ဂျပန်နိုင်ငံ ဟီရိုရှီးမား မြို့တွင် မြေပြိုမှု ဖြစ်ပွား


ဂျပန်နိုင်ငံ အနောက်ပိုင်း ဟီရိုရှီးမားမြို့တွင် သြဂုတ် ၁၉ ရက် ညက တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေ ၃၆ ဦးထိ မြင့်တက်လာခဲ့ပြီး အခြား ၁၃ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း
သတင်းဌာန တစ်ခုက သြဂုတ် ၂ဝ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ မြေပြိုမှုကြောင့် အိမ်ခြေအများအပြား ပြိုကျခဲ့ပြီး ပျောက်ဆုံးနေသူ အချို့မှာလည်း မြေကြီးများအောက်တွင် ပိတ်မိနေသည်ဟု ယူဆရကြောင်း ကယ်ဆယ်ရေး အဖွဲ့ဝင်များက သြဂုတ် ၂ဝ ရက်တွင် ပြောကြားခဲ့သည်။
မြေပြိုကျမှုကြောင့် သေဆုံးသူများအနက် အသက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၇၇ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးလည်း ပါဝင်ကြောင်း ကယ် ဆယ်ရေး အမှုထမ်းများက ဆက်လက် ပြောကြားခဲ့သည်။

မြ၀တီ

အင်ဒိုနီးရှားရွေးကောက်ပွဲ ရှုံးနိမ့်သမ္မတလောင်းကို ထောက်ခံသူများ ဆန္ဒပြ



အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ အယူခံဆုံးဖြတ်မယ့်အချိန်မှာ ရှုံးသွားတဲ့သမ္မတလောင်း ပရာဘိုဝို ဆုဘိုင်တို ကို ထောက်ခံသူတွေက အင်ဒိုနီးရှား ဗဟိုတရားရုံးအပြင်ဖက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ အရင်ဗိုလ်ချုပ်ကြီးဟောင်း က ရွေးကောက်ပွဲရလဒ်ကိုအယူခံဝင်ခဲ့ပေမယ့် တရားရုံးက လက်ရှိရွေးကောက်ပွဲရလဒ်ကိုပဲ အတည်အဖြစ်ဆုံးဖြတ်ခဲ့ပါတယ်။

ဆုဘိုင်တို ကို ထောက်ခံတဲ့သူတွေက လုံခြုံရေးအရံအတားတွေကို ဖယ်ရှားဖို့ ကြိုးစားခဲ့ကြတာကြောင့် မျက်ရည်ယိုဗုန်းတွေနဲ့ ဆန္ဒပြသူတွေထဲ ပစ်သွင်းပြီး လူစုခွဲခဲ့ရပါတယ်။

တချို့မျက်မြင်တွေက ရဲတွေရဲ့အရံအတားကို ကုန်ကား ၄ စီးနဲ့ တိုက်ပြီး ဖယ်ရှားခဲ့ကြတယ် လို့လည်း ဆိုပါတယ်။

ဂျာကာတာမြို့တော်မှာ ပြီးခဲ့တဲ့နှစ်ပတ် ဒီရွေးကောက်ပွဲ မဲရလဒ်အယူခံဝင်ခဲ့ချိန်ကစပြီး ဆန္ဒပြပွဲတွေ ရှိခဲ့ပေမယ့် တရားရုံးက ဆုံးဖြတ်မယ့်ရက် မတိုင်ခင်အထိ အေးအေးချမ်းချမ်းပဲ ဖြစ်ခဲ့ပါတယ်။

အခုလိုဆန္ဒပြပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် မြို့တော်က စီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်းတွေကို စောစောစီးစီးပဲ ပိတ်သိမ်းခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ မပေါ်ပေါက်စေဖို့ ဂျာကာတာမြို့တော်နဲ့ အနီးပတ်ဝန်းကျင်မှာ ရဲလုံခြုံရေးအင်အား ၅ သောင်းလောက်ချထားတယ်လို့ သိရပါတယ်။
VOA

ဟားမတ်ခေါင်းဆောင် ၃ ဦး ဈာပန ပါလက်စတိုင်းပြည်သူ ထောင်ချီ တက်ရောက်


အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံး သွားခဲ့ကြတဲ့ ဟားမတ်စစ်ရေး ထိပ်သီး ခေါင်းဆောင် ၃ ယောက်ရဲ့ အသုဘ အခမ်းအနားကို ထောင်သောင်းချီတဲ့ ပါလက်စတိုင်းတွေ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့က တက်ရောက်ခဲ့ ကြပါတယ်။

ဟားမတ်စစ်ရေး အကြီးအကဲကို ပစ်မှတ်ထား တိုက်ခိုက်မှု အပြီး နောက်တရက်မှာပဲ အခုလို ဟားမတ်စစ်ရေး ခေါင်းဆောင် ၃ ဦး ကျဆုံးခဲ့တာပါ။
သြဂုတ် ၂၁ ရက်နေ့က အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၃၁ ဦးလည်း သေဆုံးခဲ့ပါတယ်။

ဒါကြောင့် ၄၆ ရက်ကြာ အစ္စရေးနဲ့ ပါလက်စတိုင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း သေဆုံးသူ အားလုံး ၂၀၈၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဟားမတ်ရဲ့ အဓိက စစ်ရေးခေါင်းဆောင်ရဲ့နေအိမ်ကို သြဂုတ် ၂၀ ရက်နေ့က အစ္စရေးက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် စစ်ရေးခေါင်းဆောင်ကတော့ နေအိမ်မှာ မရှိလို့ လွတ်မြောက်ခဲ့ပေမယ့် သူရဲ့အမျိုးသမီးနဲ့ ၇ လအရွယ် သားတဦးကတော့ သေဆုံးခဲ့ ပါတယ်။

ဒီရက်တွေမှာပဲ ဂါဇာမှာ ထိုးစစ်ဆင်နေတဲ့ အစ္စရေးတပ်အင်အား ၁ သောင်းကျော်ကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟူက အစ္စရေးရဲ့ ဂါဇာထိုးစစ် သက်တမ်း ရှည်နိုင်တယ်လို့ ပြောဆိုအပြီးမှာ အခုလို တပ်သစ်နဲ့ တပ်ဟောင်း လဲခဲ့ပါတယ်။ ဟားမတ်က သူတို့ရဲ့ စစ်ရေးခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့မှုကို အပြင်းအထန်ရှုတ်ချလိုက်ပြီး ပြန်လက်တုံ့ပြန်မယ်လို့ပြောဆိုပါတယ်။

အခုလို ဟားမတ်ခေါင်းဆောင်တွေကို သတ်ဖြတ်မှုဟာ အရင်က အစ္စရေး နည်းဗျူဟာဖြစ်ခဲ့တဲ့ ဟားမတ်ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်တဲ့ နည်းဗျူဟာကို ပြန်လည်ကျင့်သုံးလာတာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

By ဒီဗွီဘီ

သြဂုတ်လ အတွင်း ဆူနာမီပါ အင်အားပြင်းငလျင် များလှုပ်နိုင်


မြန်မာနိုင်ငံ တွင်နက္ခတ်သိပ္ပံ ပညာရပ်အရ Super Moon ဖြစ်စဉ်ဖြစ်ပေါ် မည့်သြဂုတ်၁၀ ရက်နှင့်အင်္ဂါ နှင့်စနေဂြိုဟ်စစ် ထိုးမည့်သြဂုတ် ၂၇ရက်၌ အင်အားပြင်း ငလျင် ဖြစ်နိုင်ခြေ နှစ်ကြိမ်ရှိသည်ဟု မြန်မာနိုင်ငံနက္ခတ်သိပ္ပံ အဖွဲ့အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောသည်။

လာမည့် သြဂုတ်၁၀ရက် ည၁၁နာရီ၅၅မိနစ် တွင် မြန်မာနိုင်ငံ၏ မွန်းတည့်မိုး ကောင်းကင်တွင်လ ပြည့်လ၀န်း ရောက်ရှိပြီးSuper Moon ဖြစ်ပေါ်မည်။လနှင့်ကမ္ဘာ သည်မိုင်ပေါင်း ၂၂၁,၈၁၄ မိုင်အထိနီး ကပ်နေပြီးSuper Moon ဖြစ်စဉ်ဖြစ် မည့်နေရာမှာ အရှေ့လောင်ဂျီ တွဒ်၁၈ ဒီဂရီ၁၅မိနစ် နှင့် တောင်လတ်္တီတွဒ် ၁၁ဒီဂရီ၁၄မိနစ် အိန်္ဒိယသမုဒ္ဒရာ အတွင်း ဖြစ်ပေါ်မည်ဖြစ်သည်။

