ယူနိုက်တက်နှင့် မည်သည့်အခါကမျှ နီးစပ်မှု မရှိခဲ့ဟု မူလာပြောကြား


မန်ချက်စတာ ယူနိုက်တက်နှင့် သတင်းများ ထွက်ပေါ်ခဲ့ဖူးသည့်တိုင် လက်တွေ့အားဖြင့် အဆိုပါ ကိစ္စသည် လုံးဝ မနီးစပ်ခဲ့ဖူးကြောင်း သောမတ်စ် မူလာက ဖွင့်ဟ ပြောကြားခဲ့သည်။

အသက်(၂၅)နှစ်ရှိ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူးသည် ကမ္ဘာ့ဖလားတွင် အထူးတလည် ခြေစွမ်းပြခဲ့ပြီးနောက် ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ၎င်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ဗန်ဂါးလ်သည် ဘိုင်ယန်ကို နည်းပြအဖြစ် တာဝန်ယူစဉ်က မူလာကို လူငယ် စီမံ ကိန်းမှ မြှင့်တင် မြေတောင် မြှောက်ပေး ခဲ့သူလည်း ဖြစ်သည်။ မူလာကမူ မိမိနှင့် ယူနိုက်တက် တို့ကြား နီးစပ်ရန် အခြေအနေသည် မည်သည့် အခါကမျှ ဖြစ်နိုင်ခြေ မရှိခဲ့ဟု ဆိုသည်။

“စိတ်ဝင်စားမှုတော့ ရှိကောင်းရှိမှာပေါ့။ နွေရာသီမှာ ယူနိုက်တက်က ကစားသမား အများကြီးကို စောင့်ကြည့်ခဲ့တာ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်က ဘယ်တုန်းကမှ တခြားအသင်း တစ်ခုခုကို ကူးပြောင်းသွားဖို့ စိတ်ကူးခဲ့တာ မရှိပါဘူး။ အသင်းက ကျွန်တော့်ကို (၂၀၁၉)ထိ သက်တမ်းတိုး စာချုပ်ထားတယ်။ ဘိုင်ယန်က ကျွန်တော့် အနာဂတ်ကို ဒီမှာပဲ ဖြတ်သန်းစေချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ညွှန်ပြပြီးသားပါ။ ဒီတော့ ကျွန်တော့်အတွက် ဆုံးဖြတ်ရမယ့် ကိစ္စက အရမ်းလွယ်ကူသွားတယ်” ဟု မူလာက ပြောကြားသွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Soccer Myanmar

0 comments:

Post a Comment