ပလတ်စတစ်ဆာဂျီရီနဲ့ကိုးရီးယားသရုပ်ဆောင်များ

My lover from Starရုပ်သံစီးရီးဖြင့် အောင်မြင်လာသော မင်းသား ကင်ဆိုဟွမ်သည်မျက်နှာပြင်ကို ခွဲစိပ်ပြုပြင်ထား တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာ ခဲ့ပါသည်။

တရုတ်နိုင်ငံတွင်“My lover from Star” ရုပ်သံစီးရီးကိုအလွန် လူကြိုက်များခဲ့ကြပါသည်။ မင်းသားကင်ဆို ဟွမ်သည်ဇာတ်လမ်းတွဲကြောင့်လူ အများရဲ့စိတ်ဝင်စားခြင်းတွေကို ခံခဲ့ရပါသည်။ 

စိတ်ဝင်စားခံရခြင်းတွေနဲ့အတူကောလဟာလတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။သူရဲ့ကောလဟာအချို့ သည် ဆွဲဆောင်မှုရှိတဲ့ သူရုပ်ရည်နဲ့ပတ်သတ်နေခဲ့ပါတယ်။ သူရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာသွင်ပြင်သည်ခွဲစိပ်ခြင်းကြောင့်ရရှိလာခဲ့တာလို့ကောလဟာတွေ ထွက်ပေါ် လာခဲ့ပါတယ်။သူနဲ့ပတ်သတ်သော ကနေဦးပိုင်းထွက်ပေါ်လာ ခဲ့သော ကောလဟလသတင်းအချို့သည်နောက်ပိုင်း မှာတော့မီဒီယာတွေရဲ့ စာမျက်နှာပေါ်ရောက်ရှိလာခဲ့ ပါတယ်။တရုတ်နိုင်ငံမှမီဒီယာတွေ သည်တောင်ကိုးရီးယားစတားကိုမေးမြန်းခဲ့တာကတော့ခင်ဗျားမျက်နှာကိုဓားသွားအောက်မှာထားခဲ့သလားဆိုတာပါပဲ။”ကိုးရီးယားသရုပ်ဆောင်တွေကိုခွဲစိတ်ပြုပြင်တာတွေနဲ့ပတ်သတ်လို့မေးမြန်းကြရတဲ့အကြောင်းရင်းကတော့“တောင်ကိုးရီးယားနိုင်ငံတွင်ခွဲစိတ်ပြုပြင်ကြတာအလွန်ကို ပဲရေပန်းစားနေကြလို့ပါပဲ။”

My Girl ၊ဟိုတယ်ကင်းစီးရီးတွေနဲ့အောင်မြင်မှုတွေရခဲ့သော မင်းသမီးလီဒါဟဲသည်ခွဲ စိတ်ခြင်းတွေနဲ့ပတ်သတ်လို့ဝန်ခံသွားခဲ့ပါတယ်။“ကျွန်မမျက်နှာပြင်ကိုပြန်လည်ပြုပြင်ခဲ့ပါတယ်။နှာခေါင်းနဲ့မျက်ရစ်တွေအတွက်ခွဲစိတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ကျွန်မခန္ဓာကိုယ်အလေးချိန်တွေ အလွန်အမင်းကျဆင်းသွားတုန်းကလည်း ပြုပြင် မှုတွေ လုပ်ခဲ့ပါတယ်။
“Sping day ၊ The Queen `s classroom ”ဇာတ်လမ်းတွဲတွေနဲ့အောင်မြင် လာသောမင်းသမီးဂိုဟွမ်ဂျွန်သည်အသက် လေးဆယ်ကျော်သွားပေမဲ့ လည်း လှပနေဆဲပါပဲ။သူမကတော့သူမျက်နှာနဲ့ပတ်သတ်လို့ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းတော့ပြင် ထားပါတယ်လို့ပြောပြခဲ့ပါတယ်။
ကင်ဆိုဟွမ်ကို ခွဲစိတ်ပြုပြင်ထားသလားဆိုတဲ့မေးခွန်းနဲ့ပတ်သတ် လို့တောင် ကိုးရီးယားစတားရဲ့အဖြေကတော့“ကျွန်တော်ခွဲစိတ်ဖို့မလို အပ်သေးပါဘူး။ကျွန်တော့်အသက်ငယ်ပါသေးတယ်။”

အခုချိန်မှာတော့တောင်ကိုးရီးယားသရုပ်ဆောင်အဆိုတော်တွေသည်ခွဲစိတ်ပြုပြင်ခြင်းတွေနဲ့ပတ်သတ်လို့အရင်တုန်းကထက်ပိုပြီး တော့ပွင့်လင်းမှုတွေရှိလာပါပြီ။Golden Cross စီးရီးတွင်ပါဝင်သရုပ်ဆောင်ခဲ့သော မင်းသမီးလီဆီယွန်၏မျက်နှာလေးသည် ဆယ်စုနှစ်တွေကျော် လွန်လာခဲ့ လည်းပြောင်းလဲသွားခြင်းတွေမရှိခဲ့ပါဘူး။“Flower Boys Next Door” စီးရီးတွင်ပါဝင်သရုပ်ဆောင်ထားသော မင်းသမီးကင်ရုံးဟေသည် သူမ၏မျက်နှာဗွီရှိတ်လေးဖြစ်ဖို့အတွက် သူမရဲ့မေးရိုးတွေကိုပြုပြင်ခဲ့ပါသည်။

တောင်ကိုးရီးယားနိုင်ငံမှာတော့ ခွဲစိတ်ပြုပြင်ခြင်းတွေသည်ထူးဆန်း လှတဲ့ကိစ္စတစ်ရပ်တော့မဟုတ်တော့ပါဘူး။အထူးသဖြင့်နှာခေါင်းနှင့် မျက်ရစ်တွေပေါ်လွင်အောင်ပြုပြင်တဲ့ခွဲစိတ်ခြင်းတွေသည်သမားရိုးကျကိစ္စရပ်တွေဖြစ်သွားပါပြီ။အနုပညာသရုပ်ဆောင်တွေ အတွက် ကတော့ ခွဲစိတ်ပြုပြင်ခြင်းတွေသည်သူတို့လုပ်ငန်းတွေအတွက်ရင်းနှီးမြှုပ်နှံခြင်း တစ်မျိုးပါပဲ။

သက်(ref: kdramastars)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment