ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတွင် ကားချောက်ထဲထိုးကျ


ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဘောနီရဲစခန်းပိုင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၅၆/၅)တွင် စက်တင်ဘာ ၁၂ ရက် ည ၉ နာရီက ပရာဒိုခဲရောင်ယာဉ်တစ်စီး ချောက်ထဲထိုးကျသွားရာ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း မိုးဇော်ဝင်း (၃၂)နှစ် ရန်ကုန်မြို့နေသူ မောင်းနှင်လာသော 2C/--- ပရာဒိုယာဉ်မှာ အဆိုပါ နေရာအရောက် ချောက်ထဲသို့ ထိုးကျသွားရာမှ ယာဉ်ပေါ်တွင် ပါလာသူ ဦးမောင်လွင်(ဒလနေသူ)မှာ ယင်းနေရာတွင်ပင် သေဆုံးသွားပြီး ကျန်သုံးဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အခင်းဖြစ်နေရာသို့ ဘောနီရဲစခန်းမှ ရဲအုပ် မျိုးဝင်းထွန်းနှင့်အဖွဲ့ သွားရောက်၍ ဒဏ်ရာရရှိသောလူများနှင့် သေဆုံးသူကို ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ကာ ဒဏ်ရာရရှိသူ သုံးဦးအား အတွင်းလူနာအဖြစ် ဆေးကုသ၍ ရဲအုပ်မျိုးဝင်းထွန်းက ရဲလုပ်ထုံးလုပ်နည်း နှင့်အညီ ပြည့်စုံစွာ ဆောင်ရွက်၍ ယာဉ်မောင်း မိုးဇော်ဝင်းအား (ပ)၁၂/ ၂ဝ၁၄၊ ပုဒ်မ ၃၃၈ အရ အရေးယူထားကြောင်း သိရသည်။
မြင့်နိုင်(ခ)နေလှိုင်း(စစ်ပင်ဆိပ်)
The Mirror Daily

0 comments:

Post a Comment