ဂိုးသွင်းခွင့်များ ဖန်တီးပေးခဲ့သော မက်ဆီကို ကစားဖော်နေမာ ချီးကျူးစကားဆို


ဘီလ်ဘာအို ကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ဂိုးများ သွင်းယူနိုင်အောင် ဖန်တီးပေး ခဲ့သော ကစားဖော် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီကို ဘာစီလိုနာ တိုက်စစ်မှူး နေမာက ချီးကျူးစကား ပြောကြားခဲ့သည်။ အဆိုပါ ပွဲတွင် ဘာစီလိုနာ အတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို လူစားဝင် ကစားခဲ့သော နေမာက သွင်းယူပေးခဲ့သည်။ နေမာသည် လူစားဝင်ရောက်ခဲ့ ပြီးနောက် မက်ဆီနှင့် တွဲဖက်ညီစွာ ကစားနိုင်ခဲ့ သဖြင့် ဂိုးများသွင်း ယူနိုင်ခဲ့ သည်။

နမာက မက်ဆီသည် ပွဲအဖြေ ပြောင်းအောင် ပြုလုပ်နိုင်စွမ်း ရှိသည့်ကမ္ဘာအကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခြေစွမ်းပြ ကစားနိုင်ခဲ့လို့ ပျော်ရွှင် ကျေနပ်မိပါတယ်။ ကျွန်တော့်ရဲ့ သွင်းဂိုးတွေ အတွက်လည်း ဂုဏ်ယူမိပါတယ်။ မက်ဆီဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခက်အခဲတွေ ရင်ဆိုင်ရမယ်လို့ ကြိုတင် သိရှိပြီးသား ဖြစ်ပါတယ်။ ခံစစ်ပိုင်းကို အကောင်းဆုံး ပြင်ဆင်ခဲ့ပြီး နိုင်ပွဲ ရရှိအောင် ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဒဏ်ရာ ကလည်း တဖြည်းဖြည်း ကောင်းမွန်လာပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ အသင်းရဲ့ ခြေစွမ်း ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ထားပါ တယ် ဟု နေမာက ဆိုခဲ့သည်။ ထို့အပြင် နေမာက မိမိသည် နိုင်ငံတကာ ပြိုင်ပွဲများ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ခြင်းကြောင့် ပွဲပန်းမှု အနည်းငယ်ရှိခဲ့ကြောင်း၊ ပထမ ဂိုးသွင်းယူ ပြီးနောက် ယခုနှစ်တွင် အကောင်းဆုံးခြေစွမ်းဖြင့် ကစားနိုင် လိမ့်မည်ဟု ယုံကြည်ထားကြောင်း ဆိုခဲ့သည်။ ဘာစီလိုနာ အသင်းသည် နည်းပြသစ် အင်းနရစ် လက်ထက်တွင် ခြေစွမ်းပြကာ သုံးပွဲစလုံး ပေးဂိုးမဲ့ဖြင့် အနိုင်ရရှိထား သည်။
Credit : Messenger

0 comments:

Post a Comment