ယင်းဖြစ် စဉ်ကြောင့်သြဂုတ် ၁၀ရက်မှ၁၅ရက် အတွင်း မြန်မာ၊တရုတ် အိန်္ဒိယနှင့်အရှေ့တောင် အာရှနိုင်ငံများတွင် ဆူနာမီပါဝင် သောအင်အား ကြီးငလျင်များ ဖြစ်ပေါ် နိုင်သည် ဟုလည်းဆိုသည်။

ှ"Super Moon နဲ့ပတ်သက်ပြီး ပညာရှင်တွေ တစ်ဦးနဲ့တစ်ဦး အယူဆမတူ ဘဲကွဲပြားမှုရှိတယ်။ဘူမိပညာရှင် ၊မိုးလေ၀သပညာရှင် တွေကဒါကြောင့် အင်အားပြင်း ငလျင်လှုပ်တာမဟုတ်ဘူး ပြောတယ်။သို့ ပေမယ့်လည်း နက္ခသိပ္ပံအသိုင်းအ၀ိုင်း ကပညာရှင်တွေကလည်း Super Moon ဖြစ်စဉ်ကြောင့် ငလျင်လှုပ်ခတ်နိုင် တယ်လို့သုံးသပ်မှု တွေရှိတယ်”ဟုဦးဇေယျာကိုကဆိုသည်။

ှSuper Moon ဖြစ်စဉ်ကြောင့်လနှင့် မြေငလျင်လှုပ်ရှား မှုဆူနာမီကဲ့သို့ ရေလှိုင်း ဖြစ်စဉ်များပို တိုးလာသည် ဟုလူအများက ပြောဆိုသော်လည်း ယင်းဆက်စပ်မှု မှာလက်တွေ့ခိုင်မာ သောသိပ္ပံအထောက် အထားမတွေ့ ရှိရသေးသဖြင့် ပညာရှင်များ လက်မခံသေး ကြောင်းမိုး လေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

ထို့ပြင် သြဂုတ်၂၇ရက် ည၇နာရီ၄၄မိနစ် တွင်အင်္ဂါဂြိုဟ် နှင့်စနေဂြိုဟ် တို့တူရာသီ အတွင်းစစ်ထိုးမည်။အင်္ဂါအလင်း အား၈၇ရာခိုင်နှုန်း ၊ စနေအလင်းအား ၉၉ရာခိုင်နှုန်းဖြစ် ၍စနေဂြိုဟ် စစ် အောင်နိုင်မည် ဖြစ်သဖြင့် မြန်မာနိုင်ငံ အစိုးရပိုင်း ဆိုင်ရာအကြီး အကဲများထပ် မံနှုတ်ထွက် ခြင်း၊ အင်္ဂါသားသမီးများ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ထိခိုက်ဒဏ် ရာရမှုများ ဖြစ်ပေါ် ခြင်း၊

တိုင်းပြည် အတွင်းဘာသာရေး နှင့်ပတ်သက်၍ ပြင်းထန်သည့် ဝေဖန်တိုက် ခိုက်မှုများ ဖြစ်ပေါ်ခြင်း၊ကြီးမားသည့် မီးဘေးအန္တရာယ်၊
ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်း များရှိနိုင်သည် ဟုဦးဇေယျာကိုက ပြောသည်။

ငလျင်လှုပ် ခတ်မှုသည် မြန်မာနိုင်ငံ ကိုဗဟိုပြုလှုပ်ရှား ခြင်းမဖြစ်နိုင်သော် လည်းအိမ်နီးချင်း နိုင်ငံများတွင် ငလျင်လှုပ်မှု ကြောင့်၆၀ရာခိုင်နှုန်း အကျိုးသက် ရောက်မှု ရှိနိုင်သည်။ငလျင်လှုပ် ခတ်မှုများကြောင့် မြန်မာနိုင်ငံ အထက် ပိုင်းတွင်သက် ရောက်မှုရှိနိုင်သည် ဟုလည်းဆိုသည်။

Mizzima

James Foley ကိုသတ်တဲ့ အသံပိုင်ရှင်ကို ဖော်ထုတ်ကြဖို့ မွတ်စလင် ခေါင်းဆောင်တွေ ပန်ကြား


အမေရိကန်နိုင်ငံသား ​စာနယ်ဇင်းသမားဖြစ်သူ ​James ​Foley ​ကို ​လည်လှီးသတ်ဖြတ်ခဲ့တဲ့ ​အကြမ်းဖက်သမားဟာ ​လန်ဒန်လေယူလေသိမ်းနဲ့ ​ပြောသွားတဲ့အတွက် ​အဲဒီလူ ​ဘယ်သူဖြစ်သလဲဆိုတာကို ​ဝိုင်းဝန်းဖော်ထုတ်ပေးကြဖို့ ​ဗြိတိန်နိုင်ငံမှာ ​နေထိုင်တဲ့ ​မွတ်စလင်ခေါင်းဆောင်တွေက ​ပြည်သူတွေကို ​ပန်ကြားလိုက်ပါတယ်။

ဗီဒီယိုထဲမှာ ​စာနယ်ဇင်း ​သမားကို ​လည်လှီး ​သတ်ဖြတ် ​ခဲ့တဲ့လူဟာ ​ISIS ​အဖွဲ့က ​ဖမ်းဆီး ​ထားတဲ့ ​နိုင်ငံခြား ​သားတွေကို ​စောင့်ကြပ်ရသူ ​ဗြိတိန်နိုင်ငံသား ​သုံးဦးထဲက ​တစ်ဦး ​ဖြစ်တယ်လို့ ​ယူဆနေကြပါတယ်။

အဲဒီလူရဲ့ ​အသံနဲ့ ​အမူအယာကို ​မှတ်မိတဲ့သူ ​အနေနဲ့ ​အာဏာပိုင်ကို ​အကြောင်းကြားဖို့ ​တာဝန်ရှိ ​တယ်လို့ ​ဗြိတိန်နိုင်ငံက ​မွတ် ​စ ​လင် ​ခေါင်း ​ဆောင် ​တွေက ​ပြောပါတယ်။ ​အဲဒီလူရဲ့ ​လေယူလေသိမ်းကို ​အသံထွက် ​ပညာရှင်တွေရဲ့ ​လေ့လာ ​ချက်အရ ​လန်ဒန်မြို့ကလူမျိုး ​ပေါင်းစုံပြော ​ဆိုတဲ့ ​လန်ဒန် ​လေယူ ​လေသိမ်းဖြစ် ​တယ်ဆို ​တာကို ​တွေ့ခဲ့ရပြီး ​အဲဒီစကားသံကို ​လန်ဒန် ​အရှေ့ပိုင်းက ​လူတွေ ​အပြောများတာ ​ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ​လန်ဒန်မြို့က ​လူပေါင်း ​၄ ​ယောက် ​ကနေ ​အယောက် ​၅၀၀ ​ဟာ ​အီရတ်နဲ့ ​ဆီးရီးယား ​နိုင်ငံက ​အကြမ်းဖက် ​အဖွဲ့အစည်း ​တွေနဲ့ ​ပူးပေါင်းမှု ​လုပ်နေတယ်လို့ ​လန်ဒန်ရဲတွေက ​ခန့်မှန်းထားပါတယ်။

အကြမ်းဖက် ​သမားတွေ ​ဟာ ​စာနယ်ဇင်းသမား ​James ​Foley ​ကို ​ယူရို ​သန်း ​၁၀၀ ​ဒေါ်လာ ​သန်း ​၁၅၀ ​နီးပါးနဲ့ညီမျှတဲ့ငွေတွေပေးရင် ​လွတ်ပေးမယ်လို့ ​ပြောဆိုခဲ့တယ်လို့ ​James ​Foley ​ရဲ့ ​အလုပ်ရှင် ​Global ​Post ​သတင်းဌာနက ​ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ​အကြမ်းဖက်သမားတွေဟာ ​သူတို့ဖမ်းဆီးထားသူ ​အမေရိကန် ​သတင်းသမားတစ်ဦးကို ​ထပ်မံ ​သတ်ပစ်မယ်လို့လည်း ​ခြိမ်းခြောက်ထားပါတယ်။

By Europe correspondent Mary Gearin, wires
ABC Radio Australia

သမ္မတကို ဆန္ဒပြတဲ့ သတင်း သမားတွေ အမှုက ကင်းလွတ်


ပြီးခဲ့တဲ့လက သမ္မတ ဦးသိန်းစိန်ကို ခွင့်ပြုမိန့် မပါဘဲ ဆန္ဒပြတယ် ဆိုပြီး ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ထားတဲ့ သတင်းထောက် ၅၀ နီးပါးကို ကမာရွတ် ရဲစခန်းက အမှု လုံးဝ ပိတ်သိမ်းလိုက် ပါတယ်။

