တွေ့ဆုံ ရန် အောက်တိုဘာ ၁၂ ရက်ကရန်ကုန်သို့ ရောက် ရှိလာသည့် ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်အား မီဒီယာများ၏ မေးမြန်းမှုကို ဝမ်းနည်းကြေကွဲစွာ ဖြေကြားနေသည်ကို တွေ့ရစဉ်၊(ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

“ပတ်စပို့က ဒီမနက်ရတယ်၊ ဗီဇာကတော့ စကားပြောတုန်းပဲ ရှိသေးတယ်”ဟု ၎င်းကပြောသည်။

ထိုင်းသို့သွားမည့် မိသားစုဝင်တို့သည် ရခိုင်လူမှုအဖွဲ့အစည်းတို့၏ အကူအညီဖြင့် အောက်တိုဘာ ၁၂ ရက်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ရန်ကုန်သို့ရောက်ရှိလာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “ဒီကိစ္စတွေ ခက်ခဲစရာမရှိပါဘူး အဆင်ပြေသွားမှာပါ” ဟုပြောသည်။

ထိုင်းရဲတို့ ဖမ်းဆီးထားသည့် လူငယ်နှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံခရီးစဉ်အတွင် လုံခြုံရေးနှင့် နေထိုင်သွားလာရေးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကူညီမည်ဖြစ်သည်။

စက်တင်ဘာ ၁၅ရက်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့တောင်(ခိုတောင်)ကျွန်း၌ ဗြိတိန်စုံတွဲ သေဆုံးမှုကို မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့ ကျူးလွန်ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရ ဥပဒေရုံးကမူ ရဲတပ်ဖွဲ့၏ အမှုတွဲ တင်ပြချက် ပြည့်စုံမှုမရှိ၍ ပြန်လည်စစ်ဆေးမှု များ တစ်လအတွင်း အပြီးသတ်ရန် အောက်တိုဘာ ၈ ရက်က ညွှန်ကြားထားသည်။
Mizzima

သွေးနဲ့ရင်းပြီး အနုပညာကို ချစ်မြတ်နိုးတဲ့အတွက် တက်တူးတွေထိုးခဲ့တာဖြစ်သလို ဆက်ထိုးဖို့လည်း ရှိပါတယ်လို့ဆိုတဲ့ စည်ဖြိုး


ပန်းချီကို စိတ်ဝင်စားတဲ့ စည်ဖြိုးဟာ ကားချပ်ပေါ်မှာ တင်ထားတဲ့ ပန်းချီကားတွေဟာ ရာသီဥတု ဒဏ်ကြောင့်သော်လည်းကောင်း၊ ဘေးအန္တရယ်ကြောင့်သော်လည်းကောင်း ယိုယွင်းပျက်စီးမှာကို စိုးရိမ်တဲ့တွက် ခန္ဓာကိုယ်ပေါ်မှာ သူ့ဘ၀ရဲ့အရေးပါတဲ့ အစိတ်အပိုင်းတချို့ကို သွေးနဲ့ရင်းပြီး ထိုးထားတဲ့အကြောင်း ဖွင့်ဟလာပါတယ်။ သူမြတ်နိုးတဲ့ တက်တူးအကြောင်းကို “တက်တူးတွေက တစ်ကိုယ်လုံးမှာဆို အများကြီးပဲ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းကစထိုးဖြစ်တာ။ တက်တူးစဖြစ်ပုံက ကျွန်တော်က ပန်းချီတွေကိုချစ်တာ၊ အဲ့ဒီကနေ အတွေးအခေါ်ပေးတဲ့ပန်းချီတွေကို ကြိုက်လာတယ်။ ၀ယ်ပြီးသိမ်းထားချင်စိတ်တွေ ပေါက်လာတယ်။ ဒါပေမဲ့ ပန်းချီကား တစ်ကားတစ်ကားကလဲ ဈေးအရမ်းကြီးတယ်။ တကယ်လို့ ကိုယ်နှစ်သက်တဲ့ ပန်းချီကားတစ်ခုကို ၀ယ်ပြီး နံရံမှာချိတ်ထားမယ်ဆို ရာသီဥတုဒဏ်ကြောင့်သော်လည်းကောင်း၊ အချိန်ကာလ ရွေ့လျားမှုကြောင့်သော်လည်းကောင်း၊ သဘာဝ ဘေးအန္တရယ်ကြောင့်သော်လည်းကောင်း ဆုံးရှုံးသွားနိုင်တယ်။ အဲ့ဒါကြောင့် အရမ်းတန်ဖိုးထားတဲ့ စာစုတွေပဲဖြစ်ဖြစ် ၊ ကိုယ်အရမ်းကြိုက်တဲ့ အရုပ်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့သမိုင်းကို ထိုးထားဖြစ်ပါတယ်။

ဝါစိမ်းနီကမ္ဘာသိမ်းမည်တွက် ဘယ်ဖက် ပခုံးမှာ အမှတ်တရအနေနဲ့ထိုးထားတယ်။ ပထမဦးဆုံး ဇာတ်လမ်းတွဲဆိုတော့လေ။ အဲ့ဇာတ်လမ်းတွဲ ပြီးတဲ့နေ့မှာ ဦးညီထွန်းလွင်ကို ကန်တော့တဲ့နေ့မှာ သွားထိုးထားဖြစ်တယ်။ ကိုယ်မြတ်နိုးတဲ့ ဘယ်အရာမဆို အဆုံးရှုံးမခံနိုင်လို့ခန္ဓာကိုယ်ပေါ်မှာ မှတ်ကျောက်တင်ထားတာပေါ့။ သွေးနဲ့ရင်းပြီး အနုပညာကို ချစ်မြတ်နိုးတယ်ဆိုတဲ့ အဓိပ္ပါယ်လဲရောက်တယ်။ အဖေ့မွေးနေ့၊ အမေ့မွေးနေ့ လက်မောင်းသားအောက်ဖက်မှာ ထိုးထားတယ်။ ကျောကုန်းက ဆာမူရိုင်းရပ်နေတဲ့ပုံ၊ ၀ါးတောရယ်၊ စမ်းချောင်းရယ်၊ ခြေထောက်မှာက သရဲတွေရောအများကြီးပဲ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာအရာတစ်ခုကို စိတ်ချရတဲ့ ကိုယ့်အရေပြားပေါ်မှာ တင်ထားလို့ရှိရင် သေရင်တောင် ကိုယ့်နောက်ပါသွားမယ်ပေါ့။ ချွတ်ပြီးယူလို့လဲမရဘူးလေ။ အဲ့ဒါကြောင့်ထိုးထားဖြစ်တယ်။ အိမ်က မိဘတွေကတော့ ဘာသာတရားလဲကိုင်းရှိုင်းပြီးတော့မြန်မာလူမျိုးလဲပီသတယ်။ ဒါပေမဲ့ ပုံသေ နည်းတွေတော့မရှိဘူး။ ပုံသေနည်းဆိုတာ တက်တူးထိုးရင် ရိုက်မယ်ဆိုတာမျိုး မရှိဘူး။ ပင်တိုင်ထိုးဖြစ်တာကတော့ တက်တူးလပိုင်ဆီမှာ အမြဲထိုးဖြစ်တယ်။ ကျွန်တော့် သမိုင်းမပြီးသေးတဲ့တွက် တက်တူးတွေကတော့ ဆက်ထိုးဖို့ရှိပါသေးတယ်”လို့ သူက ပြောပြခဲ့ပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုနဲ့ စည်ဖြိုးဟာ MRTV 4 အတွက် တစ်မိုးအောက် အစီအစဉ် ဖြစ်ပြီး နောက်ဆုံး ရိုက်ထားတဲ့ဇာတ်ကားကတော့ သစ္စာနှင်းဆီနဲ့ ပေါက်ကရနေ့စွဲများ ဆိုတဲ့ကားလေးကို ခင်ဝင့်ဝါနဲ့အတူ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Van အစီး (၃၀)ရဲ့ ဘေးဘက်ခြမ်းက အမျိုးသမီးရင်သားပိုစတာကြောင့် ၂၄ နာရီအတွင်း ကားအစီး ၅၀၀ကျော် ယာဉ်တိုက်မှုဖြစ်ပွား


ရုရှားနိုင်ငံ မော်စကိုမြို့မှာ van ကားစီးရေပေါင်း (၃၀) ရဲ့ ဘေးနံရံပေါ် ရင်သားနှစ်မွှာကို လက်ခုပ်ခွက်အဝိုင်းပုံစံ အနေထားဖြင့် မလျက်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးပုံကို ကြော်ငြာပိုစတာအဖြစ် တင်ထားပါတယ်။ ကြော်ငြာမှာ ရိုးရိုးရှင်းရှင်း ရေးထားတဲ့စာတမ်းလေးက… “They attract” ပါ။

ဒါပေမဲ့ အဲဒီ van ကားတွေကို မြို့အနှံ့ မောင်းထွက်လာခဲ့အချိန်မှာတော့ အတန်းလိုက်မောင်းနင်လာတဲ့ ကားတွေ တစ်စီးနဲ့တစ်စီး စတင် တိုက်ကြတော့တာပါပဲ။ ပျှမ်းမျှအားဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှု အရေအတွက်ပေါင်း (၅၁၇) လောက်ရှိခဲ့တယ်လို့ ယူဆထားပါတယ်။ 

အသက် ၃၅ နှစ် IIdar Yuriev ဆိုသူမှာ မတော်တဆဖြစ်ပွားခဲ့တဲ့ ယာဉ်မောင်းတွေထဲ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူက "ကျွန်တော့်ကို ကျော်တက်သွားတဲ့ ကားဘေးနံရံမှာ ရင်သားနှစ်မွှာပုံအကြီးကြီးနဲ့ ကားကို တွေ့လိုက်တဲ့အချိန်မှာ လုပ်ငန်းကိစ္စ အစည်းအဝေးတစ်ခု တက်ရောက်ဖို့သွားနေတဲ့ အချိန်ပေါ့။ နောက်တော့ ကားတစ်စီးက ကျွန်တော်ကားကို နောက်ကနေ လာတိုက်သွားပါတယ်"လို့ သူက ပြောပါတယ်။

အဲဒီက ကျွန်တော့်ကို ဒဏ်ရာအနာတရ မဖြစ်စေခဲ့ပေမယ့် အလုပ်ချိန်လည်းနောက်ကျစေသလို ကားကိုပါ ဂိုဒါင်ထဲ ထားခဲ့ရပါပြီ။ အာမခံရထားလို့ ဆုံးရှုံးမှုမရှိခဲ့ပေမဲ့ အိတ်ကပ်ထဲ ပိုက်ဆံမရှိတဲ့ အဖြစ်ကြုံရသေးတယ်။ "လို့ လည်း သူက ဆက်လက်ပြောကြားသွားတာပါ။

အဲဒီကြော်ငြာကို ရေးဆွဲတဲ့ Sarafan Advertising Agency ကုမ္ပဏီက တိုက်မိသွားတဲ့ ကားတွေ အားလုံးအတွက် လျော်ကြေးပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကြောငြာဆိုတာ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ် ထားသင့်တဲ့ အရာမျိုးလို့ ယူဆတာကြောင့်ပါ။ ဈေးကွက်အတွင်း မိတ်ဆက်ပေးဖို့ ကြော်ငြာပုံစံအသစ်တစ်ခု ဆွဲဖို့ စီစဉ်နေပါတယ်။ ထရပ်ခ်ကားတွေရဲ့ဘေးနံရံပေါ် ကြော်ငြာတင်တာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အဲဒီကြော်ငြာကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ဆိုပါတယ်။

ကျွန်တော်တို့ ဒီစည်းရုံးလုပ်ရှားမှု ကြော်ငြာပုံစံသစ်နဲ့ လူတွေအာရုံကို ဖမ်းစားချင်ခဲ့တာပါ။ မတော်တဆဖြစ်ခဲ့တဲ့ ကားပိုင်ရှင်အားလုံးကိုတော့ ကျွန်တော်တို့ဆီက လျော်ပေးသွားမှာပါလို့လည်း သူက ပြောဆိုသွားပါတယ်။

Source: metro
Trend

လှုပ်ရှားမှုလေးတစ်ခုဖြစ်အောင် အနုပညာပျိုးခင်းထဲ ၀င်လျှောက်ဖြစ်ခဲ့ရင်း ဆန်ကာတင်(၅)ယောက်ထဲ ပါသွားတဲ့ ရွှေသမီး


၂၀၁၂ ၂၀၁၃ အစမှာ ဆာတိုရီထုတ်လုပ်ရေးက စင်တင်ပေးတဲ့ မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ လျှောက်လှမ်းလာခဲ့တဲ့ ရွှေသမီးဟာ၂၀၁၄ အနုပညာပျိုးခင်းမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ရင်း ဇကာတင် ၅ ယောက်ထဲ ပါဝင်သွားခဲ့ပြီမို့ ဖိုင်နယ်အတွက် သူမရဲ့ ရင်ခုန်သံနဲ့ ပျိုးခင်းမှာ ပါဝင်ဖြစ်သွားတဲ့အကြောင်း မေးကြည့်လိုက်တော့ “အနုပညာပျိုးခင်းမှာ အဓိက ၀င်လျှောက်ဖြစ်တာက လှုပ်ရှားမှုလေး တစ်ခုလောက် ဖြစ်ချင်တာပေါ့နော်။ ဒီတိုင်းနေနေရင်လဲ ဘာမှ ထူးခြားမှုရှိမှာ မဟုတ်ဘူး။ ငြိမ်နေမှာပဲဆိုတော့ ၀င်လျှောက်ဖြစ်ခဲ့တယ်။ ညီမ အနုပညာအလုပ်တွေကိုလဲ ဒီ့ထက်ပိုပြီး လုပ်ချင်တယ်။ ပရိသတ်နဲ့ပိုပြီး ထိတွေ့ချင်တယ်။ ပရိသတ်ကို ပိုပြီး ချပြချင်တယ်။ အဲ့ဒါကြောင့် ၀င်လျှောက်ဖြစ်ခဲ့တယ်။ ခုဆန်ကာတင်ထဲတော့ပါပြီ။ နောက်ဆုံးအဆင့် ကျန်သေးတယ်ဆိုတော့ ရင်တော့တုန်တယ်။ မျှော်တော့မျှော်လင့်ထားတယ်။ ဒါပေမဲ့ မျှော်လင့်ပြီးဖြစ်မလာမှာလဲ စိုးတယ်။ အဆိုးဆုံးကိုလဲ မျှော်လင့်ထားတယ်။ အကောင်းဆုံးတွေကိုလဲ မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဖြစ်မလာရင် အရမ်းခံစားရမှာစိုးလို့ပါ။ ဒီအနုပညာပျိုးခင်းက တော်တော်လေးကောင်းတဲ့ အစီအစဉ်ပါ။ အရင်နှစ်ကဆို နယ်က လူတွေမပါဘူး။ ခုဒီနှစ်ဆို နယ်က လူတွေပါတယ်။ အကုန်လုံးကို ခေါ်တဲ့အတွက် လမ်းကြောင်း ပွင့်တာပေါ့။ ပိုပြီးလဲကောင်းတာပေါ့။ ဖိုင်နယအ်တွက်ယုံကြည်မှုကတော့ ဒီပွဲမှာ အကောင်းဆုံးကြိုးစားတယ်။ အနုပညာအလုပ်လုပ်တဲ့ အချိန်မှာ ဘာကိစ္စပဲလုပ်လုပ် အမ်တီဗီပဲရိုက်ရိုက်၊ ဓာတ်ပုံပဲရိုက်ရိုက်အကောင်းဆုံးလုပ်ပေးခဲ့တယ်။ ယုံကြည်မှုဆိုတာထက် စေတနာထားပြီး လုပ်ပေးခဲ့တယ်။ သေချာလေးကြိုးစားပြီး အာရုံစိုက် လုပ်ပေးခဲ့ပါတယ်။”လို့ သူမက ဆိုပါတယ်။

ဖိုင်နယ်က ၁၁လပိုင်း ၁၁ရက်နေ့ဖြစ်တဲ့အပြင် ဒုတိယအဆင့်လူတွေ့ပွဲကတော့ နောက်လ ၇ရက်နေ့လို့ သိရတာကြောင့် ခု ဆန်ကာတင်အထိ ရွေးချယ်ခံထားတာကို သူမက “နောက်တစ်ဆင့် ပါသွားတဲ့အတွက် ကိုယ့်မှာ ပိုပြီးတာဝန်ကြီးသွားတယ်လို့ခံစားမိတယ်။ ပြိုင်ပွဲပြိုင်နေရင်း ရရှိတဲ့ အတွေ့အကြုံတွေက ဗဟုသုတတွေပါမေးတဲ့အတွက် စာအုပ်တွေ ပိုဖတ်ဖြစ်တယ်။ Talent တွေလဲပြရတော့ ညီမ ကပြခဲ့တယ်။ အဲ့ဒီအချိန်မှာ Talent က တော်တော်လေး အရေးကြီးလာတယ်ဆိုတာ သိလာတယ်”တဲ့။

ရွှေသမီးဟာ လက်ရှိမှာ ဆာတိုရီထုတ်လုပ်ရေးနဲ့ တန်ခူးရင်ခွင်ဆိုတဲ့ ဇာတ်ကားလေးကို ရိုက်ကူးနေတယ်လို့ သိရပြီး ဒီဇာတ်ကားပြီးတာနဲ့ ဆရာဝန်အသင်းကလုပ်တဲ့ ဇာတ်လမ်းတွဲလေးတစ်ပုဒ် ဆက်လက်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။
Trend

မော်ဒယ်အေးချမ်းမြတ်မိုးနှင့် အံ့ဖြိုးပိုင်တို့ နှစ်ဦးသဘောတူ လက်ထပ်လုနီးပါးဖြစ်ခဲ့ဟု တရားခံရှေ့နေတင်ပြ


သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းတွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့သော မော်ဒယ်အေးချမ်းမြတ်မိုး၏ အမှုအား အောက်တိုဘာလ ၁၆ ရက်နေ့က ဒုတိယမြောက်ရုံးချိန်းအဖြစ် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ရာ တရားခံရှေ့နေက သေဆုံးသူမော် ဒယ်အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံရသူ အံ့ဖြိုးပိုင်တို့၏ ပတ်သက်မှုများကို ရုံးတော်သို့ တင်ပြခဲ့ပြီး တရားလိုသက်သေဖြစ်သည့် သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏအား တင်ပြမှုများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။

တရားခံရှေ့နေဖြစ်သူ ဦးစိန်မြင့်၏ တင်ပြမေးမြန်းချက်များတွင် သေဆုံးသူ အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံရသူ မောင်အံ့ဖြိုးပိုင်တို့သည် လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက တစ်ဦးနှင့် တစ်ဦး လွန်စွာချစ်ခင်သည့် သမီးရည်းစားများဖြစ်ပြီး၊ ၎င်းတို့နှစ်ဦးသည် ထိုအချိန်ကတည်းက ဒဂုံမြို့နယ် တရားရုံးသို့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးရန် အသိမိတ်ဆွေများဖြင့် သွားရောက်ခဲ့ပြီး ထိုစဉ်က အေးချမ်းမြတ်မိုး၏ အသက်မှာ ၁၈ နှစ် နီးနီးသာ ရှိသေး၍ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး၍ မရကြောင်း တရားရုံးရှိ ၀န်ထမ်းမှ မိတ်ဆွေများရှေ့တွင် ရှင်းပြခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ချစ်သူ သမီးရည်းစားများအဖြစ် အလှူဒါနပြုခြင်း၊ လက်ဝတ်ရတနာပစ္စည်းများ ပြုလုပ်ခြင်း၊ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခြင်း၊ အေးချမ်းမြတ်မိုး မြန်မာ့အသံဝန်းအတွင်း အနုပညာသင်တန်းတက်စဉ်က မောင်အံ့ဖြိုးပိုင်မှ အကြိုအပို့လုပ်ခဲ့ခြင်း၊ ၎င်းတို့နှစ်ဦးသည် အံ့ဖြိုးပိုင်၏ Honda Insight ကားအတွင်း ချစ်ခင်ကြင်နာစွာဖြင့် ဓာတ်ပုံများ ရိုက်ကူးခြင်း၊ အမှတ်တရ စီဒီခွေများ ထုတ်ခြင်းတို့ရှိကြောင်း တရားရုံးသို့ တင်ပြပြီး သေဆုံးသူ အေးချမ်းမြတ်မိုး၏ အစ်ကိုဖြစ်သူ ကိုအာကာဝဏ္ဏအား အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ သိ၊ မသိမေးမြန်းရာ ကိုအာကာဝဏ္ဏမှ လုံးဝမသိရှိကြောင်းနှင့် လုံးဝ မဖြစ်နိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

“ဒီကိစ္စတွေ ကျွန်တော်လုံးဝမသိဘူး၊ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ ညီမလေးက အံ့ဖြိုးပိုင် သူ့ကို လိုက်နှောင့်ယှက်နေတယ်ပဲ ကျွန်တော့်ကို ပြောပါတယ်။ ညီမလေးက သင်တန်းမှာရော၊ ကျောင်းမှာပါ ယောက်ျားလေးသူငယ်ချင်းအများ ကြီးရှိပြီး ဓာတ်ပုံတွေလည်း အများကြီး တွဲရိုက်ခဲ့ပါတယ်။ အားလုံးကိုရွယ်တူ သူငယ်ချင်းလို့ သဘောထားတာပါ၊ ဒီကိစ္စတွေ လုံးဝမဖြစ်နိုင်ပါဘူး”ဟု သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏက တရားရုံးသို့ ပြန် လည်ဖြေကြားသည်။

လူသတ်မှု စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင်အနေဖြင့် အခင်းဖြစ်ပွားသည့် သြဂုတ်လ ၂၆ ရက်နေ့က အင်းလျားလမ်းရှိ ကုမ္ဗဏီတခုတွင် အလုပ်ကိစ္စအတွက် ညနေ ၅ နာရီကျော်သည်အထိ လူတွေ့ အင်တာဗျူးဖြေဆိုနေကြောင်း၊ ထိုအချိန်တွင် ဖုန်းပိတ်ထားသည့်အတွက် အင်တာဗျုးပြီး ဖုန်းဖွင့်သောအခါ သေဆုံးသူ အေးချမ်းမြတ်မိုးမှ သူ၏ ဟန်းဖုန်းသို့ စာတိုများပို့ထားကြောင်း၊ ထို့ကြောင့် ၎င်းမှ အေးချမ်းမြတ်မိုးထံသို့ သွားရောက်တွေ့ဆုံ ခဲ့ကြောင်းလည်း တင်ပြခဲ့သည်။ စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်သည် ဆေးတက္ကသိုလ် (၁) ကျောင်းသားတစ်ဦးဖြစ်ပြီး ဆေးတက္က သိုလ်တွင် ပထမနှစ်တစ်နှစ်သာ တက်ရောက်ပြီး နှုတ်ထွက်ခွင့်တောင်းကာ အေးချမ်းမြတ်မိုးတက်ရောက်နေခဲ့သော အဝေးသင်တက္ကသိုလ်အင်္ဂလိပ်စာမေဂျာသို့ ပြောင်းရွှေ့သင်ယူခဲ့ကြောင်းလည်း တရားခံရှေ့နေက တင်ပြခဲ့သည်။

ယခုကဲ့သို့ တရားခံရှေ့နေဘက်မှ သေဆုံးသူ မော်ဒယ်အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်တို့၏ ပတ်သက်မှုများကို တင်ပြခဲ့သော်လည်း ၎င်းတို့နှစ်ဦးမှာ သမီးရည်းစားလုံးဝမဟုတ်ဘဲ၊ အံ့ဖြိုးပိုင်ကသာ အေးချမ်းမြတ်မိုးကို လိုက် လံနှောင့်ယှက်နေခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိခင်ဖြစ်သူမှ အခင်းဖြစ်ပွားစဉ်က မီဒီယာများကို ဖြေကြားခဲ့သည်။

မော်ဒယ်အေးချမ်းမြတ်မိုးသေဆုံးမှု၏ တတိယမြောက်ရုံးချိန်းကို လာမည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန် ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ ထပ်မံ စစ်ဆေးသွားမည်ဖြစ်ပြီး တရားလိုရှေ့နေမှ တရားခံရှေ့နေ၏ တင်ပြချက်များကို ပြန်လည်ရှင်းလင်းသွားမည်ဖြစ်ကြောင်း တရားခွင်မှ သိရသည်။

လက်ရှိတွင် စွပ်စွဲခံ မောင်အံ့ဖြိုးပိုင်အား လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ကျခံရနိုင်သည်။

မြတ်ထွဋ်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

စိန်ရတုအလွန် မြန်မာ့ရုပ်ရှင်ကောင်းကင်မှာ လင်းလက်ခဲ့သည့် ကြွေလွင့်ကြယ်တစ်ပွင့်


အကယ်ဒမီဒွေးသည် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြုခံရသူတစ်ဦးဖြစ်သည်။ စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်သော ဒွေးသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်ခြေချခဲ့ပြီး ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက်ဖြစ်ခဲ့ပါသည်။ ရုပ်ရှင်လောကထဲကို နာမည်ရင်း ထင်လင်း အမည်နှင့် ပထမဆုံးဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ဒွေးအမည်သို့ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာကျော်ဟိန်း၏ “ဒုက္ခကို အရောင်ဆိုးတယ်” အမည်ရှိ မူး ယစ် ဆေးဝါးပညာပေးဗီဒီယိုကားနှင့် “ဝေလည်းမွှေး၊ ကြွေလည်းမွှေး ” ရုပ်ရှင်ဇာတ်ကားပရိသတ်အသိများပြီး စတင်အောင်မြင်ခဲ့သည်။ 

ဗီဒီယိုကားပေါင်းများစွာနှင့် ရုပ်ရှင်ကားပေါင်းများစွာရိုက်ကူးခဲ့သော စူပါမင်းသား တစ်ယောက် ဖြစ်လာခဲ့သည်။ ဒွေးသည် ၁၉၉၇ ခုနှစ်တွင် “အမေ့ခြေရာ”ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီရရှိခဲ့သည်။ ရုပ်ရှင်ကားကြီးပေါင်းများစွာ၊ ဗီဒီယိုကားပေါင်းများစွာ၊ ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ပြီး ဂီတလောကတွင်လည်း သီချင်းပေါင်းအပုဒ် ၃ဝ ကျော်ကို သီဆိုခဲ့သည်။ အချိန်မတိုင်မီ ကြွေလွင့်သွားခဲ့သည့် ဒွေးအတွက် ရုပ်ရှင်လောက တစ်ခုလုံးသာမက ပရိသတ်များပါ စိတ်မကောင်းကြီးစွာ ကရုဏာ ဖြစ်ကြရသည်။ (ဒွေးသည်နှလုံးရောဂါဖြင့် ၂ဝဝ၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၅ နာရီ၌ အမှတ် (၃၄- စီ)၊ အေးသာယာ လမ်း၊ ဘောက်ထော်နေ အိမ်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဒွေးသည် အသက် (၄၂) နှစ်ရှိပြီဖြစ် သည်။) 

ထွဋ်မြတ်

Popular News

တယ်လီနောဆင်းမ်ကတ် ရန်ကုန်၌စတင်ရောင်းချရန်ကုန်ဖုန်းကွန်ရက် ဖွင့် ပေးမည်မဟုတ်ဟုဆို


တယ်လီနော ဆင်းမ်ကတ်များ ကို လက်ရှိ ရန်ကုန်ဖုန်းအရောင်းဆိုင်အချို့ကစတင်
ရောင်းချပေးနေခြင်း သည် တရားဝင်ရောင်းချမှု မဟုတ်သည့် အတွက် တယ်လီနော
အနေဖြင့် ရန်ကုန်ဖုန်းကွန်ရက်ကိုဖွင့်ပေးမည်မဟုတ်သောကြောင့်ဖုန်းခေါ်ဆိုအသုံး 
ပြုနိုင်ဦးမည် မဟုတ်ကြောင်းတယ်လီ နော မြန်မာရုံးချုပ် ပြန်ကြားရေးဆိုင်ရာဌာနမှ 
ဒုဥက္ကဋ္ဌ Ms.Hannae Knudsen က အောက်တိုဘာ ၁၄ ရက် တွင် ပြောဆိုသည်။

တယ်လီနော ဆင်းမ်ကတ်များကို ရန်ကုတ်တွင် ချပေးထားမည့် သတ်မှတ်ရက်ထက် 
နောက်ကျနေခြင်းကြောင့် ရန်ကုန်လူထု၏ စိတ်ဝင်စားမှုမြင့်တက်နေချိန်တွင်တယ်လီ
နောမြန်မာ၏ တရားဝင် ခွင့်ပြုချက်မဟုတ်ဘဲဖုန်းအရောင်းဆိုင်အချို့ ကြိုတင်ရောင်း
ချမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။"အခုရောင်းချပေးနေမှုတွေ ရှိနေ တာကို သိရ
ပါတယ်။ ဒါက တယ်လီနော မြန်မာကတရားဝင်ရောင်းချခွင့်ပြုတာမဟုတ်ပါဘူး။တယ်
လီနောမြန်မာက စတင်ရောင်းချခွင့်ပြုတဲ့နေ့မှ ရန်ကုန်ကွန် ရက်ကို ဖွင့်ပေးမှာဖြစ်ပါ
တယ်။ အခုရက် ပိုင်း ရောင်းချပေးနေမယ့် ဆင်းမ်ကတ် တွေက ခေါ်ဆိုမှု ပြုလုပ်နိုင်
မှာ မဟုတ်ပါ ဘူး" ဟု တယ်လီနောမြန်မာမှ Ms.Hannaeက စံတော်ချိန်သို့ ပြောဆို 
သည်။

တယ်လီနောဆင်းမ်ကတ်များကို အောက်တိုဘာ ၁၃ ရက်မှစ၍ လှည်း တန်း၊မြေနီကုန်း
ရှိ ဖုန်းဆိုင်အချို့တွင် ရောင်းချပေးနေခြင်းများရှိပြီး တန်းစီစနစ် ဖြင့်အများအပြားလာ
ရောက်ဝယ်ယူနေမှုများလည်းရှိနေသေးကြောင်းသိရသည်။"တယ်လီနောမြန်မာကရောင်း
ချ မယ့်နေ့ကိုအတိအကျမပြောသေးဘူး။မနက်ဖြန်လို့ပဲ ပြောပြောနေတယ်။ဆိုင်ကိုလာ
မေးနေတဲ့ လူထုကလည်း များလာ တယ်။ ဒါကြောင့် အခုလိုကျွန်တော်တို့စီစဉ်လိုက်တာ
ပါ။ ဒီလိုလုပ်လိုက်ရင်တော့ စရောင်းချတဲ့နေ့ကျရင်လည်း ကြိတ်ကြိတ် တိုးအခြေအနေ
ထက်တော့ နည်းနည်း သက်သာမယ် ထင်လို့ပါ" ဟုလက်ရှိ ရောင်းချနေသည့်လှည်းတန်း
ရှိ ဖုန်းအရောင်းဆိုင်တစ်ခုမှ အရောင်းဆိုင်ပိုင် ရှင်က အောက်တိုဘာ ၁၄ ရက်တွင် ပြော 
ဆိုသည်။

တယ်လီနောဆင်းမ်ကတ်များကို ရောင်းချမည့်ရက်ကို တယ်လီနောမြန်မာ က တရားဝင် 
ကြိုတင်ကြေညာပေးသွားမည်ဖြစ်ပြီးဆင်းမ်ကတ်တစ်ခုလျှင်ငွေ ကျပ် ၁၅၀၀ ဖြင့် ပိုရောင်း
ချမှုမရှိစေရန်ကိုယ်စားလှယ်အရောင်းဆိုင်များတွင် လုံလုံ လောက်လောက်ချထားပေး
သွားမည်ဖြစ် ကြောင်း စက်တင်ဘာ ၂၅ ရက်က ပြုလုပ် ခဲ့သည့်စာနယ်ဇင်းရှင်းလင်းပွဲတွင်
Mr.Peter Fuberg ပြောကြားခဲ့သည်။
စံတော်ချိန်

လိင် ၂ မျိုး အင်္ဂါဇာတ် ၃ ခုပါတဲ့ ကလေးတဦး မွေးဖွား

လိင်၂ မျိုး၊ အင်္ဂါဇာတ် ၃ ခုပါတဲ့ ကလေးငယ် တဦးကို ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့ဆေးရုံ မှာ အောက်တိုဘာ လ ၁၀ ရက် နေ့က မွေးဖွားခဲ့တယ်လို့ နိရဉ္စရာ သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြလာပါ တယ်။ 



နရဉ္စရာ သတင်းက ဖော်ပြထားတဲ့ လိင် ၂ မျိုး လိင်အင်္ဂါ ၃ ခုပါတဲ့ ကလေးသတင်း၊ ဓာတ်ပုံ- နေရဉ္စရာ

ရခိုင်ပြည်နယ် ဂွမြို့နယ်က အဖ ဦးရဲပိုင်ထူး၊ အမိ ဒေါ်ဝေေ၀မာတို့က မွေးဖွားလာတဲ့ ကလေးငယ်ဟာ 
ယောင်္ကျားအင်္ဂါ ၂ ခု၊ မ အင်္ဂါတခု ပါဝင်တာဖြစ်တယ်လို့ ဂွ မြို့နယ် ကျန်းမာရေး ဦးစီးဌာနက နေရဉ္စရာ သတင်းဌာနကို ပြောဆို ထားခဲ့ပါတယ်။ 

လိင်အင်္ဂါ ၂ မျိုး ၃ ခုနဲ့ မွေးဖွားလာတဲ့ ကလေးငယ်ကို ဆေးကုသနိုင်ဖို့ ရခိုင်ပြည်နယ် ကျန်းမာရေး ဌာနကို တင်ပြထားတယ်လို့လည်း သတင်းက ဆိုပါတယ်။ 

ကျမ်းဂန်တွေအရ ဣတ္ထိလိင်၊ ပုလ္လိင်၊ ဒွိလ္လိင်၊ နပုလ္လိင် ဆိုတဲ့ မလိင်၊ ကျားလိင်၊ ကျား+မ လိင်၊ လိင်အင်္ဂါ မပါဆိုပြီး ၄ မျိုး ရှိတာ သိရပါတယ်။ 

အခုလို ကျား အင်္ဂါ ၂ ခုနဲ့ မ အင်္ဂါ ၁ ခုပါတဲ့ ( လိင်၂ မျိုး ၊ အင်္ဂါဇာတ် ၃ ခု) ကလေးငယ်ကို မည်သို့ ခေါ် ဆိုမ လည်း ဆိုတာတော့ ကျမ်းတတ်ပေတတ်တွေက ဆွေးနွေးရတော့မယ်ထင်ပါတယ်။ 
ဧရာဝတီ 

မှေးမိန်နေတဲ့ အတိုက်အခံတွေရဲ့ အသံ



စစ်အစိုးရ လက်ထက်မှာ ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် အတိုက် အခံနိုင်ငံရေး အင်အား စု တွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အရာထားလို့ တညီ တညွတ်တည်း တသံတည်း စုပေါင်း အင်အား နဲ့ တိုက်ပွဲဝင်ခဲ့ပြီး အသံတွေ ကျယ်လောင်ပေမယ့် စစ်အစိုးရ ကနေ အသွင်ပြောင်းလိုက်တဲ့ အရပ်သား အမည်ခံ အစိုးရသစ် လက်ထက် မှာတော့ အတိုက် အခံတွေရဲ့ အသံတွေက အရင်လောက် ကျယ်ကျယ်လောင်လောင် မကြားရ တဲ့အပြင် တကွဲတပြားနဲ့ တဖြည်းဖြည်း မှေးမှိန်လာနေပါပြီ။

တိတ်ဆိတ်မှုအစ

ဒီမိုကရေစီ ဆိုတဲ့ အသံတသံ တည်းအောက်မှာ ညီညွတ်စွာရပ်တည်နေခဲ့ကြတဲ့ အတိုက်အခံ နိုင်ငံ ရေး အင်အား စုတွေ အားလုံးက သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ ညီညွတ်မှု မရှိတော့ဘဲ အသံတိတ်လာပြီး အစိုးရကို စောင့် ကြည့် ဝေဖန် တိုက်တွန်းမှုတွေ သိပ်မလုပ် တော့တဲ့အတွက် မြန်မာ့ နိုင်ငံရေးမှာ အတိုက်အခံတွေရဲ့ ရပ်တည်မှု ဘယ်လို လဲဆိုပြီး မေးခွန်း ထုတ်ရမယ့် အခြေအနေအထိကို ဆိုက်ရောက်လာပါတယ်။

အတိုက်အခံ နိုင်ငံရေး အင်အားစုခေါင်းဆောင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်မယ် ဆိုတဲ့ ကတိပြုမှုတွေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်သွား ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ၂ နှစ်ကျော် ကြာမြင့်လာချိန်မှာ လွှတ်တော်ထဲ ဝင်ရောက်သွားခဲ့တဲ့ NLD အနေနဲ့ သူကတိပြုထား တဲ့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တခုမှ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်တာမျိုး မရှိ သေး ပါဘူး။ ဒါ့အပြင် ပြည်သူလူထုကြားမှာဖြစ် ပေါ်နေတဲ့ မြေယာသိမ်းဆည်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အပါ အဝင် လူထု နေ့စဉ်တွေ့ ကြုံ နေရတဲ့ အဆင်မပြေမှု၊ အခက်အခဲတွေနဲ့ အမှုအခင်း တွေမှာလည်း NLD က ထိထိ ရောက်ရောက် ကူညီတာမျိုး မလုပ်နိုင်ပါဘူး။

လွှတ်တော်ထဲမှာလည်း NLD က တင်သွင်းတဲ့ လူထုအကျိုးပြုနိုင်တဲ့ ဥပဒေဆိုတာမျိုး မရှိသလို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေ ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေ စတဲ့ အစိုးရစိတ်ကြိုက် ရေးဆွဲထားတဲ့ ဥပဒေတွေကို ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဥပဒေ တွေ ဖြစ်လာအောင် NLD က ဝေဖန်ထောက်ပြတာမျိုး မလုပ်ခဲ့ဘဲ နေ့စဉ် ဒေါ်အောင်ဆန်းစုကြည်ကစလို့ NLD အမတ် အများစုဟာ ရေငုံနှုတ်ပိတ်လွှတ်တော် တက်ရင်း အချိန်ကုန်နေကြပါတယ်။

လွှတ်တော်ထဲ ဝင်သွားချိန်ကစလို့ ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD ပါတီက အသံတိတ်လာပြီး လူထုနဲ့ကင်းကွာ လာပါ တယ်။ ဥပမာ တနိုင်ငံလုံးက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ထိုင်းနိုင်ငံ လိပ် ကျွန်း လူသတ်မှု၊ ဗကသ ကျောင်းသူ မဖြူနှင်းထွေး အဖမ်းခံနေရတဲ့ကိစ္စ၊ မိကျောင်းကန် မြေယာသိမ်း ဆည်းမှု၊ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခလိုမျိုး ကိစ္စ တွေမှာ ဒေါ်အောင်ဆန်းစုကြည်က ဘာမှထုတ် ပြန်ပြောဆိုတာမျိုး မလုပ်သလို NLD ပါတီကလည်း တစုံတရာ ကြေညာ ချက် ထုတ်ပြန်ပြောဆိုတာမျိုး မရှိဘဲ လျစ်လျူရှုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အသံတိတ်နေသလို ဒုတိယ အတိုက်အခံ နိုင်ငံရေး အင်အားစုလို့ဆိုနိုင်မယ့် ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ရည်မှန်း ချက်ပျောက်ပြီး အသံတိတ်နေပါတယ်။

“အတိုက်အခံ ပုံစံဆိုတာ တိတ်ဆိတ်နေတာ ထက် ပြောသင့်ပြောထိုက်တာ၊ ရှင်းလင်းသင့် ရှင်းလင်းထိုက်တာတွေကို ပြောဆို ရှင်းလင်းသင့်တယ်။ အတိုက်အခံတွေက အဲဒီအပိုင်းမှာ အားနည်းတယ်။ ပြီးတော့ အတိုက်အခံ အဖွဲ့တွေရဲ့ ဖွဲ့စည်းမှုတည် ဆောက်မှုပိုင်းတွေမှာလည်း ပိုပြီး စနစ်ကျသင့်တယ်လို့ မြင်တယ်။ အဲဒီလို မလုပ်နိုင်တာဟာ အားနည်း ချက်ပဲ၊ အဲဒီအားနည်းချက်တွေကို မပြင်နိုင်ရင် ရေရှည်မှာ လူထုထောက်ခံမှု လျော့ကျလာနိုင်တယ်”လို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး

NLD နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ အသံ တိတ်နေချိန်မှာ အာဏာရပါတီမှာရှိတဲ့ ဗိုလ်ချုပ် ဟောင်းတွေ ၊ လက်ရှိ တပ်မတော် မှာရှိတဲ့ အရာရှိကြီး တွေဟာ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ထိုးထိုး ဖောက် ဖောက် လုပ်လာနေ ကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်း ရေးဆွေးနွေးရာမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာရဲ့ အခန်း ကဏ္ဍက ရှေ့တန်းရောက်လာပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်မယ်လို့ ကြွေး ကြော်ခဲ့တဲ့ NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကတော့ MPC က ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တချို့ကို တက်ရောက်ရုံ ကလွဲလို့ ဒီထက်ပို ဘာမှမလုပ်နိုင်ပါဘူး။

ငြိမ်းချမ်းရေးကိစ္စမှာ NLD ရဲ့ ဆောင်ရွက်မှုက အတော်အားနည်းနေပြီး NLD မှာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စီမံချက်၊ နိုင်ငံရေး စီမံချက်မျိုး သီးသန့်ရှိနေတာမတွေ့ရပါဘူး။ အလား တူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းအနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့မှာ ချီတက်ပွဲလုပ်တာ၊ ဖျော်ဖြေပွဲလုပ်တာ လောက်ပဲ လုပ်နိုင် ပါတယ်။

၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၈၈၈၈ (ရှစ်လေးလုံး) ဒီမိုကရေစီ ငွေရတုအရေးတော်ပုံ အခမ်းအနားမှာ ဆုံးဖြတ်ချက်အဖြစ် တန်းတူညီမျှတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ဖြစ်ထွန်းရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး(သို့မဟုတ်) အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရေး၊ အမျိုးသား ညီလာခံတရပ် ပေါ်ထွန်းလာရေး အကောင် အထည်ဖော်ရေး လုပ်ဆောင်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီထုတ်ပြန်ချက်တွေက ရေပေါ်မှာ အရုပ်ရေးသလို ဖြစ်နေဆဲပါပဲ။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းကိုယ်တိုင် နိုင်ငံရေး အဖွဲ့အစည်းအဖြစ် အသွင်မပြောင်းဘဲ သာမန် အရပ်ဘက် လူ့အဖွဲ့ အစည်းပုံစံနဲ့ ဆက်လက်ရပ်တည်နေတာမို့ ငွေရတု ဆုံးဖြတ်ချက်တွေ အကောင်အထည် ဖော်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

“၈၈ အဖွဲ့အစည်းနဲ့ တခြားအဖွဲ့အစည်းတွေ ထိတွေ့ဆက်ဆံမှု အပိုင်းတွေမှာလည်း အတော်လေး ကို အားနည်း တယ်လို့ မြင်တယ်။ အဲလိုအကြောင်း တွေကြောင့် ၈၈ မျိုးဆက်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ဟာ ထင်သလောက် ခရီးမပေါက် တာ” လို့ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး

စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းပူးပေါင်းပြီး ဟောပြောပွဲတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင် လက်မှတ် ကောက်ယူ ခဲ့ရာမှာ လက်မှတ် ၅ သန်းနီးပါး ရရှိခဲ့ပါတယ်။ ဒီလက်မှတ်တွေကို ပြည်ထောင်စုလွှတ်တော်ကိုပေးပို့ ခဲ့ပြီး ပြည်သူ့လက်မှတ်တွေကို လျစ်လျူမရှုဘဲ အခြေခံဥပဒေပြင်ဆင်ဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ကြီးစိုးနေတဲ့ လွှတ်တော် မှာပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ပြင်ဆင်ဖို့ အလားအလာက လက်ရှိအချိန်မှာ အတော်ကိုနည်းပါးနေပါပြီ။

NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့အနေနဲ့ လွှတ် တော်ဘက်က ပုဒ်မ ၄၃၆ မပြင်ဆင်ဘူးဆိုရင် အနာဂတ်မှာ ဘာဆက်လုပ်မလဲ ဆိုတဲ့ မဟာဗျူဟာ ချမှတ်ထားတာမျိုးမရှိသလို လက်မှတ် ၅ သန်းကျော် တင်ပြီးချိန်ကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် တစုံတရာ ထပ်မံတောင်းဆိုတာမျိုး တွေ မလုပ်တော့ပါဘူး။ ”ပွဲပြီးမီးသေ”ဆိုတဲ့ ပုံစံနဲ့ ၂ ဖက်စလုံးက ငြိမ်သက်သွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပေမယ့် အဲဒီတောင်းဆိုချက်က သိသာထင်ရှားတဲ့ တုံ့ပြန်ချက် တစုံတရာ မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမရရင် ဘာမှဆက်မလုပ်ဘူး ဆိုတဲ့ပုံစံ ပေါက်နေပါတယ်။

တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး အတွက် လွှတ်တော်တွင်း မှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ကို စည်းရုံးတာမျိုးတွေ လုပ်သင့် တယ် လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ကာချုပ် မင်းအောင်လှိုင်နဲ့ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံ တောင်းဆိုရင်ပဲ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်တွေ့ ဖြစ်လာမယ့်ပုံစံမျိုး ပြောနေတယ်။ ကျန်တဲ့ လွှတ် တော်ကိုယ်စားလှယ်တွေက အရေးမပါတဲ့ ပုံစံမျိုးပဲ။ သူတကယ်လုပ်ရမှာက ၄ ပွင့်ဆိုင် တွေ့ဆုံရေးထက် လွှတ်တော်တွင်းမှာ လွှတ်တော် ကိုယ်စား လှယ် တဦး ချင်းစီနဲ့ စကားပြောဖို့။ နောက်ဆုံး တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဟာမိတ်ဖွဲ့တာမျိုး တွေ လုပ်ရမှာ” လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်တဦးက သုံးသပ်ပါတယ်။

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့မှာ တိကျတဲ့ မဟာဗျူဟာဆိုတာမျိုး မရှိဘဲ စိတ်ကူးပေါက်ရာ ထလုပ်သလိုမျိုး ဖြစ်နေတဲ့အတွက် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်ဖို့ မလွယ်လှ ဘူး လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

တရားဥပဒေစိုးမိုးရေး

တရားဥပဒေစိုးမိုးရေး ကိစ္စမှာလည်း ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက အစီရင်ခံစာ ထုတ်ပြန်နိုင်တဲ့ အနေအ ထားသာရှိပြီး အစိုးရပိုင်းနဲ့ တရားရေးမဏ္ဍိုင်ရဲ့ ပူးပေါင်းဆောင်ရွက်မှု ပျောက်ဆုံးနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက တရားဥပဒေစိုးမိုးမှုစင်တာ ၂ ခုကို မန္တလေးမြို့နဲ့ လားရှိုးမြို့မှာ နိုဝင်ဘာလအတွင်း ဖွင့်လှစ်သွားဖို့ရှိပါတယ်။

မူလက တရားဥပဒေ စိုးမိုးရေး စင်တာတွေ ဖွင့်လှစ်ရာမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ကိုယ်စားလှယ် အဖွဲ့ဝင်တွေ စေလွှတ် ပေးမယ်လို့ အစိုးရက ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီပြောဆိုချက်ကို ပြန်လည်ရုပ်သိမ်းသွားပါတယ်။ တရား ဥပဒေ စိုးမိုးရေး စင်တာတွေ ဥပဒေသင်တန်းတွေနဲ့ ပြည်သူတွေကို ဥပဒေပိုင်းဆိုင်ရာ သိသင့်သမျှ သင် တန်းပေး သွားဖို့ ရှိတယ် လို့ သိရပါတယ်။

တရား ဥပဒေ စိုးမိုးရေး စင်တာတွေက တရား ဥပဒေ စိုးမိုးရေးအတွက် အထောက်အကူပြုပေမယ့် ယိုယွင်းနေတဲ့ တရား ရေး မဏ္ဍိုင်ကို ပြန်လည်တည့် မတ်နိုင်မှာ မဟုတ်ပါဘူး။ ဥပဒေပညာရှင် အသိုင်း အဝိုင်းကတော့ NLD အနေနဲ့ တရား ဥပဒေ စိုးမိုးရေး လို့သာ ဟစ်ကြွေးနေပေမယ့် တကယ် ဥပဒေစိုးမိုးရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့ နေရာ မှာ ထင်သာ မြင်သာတဲ့ အောင်မြင်မှုတွေ မရဘူးလို့ ဆိုကြပါတယ်။

တရားဥပဒေ စိုးမိုးရေးအတွက် နည်းလမ်း ၂ သွယ်လုပ်ဆောင်ဖို့ လိုအပ်ပြီး ပထမနည်းလမ်းအနေနဲ့ ဒီမိုကရေစီမဆန်တဲ့ ဥပဒေ ကို ဖျက်သိမ်းဖို့၊ လူထုအခွင့်အရေးတွေကို ကာကွယ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဥပဒေ ပညာရှင်တွေ ထောက်ပြပါတယ်။ ဒုတိယနည်းလမ်း ကတော့ တရားရုံးတွေနဲ့ တရားသူကြီးတွေရဲ့ လာဘ် စားမှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေ၊ ဥပဒေကြောင်း အရမတရားခံနေရတဲ့ အမှုတွေကို စောင့်ကြည့် သုံးသပ်တာ၊ ကြေညာချက် ထုတ်ပြန် တာမျိုးတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဥပဒေပညာရှင်တွေ က ဆိုကြပါတယ်။

”ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဥပဒေ စိုးမိုးရေးကော်မတီက ဘာမှမလုပ်နိုင်ဘူး။ ကော်မတီက အစီရင်ခံစာကို လွှတ်တော်က အစိုးရအဖွဲ့ကို တင်ပေမယ့် အစိုးရက အရေးမလုပ်ဘူး။ ရဲအင်အား မလုံလောက်တာတွေ တရားသူကြီး မလုံလောက်တာ တွေစတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေပေးတယ်။ ပြည်သူပါဝင်ဖို့ လိုတယ်ဆိုပြီးတော့ ပြောလာ တယ်။ ဒါတွေက အကြောင်းပြချက်သက်သက်တွေပဲ။ ဟိုဘက်အစိုးရရဲ့ အမွေဆိုးကြောင့် တရားစီရင်ရေး မဏ္ဍိုင်က ထူကို မထူနိုင်သေးဘူး”လို့ တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က သုံးသပ်ပါတယ်။

အလားတူပဲ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အနေနဲ့လည်းတရားဥပဒေ စိုးမိုးရေး လိုအပ်တယ်လို့ မကြာခဏ ပြောဆိုနေ ပေမယ့် တရားဥပဒေစိုးမိုးရေး တစုံတရာ ကူညီဆောင်ရွက်တာမျိုး မလုပ်ဆောင်နိုင်ပါဘူး။

လတ်တလော နိုင်ငံတွင်းမှာ ပုဒ်မ ၁၈ နဲ့ ထောင်ချခံနေရတဲ့ အမှုတွေ၊ ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ လယ်ယာ မြေသိမ်းဆည်းခံ လယ်သမားတွေရဲ့ အမှုတွေ၊ မဖြူနှင်းထွေးလို ကျောင်းသူတဦးကို ပြန်ပေးဆွဲမှုနဲ့ ဖမ်းဆီး တရားစွဲ ဆိုနေတဲ့ အမှုတွေ၊ မီဒီယာသမားတွေကို ပုဒ်မအမျိုး မျိုးတပ် ဖမ်းဆီးအရေးယူနေတဲ့ တရားနည်းလမ်း မကျတဲ့ အမှုတွေ တော်တော်များများမှာ NLD နဲ့ ၈၈ မျိုးဆက်ရဲ့ ဝေဖန်ထောက်ပြသံတွေ ပျောက်ဆုံးနေပါတယ်။

အစိုးရက တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ပေး ဖို့ စိတ်မဝင်စားသလို အတိုက်အခံအင်အားစုတွေ ဘက်လည်း တရား ဥပဒေ စိုးမိုးဖို့ အပြောသာရှိပြီး လက်တွေ့မပါတဲ့ မဟာဗျူဟာမပါတဲ့ ဆောင်ရွက်မှု တွေကြောင့် မှန်ကန် ဖြောင့်မတ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ပေါ်ထွန်းလာဖို့ အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။

တိတ်ဆိတ်မှု၏ ရလဒ်

ယခင် စစ်အစိုးရ လက်ထက်မှာ NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေက ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု ရရှိခဲ့ ပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ သူတို့ရဲ့ တိတ်ဆိတ်မှုတွေကြောင့် ပြည်သူလူထုရဲ့ ယုံကြည် ထောက်ခံမှု ကျဆင်းနေတာ အသေအချာပါပဲ။ တိုင်းရင်းသားတွေ ကြားမှာလည်း ဘယ်နိုင်ငံရေး အင်အားစုကို ယုံကြည် ရမလဲ ဆိုပြီး မေးခွန်းထုတ်မှုတွေ ရှိလာနေပါတယ်။

ပြည်သူတချို့ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီကလည်း လူထုအကျိုးပြုမှုတွေ လုပ်ဆောင်မပေးနိုင်သလို NLD နဲ့ အတိုက်အခံ အင်အားစုတွေကလည်း လူထုအသံကို နားမထောင် ဘူးလို့ ဆိုကြပါတယ်။ အထူးသဖြင့် ပြည်သူ လူထု ရဲ့ စားဝတ်နေရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အဆင်မပြေမှု ပြဿနာတွေကို ထောက်ပြတဲ့ အတိုက်အခံ အင်အားစု တွေရဲ့အသံ ပျောက်ဆုံး လာတာက ပြည်သူလူထုကို ပိုပြီးမျှော်လင့်ချက်မဲ့စေတယ်လို့ နိုင်ငံရေးသမားတချို့က သုံးသပ် ပါတယ်။

အတိုက်အခံတွေရဲ့ တိတ်ဆိတ်သွားတဲ့ အသံ တွေကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ မယုံကြည်မှု ရလဒ် တွေ ထွက်ပေါ်လာနိုင်တယ်ဆို ပြီးလည်း သုံးသပ်ပြောဆိုကြပါတယ်။

ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတဦးဖြစ် တဲ့ ဦးဦးလှစောက “အလုပ်လုပ်ပေမယ့် အကျိုးသက် ရောက် မှု မမြင်ရ ဘူးဆိုရင် မထိရောက်လို့ပေါ့။ ကျနော်တို့ လုပ်နေပါတယ် ပြောပေမယ့် လုပ်ဆောင် ချက်တွေရဲ့ အသီးအပွင့်ကို ပြည်သူ တွေ တိုက်ရိုက် မခံစားရဘူးဆိုရင် မအောင်မြင်လို့ပဲ ။ လုပ်တယ်လို့ ဘယ်လောက်ပဲပြောပြော ပြည်သူက ဘယ်ယုံတော့ မလဲ”လို့ သုံးသပ်ပြောဆိုပါတယ်။

ယနေ့မြန်မာစံတော်ချိန် ၆ နာရီတွင် မြန်မာအသင်းနှင့် ဘရူးနိုင်းအသင်းတို့ယှဉ်ပြိုင်မည်


ယနေ့ မြန်မာစံတော်ချိန် ၆ နာရီမှာ မြန်မာအသင်းနဲ့ ဘရှုနိုင်းအသင်းတို့၏
ဆူဇူကီးဖလားခြေစစ်ပွဲ ပွဲစဉ်ရှိပါသည်။ အဆိုပါ ပွဲစဉ်ကို MRTV နှင့် SkyNet Sports 1, SkyNet Sports HD တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၄ ခုနှစ် တတိယသုံးလပတ်ကာလ အတွင်း မူးယစ်ဆေးဝါးမှု သုံးရာကျော်နှင့် လူသတ်မှု တစ်ရာ့လေးဆယ်ကျော် ဖြစ်ပွားခဲ့

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ၂ဝ၁၄ ခုနှစ် တတိယ သုံးလပတ် ကာလ (ကိုးလ) အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သုံးရာကျော် အထိ ဖမ်းဆီး နိုင်ခဲ့ပြီး အမှုကြီး အမျိုးအစား တွင် ပါဝင်သည့် လူသတ်မှု တစ်ရာ့ လေးဆယ်ကျော် အထိ ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ် ဇန်န၀ါရီလ မှ စက်တင်ဘာလ ထိ ကိုးလတာ ကာလအတွင်း ငွေကျပ် သန်းပေါင်း တစ်သောင်းကျော် ဖိုးရှိ မူးယစ်ဆေးဝါးမှု ၃၂၄ မှု ဖမ်းဆီး ရရှိထား ကြောင်း သိရပြီး ၄င်း ကာလအတွင်း လူသတ်မှုပေါင်း ၁၄၈ မှုအထိ ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦး က ပြောပြသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု နှင့် ပတ်သက်ပြီး အများဆုံး ဖမ်းဆီး ရမိသည့် မြို့နယ်များမှာ မင်္ဂလာ တောင်ညွန့်၊ တာမွေ၊ ဒဂုံမြို့သစ် တောင်ပိုင်း တို့ဖြစ်ပြီး အများဆုံး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး များမှာ စိတ်ကြွဆေးပြား နှင့် ဆေးခြောက် တို့ ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးမှု ၃၂၄ မှုတွင် အမျိုးသမီး ၅၃ ဦး အပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၈၅ ဦးကို ဖမ်းဆီး အရေးယူ ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း ငွေကျပ်သန်း
ပေါင်း ငါးထောင် တန်ဖိုးရှိ မူးယစ်ဆေးဝါး မှု ၂၈၆ မှု ဖမ်းဆီး ရရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ငွေကျပ် သန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမှု ၃၂၆ မှုကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း အမှုကြီး စာရင်းဝင် လူသတ်မှု ဖြစ်ပွားသည့် အရေအတွက် သည် ၂ဝ၁၂ ခုနှစ်တွင် ၁၆၄ မှု၊ ၂ဝ၁၃ ခုနှစ်တွင် အမှု ၁၃ဝ ဖြစ်ပွားခဲ့ပြီး ယခုနှစ် ကိုးလတာ အတွင်း ၁၄၈ မှု ဖြစ်ပွား ခဲ့ခြင်းကြောင့် ယခင်နှစ် များထက် ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက် လာခြင်း ဖြစ်ကြောင်း သိရသည်။ လူဦးရေ ပိုမို များပြားကာ နေ့စဉ်တိုးပွား နေသည့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း အမှုအခင်း များကို ထိန်းချုပ် နိုင်ရန် ရဲအင်အား လုံလောက်မှု မရှိခြင်း နှင့် ပြည်သူ ပါဝင်သည့် ရဲလုပ်ငန်း စနစ် ကျင့်သုံးနိုင်မှု အားနည်းနေခြင်း သည်လည်း ထိုကဲ့သို့ မှုခင်းများ တိုးပွားရန် အခြေခံ အချက်များ ဖြစ်ကြောင်း လေ့လာ သူများက ပြောပြသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယခုနှစ် ဇန်နဝါရီ၁ရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ (၉)လတာ ကာလတွင် လူသတ်မှု ၁၄၈ မှု အပါအဝင် အမှုကြီး ၁ဝ မျိုး ဖြစ်သည့် ဓားပြမှု လေးမှု၊ လုယက်မှု ၃၇ မှု၊ အဓမ္မမှု ၁၁ဝ မှု၊ ဖောက်ထွင်းမှု ၂ဝ မှု၊ တိရစ္ဆာ န်ခိုးမှု ၁ မှု၊ လက်နက်မှု ၁ မှု၊ စုစုပေါင်း ၃၂၁ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ အဓမ္မမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန် ခိုးမှု၊ သစ္စာဖောက်မှု၊ လက်နက်မှု၊ မတရား အသင်း ဆက်သွယ်မှု စသည့် အမှုကြီး ၁ဝ မျိုး ဖြစ်ပွားမှု မှာ ၂ဝ၁၂ ခုနှစ်တွင် ၃၅၆ မှု၊ ၂ဝ၁၃ ခုနှစ်တွင် ၃၄၃ မှုနှင့် ယခုနှစ် ၉ လတာ ကာလအတွင်း ၃၂၁ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အိအိအောင်

