ထမင်းခိုးစားတဲ့ အိမ်အကူပါးစပ်ကို ငရုပ်ကျည်ပွေ့နဲ့ ထုတဲ့ အိမ်ရှင်


ထမင်းခိုးစားတဲ့ အိမ်အကူပါးစပ်ကို ငရုပ်ကျည်ပွေ့နဲ့ ထုတဲ့ အိမ်ရှင် (Tomorrow ဂျာနယ်) ထမင်း မကျွေးသောကြောင့် ခိုးစားမိသော အသက် ၁၄နှစ်ခန့် အရွယ်ရှိ မိန်းကလေးငယ်အား မျက်နှာ ပျက်စီးသည်အထိ ငရုပ်ကျည်ပွေ့ဖြင့် ထုရိုက်သည့်အပြင် လက်အရိုး ကျိုးသည်အထိ ရိုက်နှက်နှိပ်စက် ခဲ့သော အိမ်ရှင်အမျိုးသမီး အပါအ၀င် ၎င်း၏သမီးနှင့် သားမက်ဖြစ်သူ ဆရာဝန် လင်မယား တို့အား ထောက်ကြန့်မြို့မ ရဲစခန်းမှ ပုဒ်မ ၃ခုဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း စက်တင်ဘာလ ၅ ရက်နေ့က အဆိုပါ စခန်းမှ သိရသည်။ “ထမင်းကို တခါတလေကျရင် မနက်ရော ညရော မကျွေးဘူး။ အလုပ်မပြီးရင်လည်း မကျွေးဘူး။ သူတို့က စားတာကို မစားဘူးလို့ ပြောလို့ ရိုက်တာ။ ဗိုက်ဆာလို့ ခိုးစားတာပါ”ဟု အိမ်အကူ မိန်းကလေး ဖြစ်သူ မသန်းသန်းစိုးက Tomorrow ဂျာနယ်သို့ ပြောသည်။ ယင်းဖြစ်စဉ်တွင် ကလေးငယ် အပါအ၀င် မိသားစုဝင်များက ရွှေပြည်သာမြို့နယ် NLD ဥက္ကဋ္ဌ ဒေါက်တာ စိန်ဝင်းထံ သွားရောက် တိုင်ကြားခဲ့ပြီး ထိုမှတစ်ဆင့် ဒေါက်တာစိန်ဝင်းက မင်္ဂလာဒုံမြို့နယ် NLD ဥက္ကဋ္ဌ ဒေါ်ညွန့်မေသာထံ ဖုန်းဖြင့် အကြောင်းကြားခဲ့သောကြောင့် ကလေးငယ်နှင့် မိသားစုဝင်များအား မေးမြန်းခဲ့ရာတွင် အထောက်အထား ဓာတ်ပုံများနှင့်တကွ တိုင်ကြားခဲ့သဖြင့် ကလေးငယ်အား မေးမြန်းရာ ၄င်း၏မျက်နှာကို အိမ်ရှင်ဖြစ်သူ ဒေါ်နုနုစိန်က ငရုတ်ကျည်ပွေ့ဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ သမီးနှင့်သားမက်ဖြစ်သူတို့ကလည်း တံမြက်စည်းရိုး၊ သစ်သားချောင်းတို့ဖြင့် ရိုက်နှက်မှုကြောင့် ၀ဲဘက်လက်ဖျံရိုးနှင့် လက်ချောင်း အဆစ်များ ကျိုးခဲ့ရကြောင်း မင်္ဂလာဒုံမြို့နယ် NLD ဥက္ကဋ္ဌ ဒေါ်ညွန့်မေသာက Tomorrowသို့ ပြောသည်။ ထို့နောက် အိမ်ရှင်များမှ ကလေးငယ်အား ပွဲစားထံ ပြန်အပ်ပြီး ပိုက်ဆံပေးကာ ရန်ကုန်ဆေးရုံကြီး၌ လွန်ခဲ့သည့် ရက် ၂၀ခန့်က အိမ်အပေါ် လှေကားမှ ပြုတ်ကျ၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ နှုတ်ခမ်းမှ ဒဏ်ရာများသည်လည်း မွေးရာပါဒ ဏ်ရာဖြစ်ကြောင်းဟုဆိုကာ ဆေးကုခိုင်းခဲ့ကြောင်း၊ ထို့နောက် ရန်ကုန် ဆေးရုံကြီးမှ ဆင်းကာ မြောက်ဥက္ကလာပ မြို့နယ်ရှိ ချမ်းသာဆေးရုံသို့ ဒဏ်ရာများ ပျောက်ကင်းအောင် ကုသရန် ပြောင်းရွှေ့ခဲ့ကြောင်း အိမ်အကူ မသန်းသန်းစိုး၏ မိခင် ဒေါ်သိန်းသိန်းက ဆိုသည်။ “ဘယ်သူနဲ့မှ မတွေ့နဲ့။ အပြင်လည်း မထွက်နဲ့ဆိုပြီး ပြောတယ်။ ချမ်းသာဆေးရုံမှာပဲ သားအမိတွေ တူတူနေရတယ်။ ရန်ကုန် ဆေးရုံကြီးမှာလည်း အတူတူနေရတယ်။ ကိုမျိုးကျော်က ဆိုင်တစ်ဆိုင်မှာ ထားခဲ့တယ်။ ပြီးတော့ သမီးရဲ့ ဦးလေးပါဆိုပြီး ပြောခိုင်းတာ”ဟု မိခင်ဖြစ်သူ ဒေါ်သိန်းသိန်းက ပြောကြားသည်။ ထို့ပြင် အိမ်အကူ မိန်းကလေးငယ်အား အိမ်ရှင်များက ကားဂိုထောင် အတွင်း၌ အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးများအား သိမ်းဆည်းကာ နေထိုင်စေကြောင်း၊ နေ့စဉ် အိမ်ရှင်များမနိုးခင် ထရပြီး အလုပ်များကို လုပ်ကိုင်စေပြီး နေ့စဉ် ထမင်းကျွေးရာတွင်လည်း နေ့လယ် ၂နာရီခန့်အချိန်မှ နေ့လယ်စာကို ကျွေးပြီး ကလေးငယ် လုပ်ကိုင်မှုအား စိတ်တိုင်းမကျပါက ရိုက်နှက်မှုများ ပြုလုပ်မှုကြောင့် ယခုကဲ့သို့ ဒဏ်ရာများ ရရှိခဲ့သဖြင့် မိခင်ဖြစ်သူက ထောက်ကြန့် ရဲစခန်း၌ တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဒေါ်နုနုစိန်အား Tomorrowမှ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။ ထောက်ကြန့်မြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “စစ်ဆေးဆဲ ပါပဲ။ သူတို့တိုင်တန်းတဲ့ ဘက်ပေါ့ဗျာ။ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးနေပါတယ်။ ကြားထဲမှာ ဆက်နွှယ်တဲ့သူတွေလည်း ရှိတယ်လေ။ ဒီအိမ်ကို ရောက်အောင်ပို့တဲ့ သူတွေရှိတယ် ဆိုတော့ ဘယ်လိုကြောင့်လဲဆိုတာ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး အတွက် စစ်ဆေးနေပါတယ် ကြားထဲမှာ ဆက်နွယ်တဲ့သူတွေလည်း ရှိတယ်လေ။ ဒီအိမ်ကို ရောက်အောင် ပို့တဲ့သူတွေရှိတယ်ဆိုတော့ ဘယ်လိုကြောင့်လဲဆိုတာ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေး အတွက် စုံစမ်းနေပါတယ်” ဟု ဖြေကြားခဲ့သည်။ လက်ရှိတွင် အဆိုပါ အမှုနှင့် ပတ်သက်၍ ကလေးငယ်ကို နှိပ်စက်ခဲ့သူ သုံးဦးအား (ပ)၂၈၁/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၄၊၃၂၅၊၃၂၆ဖြင့် စက်တင်ဘာလ ၅ရက် နံနက် ၀၀း၂၀ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် မြို့မ ရဲစခန်းက အမှုဖွင့်လှစ်ခဲ့ပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး အတွက် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။
SocialAction ForWomen

ထမင်းခိုးစားတဲ့ အိမ်အကူပါးစပ်ကို ငရုပ်ကျည်ပွေ့နဲ့ ထုတဲ့ အိမ်ရှင် (Tomorrow ဂျာနယ်)

ထမင်း မကျွေးသောကြောင့် ခိုးစားမိသော အသက် ၁၄နှစ်ခန့် အရွယ်ရှိ မိန်းကလေးငယ်အား မျက်နှာ ပျက်စီးသည်အထိ ငရုပ်ကျည်ပွေ့ဖြင့် ထုရိုက်သည့်အပြင် လက်အရိုး ကျိုးသည်အထိ ရိုက်နှက်နှိပ်စက် ခဲ့သော အိမ်ရှင်အမျိုးသမီး အပါအ၀င် ၎င်း၏သမီးနှင့် သားမက်ဖြစ်သူ ဆရာဝန် လင်မယား တို့အား ထောက်ကြန့်မြို့မ ရဲစခန်းမှ ပုဒ်မ ၃ခုဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း စက်တင်ဘာလ ၅ ရက်နေ့က အဆိုပါ စခန်းမှ သိရသည်။

“ထမင်းကို တခါတလေကျရင် မနက်ရော ညရော မကျွေးဘူး။ အလုပ်မပြီးရင်လည်း မကျွေးဘူး။ သူတို့က စားတာကို မစားဘူးလို့ ပြောလို့ ရိုက်တာ။ ဗိုက်ဆာလို့ ခိုးစားတာပါ”ဟု အိမ်အကူ မိန်းကလေး ဖြစ်သူ မသန်းသန်းစိုးက Tomorrow ဂျာနယ်သို့ ပြောသည်။

ယင်းဖြစ်စဉ်တွင် ကလေးငယ် အပါအ၀င် မိသားစုဝင်များက ရွှေပြည်သာမြို့နယ် NLD ဥက္ကဋ္ဌ ဒေါက်တာ စိန်ဝင်းထံ သွားရောက် တိုင်ကြားခဲ့ပြီး ထိုမှတစ်ဆင့် ဒေါက်တာစိန်ဝင်းက မင်္ဂလာဒုံမြို့နယ် NLD ဥက္ကဋ္ဌ ဒေါ်ညွန့်မေသာထံ ဖုန်းဖြင့် အကြောင်းကြားခဲ့သောကြောင့် ကလေးငယ်နှင့် မိသားစုဝင်များအား မေးမြန်းခဲ့ရာတွင် အထောက်အထား ဓာတ်ပုံများနှင့်တကွ တိုင်ကြားခဲ့သဖြင့် ကလေးငယ်အား မေးမြန်းရာ ၄င်း၏မျက်နှာကို အိမ်ရှင်ဖြစ်သူ ဒေါ်နုနုစိန်က ငရုတ်ကျည်ပွေ့ဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ သမီးနှင့်သားမက်ဖြစ်သူတို့ကလည်း တံမြက်စည်းရိုး၊ သစ်သားချောင်းတို့ဖြင့် ရိုက်နှက်မှုကြောင့် ၀ဲဘက်လက်ဖျံရိုးနှင့် လက်ချောင်း အဆစ်များ ကျိုးခဲ့ရကြောင်း မင်္ဂလာဒုံမြို့နယ် NLD ဥက္ကဋ္ဌ ဒေါ်ညွန့်မေသာက Tomorrowသို့ ပြောသည်။

ထို့နောက် အိမ်ရှင်များမှ ကလေးငယ်အား ပွဲစားထံ ပြန်အပ်ပြီး ပိုက်ဆံပေးကာ ရန်ကုန်ဆေးရုံကြီး၌ လွန်ခဲ့သည့် ရက် ၂၀ခန့်က အိမ်အပေါ် လှေကားမှ ပြုတ်ကျ၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ နှုတ်ခမ်းမှ ဒဏ်ရာများသည်လည်း မွေးရာပါဒ ဏ်ရာဖြစ်ကြောင်းဟုဆိုကာ ဆေးကုခိုင်းခဲ့ကြောင်း၊ ထို့နောက် ရန်ကုန် ဆေးရုံကြီးမှ ဆင်းကာ မြောက်ဥက္ကလာပ မြို့နယ်ရှိ ချမ်းသာဆေးရုံသို့ ဒဏ်ရာများ ပျောက်ကင်းအောင် ကုသရန် ပြောင်းရွှေ့ခဲ့ကြောင်း အိမ်အကူ မသန်းသန်းစိုး၏ မိခင် ဒေါ်သိန်းသိန်းက ဆိုသည်။

“ဘယ်သူနဲ့မှ မတွေ့နဲ့။ အပြင်လည်း မထွက်နဲ့ဆိုပြီး ပြောတယ်။ ချမ်းသာဆေးရုံမှာပဲ သားအမိတွေ တူတူနေရတယ်။ ရန်ကုန် ဆေးရုံကြီးမှာလည်း အတူတူနေရတယ်။ ကိုမျိုးကျော်က ဆိုင်တစ်ဆိုင်မှာ ထားခဲ့တယ်။ ပြီးတော့ သမီးရဲ့ ဦးလေးပါဆိုပြီး ပြောခိုင်းတာ”ဟု မိခင်ဖြစ်သူ ဒေါ်သိန်းသိန်းက ပြောကြားသည်။

ထို့ပြင် အိမ်အကူ မိန်းကလေးငယ်အား အိမ်ရှင်များက ကားဂိုထောင် အတွင်း၌ အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးများအား သိမ်းဆည်းကာ နေထိုင်စေကြောင်း၊ နေ့စဉ် အိမ်ရှင်များမနိုးခင် ထရပြီး အလုပ်များကို လုပ်ကိုင်စေပြီး နေ့စဉ် ထမင်းကျွေးရာတွင်လည်း နေ့လယ် ၂နာရီခန့်အချိန်မှ နေ့လယ်စာကို ကျွေးပြီး ကလေးငယ် လုပ်ကိုင်မှုအား စိတ်တိုင်းမကျပါက ရိုက်နှက်မှုများ ပြုလုပ်မှုကြောင့် ယခုကဲ့သို့ ဒဏ်ရာများ ရရှိခဲ့သဖြင့် မိခင်ဖြစ်သူက ထောက်ကြန့် ရဲစခန်း၌ တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဒေါ်နုနုစိန်အား Tomorrowမှ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။ ထောက်ကြန့်မြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “စစ်ဆေးဆဲ ပါပဲ။ သူတို့တိုင်တန်းတဲ့ ဘက်ပေါ့ဗျာ။ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးနေပါတယ်။ ကြားထဲမှာ ဆက်နွှယ်တဲ့သူတွေလည်း ရှိတယ်လေ။ ဒီအိမ်ကို ရောက်အောင်ပို့တဲ့ သူတွေရှိတယ် ဆိုတော့ ဘယ်လိုကြောင့်လဲဆိုတာ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး အတွက် စစ်ဆေးနေပါတယ် ကြားထဲမှာ ဆက်နွယ်တဲ့သူတွေလည်း ရှိတယ်လေ။ ဒီအိမ်ကို ရောက်အောင် ပို့တဲ့သူတွေရှိတယ်ဆိုတော့ ဘယ်လိုကြောင့်လဲဆိုတာ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေး အတွက် စုံစမ်းနေပါတယ်” ဟု ဖြေကြားခဲ့သည်။

လက်ရှိတွင် အဆိုပါ အမှုနှင့် ပတ်သက်၍ ကလေးငယ်ကို နှိပ်စက်ခဲ့သူ သုံးဦးအား (ပ)၂၈၁/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၄၊၃၂၅၊၃၂၆ဖြင့် စက်တင်ဘာလ ၅ရက် နံနက် ၀၀း၂၀ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် မြို့မ ရဲစခန်းက အမှုဖွင့်လှစ်ခဲ့ပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး အတွက် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။
https://www.facebook.com/internatnews

0 comments:

Post a Comment