မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက်က ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာနေ လျှိုကျင်ဝမ်၏ နေအိမ်အားရှာဖွေရာ နေအိမ်နောက် အဝတ်လှန်း ဝါးလုံးတိုင်ခေါင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝ သိမ်းဆည်းရမိသဖြင့် လျှိုကျင်ဝမ် (၄၈)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
The Mirror Daily

Yangon
0 comments:
Post a Comment