PyiChitThar

ကင်ဆာရောဂါကို ဖြစ်စေမည့် နှုတ်ခမ်းနီများ ဈေးကွက်အတွင်း ၀င်ရောက်လျက်ရှိ

လက်ရှိ မြန်မာနိုင်ငံ အတွင်း အလှကုန် တင်သွင်းသော ကုမ္ပဏီ များနှင့် ပြည်တွင်း အလှကုန် ဈေးကွက်အတွင်း သို့ လမ်းကြောင်း အမျိုးမျိုးမှ ရောက်ရှိ နေသော အမျိုးသမီးသုံး အလှကုန် ပစ္စည်းများ ထဲမှ အဓိက အသုံးပြု နေသည့် နှုတ်ခမ်းနီ ဆိုးဆေးများ ထဲတွင် အချို့သော အမှတ် တံဆိပ်များမှာ ကင်ဆာ ဖြစ်စေသော ခဲဓာတ်များ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရ သည်ဟု သိရသည်။

နှုတ်ခမ်းနီ ကုမ္ပဏီကြီး တစ်ခုက ၄င်းတို့ ထုတ်လုပ်သည့် နှုတ်ခမ်းနီ များထဲတွင် ခဲဓာတ်များ ပါဝင် နေမှုကြောင့် အမေရိကန် ဒေါ်လာ ၆၇ ဒေါ်လာမှ ၉ ဒသမ ၉ဝ ဒေါ်လာ အထိ ကျဆင်း ခဲ့ကြောင်း သိရသည်။

အဓိက အကြောင်းရင်းမှာ ကင်ဆာ အန္တရာယ် ဖြစ်စေနိုင်မှု ကြောင့်ဟု ဆိုသည်။ အလှအပ ကြိုက်သော မိန်းကလေး အများစုက အခြားသော အမှတ်တံဆိပ် များကို စိတ်မချ၍ သံသယရှိသည် ဆိုပါက နှုတ်ခမ်းနီ ကို မသုံးစွဲခင် လက်မောင်း အတွင်းသား၊ လက်ခုံပေါ် နှင့် လက်ကောက်ဝတ် အောက်ဘက် ၌ သုတ်လိမ်း၍ သော်လည်းကောင်း၊ မိမိတွင် ပါရှိသည့် ရွှေထည်ပစ္စည်း တစ်ခုခုပေါ် သုတ်လိမ်း ထားပြီး နဂို အသားရောင်၊ ရွှေရောင် မှ အမည်းရောင် သို့ ပြောင်းလဲ သွားပါက ထိုနှုတ်ခမ်းနီ တွင် ခဲဓာတ် ပါဝင်နေပြီ ဖြစ်ကြောင်း သိနိုင်သည်။

ဈေးကွက် အတွင်းရှိ ခဲသတ္တုဓာတ် ပါဝင်သည့် နှုတ်ခမ်းနီ အမျိုးအစားမှာ ကိုးမျိုး ရှိပြီး ၄င်းတို့မှာ Clinique , Estee Lauder , Shi Seido , Red Earth ( Lip Gloss ) , Cnanel ( Lip Conditioner ) , Mark America , Motives , Lipstick နှင့် Avon စသည်တို့ ဖြစ်ကြောင်း သိရသည်။

''လူတိုင်းကတော့ လှပနုပျိုချင် ကြတာပါ။ ဒါပေမဲ့ ကိုယ်ကျိုးရှာ ဝိသမ လောဘသား တွေရဲ့ စီးပွားရေး ဆန်ဆန် ထုတ်လုပ် ရောင်းချမှုတွေ အတွက်တော့ သတိထားတာ အကောင်းဆုံး ပါပဲ ... '' ဟု နှုတ်ခမ်းနီ များတွင် ပါဝင်သော ခဲဓာတ်ကြောင့် ကင်ဆာ ဖြစ်ပွားခြင်း အကြောင်းရင်း ကို ရှာဖွေ တွေ့ရှိခဲ့သူ အမေရိကန် မှ ဆေးဝါး ကျွမ်းကျင်သူ ဇီဝအနုစိတ် ပညာရှင် Dr. Elizabeth Ayoub က သတိပေး ပြောကြား လိုက်ကြောင်း သိရသည်။

နိုင်မင်းညို (ရပ်စောက်)

PyiChitThar

ရော်နယ်ဒို ဖေ့စ်ဘွတ်ခ် Like လုပ်သူ သန်း ၁၀၀ ကျော်ပြီ

ဘောလုံး ကစားသမားတွေထဲက ရီးရဲလ်မက်ဒရစ် အသင်း နဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ဖေ့စ်ဘွတ်ခ်ကို Like လုပ်သူ သန်း ၁၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

မက်ဆီက ဖေ့စ်ဘွတ်ခ် ပရိသတ် ၇၄ သန်းရှိပြီး၊ ပီအက်စ်ဂျီက ဇလာတန် အီဘရာဟီမိုဗစ် ကတော့ သန်း ၂၀ နီးပါး၊ မန်ယူ တိုက်စစ်မှူး ရူနီက ၂၅ သန်းနဲ့ ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက ပရိသတ် သန်း ၅၀ အသီးသီးရှိနေပါတယ်။

ရော်နယ်ဒိုရဲ့ ရီးရဲလ်အသင်းက ဖေ့စ်ဘွတ်ခ် ပရိသတ် ၇၅ သန်း၊ မန်ယူက သန်း ၆၀ နီးပါး၊ အက်သလက်တီဂို မက်ဒရစ်က ၉ သန်းနီးပါး၊ ဘာစီလိုနာအသင်းက ၇၆ သန်း ကျော်၊ မန်စီးတီး အသင်းက ၁၆ သန်းကျော်ရှိပါတယ်။

ရော်နယ်ဒိုရဲ့ ဖေ့စ်ဘွတ်ကတော့ https://www.facebook.com/Cristiano ဖြစ်ပါတယ်။
By ဒီဗွီဘီ

Miss Grand International ပြိုင်ပွဲမှာ နိုင်ငံအတွက် ဆုမယူလာနိုင်ခဲ့လို့ စိတ်မကောင်း ဖြစ်ရသူ Mဂျာဆိုင်း


Miss Grand International 2014 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့သူ Mဂျာဆိုင်းက မြန်မာနိုင်ငံကို အောက်တိုဘာလ ၉ရက်နေ့ က ပြန်လည် ရောက်ရှိခဲ့ပါတယ်။ Miss Grand Myanmar 2014 အလှမယ် Mဂျာဆိုင်းက မြန်မာပြည် အတွက် ဆုတစ်ဆုမှ သယ်မလာနိုင် ခဲ့ပေမယ့် ပြိုင်ပွဲ မှာ တာဝန်ကျေပွန်စွာနဲ့ နိုင်ငံကို ကိုယ်စားပြု ပြီး အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါတယ်။

မန်မာပြည်ကို ပြန်ရောက်တဲ့ အခါမှာ Miss Grand Myanmar တာဝန်ဖြစ်တဲ့ Stop the War အတွက် ပညာပေး လုပ်ငန်းတွေနဲ့ ပရဟိတ လုပ်ငန်းတွေကို Organization နဲ့ အတူ တစ်နှစ်တာ တာဝန် ထမ်းဆောင် သွားမှာဖြစ်ကြောင်းကို အလှမယ် Mဂျာဆိုင်းက “မြန်မာ နိုင်ငံ အတွက် ဘာဆုမှ မယူပေးနိုင်ခဲ့လို့ စိတ် မကောင်းပါဘူး။ အများကြီး ကြိုးစားခဲ့ပါတယ်။ ပရိသတ် တွေ အားလုံးကို တအား ကျေးဇူးတင်ပါတယ်။ အမြဲ အားပေးနေတဲ့ သူတွေလည်း ဆက်ပြီး အားပေး ပါလို့ ပြောချင်ပါတယ်။ Stop the War နဲ့ ပတ်သက်တဲ့ ပရဟိတတွေ၊ ပြီးတော့ အခြား ပရဟိတ တွေကိုရော လုပ်ဆောင် သွားမှာပါ။ အမြဲတမ်းလည်း ကြိုးစားနေပါမယ်။ အခုပြန်လာပြီ ဆို တော့ ပရဟိတလေးတွေ လုပ်ဖို့ ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

“Captain America 3” ဇာတ်ကားထဲမှာ Iron Man အဖြစ် ပါဝင်သရုပ်ဆောင်ဦးမယ့် Robert Downey Jr.


ဟောလီးဝုဒ်စတား Robert Downey Jr. ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိလာတော့မယ့် “Captain America 3” ဇာတ်ကားထဲမှာ Iron Man ရဲ့ ဇာတ်ကောင် Tony Stark အဖြစ် ပါဝင်သရုပ်ဆောင်ရန် နောက်ဆုံးအဆင့် ညှိနှိုင်းဆွေးနွေးနေပြီလို့ သိရပါတယ်။

Robert Downey Jr. ဟာ ပြည်တွင်းစစ်တစ်ခုကို အခြေခံထားတဲ့ ဇာတ်လမ်းကို ကာတွန်းစာအုပ် ကနေ ဖန်သားပြင်ပေါ် ပြောင်းလဲရာမှာ ပါဝင်သရုပ်ဆောင်တော့မှာ ဖြစ်ပြီး ထို ဇာတ်လမ်း ဟာ Marvel Studios ရဲ့ superhero ဇာတ်လမ်းတွေကို ပြောင်းလဲဖန်တီးထားတဲ့ အသစ်တစ်ခု ဖြစ်တယ် လို့သိရပါတယ်။

အဲဒီ ပြောင်းလဲမှု အသစ်ကတော့ Marvel က ထိုဇာတ်လမ်း ရဲ့ဇာတ်ညွှန်းမှာ Iron Man ဇာတ်ကောင် Tony Stark ကို Chris Evans သရုပ်ဆောင်ထားတဲ့ Captain America ရဲ့ ကွဲပြားတဲ့ဇာတ်ကောင် တစ်ခုဖြစ်တဲ့ Steve Roger နဲ့ ဆန့်ကျင်ဘက် ဖြစ်အောင် ဖန်တီးထားပြီး သူတို့ဟာ စွမ်းအားရှင် လူသားတွေရဲ့ အစွမ်းအစ တွေနဲ့ တစ်ဦးတစ်ယောက်ကို တိုက်ခိုက်ကာ အမေရိကန် အစိုးရကို သူတို့ဘယ်သူလဲသိအောင် ဖော်ပြပြီး လုပ်ပိုင်ခွင့်တွေအတွက် ရဲ ၀န်ထမ်းအဖြစ် လုပ်ကိုင်ရမယ့် Superhero Registration Act နဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ထိုရုပ်ရှင်ကို ၂၀၁၅ နွေဦးရာသီမှာ စတင်ထုတ်လုပ်မှာဖြစ်ပြီး Marvel ကုမ္မဏီ ဟာ ၂၀၁၅ ခုနှစ်မှာပဲ Civil War ဇာတ်လမ်းတို များကိုလည်း ထုတ်လုပ်သွားဖို့စီစဉ်ထားတဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Robert Downey Jr. ဟာ သူ့ရဲ့ စူပါဟီးရိုး ဇာတ်ကောင် ကို “The Avengers: Age of Ultron” နဲ့ “The Avengers 3” တို့မှာလည်း ပြန်လည်သရုပ်ထားတယ်လို့သိရပါတယ်။

Ref:starpulse.com
Trend

လီဗာပူးကို ချန်ပီယံလိဂ်ဝင်အောင် ကူညီပေးခဲ့ဟု ဆွာရက်ဇ်ဝင့်ကြွား


ဘာစီလိုနာ− ဥရုဂွေးတိုက်စစ်မှူး လီဗာပူးကစားသမားဟောင်း ဆွာရက်ဇ်က ၎င်းသည် ချန်ပီယံလိဂ်သို့ လီဗာပူး ပြန်ရောက်အောင် ကူညီပေးခဲ့သည့် အဓိကမောင်းနှင်အားဖြစ်ကြောင်း ဂုဏ်ယူစွာပြောဆို လိုက်သည်။


ယခုရာသီအစတွင် ဘာစီလိုနာသို့ ယူရို ၉၄ သန်းဖြင့် ရောက်ရှိခဲ့သည့် ဆွာရက်ဇ်သည် လီဗာပူး၌ နောက်ဆုံးကစားခဲ့သည့် ပြီးခဲ့သည့်ရာသီတွင် (၃၃)ပွဲ ကစားပြီး ၃၁ ဂိုး သွင်းပေးခဲ့သည်။ ထို့အပြင် အသင်းသည် ပရီးမီးယားလိဂ်တွင် မန်စီးတီးနောက်၌ ဒုတိယနေရာ ရပ်တည်နိုင်ခဲ့မှုကြောင့် ချန်ပီယံလိဂ်နှင့် ငါးနှစ်တာဝေးနေခြင်း အဆုံးသတ်နိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲသို့ပြန်ဝင်ရောက်နိုင်ခဲ့သည်။

‘‘ပုဂ္ဂိုလ်ရေးအောင်မြင်မှုတွေဟာ အမြဲပဲပျော်ရွှင်ရစေပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကောင်းကို အသိအမှတ်ပြုခံရလို့ပါ။ ကျွန်တော် လီဗာပူးကို ထိပ်တန်းရောက်အောင် ကူညီပေးခဲ့ပြီး ပရီးမီးယားလိဂ်ကို ဆွတ်ခူးနိုင်ဖို့အထိတောင် နီးကပ်ခဲ့ပါတယ်။ အသင်းကလုပ်ခဲ့တာတွေ အားလုံးကိုလည်း ကျွန်တော် တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ကျွန်တော် ခြောက်ပွဲလွဲခဲ့ပြီး ပရီးမီးယားလိဂ်မှာ သွင်းခဲ့တဲ့ဂိုးတွေ အားလုံးကလည်း ပင်နယ်တီကနေ မဟုတ်ခဲ့ပါဘူး’’ဟု ၎င်းကဆိုသည်။

