ဂျူးမုန်းတီးရေးဝါဒ အပြင်းအထန် တိုက်ဖျက်မည်ဟု ဂျာမနီဝန်ကြီးချုပ်ပြော


ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က ဂါဇာကမ်းမြှောင်က ပဋိပက္ခတွေအတွင်း အစ္စရေး ဆန့်ကျင်ရေး ခံစားချက်တွေ ထွက်ပေါ်နေတုန်းမှာ ဂျာမနီဟာ ဂျူးလူမျိုးတွေကို ဆန့်ကျင်တဲ့ အလွဲသုံးစားလုပ်မှုတွေနဲ့ ဂျူးမုန်းတီးရေးဝါဒတွေကို အပြင်းအထန် တိုက်ဖျက်သွားမယ်လို့ စက်တင်ဘာ ၁၄ ရက်နေ့ မြို့တော်ဘာလင် စီတန်းလှည့်လည်ပွဲ မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။

အာဏာပိုင်တွေနဲ့ ဂျူးခေါင်းဆောင်တွေဟာ မွတ်စလင် အစွန်းရောက်တွေနဲ့ လူငယ် ရွှေ့ပြောင်းနေ ထိုင်သူတွေအပေါ် အဓိက အပြစ်တင်ခဲ့ပြီး ဂျူးတွေကို တိုက်ခိုက်သူ ဘယ်သူမဆို ဒါဟာ ဂျာမန်တွေ အားလုံးကို တိုက်ခိုက်နေတာပဲလို့ ဆိုပါတယ်။


ဒီ စီတန်းလှည့်လည်မှုကို ဂျာမနီနိုင်ငံတွင်းက ဂျူးဗဟိုကောင်စီက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဂါဇာပဋိပက္ခကနေ ဂျူးဆန့်ကျင်ရေးဝါဒ ထွက်လာလို့ သူတို့ကို ခြိမ်းခြောက်သလို ခံစားရတယ်လို့ ဂျူးလူမျိုးခေါင်းဆောင်တွေက ပြောပါတယ်။

ကမ္ဘာ့ဂျူးလူမျိုးများ ကွန်ဂရက်ဥက္ကဋ္ဌ ရိုနယ် အဲ့စ် လောင်ဒါက ဂျူးဆန့်ကျင်ရေးဝါဒကို တိုက်ဖျက်တဲ့ ဂျာမနီဟာ ကမ္ဘာပေါ်မှာ တာဝန်ခံမှုအရှိဆုံး နိုင်ငံတွေထဲက တခုလို့လည်း ပြောပါတယ်။

ဂျူးမုန်းတီးရေးနဲ့ ပတ်သက်တဲ့ မတော်တဆမှု ဇွန်လမှာ ၅၃ မှုနဲ့ ဇူလိုင်လမှာတော့ ၁၃၁ မှု ရှိခဲ့တယ်လို့ ဂျာမနီအစိုးရက အစီရင်ခံထားပါတယ်။

မာကယ်လ်ကတော့ ဂျူးဆန့်ကျင်ရေးဝါဒကို တိုက်ဖျက်ဖို့ ဂျာမန်အစိုးရနဲ့ တရားစီရင်ရေးအာဏာပိုင်တွေက နည်းလမ်းအားလုံး လက်ထဲမှာ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

DVB

0 comments:

Post a Comment