ဆီးရီးယားရှိ IS အဖွဲ့ကို လေကြောင်း တိုက်ခိုက်ရာတွင် ဆီးရီးယား အစိုးရ နှင့် လုံးဝ ပူးပေါင်း ဆောင်ရွက်မည် မဟုတ်ဟု ကယ်ရီပြော


ဆီးရီးယား နိုင်ငံဘက်ခြမ်းရှိ အစ်္စလာမ် နိုင်ငံတော် အဖွဲ့ (IS) မဖြစ်စေသော နည်းမျိုးဖြင့် ရည်မှန်းချက် ပေါက်မြောက်အောင် ဆောင်ကြဉ်း သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက တနင်္ဂနွေနေ့တွင် ထုတ်ပြန် ပြောကြားလိုက်သည်။


““ဆီးရီးယား အစိုးရ အနေနဲ့ နောက်ထပ် နောင်တရစရာ ခြေလှမ်းမျိုး ထပ် မလှမ်းအောင် ကျွန်တော်တို့ ဦးဆုံး လုပ်ပါမယ်။ IS ကို လေကြောင်း တိုက်ခိုက်မှုကို ဆီးရီးယား က ကန့်ကွက်ခြင်း မရှိအောင် စီစဉ် နေပါတယ်။ ဒါပေမဲ့ ဆီးရီးယား နဲ့တော့ ပူးပေါင်း ဆောင်ရွက်ဖို့ မရှိဘူး ဆိုတာ ထပ်လောင်း ပြောလိုပါတယ်”” ဟု မစ္စတာ ကယ်ရီက CBS သတင်း ဌာန၏ Face the Nation ရုပ်သံ စကားပြောခန်း တွင် ပြောကြား လိုက်ခြင်း ဖြစ်သည်။


မစ္စတာ ကယ်ရီသည် စနေနေ့ က ပါရီမြို့တွင် အစည်းအဝေး ပြုလုပ်ပြီး IS အား တိုက်ခိုက် ချေမှုန်းရေး စည်းဝေး တိုင်ပင်ခဲ့သည်။ IS ကို ချေမှုန်းရန် လိုအပ်သော ရင်းမြစ် အားလုံး၊ အထောက်အပံ့ အားလုံး၊ အင်အား အားလုံး စုစည်း ထားနိုင်ပြီဟု မစ္စတာ ကယ်ရီက ပြောသည်။ အရှေ့ အလယ်ပိုင်း နိုင်ငံများသာမက၊ ဝေးကွာသော နေရာများမှ အမေရိကန် ၏ မဟာမိတ် နိုင်ငံများကပါ IS ကို ချေမှုန်းရေး တွင် လေကြောင်း အကူအညီ သာမက မြေပြင်တပ်များ စေလွှတ်ရေး ထိပါ ကူညီမည်ဟု ကတိ ပေးထားကြပြီဟု မစ္စတာ ကယ်ရီက ပြောကြား သွားသည်။


IS အဖွဲ့သည် ဆီးရီးယား နှင့် အီရတ် နယ်မြေ အများအပြားကို သိမ်းပိုက် ထားပြီး အကြမ်းဖက် သတ်ဖြတ်မှု အများအပြားကို ပြုလုပ်လျက် ရှိသည်။ ခရစ်ယာန်များ၊ ယာဇီဒီများ၊ ရှီယိုက်များ ကိုလည်း ပစ်မှတ်ထား သတ်ဖြတ်လျက် ရှိသလို အမေရိကန် သတင်းထောက် နှစ်ဦးနှင့် ဗြိတိန် ပရဟိတ ၀န်ထမ်း တစ်ဦးကိုလည်း သတ်ဖြတ်ပြီး သတ်ဖြတ်ပုံ များကိုပါ အင်တာနက် သို့တင်ကာ ခြိမ်းခြောက် ခဲ့သဖြင့် ကဗ္ဘာ တစ်ဝန်းက စက်ဆုပ် ရွံ့ရှာခဲ့ရသည်။


ဆီးရီးယား အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘဲ အမေရိကန်သည် ဆီးရီးယား မြေပေါ်မှ IS အကြမ်းဖက် သမားများကို မည်သို့ တိုက်ခိုက်မည်ကို မစ္စတာ ကယ်ရီက ရှင်းလင်း တင်ပြခြင်း မရှိသေး။ ဆီးရီးယား သည် လေကြောင်း ကာကွယ်ရေး အင်အား ကောင်းကောင်း ရှိသော နိုင်ငံဖြစ်ရာ အမေရိကန် နှင့် မဟာမိတ်များ၏ လေယာဉ်များ အတွက် စိန်ခေါ်မှုကြီး ဖြစ်လာမည် ဖြစ်သည်။


Source: AFP

0 comments:

Post a Comment