ဆွာရက်ဇ်သည် လာမည့် သီတင်းပတ်တွင် ပွဲပယ်ပြစ်ဒဏ် ကုန်ဆုံးပြီဖြစ်၍ အယ်လ်ဂလက်စီကိုဒါဘီခေါ် ရီးရဲလ်နှင့် ဘာစီလိုနာထိပ်တိုက်တွေ့မည့်ပွဲတွင် ပါဝင်ခွင့်ရမည် ဖြစ်သည်။
7 Day

ကြက်သွန်နီလှီးတဲ့အခါ မျက်ရည်မယိုအောင် ရှောင်ရှားနိုင်မယ့် နည်းလမ်းတစ်မျိုး


ကြက်သွန်နီမှာ Lachrymatory factor (LF) လို့ခေါ်တဲ့ မျက်လုံးကျိန်းစပ်ကာ မျက်ရည်ယိုးစီးစေတဲ့ ဓာတ်ငွေတစ်မျိုး ထုတ်လွှတ်ပါတယ်။ ဂျပန်သုတေသီတွေက LF ထုတ်ပေးဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ အင်ဇိုင်းမပါတဲ့ ကြက်သွန်နီတစ်မျိုး စိုက်ပျိုးခဲ့ကြပါတယ်။ ဒါကြောင့် မျက်ရည်ယိုတာတွေ မဖြစ်တော့ဘူး။ ဒါပေမယ့် အဲဒီကြက်သွန်နီမှာ အကျိုးပြုပေးတဲ့ ဆာလဖာပေါင်းပါဝင်မှုတွေ မရှိတော့ပါဘူး။ ကြက်သွန်နီ လှီးတဲ့အခါ မျက်ရည်တွေကျလာတာ အဆင်သိပ်မပြေမယ့် အဲဒီအချက်ကပဲ သူ့မှာပါဝင်တဲ့ ကျန်းမာရေးအကျိုးပြု အာနိသင်များစွာရောစပ်ပါဝင်နေကြောင်း သိသာစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ World’s Healthiest Foods က ကြက်သွန်နီလှီးတဲ့အခါ မျက်လုံးအနှောက်အယှက်ဖြစ်စေမှုနဲ့ မျက်ရည်ယိုခြင်းလျော့နည်းသက်သာစေမယ့် ကြက်သွန်နီလှီးနည်းတချို့ ထပ်ဆင့်ဝေမျှပေးထားပါတယ်။

ကြက်သွန်နီလှီးလို့ မျက်စိကျိန်းစပ်လာရင် သင်လက်တွေ့ အသုံးချနိုင်တဲ့ နည်းတစ်ချို့ရှိပါတယ်။ ဓားထက်ထက်တစ်လက် အသုံးပြုပြီး အမြဲတမ်းမတ်သပ်ရပ် လှီးပါ။ ဒီနည်းနဲ့ဆိုရင် မျက်စိကို ကြက်သွန်နဲ့ ဝေးနိုင်သလောက် ဝေးစေပါလိမ့်မယ်။ ကြက်သွန်နီလှီးတော့မယ်ဆိုရင် ပြတင်းပေါက်နား သွားဖို့ သတိရပါ။ အဲဒီလိုလုပ်လို့မှ မျက်ရည်တွေ ပေါက်ပေါက်စီးကျနေသေးတယ်ဆိုရင် မျက်မှန် သို့မဟုတ် Googles မျက်မှန် တပ်ကြည့်ပါ။

မလှီခင်ဖြစ်စေ ကြက်သွန်နီကို တစ်နာရီလောက် အေးနေအောင်ထားတာကလည်း ကြက်သွန်ရဲ့ ဓာတ်ပြောင်းလဲမှုနှေးကွေးစေတာကြောင့် LF ဓာတ်ငွေ့ ထုတ်လုပ်မှုနှုန်း လျော့နည်းစေပါတယ်။ အေးစေပြီးမှလှီးတာ၊ ပြီးတော့ စီးနေတဲ့ရေထဲ ကြက်သွန်လှီးတာ မျက်စိကျိန်းစပ်သာသက်ဖို့ အသုံးပြုတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းဟာ ရေးစီးမှုကြောင့် ကြက်သွန်နီမှာပါဝင်တဲ့ အာဟာရဓာတ်တစ်ချို့ကို ဆုံးရှုံးစေနိုင်တဲ့အတွက် ဒုတိယမြောက်အကောင်းဆုံး နည်းအဖြစ်သာ သတ်မှတ်ထားကြပါတယ်။

Source: HTB
Trend

အိမ်ရှင်မတို့အရံ ဖြတ်ထိုးဥာဏ်များ


နေ့ တဓူဝကြုံတွေ့ နေရတဲ့ သမရိုးကျအိမ်ထောင့် တာဝန်များ ကို ပုံမှန်နည်းဖြင့်ဖြေရှင်းနိုင်သော်လဲ၊ တခါတရံ မထင်မှတ်တဲ့ အခက် အခဲ လေးတွေအတွက် ဖြတ်ထိုးဥာဏ်သုံးတတ်ဖို့ လိုပါတယ်။

၁) အိမ်ကသမီးလေးက ကိုရီးယားမင်းသလေးလို ဆံပင်တောက်ပြောင်ချောမွေ့ ချင် လိုက်တာ မေမေရယ်လို့ ပူဆာလာခဲ့ရင်၊ ရှာလကာ ရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်း ထဲ့ပြီး ခေါင်းလျှော်ခိုင်းလိုက်ပါ။

၂) ခင်ပွန်းမှာ ဂျိုင်းမွေးရိတ်ကရင်မ် ကုန်နေခဲ့လျှင်၊ အရေးပေါ်အဖြစ် ဆံပင်ပေါင်းဆေး (conditioner) ပေးသုံးလိုက်ပါ။ ဂျိုင်းမွှေးရိတ်ရ လွယ်ကူသလို အသားအရေ လည်း ချောမွေ့ သွားစေပါတယ်။

၃) မိတ်ကပ်ဖျက်ဆေးဗူး အထားမှားလို့ အလွယ်တကူရှာမတွေ့ ခဲ့ ရင်၊ ခေါင်း လိမ်းတဲ့သံလွင်ဆီ နှင့်ဖျက်ပါ။ (မျက်လုံးထဲမ၀င်ပါစေနဲ့ )

၎) မီးပူတိုက်ရင်း (သို့ မဟုတ်) ချက်ပြုတ်ရင်း မတော်တဆ အပူလောင်ပြီး အရည်ကြည် ဖုပေါက်ခဲ့ရင်၊ ငံပြာရည် (သို့ ) pepsodent သွား တိုက်ဆေး (သို့ ) အာလူးထက်ခြမ်းခြမ်းကပ် (သို့ ) ဆရာစိုင်းလိမ်းဆေး (သို့ ) ဆေးဖယောင်းချပ်ကပ်ပါ။

၅) ဖိနပ်သဲကြိုးရာ ခြေထောက်မှာစွဲကျန်နေလို့ စိတ်မညစ်ပါနဲ့  ရှာလကာရည် ပွတ်လိမ်းပေးပါ။

၆) တစ်စုံတစ်ယောက်အတွက် လက်ဆောင်ပစ္စည်းဝယ်ထားပြီး၊ ဈေးနှုန်းတန် ဘိုးမ သိစေ ချင်ပါသော်လဲ၊ အချို့ ပစ္စည်းများတွင် ဈေးနှုန်းတံ ဆိပ်ကို လုံးဝခွာမ ရဖြစ်နေ တတ် ပါတယ်။ ဆံပင်အခြောက်ခံစက်ကို မီးအားမြှင့်၍ အပူပြင်းပြင်း မှုတ်ထုတ် လိုက်ပါ။

၇) ရေခဲတုံးသန့် သန့့်လိုချင်ရင်၊ ရေနွေးပူပူကို အအေးခံပြီးမှ ရေခဲ ခဲပါ။

၈) သံပုရာသီးအလုံးထဲက သံပုရာရည်များ ကုန်စင်အောင်ညှစ်ချင်ပါရင်၊ ဦးစွာ သံပုရာသီးကို တနာရီခန့် ကြိုတင်၍ ရေနွေးစိမ်ထားပါ။

၉) ဟင်းလျာများနှင့် အသုပ်များအတွက် ဂေါ်ဖီထုပ်က စိမ်းစော်နံပျောက်စေအောင်၊ မချက်ပြုတ်ခင် ဂေါ်ဖီထုပ်ပေါ် ပေါင်မုန့် တချပ် လောက် တင်ထားလိုက်ပါ။

၁၀) ပီကေ၀ါးရင်း ကြက်သွန်နီလှီးရင် မျက်ရည်လုံးဝမကျစေတော့ပါဘူး။

၁၁) အာလူးပြုတ်မြန်မြန်နူးစေချင်ရင်၊ ရှေးဦးစွာ အာလူးစိမ်းရဲ့ တစ်ဘက်စွန်းစီကို အခွံအ နည်းငယ်နွှာပြီးမှ ပြုတ်ပါ။

၁၂) ကန်စွန်းဥပြုတ်များ အခွံနွှာရ လွယ်ကူအောင်၊ ပြုတ်ပြီးသားကန်စွန်းဥပူပူ ကို ရေအေးထဲစိမ်ထားလိုက်ပါ။

၁၃) ကြက်ဥ/ဘဲဥပြုတ်များ အခွံခွာရလွယ်ကူအောင် ဆားထဲ့ပြုတ်ပြီး၊ ကျက်ရင် ကြက်ဥ/ဘဲဥအချင်းအချင်း ခပ်သာသာ အခွံမာများအက် သွားတဲ့ထိရိုက်ပေးပြီး ရေအေးထဲစိမ်ပါ။

၁၄) အချိန်အတော်ကြာ အသုံးပြုလာခဲ့တဲ့ Coffee Maker (ခေါ်) ကော်ဖီဖျော်အိုး များ ကော်ဖီဂျိုးတူးနံ့ စွဲလာတတ်ပါတယ်။ အဲဒီအခါ ကော်ဖီဖျော်အိုးထဲ ရှာလကာရည်တ ခွက်ထဲ့ကာ ရေအပြည့်ဖြည့်ပြီး၊ နာရီဝက်လောက်အပူပေးနှပ်ထား ပါ။ ပြီးရင် ရေ သန့် ထဲ့တည်၍ နောက်ထပ် နာရီဝက်လောက်တည်ပါ။ ဤနည်းတိုင်း ဒုတိယ အကြိမ် ရေသန့် ထပ်တည်ပါ။ ကော်ဖီဂျိုးတူးနဲ့ ပျောက်ပြီး၊ အနံ့ အရသာ ရှိသော ကော်ဖီဖျော်လို့ ရပါပြီ။

၁၅) ပန်းကန်ဆေးဘေစင်ပိတ်ဆို့ နေလို့ စိတ်မညစ်ပါနှင့်။ မုန့် ဖုတ်ဆော်ဒါ ၁-ဆ ကို ရှာလကာရည် ၂-ဆ ရောဖျောပြီး ရေပိုက်တ လျှောက်လောင်းထဲ့ပါ။ မိနစ် ၂၀ အကြာမှာ ရေနွေးဆူဆူများလောင်းချပေးခြင်းဖြင့် ပိတ်ဆို့ နေမှုများ လျောဆင်းသွားပါလိမ့်မယ်။

၁၆) သစ်သားစားပွဲခုံပေါ်မှာ အအေးခွက် (သို့ မဟုတ်) ရေနွေးခွက် တင်တာကြာသွား ရင် အဖြူရောင် အကွက်များစွန်းကျန်လာပါတယ်။ ဟင်းချက်ဆီနဲနဲကို ဆားရော၍ ပွတ်တိုက်ပြီး၊ နောက်တနာရီခန့် အကြာ ချည်တည်အ၀တ်ပါးဖြင့် ပွတ်ပေးလိုက်ပါ (သို့ မဟုတ်) ရေနံချေး ဖြင့်ပွတ်တိုက်ပြီးနောက် ၂၄ နာရီခန့် အကြာ ချည် ထည်အ ၀တ်ပါးဖြင့် ပွတ်ပေးလိုက်ပါ။

၁၇) ချက်ပြုတ်ခဲ့တဲ့ ဟင်းလျာတွေ ဖိတ်စဉ်ကျလို့  မိုက်ကရိုဝေ့ဖ်မီးဖိုမှာ အစွန်းအ ထင်းများညစ်ပတ်နေခဲ့ပါလျှင်၊ မိုက်ကရိုဝေ့ဖ်မီးဖိုထဲမှာ ရွှဲရွှဲစိုနေသော ရေမြှုပ်ထဲ့၍ ၂-မိနစ်လောက်ပြုတ်ပါ။ ထို့ နောက်မီးခလုတ်ပိတ်ပြီး ၅ မိနစ်လောက်နေ မှ ရေမြှုပ် ကိုထုတ်ယူပါ။ ပြီးရင်အဲဒီ ရေမြှုပ်ဖြင့် ဟင်းလျာအစွန်းအထင်းများကို လွယ်ကူ စွာသုတ် သင်နိုင်ပါပြီ။ (သို့ မဟုတ်) သံပုရာတစ်လုံးကို ပါးပါးလှီးပြီး၊ မိုက်ကရိုဝေဖ့်ပြား ပေါ်တင် ကာ၊ ရေ လ္ဘက်ရည်ဇွန်း ၁-ဇွန်းလောင်းပြီး မီးဖိုကိုဖွင့်ပါ။ သံပုရာသီစိပ်များပူလားပြီး၊ အထဲမှာအငွေ့ ပျံလာတဲ့အခါ တစ်ရှုးဖြင့် အစွန်းအထင်းများကို ပွတ်လိုက်ပါ။ လုံးဝ သန့် စင်သွားပါမည်။

၁၈) ရေခဲသေတ္တာဖွင့်လိုက်တဲ့အခါ အနံ့ ဆိုးများထွက်နေပါသလား။ မုန့် ဖုတ်ဆော် ဒါဗူးကို အဖုံးဖွင့်ထဲ့ထားပေးပါ။ ဆော်ဒါကအနံ့  ဆိုးများကို စုပ်ယူပေးပါလိမ့်မယ်။ အဲဒီမုန့် ဖုတ်ဆော်ဒါဗူးကို ၃-လတစ်ကြိမ် အသစ်လဲပေးပါ။ အကယ်၍အနံ့ ဆိုးများ မပျောက်သေးဘူး ဆိုရင်တော့ မုန့်ဖုတ်ဆော်အနည်းငယ်ကိုရေဖျော်ပြီး ရေ ခဲသေတ္တာ အနှံ့ ဆေးကြောပေးပါ။

