AFC U19 Championship ပြိုင်ပွဲ ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပမည်


မြန်မာနိုင်ငံမှာ အာရှအဆင့် ဖိုင်နယ်ပွဲစဉ်များကို ပထမဆုံးအကြိမ် လက်ခံကျင်းပတဲ့ အနေနဲ့ AFC U19 Championship MYANMAR 2014 ပြိုင်ပွဲကြီးကို လာမဲ့ အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရန်ကုန်နဲ့ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အုပ်စုအေမှာ အိမ်ရှင် မြန်မာ၊ အီရန်၊ ထိုင်းနဲ့ ယီမင်တို့ ပါဝင်ပြီး အုပ်စုဘီတွင် ဥဇဘက်ကစ္စတန်၊ သြစတြေးလျ၊ ယူအေအီးနဲ့ အင်ဒိုနီးရှားအသင်း၊ အုပ်စုစီတွင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နဲ့ ဗီယက်နမ်အသင်း၊ အုပ်စုဒီတွင် မြောက်ကိုရီးယား၊ အီရတ်၊ ကာတာနဲ့ အိုမန်အသင်းတို့ ဖြစ်ပါတယ်။

အုပ်စု အေနဲ့ဘီ ပွဲစဉ်များကို ရန်ကုန်တွင် လက်ခံ ကျင်းပမည် ဖြစ်ပြီး အုပ်စု စီနဲ့ ဒီ ပွဲစဉ်များကို နေပြည်တော် ဇေယျာသီရီအားကစားကွင်းမှာ ကျင်းပမှာပါ။

ဒီပြိုင်ပွဲအတွက် တောင်ကိုရီးယား ယူ ၁၉ အသင်းဟာ ရန်ကုန်မြို့ကို အောက်တိုဘာ ၂ ရက်နေ့ ည ၁၀ နာရီခွဲမှာ ရောက်ရှိလာမှာဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့မှာ ပြိုင်ပွဲကျင်းပမယ့် နေပြည်တော်သို့ ဆက်လက်ထွက်ခွာသွားမှာဖြစ်ပါတယ်။
By ဒီဗွီဘီ

0 comments:

Post a Comment