ရုရှားကို ပိတ်ဆို့ အရေးယူမှု အမေရိကန် တိုးမြှင့်


ယူကရိန်း အရေးနှင့် စပ်လျဉ်းပြီး ရုရှား၏ ဘဏ် လုပ်ငန်း၊ ကာကွယ်ရေး နှင့် စွမ်းအင် လုပ်ငန်းများကို အမေရိကန် က ပိတ်ဆို့ အရေးယူမှုများ ထပ်မံ တိုးမြှင့် လိုက်ကြောင်း သိရသည်။

ဥရောပသမဂ္ဂ သည်လည်း ပြီးခဲ့သည့် ရက်ပိုင်း ကပင် ရုရှားကို ပိတ်ဆို့ အရေးယူမှု သစ်များ ထပ်မံ ချမှတ်ပြီး နောက် အမေရိကန် ကပါ ထပ်တိုး လိုက်ခြင်း ဖြစ်သည်။ ယူကရိန်းတွင် စစ်ရေးအရ ၀င်ရောက် စွက်ဖက်နေသော ရုရှားကို ထိန်းချုပ်ရန် အတွက် အမေရိကန် နှင့် ဥရောပ သမဂ္ဂတို့ ပူးပေါင်းပြီး ဘက်စုံ ပိတ်ဆို့ အရေးယူမှုများ ချမှတ်လျက် ရှိသည်။

ယူကရိန်း အရှေ့ပိုင်းမှ ခွဲထွက်ရေး သမားများ နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီ ဖြစ်သည့်တိုင် ရုရှားသည် ခွဲထွက်ရေး သမားများကို စစ်ရေး အရ ဆက်လက် ကူညီ ပေးနေကြောင်း အမေရိကန် နှင့် အနောက် နိုင်ငံများက စွပ်စွဲ ပြောကြားထားသည်။

ပိတ်ဆို့ အရေးယူမှု တိုးမြှင့် လိုက်ခြင်းသည် အမေရိကန်က ရုရှား နှင့် ထိပ်တိုက် မတိုး တိုးအောင် ဆောင်ရွက် လိုက်သည့် ရှုတ်ချ အပ်သော လုပ်ရပ် တစ်ရပ် အဖြစ် ရုရှား နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဝေဖန် ပြောကြား လိုက်သည်။

ရုရှားကလည်း တန်ပြန် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ် သွားမည်ဟု ရုရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာ ထားသည်။ ပိတ်ဆို့ အရေးယူမှု အသစ်အရ အမေရိကန် လုပ်ငန်းများသည် ရုရှား အကြီးဆုံး ဘဏ် Sberbank ကို ရက် (၃၀) ထက် ပိုသော ချေးငွေ ထုတ်ပေး ခြင်းမျိုး ပြုခွင့် မရှိကြောင်း သိရသည်။

ရုရှား၏ အဓိက နည်းပညာ နှင့် ကာကွယ်ရေး လက်နက် လုပ်ငန်း Rostec ကိုလည်း ပိတ်ဆို့ အရေးယူမှုများ ထပ်တိုး ချမှတ် လိုက်သည်။ ရုရှား ရေနံ လုပ်ငန်းများ အတွက် ပေးနေသော နည်းပညာ ၀န်ဆောင်မှု များကိုလည်း ပိတ်ပင် လိုက်ပြီ ဖြစ်သည်။

““ယူကရိန်းတွင် စစ်ရေး အရ ၀င်ရောက် စွက်ဖက် နေသော ရုရှား၏ အပြု အမူများကို တုံ့ပြန်သော အားဖြင့် ဥရောပ သမဂ္ဂနှင့် လက်တွဲပြီး ပိတ်ဆို့ အရေးယူမှု တိုးမြှင့်လိုက်သည်”” ဟု အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဂျက်ကော့လူး က ပြောသည်။

ယူကရိန်း ငြိမ်းချမ်းရေး ပြန်လည် ဖော်ဆောင်ရေးတွင် ရုရှားက ကူညီပါက ရုရှားအား ပိတ်ဆို့ အရေးယူ ထားမှုများ ပြန်လည် ဖြေလျှော့ပေးမည် ဖြစ်ကြောင်း သိရသည်။

Source: AFP

0 comments:

Post a Comment