ဖလော်ရီဒါတွင် လူတစ်ဦးက သမီးနှင့် မြေးငယ် ခြောက်ဦးကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်


အမေရိကန် ဖလော်ရီဒါ ပြည်နယ် ဂျင်းနက်စ်ဗေး မြို့ ပြင်ရှိ ဘဲလ်မြို့ ငယ်လေးတွင် သမီး ဖြစ်သူနှင့် မြေးခြောက်ဦးကို အဘိုးဖြစ်သူက သေနတ်ဖြင့် ပစ်သတ်ကာ မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့သည့် ဖြစ်ရပ် တစ်ခု စက်တင်ဘာ ၁၈ရက်က ဖြစ်ပွားသည်။


ဒွန်စပီးရစ်ဆိုသူ အသက် ၅၁နှစ်ရှိ အမျိုးသား တစ်ဦးက သူ့ ၏သမီး ဖြစ်သူနှင့် ၎င်း၏ ကလေးခြေက်ဦးကို ကိုယ်တိုင် ပြန်သတ် ခဲ့ကြောင်း စီရင်စု အရာရှိ ရောဘတ်ရှက် ကပြောသည်။ ဒွန်က အရေးပေါ် ၉၁၁ သို့ ဖုန်းဆက် ခဲ့သဖြင့် အရာရှိများ ၎င်း၏ နေအိမ်သို့ သွားရောက် နေစဉ်အချိန်တွင် ဒွန်က ကိုယ်ကိုကို သေနတ်ဖြင့် ပစ်ကာ သတ်သေသွား ခဲ့ခြင်း ဖြစ်သည်။ ဒွန်အနေဖြင့် မည်သည့် အတွက်ကြောင့် သမီးအရင်း ဖြစ်သူနှင့် မြေးများကို သတ်ကာ မိမိကိုယ်ကို အဆုံးစီရင် ခဲ့ကြောင်းကိုမူ အတိအကျ မသိရ သေးပေ။

ညနေ ၄နာရီခန့် က ဒွန်ထံမှ ၉၁၁သို့ ဖုန်းခေါ်ဆိုမှုကို လက်ခံ ရရှိကြောင်း၊ ထိုစဉ်တွင် ဒွန်မှာ အခြားသူများကိုသာမက မိမိကိုယ်ကိုပါ အန္တရာယ် ဖြစ်အောင် လုပ်နေသည်ဟု ပြောခဲ့ကြောင်း၊ ဌာနမှ ရဲအရာရှိ များကို ဒွန်၏နေအိမ်သို့ စေလွှတ်ခဲ့သော်လည်း ယခုကဲ့သို့ ကြုံတွေ့  လိုက်ရခြင်း ပင်ဖြစ်ကြောင်း ရောဘတ်က ပြောသည်။

ဒွန်သည် ရဲမှတ်တမ်း များတွင် ပြစ်မှုဟောင်းများ ကျုးလွန်ခဲ့သူ အဖြစ် မှတ်တမ်းဆိုးများ ရှိထားသည်။ ၁၉၉၂ ခုနှစ် အတွင်း ကလေးငယ် တစ်ဦးကို အစားအစာနှင့် နေစရာ မပေးဘဲ ထားခဲ့သည့် ပြစ်မှု၊ ၁၉၉၄ ခုနှစ်က မူးယစ် ဆေးဝါးအဖြစ် အကျုံးဝင်သည့် ဆေးဝါးများ လက်ဝယ် တွေ့ ရှိမှု၊ ၂၀၀၃ ခုနှစ် အတွင်း လက်နက် ကိုင်ဆောင်ကာ လူသေစေမှု တို့ ဖြင့် အပြစ်စီရင်ခြင်းများ ခံခဲ့ရသူ ဖြစ်သည်။ ၂၀၀၃က ၎င်း၏ အမှုမှာ အမဲလိုက် ကြစဉ် ရှစ်နှစ် အရွယ် သားဖြစ်သူကို မတော်တဆ ပစ်ခတ်မိ၍ သားဖြစ်သူ သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း ဒွန်က ဝန်ခံ ထွက်ဆို ထားခဲ့သည်။

ယခု ဖြစ်စဉ်တွင် ဒွန်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသူ များမှာ သူ့ ၏ သမီးဖြစ်သူ ဆာရာ၊ သူ၏ မြေးများ ဖြစ်ကြသော ဆာရာ၏ သမီးများ ဖြစ်သည့် အသက် နှစ်လခွဲ အရွယ် ကလေးတစ်ဦး၊ လေးနှစ်၊ ငါးနှစ်နှင့် ကိုးနှစ်အရွယ် သမီး မိန်းကလေး များနှင့် အသက် ရှစ်နှစ်နှင့် ဆယ့်တစ်နှစ် အရွယ် သားယောက်ျားလေး နှစ်ဦးတို့ ဖြစ်ကြသည်။

Ref: NBC News
Mizzima

0 comments:

Post a Comment