သတင်းထောက်တွေက ဇူလိုင် ၁၂ ရက်က ကမာရွတ်မြို့နယ် မှာရှိတဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာရှေ့မှာ မီဒီယာအပေါ် ဖိနှပ်မှုတွေ ရပ်တန့်ပေးဖို့ အသံတိတ် ဆန္ဒပြခဲ့ ကြတာဖြစ်ပါတယ်။

အမှု ပိတ်သိမ်းမှုနဲ့ ပတ်သက်လို့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဦးက အတည်ပြုပြောဆိုပေမဲ့ ဘာကြောင့် ပယ်ဖျက်လိုက်တယ် ဆိုတာကိုတော့ ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

အမှုဖွင့် ခံရတဲ့ သတင်းသမားတွေ ထဲမှာပါတဲ့ ဒို့လယ်သမား ဂျာနယ်ရဲ့ အမှုဆောင် အယ်ဒီတာ မအိမွန်ကျော် ကတော့သူ့ကို ရဲစခန်းက လှမ်းပြောလို့ အမှု ပိတ်ကြောင်း သိရပြီး ဘာကြောင့်လဲ ဆိုတာ မပြော ဘူးလို့ ဆိုပါတယ်။

တရားဥပဒေ အရ အပြစ်ရှိရင် ရင်ဆိုင်ရမှာ ဖြစ်ပေမဲ့ သူတို့ကို ဘာကြောင့် အမှု စွဲတယ်ဆိုတာလည်း မသိဘူးလို့ သူက ပြောပါတယ်။

သတင်းထောက် ၅၀ လောက်ကို တပြိုင်တည်း တရားစွဲမယ် ဆိုရင်တော့ ဒါဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်သွားမှာပဲလို့ လည်း မအိမွန်ကျော်က ပြောပါတယ်။

ယူနတီဂျာနယ်က သတင်းသမား ၅ယောက်ကို ပခုက္ကူ ခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့တဲ့ အတွက် သတင်းသမားတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ကို ချမှတ် လိုက်တဲ့ ပြစ်ဒဏ်ဟာ ပြင်းထန်လွန်းပြီး မီဒီယာသမား အားလုံးကို ခြောက်လှန့်လိုက်တာလို့ သတင်း မီဒီယာသမားတွေက ယူဆပြီး သမ္မတ ဦးသိန်းစိန်က အနုပညာရှင်တွေကို မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံ နေတုန်း မီဒီယာဖိနှိပ်မှု ချက်ခြင်းရပ် ဆိုတဲ့ တီရှပ်တွေ ဝတ်ထားတဲ့ သတင်း သမားတွေက သတင်း မယူကြဘဲ ပါးစပ်တွေကို အမဲရောင် တိတ်တွေနဲ့ ပိတ်ပြီး အသံတိတ် ဆန္ဒ ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အီဘိုလာပိုးရှိတယ်လို့ သံသယ ဖြစ်ခံရတဲ့ မြန်မာမှာ ငှက်ဖျားပိုးတွေ့ရှိလို့ဆို


အီဘိုလာ ​ဗိုင်းရပ်စ်ပိုး ​ပျံ့နှံ့နေတဲ့ ​Guinea ​နဲ့ ​Liberia ​နိုင်ငံကနေ ​ပြန်လည် ရောက်ရှိလာတဲ့ ​မြန်မာ တစ်ဦး ကို ​မြောက်ဥက္က လာပမြို့နယ် ​ဝေဘာဂီ ​ဆေးရုံမှာ ​စောင့်ကြည့် ​စစ်ဆေးမှုတွေ ​လုပ်နေပေမယ့် ​အဲဒီလူဟာ ​ဌက်ဖျား ရောဂါနှစ်မျိုး ​ကူးစက်ခံ နေရသူ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အဲဒီ ​အသက် ​၂၂ ​နှစ်အရွယ် ​ဇင်မင်းဦးဟာ ​သင်္ဘော ​သားအနေနဲ့ ​ဂီးနီ ​နိုင်ငံမှာ ​တစ်နှစ်ကျော်ကြာ ​အလုပ်လုပ် ​ခဲ့သူဖြစ်ပြီး ​သြဂုတ်လ ​၁၉ ​ရက်နေ့တုန်းက ​ဖျားနာ ​တာတွေ၊ ​အားအင်ချိနဲ့တာတွေနဲ့ ​သတိလစ် ​တာတွေ ​ဖြစ်ခဲ့တဲ့ ​အတွက် ​အီဘိုလာပိုး ​ကူးစက်ခံရတာ ​ဖြစ်နိုင်တယ်လို့ ​သံသယ ​ရှိခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ခွဲ ​အဖြေ ​အရေ ​ဌက်ဖျားပိုး ​နှစ်မျိုး ​ကူးစက် ​ခံရတာဖြစ်ပြီး ​ဌက်ဖျားဆေးနဲ့ ​ကုပေးတဲ့အခါ ​ကျန်းမာရေး ​အခြေအနေ ​တိုးတက် ​လာတယ်လို့ ​မြန်မာ ​အစိုးရ ​သတင်းစာမှာ ​ဖော်ပြ ​ထားပါတယ်။

ဒါပေမဲ့ ​ဘီဘိုလာ ​ရောဂါနဲ့ ​ဆက်စပ်ပြီး ​ကမ္ဘာ့ ​ကျန်းမာရေး ​အဖွဲ့ရဲ့ ​သတ်မှတ် ​ချက်အရ ​အီဘိုလာ ​ပိုးရှိမရှိ ​ဆိုတာကို ​ဆက်လက် ​စောင့်ကြည့် ​နေတယ်လို့ ​ဆိုပါတယ်။ ​ဇင်မင်းဦးရဲ့ ​သွေးကိုလည်း ​အိန္ဒိယနိုင်ငံ ​ပူနေးမြို့က ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုး ​စမ်းသပ်ဖို့ ​ပို့ဆောင်ပေးပြီး ​လေး၊ငါးရက် ​အတွင်း ​အီဘိုလာ ​ပိုးရှိမရှိ ​သိရမယ်လို့လည်း ​ပါရှိပါတယ်။

ဗီယက်နမ် ​နိုင်ငံမှာလည်း ​လေယာဉ်ပေါ် ​နာမကျန်းဖြစ်ခဲ့သူ ​နိုင်ဂျီးရီးယား ​နိုင်ငံသား ​နှစ်ဦးကို ​သီးသန့်စောင့်ကြည့်မှုတွေ ​လုပ်ခဲ့ပေမယ့် ​အခုအခါမှာ ​အဖျားတွေမရှိတော့သလို ​အီဘိုလာ ​ရောဂါ ​လက္ခာဏာ ​မပြတဲ့အတွက် ​တခြားလူနာတွေနဲ့ ​အတူထားရှိပြီး ​သုံးပတ်ကြာ ​ဆက်လက် ​စောင့်ကြည့် ​သွားမယ်လို့ ​သိရပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ​အီဘိုလာ ​ရောဂါကူးစက်ခံရသူ ​ဒေါက်တာ ​Kent ​Brantly ​နဲ့ ​Nancy ​Writebol ​ကို ​ဆေးရုံက ​ဆင်းခွင့်ပေးလိုက်ပြီ ​ဖြစ်ပါတယ်။

အာဖရိကတိုက်မှာ ​သာဿနာပြုလုပ်ငန်းလုပ်ကိုင်ရင်း ​အီဘိုလာ ​ဝေဒနာသည်တွေကို ​ကုသရာက ​ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။

အခုလောလောဆယ် ​အီဘိုလာ ​ပိုးကြောင့် ​သေဆုံးသူ ​၁၃၅၀ ​ရှိသွားပြီ ​ဖြစ်တဲ့ ​အတွက် ​တောင်အာဖရိက ​နိုင်ငံကလည်း ​အီဘိုလာ ​ပြန့်ပွားနေတဲ့ ​Liberia၊ ​Guinea၊ ​နဲ့ ​Sierra ​Leone ​နိုင်ငံက ​လူတွေကို ​နိုင်ငံတွင်း ​ဝင်ခွင့် ​ပိတ်ပင်လိုက်ပြီ ​ဖြစ်ပါတယ်။

ABC Radio Australia

နိုင်ငံတကာပြိုင်ပွဲငါးခုအတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ငါးဦးထွက်ပေါ်