၁၉) ကန်စွန်းရွက် နှင့် ချဉ်ပေါင်ရွက်တို့ ကို လက်မ၊ လက်ညှိုးတို့ ဖြင့်ဆိတ် ထွှင်ခြင်းကြောင့် ၄င်းအရွက်များရှိ သဘာဝ အစေးများက လက်သည်းကို မည်းစေပြီး အရုပ်ဆိုးအကျည်းတန်စေပါတယ်။ ရှာလကာရည် (သို့ မဟုတ်) သံပုရာသီး/ရှောက် သီးစိပ်တို့ ဖြင့် ပွတ် တိုက်ပြီး ရေစင်စင်ဆေးပေးခြင်းဖြင့် လက်သည်းများ ပကတိအ တိုင်းဖြူစင်လာသလို၊ လက်သည်းလဲ မာလာစေပါတယ်။ ပြည်ကြီငါး (ကင်းပွန်)ကိုင်၍ အမည်းစွန်းထင်ခြင်း၊ ပုစွန်စိပ်ကိုင်၍ အညှီနံ့ စွဲခြင်း၊ ကြက်ဥ-ဘဲဥ ပုပ်ကြောင့် အနံ့ စွဲ ကျန်ခြင်း၊ ကြက်သွန်ဖြူနွှာ၍ အနံ့  စွဲခြင်းများအတွက် ဤနည်းအတိုင်း သန့် စင်နိုင်ပါ တယ်။

၂၀)အလှူအိမ်မှာ ကြက်သွန်နီများအခွံနွှာပေးပြီးနောက်၊ ကြက်သွန်နီနံ့ စွဲမကျန် ရလေအောင် လက်ကို ဆားပျစ်ပျစ်ဖျော်၍ပွတ်ခြင်း၊ သွား တိုက်ဆေးဖြင့်ပွတ်ခြင်း၊ ခရမ်း ချဉ်သီး ထက်ခြမ်းခြမ်း၍ပွတ်ခြင်း၊ လိမ္မော်သီးစိပ်ဖြင့်ပွတ်ခြင်း၊ အာလူးအခွံနွှာ၍ ပွတ်ခြင်း၊ တရုပ်နံနံပင် လက်ထဲ ထဲ့ချေပွတ်ခြင်း စသည်ဖြင့် ကြက်သွန်နီနံ့ များကို ချက်ချင်းဆိုသလို ပြေပျောက်စေပါတယ်။

၂၁) ဆန်အိုးထဲမှာ ပိုးတည်ပြီဆိုရင်၊ အမည်းရောင် ပိုးများအပွားမြန်လာကာ ဆန်ကို လည်းပျက်စီးစေတတ်ပါတယ်။ ပိုးဝင်နေတဲ့ ဆန်များ ကို ဖယ်ထုတ်ပြီး ဆန်အိုးရဲ့  အတွင်း အပြင်ကို ဆပ်ပြာရည်ဖြင့်စင်အောင်ဆေးပါ။ ရေစင်အောင် နေပြင်းပြင်းပြပြီး ကရဝေးရွက်ထဲ့၍ အဖုံးလုံအောင်ဖုံးကာ အဲဒီကရဝေးရွက်များ တည ထဲ့သိပ်ပါ။ အိုးလုံးဝသန့် စင်ပြီး နောက်ထပ်ဆန်ပိုးမတည်နိုင်တော့ပေ။

Credit- Original Writer

ကြွေးမြီပေးဆပ်နိုင်ခြင်း မရှိသည့် အမျိုးသမီးကြီးတစ်ဦး မီးရှို့သတ်သေရန် ကြိုးပမ်း

ထိုင်းနိုင်ငံတွင် အိမ်ထောင်စု ကြွေးမြီများ မြင့်တက်နေစဉ် အတွင်း ဘန်ကောက်မြို့ရှိ အစိုးရ အဖွဲ့၏ အကူအညီ ပေးရေးရုံး တစ်ရုံးတွင် အမျိုးသမီး တစ်ဦးသည် အကြွေး ပေးဆပ်နိုင်ခြင်း မရှိသောကြောင့် ယမန်နေ့တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ သတ်သေရန် ကြိုးပမ်း ခဲ့ကြောင်း သိရသည်။


အသက် ၅၂ နှစ်အရွယ် ဆန်ဗီ ယန်ရက်ဆာပက် အမည်ရှိ အဆိုပါ အမျိုးသမီးကြီး သည် နိုင်ငံ အလယ်ပိုင်း ရှိ လော့ပ်ဘူရီ ပြည်နယ်မှ ဖြစ်ပြီး သူမသည် ကြွေးမြီဒေါ်လာ ၄၆ဝဝဝ ပေးအပ်ရန် တတ်စွမ်းနိုင်ခြင်း မရှိသည့် နောက်ဆုံးတွင် မီးရှို့သတ် သေရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

သို့ရာတွင် အဆိုပါရုံးမှ တာဝန်ရှိ သူများက သူမကိုယ် ခန္ဓာပေါ်တွင် လောင်ကျွမ်း နေသည့်မီးကို ငြှိမ်းသတ် နိုင်ခဲ့ပြီး သူမကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်။ ဆန်ဗီယန်သည် သူမ၏ ကြွေးမြီ နှင့် စပ်လျဉ်း၍ အကူအညီ ရယူနိုင်ရန် အဆိုပါရုံးသို့ အကြိမ်ပေါင်း များစွာ လာရောက် ခဲ့ကြောင်း၊ သူမသည် အခြားရွာသား များထံမှ ငွေကြေးများကို ချေးယူခဲ့ပြီး ပြန်လည်ပေး ဆပ်ရမည့် အချိန်တွင် သူမထံ၌ ငွေကြေး အလုံအလောက် မရှိခဲ့ကြောင်း၊ ထို့ကြောင့် နောက်ဆုံးတွင် စိတ်ဖိစီး မှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သူ ကင်ပက်ခ်ျ ဆက်တီယာ က ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံ အတွင်းရှိ အိမ်ထောင်စု ကြွေးမြီ ပမာဏသည် ယခုနှစ် ဒုတိယ လေးလပတ် အတွင်း ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု ၏ ၈၃ ရာခိုင်နှုန်း အထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။

PyiChitThar

ဆင်မျက်နှာဖြင့်လူသား




တရုတ်ပြည်မှာ ဆင်မျက်နှာဖြင့် လူသား the Chinese Elephant Man ဆိုတဲ့ လူ တစ်ယောက် ရှိပါတယ်။ အသက် အရွယ်အားဖြင့် ၃၇ နှစ် ရှိပြီ ဖြစ်ပြီး Huang Chuncai လို့ အမည်ရပါတယ်။ မွေးရာပါ ရောဂါ တစ်မျိုးကြောင့် မျက်နှာမှာ အသားပိုများအလွန်အကျွံထွက်လာပြီး လမ်းလျှောက်ဖို့ အတော်လေး မလွယ်ကူတဲ့ အနေအထား တစ်ခုထိတောင် ရောက်ရှိစေခဲ့ ပါတယ်။ 

မျက်နှာအလေးချန်က လေးနှစ်သား အရွယ်အလေးချိန် ရှိပြီး ၂၅ ကီလိုဂရမ် ရှိပါတယ်။ ဒါတောင် လက်တလောက ပြုလုပ်တဲ့ ခွဲစိတ် ပြုပြင်မှု အရ ၂၁ ကီလိုဂရမ်ကို ဖယ်ထုတ်လိုက်ခြင်း ဖြစ်ပြီး ယနေ့တိုင် ကမ္ဘာ့ အကြီးဆုံး၊ အလေးဆုံး မျက်နှာကို ပိုင်ဆိုင်ထားနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာနဲ့ ပက်သက် ပြီး ခွဲစိတ်ပြုပြင်မှုအကြောင်း ရုပ်သံကို ဗြိတိန်မှာ ပြသပြီး နာမည်ကြီးလာ ပါတယ်။ 

မျက်နှာရဲ့အလေးခိန်ကို ခါးက မသယ်နိုင်တာကြောင့် သွားလာဖို့အတွက် အကူအညီ လိုအပ်ပြီး အသက်ရှူရခက်ပါတယ်။ Guangdong ပြည်နယ်၊ Guangzhou မြို့က the Chinese Elephant Man ဟာ ယခုဆိုရင် စတုတ္ထကြိမ်မြောက် အော်ပရေးရှင်းပြီးစီးထားခြင်း ဖြစ်ပြီး နောက်ထပ် အော်ပရေးရှင်းများ ပြုလုပ်ဖို့ လိုသေးကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

မြန်မာ့ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် တပ်မတော်က ခိုင်ခိုင်မာမာရပ် တည်သွားမည်ဟု ကာကွယ်ရေးဦးစီးချုပ်ပြော


အနာဂတ် မြန်မာနိုင်ငံဒီမိုက ရေစီ ရှင်သန်ဖွံ့ဖြိုးရေးတွင် တပ်မတော် ကခိုင်မာစွာရပ်တည်ပြီး ရှေ့ဆက်လုပ် ဆောင်သွားမည်ဟု တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က အောက်တိုဘာ ၁၄ ရက် မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ)နှင့်တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

မြန်မာ့တပ်မတော်အနေဖြင့် အ နာဂတ်တွင် မီဒီယာများနှင့်ထိတွေ့မှု များ ပိုမိုလုပ်ဆောင်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ်အဆင့်ရှိ တပ်မတော်အရာရှိ သုံးဦးကို မီဒီယာဆက်ဆံရေးတာဝန်ခံ များ ခန့်အပ်သွားမည်ဟု ဆိုသည်။

အဆိုပါ ကာကွယ်ရေးဦးစီးချုပ် နှင့် စာနယ်ဇင်းကောင်စီတွေ့ဆုံပွဲတွင် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် ဦးသီဟစောက
''ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နဲ့ ကျွန်တော်တို့ တွေ့ဆုံတဲ့ အချိန်မှာ ကာချုပ်ကြီးဟာ ဒီမိုကရေစီ စနစ်ကို သူယုံကြည်တဲ့ အကြောင်း၊ အ နာဂတ် မြန်မာပြည်ရဲ့ ဒီမိုကရေစီဖြစ် စဉ် တိုးတက်အောင် ခိုင်ခိုင်မာမာ ပူး ပေါင်းဆောင်ရွက်သွားမယ့် အကြောင်း နိုင်ငံအနေနဲ့ ရှေ့ဆက်သွားမယ့် ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြည့်အဝထောက် ခံသွားမယ့် အကြောင်း ကျွန်တော်တို့ကို ကတိကဝတ်ပြုခဲ့ပါတယ်ဟု''ဟု ရန်ကုန် တိုင်းမ် ဂျာနယ်သို့ ပြောကြားခဲ့သည်။ 

ထို့ပြင် တပ်မတော်နှင့် မီဒီယာ ဆက်ဆံရေး ပိုမိုအဆင်ပြေစေရန်အ တွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိ ယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်၊ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာ ရှိချုပ် ဗိုလ်ချုပ်စိုးနိုင်ဝင်းနှင့် တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းတို့ကို တာဝန်ပေးအပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာစာ နယ်ဇင်းကောင်စီ(ယာယီ)မှ ဒုဥက္ကဋ္ဌ ဦးခင်မောင်လေး(ဖိုးသောကြာ)၊ အတွင်း ရေးမှူးဦးကျော်မင်းဆွေ၊ တွဲဖက်အတွင်း ရေးမှူး ဒေါ်နန်းကလျာဝင်း၊ ကောင်စီ ဝင်များဖြစ်ကြသော ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ ဦးသီဟစော၊ ဦးရဲ မင်းဦး၊ ဦးဇော်သက်ထွေးတို့ တက် ရောက်ခဲ့ကြောင်း သိရသည်။

#Yangon Times

ပျဉ်းမနားပရိသတ်ကို တောင်းပန်တဲ့ Rဇာနည်


ပျဉ်းမနားနှစ်ကျိပ် ရှစ် ဆူပွဲနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ် တွင် တင်ခဲ့သော အကြောင်းအ ရာမှာ စနောက်၍ တင်ခဲ့ခြင်းဖြစ် ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပရိသတ်များကို တောင်းပန်ကြောင်း Rဇာနည်က ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုတော် Rဇာနည်က ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျဉ်း မနားနှစ်ကျိပ်ရှစ်ဆူပွဲတွင် မိုးအ လင်းဖျော်ဖြေရသည့် အကြောင်း အရာကို ‘‘ပျဉ်းမနား မိုးဖင်မိုးလင်း ပွဲကြီး တိုက်ပွဲကြီးစရန် နာရီပိုင်း သာ လိုတော့သည်။ ကဲ..ကိုနိုင်ဇော် မျောက်ပွဲစပြီနော်’’ စသဖြင့် ရေးသားခဲ့ရာ ယင်းကိစ္စကို ပျဉ်းမနား ပရိသတ်များက မကျေနပ်သောကြောင့် ပျဉ်းမနားမြို့နယ် ဂီတ အစည်းအရုံးသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

‘‘ပျဉ်းမနားမှ ပရိသတ်ထု ကြီးအား ကျွန်တော်Rဇာနည်မှ အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ။ မည်သို့မှ နစ်နာသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်း မဟုတ်ပါ။ ကိုယ့် Wall ပေါ်မှာ ကိုယ့်Friends များနှင့် စနောက် လိုစိတ် ပိုပြီး ရေးမိခြင်းကြောင့် ချစ်လှစွာသော ပျဉ်းမနားတေး ချစ်ပရိသတ်ထုကြီးအား တောင်း ပန်ပါတယ်ခင်ဗျာ’’ ဟု အောက် တိုဘာ ၁၄ ရက်ညက Rဇာနည်၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။

အဆိုတော် Rဇာနည်သည် ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲတွင် ပထမဆုံးအကြိမ် သွားရောက် ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး နှစ်ရက်စ လုံးပရိသတ်စိတ်ကြိုက် မိုးအလင်းသီဆိုပေးခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သည့် ဇော်ပိုင်နှင့် နှစ်ယောက်တွဲဖျော်ဖြေပွဲ တွင် ပြောကြားခဲ့သည်။
7 Day

နီပေါနိုင်ငံတွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် တောင်တက်သမား ၂၁ ဦးထက်မနည်း သေဆုံး




ယမန်နေ့တွင် နီပေါနိုင်ငံ အလယ်ပိုင်း ဟိမဝန္တာ တောင်တန်းဒေသ အန္နာပူးနား တောင်ကြောတွင် နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ခြေလျင် တောင်တက်သမား ၂၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၄င်းတို့အနက် ၁ဝ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံ တွင် ဆိုင်ကလုန်း Hudhud တိုက်ခတ်မှု ကြောင့် နီပေါနိုင်ငံ တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ ယခုကဲ့သို့ နှင်းမုန်တိုင်း တိုက်ခတ်ပြီး နှင်းတောင်များ ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု နောက်ဆုံး အချိန်ထိတွင် အစ္စရေး နိုင်ငံသား နှစ်ဦး၊ ပိုလန် နိုင်ငံသား နှစ်ဦး နှင့် နီပေါ နိုင်ငံသား ရှစ်ဦး၊ စုစုပေါင်း ၁၂ ဦးတို့၏ ရုပ်အလောင်း များကို တွေ့ရှိခဲ့ပြီး အန္နာပူးနား တောင်ကြော အနီး တစ်နေရာ တွင်လည်း နှင်းတောင် ပြိုကျခဲ့မှုကြောင့် ကနေဒါ နိုင်ငံသား လေးဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦး စုစုပေါင်း ငါးဦးတို့ကိုလည်း အသက်ရှင်လျက် ပြန်လည် တွေ့ရှိနိုင်ရန် မျှော်လင့်ချက် မရှိတော့ဘဲ ယင်းဒေသ တွင်ပင် နှင်းတောင် ပြိုကျမှုကြောင့် ဒေသခံ လယ်သမား လေးဦးထက် မနည်း သေဆုံး ခဲ့ကြောင်း သိရသည်။

