ဓမ္မစေတီ ခေါင်းလောင်း ရက်ကန့်သတ်ချက်မရှိ ဆက်ရှာမည်ဟုဆို


ဓမ္မစေတီ ခေါင်းလောင်းကြီး ကိုရက်အကန့်သတ်မရှိ ရှာဖွေ မည်ဖြစ်ကြောင်း ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းက ပြည် ထောင်စု နေ့စဉ်သို့ ပြောသည်။
ယနေ့ ရန်ကုန်မြို့ သန်လျင် မြို့နယ်ရှိ နတ်စင်တစ်ရာ ကျောင်းတိုက်၌ နတ်စင်တစ်ရာ ဆရာတော်နှင့် ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့တို့ ပူးတွဲပြု လုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြည်ထောင်စု နေ့စဉ်သို့ သီးခြား အတည်ပြု ပြောကြား ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာ ရှင်းလင်း ပွဲ၌ နတ်စင်တစ်ရာ ဆရာတော် က''ဘုန်းကြီးအနေနဲ့ ဒီနေ့ရှင်း လင်းမိန့်ကြားရတာက မီဒီယာ တွေမှာ နတ်စင်တစ်ရာ ဆရာ တော်ကဦးစံလင်းနဲ့စသည်ဖြင့် ရေးသားချက်တွေနဲ့ပတ်သက်ပြီး မိန့်ကြားမှာ ဖြစ်ပါတယ်။ ဆရာတော့်အနေနဲ့ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့၊မွန်အထောက် အကူပြုအဖွဲ့တွေနဲ့ရင်းနှီးခဲ့တာ ကတော့နှစ်ပေါင်း၂ဝကျော်ကြာ ပြီ။ အဲဒီ့အတွက်ခေါင်းလောင်း ဆယ်ယူတဲ့ နေရာမှာအန္တရာယ်ကင်းအောင်ပရိတ် ရွတ်ပေးတယ်။ ပြီးတော့ဦးစံလင်း ခေါင်းလောင်းတွေ့ပြီလို့ကြေညာ တဲ့အချိန် ဘုန်းကြီးပြည်ပမှာ ဆေး သွားကုနေတာပါ။ မွန်အဖွဲ့တွေ ဘုန်းကြီးဆီကို ခေါင်းလောင်းတွေ့ပြီ လို့ လာလျှောက်တုန်းကလဲ ခေါင်း လောင်းကိုကြိုးချည်ပြီးမှပြန်လာပြော ပါ၊ အဲဒီအခါလိုအပ်တာကူညီမယ် လို့ဘုန်းကြီးမိန့်ခဲ့တယ်။ အခုလဲ အများပြည်သူကို မိန့်ချင်တာက ကြိုးချည်ပြီးမှယုံကြပါ။ ပြီးတော့ ဦးစံလင်းအနေနဲ့စေတနာသုံးတန် နဲ့ ဒီလုပ်ငန်းကိုဆောင်ရွက်နေတာ ပါ''ဟု မိန့်ကြားသည်။

ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံဦးကြည်ဝင်းက ခေါင်းလောင်းတွေ့ရှိခြင်းမတွေ့ခြင်း ကိုအတည်မပြုနိုင်ကြောင်း၊ ဦးစံလင်း အနေဖြင့် မီဒီယာများတွင်ဖော်ပြ သကဲ့သို့တိမ်းရှောင်သွားခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေကြောင်း ပြောသည်။

ဦးကြည်ဝင်းက''ကျွန်တော်တို့ ကနဂိုကတည်းကဓမ္မမိတ်ဆွေတွေ မို့လို့ သူ့ကိုယုံကြည်တယ်။ ခေါင်း လောင်းတွေ့ပြီလို့  သြဂုတ်လ ၂၆ ရက်ကထုတ်ပြန်တာကလဲဦးစံလင်း ကသဘောင်္ပေါ်ကနေဒီလိုထုတ်ပြန် ပါဆိုလို့ထုတ်ပြန်တယ်။ကျွန်တော် တို့ကိုယ်တိုင်ဘာမှမသိဘူး။အတည် ပြုနိုင်တာကတော့ဦးစံလင်းမထွက် ပြေးပါဘူး။ ခုထိဆက်ရှာနေတယ်။ ရက်အကန့်အသတ်မရှိဘူး။ ဆက် လုပ်မယ်။ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလဲ ခွင့်ပြုပေးထားတယ်။ ဦးစံလင်းကိုယ်တိုင်ကလဲ အရမ်း ဇွဲကြီးပါတယ်''ဟုပြောသည်။

ထို့ပြင်ဦးစံလင်းအနေဖြင့်ခေါင်း လောင်းဆယ်ယူရေးလုပ်ငန်း၌အလှူ ရှင်များ၏လှူဒါန်းငွေကို အသုံးပြု ခြင်းမရှိကြောင်း ¤င်းကဆိုသည်။
''ဘုန်းကြီးသိရသလောက်ဒီငွေ တွေကိုသူမထိဘူး။မနေ့ကတောင် အလှူရှင်တစ်ဦးကငွေကျပ်သိန်း၁ဝဝ လာလှူတယ်။ သူလက်မခံဘူး။ ဒါပေမယ့်ဆရာတော်က လိုအပ် လာနိုင်လို့ လက်ခံထားခိုင်းလိုက် တယ်။ သူ့ကိုယ်ပိုင်ငွေတတ်နိုင် တဲ့အထိသူဆက်လုပ်ပါလိမ့်မယ်'' ဟုဆရာတော်ကမိန့်သည်။

ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ အနေဖြင့် ခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိပြီဟု သြဂုတ် ၂၅ ရက်တွင်တရားဝင်ထုတ်ပြန်ခဲ့ပြီး သြဂုတ် ၂၆ရက်အပြီးဆယ်ယူမည် ဟု မူလကထုတ်ပြန်ကြေညာခဲ့ သည်။
သြဂုတ်၉ရက်တွင်ခေါင်းလောင်း စတင်ဆယ်ယူခဲ့ရာ ယနေ့အထိ ၄၂ ရက်ရှိသွားပြီဖြစ်သည်။

The Union Daily

0 comments:

Post a Comment