နိုင်ငံတကာအဆင့်မီ အလှမယ် ပြိုင်ပွဲငါးခုသို့ သွားရောက်ယှဉ်ပြိုင် ရန်အတွက် မြန်မာအလှမယ်ငါးဦး ရွေးချယ်ပွဲကြီးကို သြဂုတ် ၂၁ ရက် ည ၉ နာရီက ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပသည်။

အလှမယ်များ ရွေးချယ်နိုင်ရန် ဖေဖော်ဝါရီလမှစတင်ကာ မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးငယ်များ၏ လျှောက်လွှာများကို လက်ခံပေးခဲ့ပြီး လျှောက်လွှာရှင် ၄၆၄ ဦး အနက်မှ ယှဉ်ပြိုင်ပွဲများအဆင့်ဆင့်ကျင်းပကာ အလှမယ်ငါးဦးကိုရွေးချယ်နိုင်ခဲ့ပြီဖြစ်ကြောင်း Miss Golden Land Myanmar Organization မှ CEO ကိုဝေယံ အောင်ကပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် Miss Earth ပြိုင်ပွဲအတွက် မြန်မာ နိုင်ငံကိုယ်စားပြုအလှမယ် အိမွန်ခိုင် ကလည်းကောင်း၊ ပိုလန်နိုင်ငံ၌ကျင်းပမည့် Miss Supranational ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဟန်သီကလည်းကောင်း၊ ထိုင်းနိုင်ငံ၌ကျင်းပမည့် Miss Grand International ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အမ်ဂျာဆိုင်း ကလည်းကောင်း၊ ဂျော်ဒန်နိုင်ငံ ၌ကျင်းပမည့် Miss Intercontin-ental ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် အိန်ဂျယ်လမုန်းကလည်း ကောင်း၊ ထိုင်ဝမ်၌ကျင်းပမည့် Face of Beauty International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဟယ်လင်မျိုးကိုက လည်းကောင်း အသီးသီး သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

အမျိုးသမီးများ၏ လှပကြော့ ရှင်းမှု၊ ကျန်းမာကြံ့ခိုင်မှု၊ ကိုယ်ရည် ကိုယ်သွေးမြင့်မားမှု၊ ပရဟိတ စိတ်ဓာတ်နှင့် စာရိတ္တမြင့်မားကောင်းမွန်မှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု၊ နိုင်ငံတကာအဆင့်မီ ဘာသာစကား နှင့် ဆက်ဆံရေး အတတ်ပညာ၊ အနုပညာနှင့် အခြားကိုယ်စိတ် နှစ်ပါးဆိုင်ရာ အမျိုးသမီးကောင်း များအဖြစ် အဆင့်ဆင့်စိစစ်ရွေး ချယ်ခြင်းနှင့် လေ့ကျင့်သင်ကြား ခြင်းများကို ပြုလုပ်ခဲ့ပြီး စနစ်တကျ ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း Miss Golden Land မြန်မာအလှ မယ်ဟန်သီက ပြောကြားသည်။

ဆုကြီးငါးဆုအပြင် Misso- logist's ဆုကို ဟန်သီက လည်းကောင်း၊ Media's Choice ဆုကို အိန်ဂျယ်လမုန်းကလည်းကောင်း၊ Social Media Presentation ဆုကို သန္တာကိုကလည်းကောင်း၊ Top Model ဆုကို သင်းသဲဗိုလ်က လည်းကောင်း၊Best in Talent ဆုကို ဟယ်လင်မျိုးကိုကလည်း ကောင်း၊ Best in Evening Crown ဆုကို အိမွန်ခိုင်ကလည်းကောင်း၊ Myanmar's Choice ဆုကို ဟန်သီကလည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

သတင်း-ခင်ရတနာ
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

Myanmaalinn

Islamic State ရဲ့ ခြိမ်းခြောက်မှု ကြုံရမှုထက် ကြီးမား - ကာကွယ်ရေးဝန်ကြီး Hagel

အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel နဲ့ အမေရိကန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Martin Dempsey နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။ (သြဂုတ်လ ၂၁၊ ၂၀၁၄)

Islamic State အစွန်းရောက်အဖွဲ့ရဲ့ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှုဟာ ဆိုရင် အခု ကြုံနေ မြင်နေရတာထက် အတိုင်းအဆကြီးတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပြောလိုက်ပါတယ်။ အဲဒီ စစ်သွေးကြွတွေဟာ အစဉ်အလာအရရှိခဲ့တဲ့ အကြမ်းဖက်အဖွဲ့တွေထက်ကို စိုးရိမ်စရာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Hagel က ၀ါရှင်တန်ဒီစီမှာ ကြာသာပတေးနေ့မှာ ပြောသွားတာပါ။ အရင်ရှိပြီးသား စစ်သွေးကြွတွေထက် လက်နက်အင်အား လေ့ကျင့်မှု ငွေကြေးထောက်ခံမှု ပိုပြီး အားကောင်းတယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

အီရတ်မှာဖြစ်စေ ကမ္ဘာ့အခြားနေရာတွေမှာဖြစ်စေ ရင်ဆိုင်ကြုံတွေ့ခဲ့ရ တာတွေထက်ကို Islamic State အဖွဲ့ဟာ ပိုပြီးကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ် လို့ ပြောပါတယ်။ Islamic State အဖွဲ့အစည်းဟာ ကမ္ဘာကြီးဖျက်မယ့် အမြင်အယူအဆကို ကိုင်စွဲထားသူတွေလည်းဖြစ်တယ်လို့လည်း အမေရိကန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Martin Dempsey နဲ့အတူ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီး Hagel က ပြောခဲ့ပါတယ်။

ဒီအဖွဲ့ကို ချေမှုန်းနိုင်ဖို့ဆိုရင် အီရတ်မှာရော ဆီးရီယားမှာပါ လုပ်ဆောင် ရမှာဖြစ်တယ်လို့ အမေရိကန်စစ်ဦးစီးချုပ်က ပြောခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီယား အကြား ဒေသတခွင်မှာနေကြတဲ့ အတိဒုက္ခတွေ့နေတဲ့ သန်း၂၀ လူထုက လက်မခံတွန်းလှန်မှာသာ ဒီ စစ်သွေးကြွတွေကို အမြစ်ဖြတ်နိုင်မှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး Dempsey က ပြောခဲ့ပါတယ်။ Islamic State အစွန်းရောက်အဖွဲ့မှာ အများစုက ဆူနီမူဆလင်တွေဖြစ်ကြပြီး သူတို့ဟာ ဆီးရီယားအရှေ့ခြမ်းနဲ့ အီရတ်အနောက်မြောက်ပိုင်းဒေသတွေကို ထိန်းချုပ်ထားတာပါ။

Islamic State အဖွဲ့က သတ်ဖြတ်ခဲ့တဲ့ အမေရိကန်သတင်းထောက် James Foley နဲ့ အခြားပြန်ပေးဆွဲခံရသူတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့တဲ့ အပေါ်မှာ ၀န်ကြီး Hagel က စိတ်မကောင်းကြေကွဲရတဲ့ အကြောင်း ပြောပါတယ်။ အခုနှစ် နွေဦးပိုင်းမှာ ဒီစစ်ဆင်ရေးလုပ်ဖို့ သမ္မတအိုဘားမားက အမိန့်ပေးခဲ့ပေမယ့်၊ သူတို့ကို ဖမ်းထားမယ်လို့ ယူဆရတဲ့ အဲ့ဒီနေရာကို ၀င်တိုက်တော့ အဲဒီမှာ ဓါးစာခံတွေ မတွေ့ခဲ့ရတာကြောင့် စစ်ဆင်ရေး မအောင်မမြင်ဖြစ်ခဲ့ရတာပါ။
VOA

ရုရှားထောက်ပံ့ရေး ယာဉ်တန်း ယူကရိန်း စစ်ဆေး


ယူကရိန်းကိုရောက်လာတဲ့ ရုရှ ထောက်ပံ့ရေးယာဉ်တန်းများ။ (သြဂုတ် ၂၁၊ ၂၀၁၄)



ယူကရိန်းနိုင်ငံအရှေ့ပိုင်းအတွက် လူသားချင်းစာနာမှု အကူအညီတွေ တင်ဆောင်သွားတဲ့ ထရပ်ကားယာဉ်တန်းကို ယူကရိန်းနယ်စပ်ဖြတ်ကျော်ပြီး ၀င်ရောက်ခွင့်ပေးဖို့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေက စတင်စစ်ဆေးနေပြီလို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ ထရပ်ကား ၂၀၀ ပါ ယာဉ်တန်းထဲက ပထမဆုံးကားကို နယ်စပ်လုံခြုံရေးတွေက စတင်စစ်ဆေးနေတာပါ။

ယာဉ်တန်း ရှေ့ဆက်သွားနိုင်ရေး ဆောင်ရွက်စရာ လုပ်ထုံးလုပ်နည်းတွေ ကို ဖြတ်ကျော်ဖို့ ယာဉ်တန်းဟာ နယ်စပ်မှာ သီတင်းတပါတ်ကြာ စောင့်ဆိုင်းနေခဲ့ ရတာပါ။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကလည်း ကြီးကျပ်စစ်ဆေးမှုတွေကို ဆောင်ရွက်မှာပါ။

သူတို့လုပ်ငန်းတွေစတင်နိုင်ဖို့ အိုင်စီအာစီအဖွဲ့ကြီးက လုံခြုံရေးအာမခံချက်ရရှိဖို့ ရက်အတန်ကြာ အဲနေရာမှာပဲ စောင့်ဆိုင်းနေခဲ့တာပါ။ ရုရှားလိုလားတဲ့ ခွဲထွက်ရေး ၀ါဒီတွေအတွက် စစ်ရေးအထောက်အပံ့တွေ ပေးပို့ဖို့ ဒီယာဉ်တန်းကို အသုံးပြုနိုင်တယ် လို့ ယူကရိန်းက စိုးရိမ်တဲ့အတွက် အခုလို ဆိုင်းငံ့ထားတာပါ။

ဒီအစီအစဉ်ဟာ လူသားချင်း စာနာမှုသက်သက်နဲ့ လုပ်တာဖြစ်ပြီး ပဋိပက္ခတွင်းမှာ ပိတ်မိနေတဲ့ အရပ်သားတွေ အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ရုရှားကပြောပါတယ်။
VOA

အီဘိုလာဗိုင်းရပ်စ် သံသယရှိသဖြင့် ဝေဘာဂီဆေးရုံတွင် ကုသနေသည့် ဖျားနာသူ၏ သွေးကို ပြည်တွင်း၌ စစ်ဆေးရာ ငှက်ဖျားပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း သိရ

သြဂုတ် ၂၀ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိကဘက်မှ ပြန်လာပြီး ဖျားနာနေသူကို အီဘိုလာကူးစက်မှု ရှိ မရှိ ဝေဘာဂီဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသလျက်ရှိပြီး အဆိုပါလူနာ၏ သွေးနမူနာကို ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(NHL) မှ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဩဂုတ် ၂ဝ ရက်၊ ညနေပိုင်းတွင်ရရှိသော ဓာတ်ခွဲအဖြေအရ ငှက်ဖျားရောဂါပိုးနှစ်မျိုး ဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းရပ်စ်ရောဂါပိုး နှစ်မျိုးကူးစက်ခံနေရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

ဩဂုတ် ၁၉ ရက်က ဖျားနာခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ သတိလစ်သကဲ့သို့ဖြစ်ခြင်းစသည့် အီဘိုလာဗိုင်းရပ်စ်ပိုး သံသယလက္ခဏာများ တွေ့ရှိခဲ့ခြင်းကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကျန်းမာရေးအဖွဲ့က အဆိုပါလူနာအား သံသယလူနာအဖြစ် သတ်မှတ်၍ အထူးကုဆေးရုံ(ဝေဘာဂီ)သို့ လွှဲပြောင်းပြီး လိုအပ်သောဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများနှင့် ဆေးကုသခြင်းလုပ်ငန်းများကို အထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့က ကြပ်မတ်ကုသပေးလျက်ရှိကြောင်း သိရသည်။ 

“သံသယလူနာရဲ့သွေးကို ရန်ကုန်က ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲစစ်ဆေးမှုလုပ်ခဲ့ပြီး မနေ့ညပိုင်းကရလာတဲ့ အဖြေအရ ငှက်ဖျားရောဂါပိုးနှစ်မျိုးဖြစ်တဲ့ ပလတ်စမိုဒီယမ်ဖယ်စီပရမ်နဲ့ ပလတ်စမိုဒီရမ် ဗိုင်းရပ်စ်ရောဂါပိုးနှစ်မျိုးကို တွေ့ခဲ့ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ပြည်တွင်းကထွက်တဲ့ အဖြေပါ။ အခု လူနာကို လိုအပ်တဲ့ ငှက်ဖျားနဲ့ပတ်သက်တဲ့ ဆေးကုသမှုလုပ်ငန်းတွေကို သက်ဆိုင်ရာဆရာဝန်ကြီးတွေက လုပ်ဆောင်ပေးနေပါတယ်။ သူနဲ့အတူ စစ်ဆေးကုသမှုခံယူနေတဲ့ လူနာလေးဦးကိုလည်း NHL က စစ်ဆေးတဲ့အဖြေအရ ဘာရောဂါပိုးမှ ကူးစက်မှုရှိမနေပါဘူး။ အီဘိုလာ ဟုတ် မဟုတ် ဆိုတာကိုတော့ ကျွန်တော်တို့အိန္ဒိယက ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းက ရလာမယ့်အဖြေကိုတော့ စောင့်ကြည့်ရမှာပါ”ဟု ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ထို့ပြင် လူနာတွင်ငှက်ဖျားရောဂါပိုးဖြစ်ပွားနေကြောင်းတွေ့ရှိ၍ ဆေးကုသမှုပေးနေခြင်းအပြင် ကူးစက်မြန် အီဘိုလာရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းအရ အီဘိုလာရောဂါနှင့်ပတ်သက်သော ဓာတ်ခွဲစစ်ဆေးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးထားကြောင်းနှင့် အီဘိုလာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ဩဂုတ် ၁၉ ရက် ည ၈ နာရီဝန်းကျင် က ထိုင်းနိုင်ငံမှ MAI လေကြောင်းလိုင်း 8M 332 ဖြင့် ပြန်လာသည့် ခရီးသည်များအနက်မှ ခရီးသည်တစ်ဦးမှာ လေဆိပ်ကျန်းမာရေးအဖွဲ့က စစ်ဆေးရာတွင် ကိုယ်လက်မအီမသာဖြစ်ကာ အပူချိန်မြင့်နေပြီး အီဘိုလာဗိုင်းရပ်စ်ပိုး သံသယလက္ခဏာများတွေ့ရှိခဲ့ကြောင်း၊ သံသယလက္ခဏာများတွေ့ရှိခဲ့သူ လူနာမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး ယင်းလူနာသည် အီဘိုလာဗိုင်း ရပ်စ်ပိုးကူးစက်ဖြစ်ပွားနေသည့် ဂီနီနှင့် လိုင်ဘေးရီးယားနိုင်ငံများတွင် ၁၃ လခန့် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ပြန်လာသူဖြစ်ကြောင်း နှင့် လူနာနှင့်အတူ လိုက်ပါပို့ဆောင်သူ လေးဦးကိုလည်း လက်ရှိတွင် အထူးကုဆေးရုံ(ဝေဘာဂီ)တွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ 
EMG

ဖားကန့်တွင် ကျောက်တူးစဉ် မြေပြိုခြင်းကြောင့် တစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

မြေပြို၍ ဖားကန့်ဆေးရုံရောက်လာသော လူနာတစ်ဦးအား တွေ့ရစဉ်
ဖားကန့်တွင် ကျောက်စိမ်းတူးစဉ်မြေပြို ခြင်းကြောင့် ဩဂုတ် ၂၁ ရက်နံနက်ပိုင်း က တစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖားကန့်ဒေသအထက် ကုလားမှော်တွင် ဩဂုတ် ၂၁ ရက် နံနက် ၈ နာရီခွဲခန့် က ကျောက်တူးနေစဉ် အပေါ်မှ မြေလျှောကျပြိုကျမှုကြောင့် လူတစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ ကိုအားရှော်(ခ)ထန်းအားရှော် (၂၁) နှစ် လားရှိုးမြို့ပေါ်တွင် နေထိုင်သူဖြစ်ပြီး ဆေးရုံရောက်ပြီးနောက် တစ်နာရီကျော်အကြာတွင် သေဆုံးသွားကြောင်း သိရသည်။

ဒဏ်ရာရသူရှစ်ဦးမှာ ဖားကန့်ဆေးရုံတွင် အတွင်းလူနာများအဖြစ် ကုသမှုခံယူနေရပြီး မောင်ကျော်ဇင်လတ် (ဘ) ဦးတင်မြင့် ဂန့်ဂေါနယ် ပေါ်ပြင်းကျေးရွာနှင့် မောင်ဇော်ဝင်းမောင် (ဘ) စံရွှေ ဟုမ္မလင်းနယ် ဖောင်းပြင်ကျေးရွာနေထိုင်သူတို့မှာ စိုးရိမ်ရဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

မြေပြိုမှုကြောင့် အသက်ဘေးမှ လွတ်မြောက်လာသူ ကိုပိုင်မျိုးဝေက “မြေစာလျှောပြီးပြိုတာ။ ကျွန်တော်တို့က ရှောင်ပြေးရင်း နှင့် ဒဏ်ရာရတာပါ။ ဖြစ်တာက ခဏလေးပဲ။ သေသွားတဲ့ အစ်ကိုလည်း သတိရသေးတယ်။ ကျွန်တော်တို့အားလုံး ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာတွေရတယ်”ဟု ဆိုသည်။

ပြီးခဲ့သော ဩဂုတ် ၁၈ ရက်က မြေစာပြုတ်ကျမှုကြောင့် နမ့်မှော်ကျောက်စိမ်း လုပ်ကွက်တွင် ဒဏ်ရာရခဲ့သူ မောင်မျိုးလွင် အသက် (၃၃) နှစ် (ဘ)ဦးကျော်စိန်ဝင်း ရခိုင်ပြည်နယ် ပေါက်တောမြို့ ရပ်ကွက်(၃)တွင် နေထိုင်သူမှာလည်း ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် ဆုံးပါးသွားကြောင်း သိရသည်။

ကျောက်တူးစဉ်မြေပြိုဒဏ်ရာရသူများမှာ မြန်မာနိုင်ငံဒေသအသီးသီးမှဖြစ်ပြီး ဒဏ်ရရှိမှုများဖြစ်ပေါ်လာပါက ဆေးရုံသို့ အမြန်ဆုံးရောက်ရှိရန်၊ အရေးပေါ်ကူညီမှုများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဦးရဲဝင်းက “ထိခိုက်ဒဏ်ရာရတဲ့ လူတွေ ဒီရာသီမှာ မကြာခဏဖြစ်တတ်ပါတယ်။ ဆေးဝါးလုံလောက်မှုတော့ရှိတယ်။ လူမှုရေးအဖွဲ့တွေက အချိန်နှင့်တစ်ပြေးညီ ကူညီကြတာများတယ်။ ဒါပေမဲ့ ဖားကန့်ဆေးရုံကနေ အရေးကြီးလူနာတွေသွားကြမယ်ဆိုရင် လူနာတင်ယာဉ်နှင့် အခြားလိုအပ်တာတွေရှိနေတယ်”ဟု ဆိုသည်။

ဖားကန့်ဒေသတွင် မှော်စီဇာ၊ မက်လင်ချောင်၊ မျောက်ဖြူ၊ ကုလားကုန်း၊ ဆိုင်းတောင်၊ တာမခံစသည့်ဝန်းကျင်မှော်များမှာ မကြာခဏမြေပြိုမှုဖြစ်ပွားတတ်ပြီး သေဆုံးသူများ၊ ဒဏ်ရာရသူများရှိတတ်ကြောင်း ကျောက်တူးသူများနှင့် ဒေသခံများက ဆိုပါသည်။ မြေပြိုပြီး မြေပိသေရသည့်အကြောင်းအရင်းမှာ ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သား ကျောက်တူးသူများပြီး အများစုမှာ လုပ်ငန်းနှင့် ပတ်သက်သော အတွေအကြုံ မရှိဘဲ မြေသား၏အခြေအနေကို မသိသောကြောင့် သတိမထားမိခြင်း၊ လောဘကြောင့် အန္တရာယ်ကို ဂရုမစိုက်ခြင်းကြောင့် အများစုဖြစ်ပြီး မိုးဦးကျရာသီ ဧပြီလနှောင်းပိုင်းနှင့် မေလပိုင်းများတွင် တစ်ခါတစ်ရံ မိုးရွာသွန်းမှုများကြောင့် မြေသားအက်ကြောင်းများတွင် ရေစီးဝင်ကာ ကြံဖတ်ကွာသကဲ့သို့ ပြိုကျတတ်ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သားနှစ်သိန်းကျော်ရှိပြီး မကြာခဏမြေပြိုမှုများကြောင်း တစ်နှစ်လျှင် ၃ဝဝ ကျော်လူသေဆုံးမှုများဖြစ်ပေါ်နေသည်ဟု နာရေးကူညီသူများ နှင့် ရဲစခန်းမှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသအား ၂ဝ၁၁ ခုနှစ်တွင် အစိုးရတပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် လုပ်ကွက်တစ်သောင်းကျော်ကို နိုင်ငံတော်မှ ပိတ်ထားခဲ့ပြီး လာမည့် စက်တင်ဘာ ၁ ရက်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
EMG

တရုတ်ပြည်မှ ကလေးပုံစံ သစ်တော်သီးများ





တရုတ်နိုင်ငံမှ စိုက်ပျိုးရေး သမားများဟာ သစ်တော်သီးများကို ကလေးပုံစံ ပြုလုပ်၍ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါတယ်။ ၎င်းတို့ဟာ သစ်တော် သီးများကို ကလေးပုံ ပလပ်စတစ် ခွက်ထဲမှာ ကြီးထွားစေတာဖြစ်ကြောင်း သိရှိရပါတယ်။

တစ်ချို့ကတော့ ထိုကလေးပုံစံ သစ်တော်သီးများကို Buddha pear များလို့လည်း ခေါ်ဝေါ်ကြကြောင်း သိရှိရပါတယ်။ တရုတ်နိုင်ငံမှ စိုက်ပျိုးရေး သမားများဟာ သခွာသီး ဖရဲသီး စတဲ့ အသီးများကိုလည်း ပုံစံသွင်းပြီး ဖြန့်ချီကြကြောင်း သိရှိရ ပါတယ်။


၎င်းပလပ်စတစ်ပုံသွင်း ကလေးပုံစံ သစ်တော်သီးများကို အသေးစိတ် သိရှိလိုပါက -


ကျော်လင်းနိုင် (ရိုးရာလေး)

ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပျက်စီး ဆုတ်ယုတ်မှု

တိုင်းပြည်တွေကို တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံနဲ့ ပျက်စီးဆုတ်ယုတ်တဲ့နိုင်ငံဆိုပြီး အကြမ်းအားဖြင့် (၂) ပိုင်း ခွဲခြားနိုင်ပါတယ်။ တိုင်းပြည်အချင်းချင်း ယှဉ်ပြိုင်ရင်း တိုးတက်ဖွံ့ဖြိုးလာကြပုံကို Harvard Business School က ပါမောက္ခ Richard Vietor က ၂၀၀၇ မှာ စာအုပ်ထုတ်ထားပါတယ်။ ပြည်တွင်းလုပ်ငန်းကို အစိုးရမြေတောင်မြှောက်ပေးလို့ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးလာပုံကို How Countries Compete ဆိုတဲ့ စာအုပ်မှာ ကွင်းကွင်းကွက်ကွက် ဖော်ပြထားပါတယ်။ ဘာမှမရှိတဲ့ စင်္ကာပူကျွန်းလေး ပြိုင်ဆိုင်မှုစွမ်းရည်ထက်မြတ်လာလို့ အရှေ့ တောင်အာရှမှာ ထိပ်တန်းရောက်လာပုံကို တခမ်းတနား ဖော်ပြပါတယ်။ 