ယခုနှစ် အတွင်း နီပေါနိုင်ငံ၏ ခြေလျင် တောင်တက် လုပ်ငန်းတွင် သဘာဝ ဘေးအန္တရာယ် များကြောင့် လူသေဆုံးမှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့ရာ ယခုနှစ် ဧပြီလ၌ ဧဝရက်တောင် တွင် နှင်းတောင် ပြိုကျခဲ့ခြင်း ကြောင့် ဒေသခံ ရှေရ်ပါ တောင်တက် လမ်းပြသမား ၁၆ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်ဆိုး များကြောင့် နီပေါနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသည် လုပ်ငန်းကို ဆိုးရွားစွာ ထိခိုက်ဖွယ် ရှိနေသည်။ နီပေါနိုင်ငံ သည် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိသော ဝင်ငွေကို အားကိုး အားထားပြု နေရပြီး တောင်တက် လုပ်ငန်းသည် နိုင်ငံ အတွက် နိုင်ငံခြားငွေကို အများဆုံး ရှာဖွေပေးသော လုပ်ငန်း ဖြစ်ကြောင်း သိရသည်။

ယခု နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ အန္နာပူးနား တောင်ကြောသည် ပင်လယ်ရေ မျက်နှာပြင်မှ အမြင့်ပေ ၁၄၈ဝဝ ခန့်ရှိကြောင်း သိရှိရသည်။

PyiChitThar

လူရှစ်ဦး သေဆုံးခဲ့ရသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆောက်လုပ်ရေး လုပ်သားများ အဓိကရုဏ်း


တရုတ်နိုင်ငံ အနောက် တောင်ပိုင်းရှိ ယူနန်ပြည်နယ် တွင် အောက်တိုဘာ ၁၄ ရက်က ဆောက်လုပ်ရေး လုပ်သားများ နှင့် ရွာသားများ အကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ လူ ရှစ်ဦးသေဆုံး ခဲ့ကြောင်း ဒေသတွင်း အာဏာပိုင် အဖွဲ့က ပြောကြားချက်ကို ဆင်ဟွာ သတင်းဌာနက ကိုးကား၍ ဖော်ပြ ခဲ့သည်။

အဆိုပါ အဓိကရုဏ်း များသည် ပြည်နယ်မြို့တော် ကူမင်း ၊ ကျင်းနင်ခရိုင် ရှိ ဖူယူကျေးရွာ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး (ပုံ) သေဆုံးသူများ ရှစ်ဦးအနက် ခြောက်ဦးမှာ ဆောက်လုပ်ရေး လုပ်သားများ ဖြစ်ကြောင်း ခရိုင် အစိုးရက ပြောကြား ခဲ့သည်။

အဆိုပါ အဓိကရုဏ်းများ အတွင်း အနည်းဆုံး လူ ၁၈ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၄င်းတို့အနက် ၁ဝ ဦးကို ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရကြောင်း သိရသည်။ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သူများ အနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန် ကြောင်းနှင့် အဆိုပါ အဓိကရုဏ်းများ စတင်ဖြစ်ပွား ရသည့် အကြောင်းရင်း ကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေး လျက် ရှိကြောင်းလည်း သိရသည်။

ယင်း အဓိကရုဏ်း ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိ သူများကို အာဏာပိုင် များက ပြင်းထန်စွာ ပြစ်ဒဏ် ချမှတ်မည်ဟု ပြောကြား ထားကြောင်း သိရသည်။

PyiChitThar

တရားခံပြေး တစ်သောင်းကျော်အား စီမံချက်ဖြင့်ဖမ်းဆီးရာ ခြောက်လအတွင်း တရားခံပြေး ၆၀၀ ကျော် ပြန်လည်ဖမ်းမိ

လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်


မြန်မာနိုင်ငံအတွင်း မှုခင်းဖြစ်စဉ်များ ကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး တစ်သောင်းကျော်အား ပြန် ည်ဖမ်းဆီးရမိရန် စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် ခြောက်လအတွင်း တရားခံပြေး ၆ဝဝ ကျော်အား ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းတွင် စုံစမ်းသိရသည်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခြင်း မရှိသေးသည့် တရားခံပြေး တစ်သောင်းကျော်အား ပြန်လည်ဖမ်းဆီးရမိရန် စီမံချက်ဖြင့် စတင်ဆောင်ရွက်ခဲ့သည့် ၂ဝ၁၄ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ တရားခံပြေးပေါင်း ၆၁၈ ဦးအား ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

တရားခံပြေးများကို ၂ဝ၁၄ ခုနှစ် ဧပြီလတွင် ၁၂၅ ဦး၊ မေလတွင် ၆၃ ဦး၊ ဇွန်လတွင် ၆၉ ဦး ၊ ဇူလိုင်လတွင် ၇၈ ဦး၊ ဩဂုတ်လတွင် ၈၂ဦး၊ စက်တင်ဘာလတွင် ၂ဝ၁ ဦးတို့ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

“နေပြည်တော်တိုင်းဒေသကြီး အနေနဲ့ စက်တင်ဘာလမှာ တရားခံပြေး ၂ဝ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်။ ဒီမှာက ပျံကျတွေများတယ်။ အခြားပြည်နယ်နဲ့တိုင်းက လာရောက်အလုပ် လုပ်ကိုင်တဲ့သူတွေများတယ်။ ဒေသခံ တရားခံပြေးတွေကို ဖမ်းဆီးရာမှာ အများစုက အဆင်ပြေပေမယ့် အခြားဒေသက ဒီမှာအလုပ်လာလုပ်ရင်းနဲ့ ပြစ်မှုကျူးလွန်ပြီးတော့ ထွက်ပြေးတိမ်းရှောင်တဲ့ တရားခံပြေးဖမ်းတဲ့အခါ အခက်အခဲတွေ ရှိပါတယ်။ သူတို့လိပ်စာတွေကလည်း မှန်ကန်မှုမရှိဘူး” ဟု နေပြည်တော် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိအောင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားပြီး ဖမ်းဆီးရမိခြင်း မရှိသေးသည့် တရားခံပြေး ၂၆ဝဝ ကျော်ရှိနေပြီး ယင်းအနက်မှ တရားခံပြေး ရာခိုင်နှုန်း ၅ဝ ကို ခြောက်လအတွင်း ဖမ်းမိအောင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမြင့်ထွေးထံမှ သိရသည်။ 

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဒုရဲမှူးကျော်နိုင်က “ရှမ်းပြည်နယ်အတွင်းမှာ မှုခင်းတွေဖြစ်ပွားပြီးတော့ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံပြေးတွေထဲက တစ်ဝက်ကို ခြောက်လအတွင်း ပြန်လည်ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါပြီ။ ဒါ့အပြင် တရားခံပြေးတွေနဲ့ ပတ်သက်ပြီး အခြားစစ်ဆေး ဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်” ဟု အောက်တိုဘာ ၁၅ ရက်တွင် ဆိုသည်။

ယင်းကဲ့သို့ တရားခံပြေးများအား ပြန်လည်ဖမ်းဆီး ရမိရန်အတွက် အချို့တိုင်းနဲ့ပြည်နယ်တို့တွင် ဖမ်းဆီးရေးအဖွဲ့များကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးကြည်လင်းက “တနင်္သာရီတိုင်းမှာ တရားခံပြေး ၃၈၆ ဦးရှိတယ်။ ကျွန်တော့်အနေနဲ့ အဲဒီတရားခံပြေးတွေ အားလုံးရဲ့ အချက်အလက်တွေကို ရပ်ကွက်ကျေးရွာတွေအထိ အကုန်ချပြပြီးတော့ အုပ်ချုပ်ရေးမှူးတွေ၊ ၁ဝ အိမ်မှူးတွေ၊ ပြည်သူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်တယ်။ အဲဒီတော့ ရဲတပ်ဖွဲ့ကို သတင်းပေးလာကြတယ်။ ဒီနှစ်ရက်အတွင်းမှာတောင် တရားခံပြေး ခြောက်ယောက်ကို ဖမ်းဆီးရမိထားပါတယ်” ဟု အောက်တိုဘာ ၁၅ ရက်က ဆိုသည်။

မြန်မာနိုင်ငံတွင် တရားခံလေးမျိုး ရှိသည့်အနက် မိမိရဲစခန်းမှ အလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ အခြားရဲစခန်းများမှ အလိုရှိသော ပြန်တမ်းဝင် တရားခံပြေး၊ မိမိရဲစခန်းမှ အလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးနှင့် အခြားရဲစခန်းများမှ အလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးဟူ၍ရှိကြောင်း၊ အဆိုပါလေးမျိုးတွင် ၁၉၈၆ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်ဇွန်လကုန်ထိ ပြန်တမ်းဝင် တရားခံပြေး ၉၁ဝ ဦး၊ ပြန်တမ်းမဝင် တရားခံပြေး ၁၂၄၉၄ ဦး စုစုပေါင်း ၁၃၄ဝ၄ ဦးဖြစ်ကြောင်း သိရသည်။ 


EMG

လိပ်ကျွန်းကိစ္စ ဥရောပမှာ ထိုင်းဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြခံရ

ဒီကနေ့ စောစောပဲ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တခု ဖြစ်တဲ့ တအီတလီနိုင်ငံကို ရောက်ခဲ့တဲ့ ထိုင်းဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာကို ဥရောပမှာတော့ လိပ်ကျွန်း လူသတ်မှု၊ အာဏာသိမ်းမှုတွေနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ သိရပါတယ်။ 


အီတလီကို ရောက်လာတဲ့ ထိုင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ၊ ဓာတ်ပုံ-Government House
ဗြိတိန်နိုင်ငံ လန်ဒန်မှာတော့ လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေး ကိစ္စအပေါ် ကန့်ကွက်ဆန္ဒပြတာ ထိုင်း ဝန်ကြီးချုပ် ရင်ဆိုင်ရမှာဖြစ်ပြီး အီတလီနိုင်ငံ မီလန်မြို့မှာတော့ စစ်အာဏာသိမ်းမှုကို ပြည့်ပရောက် ထိုင်းပညာရှင်တွေ၊ တက်ကြွ လှုပ် ရှားသူတွေနဲ့ စိတ်ဝင်စားသူတွေက ကန့်ကွက်ဆန္ဒပြကြတယ်လို့ ဒီကနေ့ ထုတ် ဘန်ကောက်ပို့စ်က ရေးပါတယ်။ 

အောက်တိုဘာလ ၁၄ ရက်နေ့က ဗြိတိန်သံအမတ်၊ မြန်မာသံအမတ်၊ ထိုင်း နိုင်ငံခြားရေးဌာနနဲ့ ထိုင်းဘုရင့် ရဲ တပ်ဖွဲ့ တို့ ၃ ပွင့်ဆိုင် ၃ နာရီကြာ အကြိတ်အနယ် ဆွေးနွေးပြီး ဗြိတိန်နဲ့ မြန်မာနိုင်ငံတို့က လိပ်ကျွန်း လူသတ်မှု တရားခွင်ကိုသာ လေ့လာရေးအဖွဲ့တွေ ခွင့်ပြုမယ်လို့ မူအရ သဘောတူခဲ့ကြပါတယ်။ 

ဒါပေမယ့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်က ဗြိတိန်အစိုးရက ကမ်းလှမ်းတဲ့ လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေး ကိစ္စမှာ ဗြိတိန်ရဲတပ်ဖွဲ့က ကူညီဖို့ အသင့်ဖြစ်နေတယ်ဆိုတာကို နိုင်ငံခြားသားတွေဖြစ်လို့ လက်မခံ ပယ်ချခဲ့ပါတယ်။ 

အိမ့်သံစဉ် ~ 

ဧရာဝတီ 

မော်လမြိုင်မြို့မှ အမျိုးသမီးသုံးဦး မလေးရှားနိုင်ငံသို့ လူကုန်ကူးခံရ


မွန်ပြည်နယ် မော်လမြိုင်မြို့ ကွင်းရပ်ရပ်ကွက် အထက် လမ်းမကြီးနေ မ---- (၂၄နှစ်)သည် မိမိအား မလေးရှားနိုင်ငံမှ ထမင်းဆိုင်တွင် သွားရောက် အလုပ် လုပ်ကိုင်လိုပါက တစ်လလျှင် ငွေကျပ် လေးသိန်း ရမည်ဟု မော်လမြိုင်မြို့ မုပွန်ရပ်ကွက် (၃) လမ်းနေ ဒေါ်နီလာဝင်း (၃၄ နှစ်)နှင့် မုပွန်ရပ်ကွက် ပေါ်တော်မူကျောင်း လမ်းနေ ဒေါ်ညို (၄၅နှစ်)တို့က ပြောဆိုသဖြင့် သူငယ်ချင်းမ--- နှင့် မ----- တို့ သုံးဦးတို့သည် ဩဂုတ် ၁၈ ရက်တွင် ၎င်းတို့သုံးဦးကို ဒေါ်နီလာ ဝင်းနှင့်အတူ ကော့သောင်းမြို့မှ တစ်ဆင့် မလေးရှားနိုင်ငံ ကလန်းမြို့ ကံဘူဂျာဝါ ရပ်ကွက် တနင်္လာဈေး အနီးရှိ ဒေါ်နီလာဝင်း၏ ခင်ပွန်းဖြစ်သူ ဦးစန်းယု၏ နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းတို့သုံးဦးကို မလေးရှားနိုင်ငံတွင် ပြည့်တန်ဆာ အဖြစ် ၁၂ ရက်ခန့် ခိုင်းစေခံရပြီးနောက် ၎င်းအလုပ်ကို မလုပ်ချင်၍ မိတ်ဆွေ တစ်ဦး၏ အကူအညီဖြင့် ပြန်လာခဲ့ကြောင်း၊ မ----မှာ ဒေါ်နီလာဝင်း၏ နေအိမ်တွင် ကျန်ခဲ့ပြီး မ----မှာ ပီနန်ရှိ ၎င်း၏ မိတ်ဆွေတစ်ဦး၏ နေအိမ်တွင် ကျန်ခဲ့ကြောင်း၊ ၎င်းတို့အား မလေးရှားနိုင်ငံရှိ ထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်ရန် ပြောဆို စည်းရုံးခဲ့ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် စေခိုင်းခဲ့သူ ဒေါ်နီလာဝင်းနှင့် ဒေါ်ညိုတို့နှစ်ဦးကို ဥပဒေအရ အရေးယူပေးပါရန် မ----က အောက်တိုဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မုပွန် ရဲတပ်ဖွဲ့စခန်းမှ ဒေါ်ညိုနှင့် ဒေါ်နီလာဝင်းတို့ နှစ်ဦးအပေါ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေအရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
MOI