မျိုးစောင့် ဥပဒေ (၃) ရပ် ပေါ်ပေါက်လာရေး ဆန္ဒခံယူပွဲ ပြုလုပ်ရန် မ.ဘ.သ အားလျှောက်ထား


ကျန်ရှိနေသေးသော မျိုးစောင့်ဥပဒေပါ ဥပဒေသုံးရပ် လျင်မြန်စွာ ပေါ်ပေါက်နိုင်ရေး အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့  မ.ဘ.သ (ဗဟို) မှ ဦးဆောင်ကာ ရန်ကုန်မြို့တွင် လူထု ဆန္ဒခံယူပွဲ ပြုလုပ်ရန် မ.ဘ.သ (ဗဟို) ဗဟို ကော်မတီဝင် ဓမ္မစက္က ဦးမောင်မောင် က မ.ဘ.သ (ဗဟို) ဆရာတော်များအား တိုက်တွန်း လျှောက်ထားသည်။ 

အရင်တုန်းက ဆန္ဒခံယူပွဲ ပြုလုပ်ပြီးတဲ့ အခါ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ဆိုပြီး ပေါ်ပေါက်လာတယ်။ အကြံဉာဏ်တွေ ပေးပါဆိုလို့ အရေးပေါ် အစည်းအဝေး ခေါ်ပြီး အကြံဉာဏ်တွေ ပေးခဲ့တယ်။ ကျန်တဲ့ဥပဒေတွေ မပေါ်လာသေးဘူး။ သူတို့ ပြောတာတော့ ပြီးသွားပြီ။ ဒါပေမဲ့ ကျွန်တော်တို့ မတွေ့ရသေးဘူး။ ဒါကြောင့် ချိန်သားကိုက် ပုံစံမျိုးနဲ့ လုပ်ဖို့ လျှောက်ထားတာပါ ဟု ဓမ္မစက္က ဦးမောင်မောင် ကပြောသည်။ 

လက်ရှိအချိန်တွင် ပြည်ထောင်စု လွှတ်တော်မှ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ မူကြမ်းအား ထုတ်ပြန်ခဲ့ပြီး လက်ထပ် ထိမ်းမြားခြင်း ဥပဒေမူကြမ်း၊ လူဦးရေ ထိန်းညှိခြင်း ဥပဒေ မူကြမ်းနှင့် တစ်လင်တစ်မယား စနစ်ဆိုင်ရာ ဥပဒေမူကြမ်းတို့ကို မထုတ်ပြန်သေးပေ။ ဆန္ဒခံယူပွဲ ပြုလုပ်မည့် အသေးစိတ် အခြေအနေများကို ဆရာတော်များနှင့် တိုင်ပင် ပြီးနောက် သတင်း ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဓမ္မစက္က ဦးမောင်မောင်က ပြောသည်။

The Messenger

0 comments:

Post a Comment