နောက် (၅) နှစ်ကြာတော့ MIT ဘောဂဗေဒပါမောက္ခ Daron Acemoglue နဲ့ Harvard တက္ကသိုလ်နိုင်ငံရေးသိပ္ပံ ပါမောက္ခ James Robinson တို့က တိုင်းပြည်တွေ ပျက်စီးဆုတ်ယုတ်ရတဲ့ အကြောင်းရင်းနဲ့ တိုးတက်ဖွံ့ဖြိုးရတဲ့ အကြောင်းရင်းတွေကို လေ့လာသုံးသပ်တဲ့ Why Nations Fail ဆိုတဲ့ စာအုပ်ကို ထုတ်ဝေပြန်ပါတယ်။ တိုင်းပြည်တွေ ဆင်းရဲချမ်းသာ ကွဲပြားရတာဟာ ယဉ်ကျေးမှု၊ ဘာသာရေး၊ အတွေးအခေါ် ပထဝီ စတာတွေကြောင့် မဟုတ်ဘဲ ကျင့်သုံးတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ရေခံမြေခံမကောင်းလို့ ဆင်းရဲတာမဟုတ်ဘဲ ကျင့်သုံးတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အရှင်းဆုံး ဥပမာဟာ မြောက်နဲ့တောင် ကိုရီးယား ဖြစ်ပါတယ်။ ဂျပန့် ကိုလိုနီ ကိုရီးယားဟာ ဂျပန်စစ်ရှုံးတဲ့အခါ ၁၉၄၅ မှာ နှစ်ပိုင်းကွဲသွားပါတယ်။ မြောက်ပိုင်းကို ရုရှားက အုပ်ချုပ်ပြီး တောင်ပိုင်းကို အမေရိကန်အုပ်ချုပ်ပါတယ်။ မြောက်ပိုင်းမှာ တပါတီအာဏာရှင်စနစ်နဲ့ ခြယ်လှယ်ထုတ်ယူတဲ့ စနစ်ကျင့်သုံးတာ အနှစ် (၇၀) နီးပါးရှိပြီဖြစ်လို့ ယိုယွင်းပျက်စီးနေပါတယ်။ အားလုံးပါဝင်နိုင်တဲ့စနစ် ကျင့်သုံးတဲ့တောင်ပိုင်းဟာ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာလာပါတယ်။ မြောက်ကိုရီးယား မှာ စစ်အင်အားနဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦးတွေ ရှိပေမယ့် တိုင်းသူပြည်သားဟာ ဆင်းရဲငတ်ပြတ်နေပါတယ်။

မြောက်ပိုင်းရဲ့  လူနေမှုအဆင့်အတန်းဟာ တောင်ပိုင်းရဲ့  ဆယ်ပုံတစ်ပုံသာ ရှိပါတယ်။ ဂြိုလ်တုက ညဘက်ရိုက်ထားတဲ့ ဓါတ်ပုံမှာ တောင်ပိုင်းက ထွန်လင်းနေပြီး မြောက်ပိုင်းက မဲမှောင်နေပါတယ်။ မြောက်ကိုရီးယားမှာ လျှပ်စစ်ဓါတ်အား မလုံလောက်လို့ မဲမှောင်နေတာ ဖြစ်ပါတယ်။ မြောက်ပိုင်းမှာ တသွေးတသံတမိန့်ကို အဓိကထားပြီး ခြယ်လှယ်သွေးစုပ် ထုတ်ယူတဲ့စနစ်ကို ကျင့်သုံးတာမို့ ဆင်းရဲမွဲတေနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ပိုင်းကတော့ တရားဥပဒေအတိုင်း အများပါဝင်နိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်ကို ကျင့်သုံးလို့ ချမ်းသာကြွယ်ဝနေပါတယ်။

ကမ္ဘာ့သမိုင်းကိုကြည့်ရင် ခြယ်လှယ်သွေးစုပ်ထုတ်ယူတဲ့စနစ် ကျင့်သုံးတဲ့ဒေသဟာ အချိန်ကြာလေ ယိုယွင်းပျက်စီးဆုတ်ယုတ်လေ ဖြစ်လာပြီး အားလုံးပါဝင်နိုင်တဲ့စနစ် ကျင့်သုံးတဲ့ဒေသမှာတော့ အချိန်ကြာလေ တိုးတက် ဖွံ့ဖြိုးလေ ဖြစ်ပါတယ်။ ခြယ်လှယ်ထုတ်ယူတဲ့စနစ်အောက်မှာ တိုးတက်တာမျိုး ရှိပေမယ့် ရေရှည်မခံပါဘူး။ နိုင်ငံရေးမှာရော စီးပွားရေးမှာရော အများပါဝင်နိုင်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်တယ်လို့ ဆိုပါတယ်။

ဈေးကွက်ရှိတာကို အများပါဝင်နိုင်တဲ့ ဖွဲ့စည်းတည်ထောင်မှုလို့ မပြောနိုင်ပါဘူး။ ဈေးကွက်ကို လွှတ်ထားရင် သြဇာကြီးမားတဲ့ အခွင့်အထူးခံတစု ကြီးစိုးသွားပါလိမ့်မယ်။ အခွင့်ထူးခံသူမရှိဘဲ အားလုံးတန်းတူရည်တူ ယှဉ်ပြိုင်ခွင့်ရှိတာဟာ အားလုံးပါဝင်တဲ့ ဖွဲ့စည်းတည်ထောင်မှု ဖြစ်ပါတယ်။ လူတစုကြီးစိုးမှု မရှိဘဲ အများအတွက် အခွင့်အလမ်း ဖန်တီးပေးနိုင်အောင် လွတ်လပ်တဲ့ သတင်းမီဒီယာက ကူညီနိုင်ပါတယ်။ ဥပမာ အခွင့်ထူးခံ လက်ဝါးကြီးအုပ်စိုးမှုတွေကို ထောက်ပြနိုင်ပါတယ်။ မြန်မာပြည်မှာ လွတ်လပ်မှု အနည်းအကျဉ်း ရှိလာပေမယ့် နိုင်ငံရေး၊ စီးပွားရေးမှာ အခွင့်ထူးခံမှုနဲ့ ခြယ်လှယ်ထုတ်ယူမှု ရှိနေသေးတာမို့ မရေရာမသေချာတာတွေ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။ စီးပွားရေးစနစ်ဟောင်းကို စွန့်လွှတ်လို့ တရုတ်ပြည်တိုးတက်လာပေမယ့် နိုင်ငံရေးမပြုပြင်နိုင်ရင် ရေရှည်မခံနိုင်ဘူးလို့ ဆိုပါတယ်။

IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့လို အဖွဲ့အစည်းကြီးတွေကတော့ စီးပွားရေကဏ္ဍကို ကြံဖန်ပြီး ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရ် တိုးတက်လာမယ်လို့ ယူဆပြီး ကျင့်သုံးရမယ့် ပေါ်လစီတွေ ချပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အမည်ခံ ပြုပြင်ရေးသာဖြစ်နေပြီး လက်တွေ့မှာ အနာတခြား ဆေးတခြား ဖြစ်နေတတ်ပါတယ်တဲ့။

အကြောင်းကတော့ ပြုပြင်ရေးလုပ်ပေမယ့် နိုင်ငံရေးစနစ်ဟာ အရင်ပုံစံအတိုင်း ဆက်သွားနေလို့ ဖြစ်ပါတယ်။ တရုတ်ပြည်စီးပွားရေးမှာ အားလုံးပါဝင်နိုင်တဲ့စနစ် ကျင့်သုံးလို့ ဖွံ့ဖြိုးတိုးတက်လာပေမယ့် နိုင်ငံရေးမှာတော့ လူတစုခြယ်လှယ်တဲ့စနစ်ကို ဆက်သုံးနေတာမို့ နိုင်ငံရေးစနစ်မပြောင်းရင် ဆက်လက်တိုးတက်ဖို့ အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်။

ပညာရှင်အချို့ က သုံးသပ်ပါတယ်။ အနှစ် (၅၀) ကျော် ပျက်စီးဆုတ်ယုတ်ခဲ့တာကို ဟန့်တားနိုင်အောင် ကြံဖန်ပြီးပြုပြင်ရေး လုပ်လာတဲ့ မြန်မာပြည်ဟာ ၂၀၁၃ ကစပြီး နောက်ပြန်ဆုတ်နေပြီလို့ အမေရိကန်သုတေသီ Joshua Kurlantizick က မကြာမီက ဝေဖန်ပါတယ်။ ဒါပေမဲ့ ခြယ်လှယ်သွေးစုပ်ထုတ်ယူတဲ့ အခွင့်ထူးခံစနစ် နိဂုံးချုပ်ပြီး အားလုံးပါဝင်နိုင်တဲ့စနစ် ကျင့်သုံးနိုင်ရင်တောင် အသီးအပွင့် ခံစားနိုင်ဖို့ နှစ်ပေါင်းအတော်ကြာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
VOA

လိုက်ဘေးရီးယားတွင် အီဘိုလာကြောင့် ဆရာဝန် ၆၀ ကျော်သေဆုံး


လိုက်ဘေးရီး ယားနိုင်ငံ ဆေး ဘက်ဝန်ထမ်းတွေဟာ အလုပ်ကို လာဖို့ ကြောက် လန့်နေကြတဲ့အတွက် ကျန်းမာရေးဆေး ကုဌာနအများအပြားကို ပြီးခဲ့တဲ့ သြဂုတ်၎ ရက်နေ့က ပိတ်လိုက်ပါတယ်။


