၅ လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဘီလီယံကျော်ဝင်

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ၅ လတာကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော် ရှိပြီမို့ အခုနှစ် လျာထားချက်ရဲ့ တ၀က်ကျော် ပမာဏ ရောက်ရှိနေပြီလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။

လက်ရှိ ဘဏ္ဍာရေးနှစ် နိုင် ငံခြား မြှုပ်နှံ မှု ရည်မှန်းချက် အမေရိကန်ဒေါ်လာ ၅ ဘီလီယံမို့ နှစ်ဝက် မတိုင်ခင် တ၀က်ကျော် ၀င်ရောက်ခဲ့ပြီး ဘဏ္ဍာရေးနှစ်ကုန် ရင် မျှော်မှန်းထားတာ ထက် ပိုပြီး ၀င်ရောက်လိမ့်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃ ဘီလီယံ ၀င်ရောက်ဖို့ လျာထားခဲ့ပေမယ့် ၄ ဘီလီယံကျော်သည်အထိ တိုးတက် ၀င်ရောက်ခဲ့ကြောင်း စာရင်းတွေမှာ ဖော်ပြထားပါတယ်။
DVB

0 comments:

Post a Comment