လိုက်ဘေးရီး ယားနိုင်ငံတွင်း ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားရင်း အီဘိုလာကူးစက်လို့ ဆရာဝန်အယောက် ၆၀ ကျော် သေဆုံးခဲ့ပါတယ်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ကပ်ဘေးဟာ ကျန်းမာရေးစနစ် အားနည်းမှုကြောင့် ထိန်းချုပ်နိုင်တာထက် ပိုပျံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရင်အပတ်က သတိပေးခဲ့တယ်။

ဆီရီယာလီယွန်နဲ့ လိုက်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံထားရတဲ့
ရပ်ကွက်တွေကို သီးသန့်ထားဖို့ သြဂုတ် ၄ ရက်နေ့က ရာနဲ့ချီတဲ့ စစ်သားတွေကို
တာဝန်ချ ထားရပါတယ်။

အဆိုးရွားဆုံး ကူးစက်မှုကြောင့် သေဆုံးသူ ၈၈၇ ယောက်ရှိပြီး နိုင်ဂျီးရီးယားနိုင်ငံမှာတော့ ကူးစက်မှုအသစ် ၃ ခု ထပ်ဖြစ်တယ်လို့ အစီရင်ခံထားပါတယ်။လိုက်ဘေးရီးယားနဲ့ဆီရီယာလီယွန်၂ နိုင်ငံလုံးကအီဘိုလာရောဂါကုထိပ်တန်းဆရာ
ဝန်တွေလည်း လူနာအများအပြားကို ကုသအပြီး ဒီရောဂါနဲ့ပဲ အသက်ဆုံးရှုံးခဲ့ပါတယ်။

နှစ်နိုင်ငံလုံးက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ၀န်ထမ်းတွေကတော့
လူနာတွေကို ကိုင်တွယ်ကုသဖို့၊ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့၊ အစိုးရတွေဆီက
လုံလောက်တဲ့ အထောက်အပံ့ မရဘူးလို့ ပြောပါတယ်။

အရာရှိတွေကတော့ အီဘိုလာပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ကိုသာမက ဒေသခံတွေရဲ့မယုံ
ကြည်မှုတွေကိုပါ ကိုင်တွယ်ဖြေရှင်းနေရတာပါ။

အစိုးရက ဂျွန်ဆင်ဗေလီရပ်ကွက်မှာ အီဘိုလာကူးစက်ခံတွေကို မြေမြှုပ်ဖို့ နေရာစီစဉ်ပေးရေး ကြိုးစားခဲ့လို့ အနားက ဒေသခံတွေ ဆန္ဒပြခဲ့ပါတယ်။ တပ်တွေကလည်းအရေးပေါ် အခြေအနေ ကိုင်တွယ်မှုကို ကူညီဖို့ အားဖြည့်နေရပါတယ်။

အီဘိုလာဗိုင်းရပ်စ်ဟာကူးစက်ခံရသူရဲ့ကိုယ်ကထွက်တဲ့အရည်တွေကိုတိုက်ရိုက်ထိတွေ့မှုကနေတဆင့် ကူးစက်နိုင်ပြီး ရှူသွင်းတဲ့လေ ဒါမှမဟုတ် ရိုးရိုးထိတွေ့မှုကနေတဆင့် မကူးစက်နိုင်ပါဘူး။

ကူးစက်ခံရသူ သေဆုံးနှုန်း ၉၀ ရာခိုင်နှုန်း ရှိတဲ့ အီဘိုလာဟာ လောလောဆယ်
မှာတော့ ကူးစက်ခံရသူ သေဆုံးနှုန်း ၆၀ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိနေပါတယ်။
ရောဂါလက္ခဏာတွေက အော့အန်ပြီးဝမ်းလျော့တာနဲ့ကိုယ်တွင်းကိုယ်ပြင်သွေး
ထွက်တာ တွေ ဖြစ်လေ့ရှိတာ ဖြစ်ပါတယ်။

ကူးစက်ခံရပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု သေသေချာချာ မခံရရင်
၂ ရက်ကနေ ၂၁ ရက်အတွင်း သေဆုံးနိုင်ပြီး ကုသဆေးနဲ့ ကာကွယ်ဆေးပါ
မရှိသေးပါဘူး။

အီဘိုလာ ရောဂါဖြစ်ပွားနေသည့် လူများ၏ပုံစံပါ။

shwemyanmarmediagroup

ရေအောက် တွင် ကြီးမား သော ငါး သင်္ချိုင်းကြီး တွေ့ရှိ






အန်ဂိုလာ နိုင်ငံ ကမ်းခြေ အလွန်က ပင်လယ် ရေအောက် ကြမ်းပြင် မှာ ရှာဖွေ တွေ့ ရှိခဲ့တဲ့ ရေအောက် သင်္ချိုင်း အကြောင်း ကို မကြာ သေး မီက ထုတ်ဖော် ပြသ ခဲ့ပါတယ်။ ပင်လယ်ရေ သတ္တ၀ါကြီး တွေ ဖြစ်တဲ့ ငါးမန်းဖြူ ရုပ်ကြွင်း အပါအ၀င် ငါးလိပ် ကျောက်ကြီး အသေကောင် သုံးကောင် တို့  ကို တစ်နေရာ တည်း မှာ တွေ့ ရှိ ခဲ့ရခြင်း က သုတေသီ တို့ ကို မှင်တက် စေခဲ့ပါတယ်။ ဒီ ပင်လယ် သတ္တ၀ါကြီး လေးကောင် ရဲ့ ရုပ် အလောင်း တစ်ခုစီ တိုင်းမှာ အသေကောင် စားတဲ့ ငါး အကောင် ရေ ၅၀ ခန့်  ၀ိုင်းအုံနေ တာကို လည်း တွေ့ ရှိ ခဲ့ရပါတယ်။ ဒါဟာ အချိန် အတော်ကြာ ပဟေဋိ ဖြစ်နေတဲ့ ပင်လယ် အကောင်ကြီး တွေ သေဆုံး သွားတဲ့ အခါ ဘယ်လို ပြန်လည် အသုံးချ ခံရလဲ ဆိုတဲ့ အပေါ်မှာ အမြင်သစ် တစ်ခု ပေးနိုင် ခဲ့ပါတယ်။


ဒီ ရှာဖွေ တွေ့ ရှိမှု ဟာ ပင်လယ် အကောင်ကြီး တွေ သေဆုံးမှု နောက်ဆက် တွဲ ကို ရှာဖွေ ထုတ်ဖော် ဖို့ အတွက် သိပ္ပံ ပညာရှင် တွေ ကို အထောက် အကူ ပြုနိုင်မှာ ဖြစ်ကြောင်း ကျွမ်းကျင် သူတွေ က ဆိုပါတယ်။ “ ဝေလ ငါးကြီး တွေ သေဆုံးမှု ကို လေ့လာမှု တော်တော် များများ ရှိပေမယ့် ကျွန်တော် တို့ ဟာ တခြား ပင်လယ် သတ္တ၀ါကြီး တွေ ပင်လယ် ကြမ်းပြင် မှာ သေဆုံး နေမှုကို တစ်ခါ မှ မတွေ့ ရှိ ခဲ့ဖူး ပါဘူး” ဒီ ရှာဖွေမှု ကို ဦးဆောင် သူ ပလိုင်းမောက် ရေကြောင်း ပညာ တက္ကသိုလ် က Dr.Nick Higgs ပြောပြ ခဲ့တာပါ။

ပင်လယ် ကြမ်းပြင် အောက်မှာ လဲလျောင်း နေတဲ့ ပင်လယ် အပေါ်ယံ ရေလွှာ နေ ကျောရိုးရှိ ငါးသတ္တ၀ါ ကြီး တွေရဲ့ ရုပ် အလောင်း ဟာ ရေနက် ပိုင်း သတ္တ၀ါ တွေ အတွက် အစား အသောက် ကောင်းကောင်း ရမှာ ဖြစ်ပါတယ်။ သဘာ က သူတို့ အတွက် အစား အသောက် ဘယ်လို ထောက်ပံ့ လဲ ဆိုတာ ကတော့ ရှာတွေ့ ဖို့ ခဲယဉ်း ပါသေး တယ် လို့  လေ့လာရေး အဖွဲ့ က ရေးသား ခဲ့ပါတယ်။ လူမဲ့ ထိန်းချုပ် ရေငုပ် ယာဉ်ရဲ့ ပင်လယ် ရေအောက် ကြမ်းပြင် လေ့လာမှု ကနေ တစ်ဆင့် ဒီ ဖြစ်ရပ် ကို ရှာဖွေ တွေ့ ရှိ ခဲ့တာ ဖြစ်ပါတယ်။

Trend Myanmar