Viber ဖြင့် ဗီဒီယိုဖုန်းခေါ်ဆိုမှု အသုံးပြုနိုင်ပြီ


မိုဘိုင်းဖုန်းနှင့်ကွန်ပျူတာ PC များတွင် အသုံးပြုနိုင်သော Viber application ဖြင့် ဗီဒီယိုဖုန်းခေါ်ဆိုနိုင်ပြီဟု Viber ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ 

Viber ဗားရှင်းအသစ် Viber 5.0 ကို Android ၊ IOS ၊ Windows သုံး စမတ်ဖုန်းများအတွက်သာ မက PC ကွန်ပျူတာများတွင် အသုံးပြုနိုင်မည့်အပြင် အခြား Features အသစ်များကိုလည်း ပြောင်းလဲ ထုတ်လုပ်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

Viber ၏ CEO ဖြစ်သူ Talmon Marco က “ဗီဒီယိုခေါ်ဆိုမှု ( Video Calling ) ကို မိုဘိုင်းဖုန်းတွေမှာ အသုံပြုနိုင်အောင်ဖန်တီးနိုင်ခဲ့လို့ ကျေနပ်ပါတယ်။ အခုဆိုရင် ဖုန်းသာမက PC နဲ့ Mac ပေါ်မှာပါ တစ်ပြိုင်တည်း သုံးနိုင်ပါပြီ” ဟု ပြောသည်။

ဗားရှင်းအသစ်တွင် ဗီဒီယို ခေါ်ဆိုမှုသာမက သူငယ်ချင်းများ၏ Viber နံပါတ် ရိုက်ထည့်ခြင်းဖြင့် မိမိမိုဘိုင်းဖုန်းတွင်ရှိသော Contacts များကို အလွယ်တကူ စီမံခန့်ခွဲနိုင်သည့် နည်းစနစ်များကိုလည်း ထပ်မံ ထည့်သွင်းပေးထားသည်။

Viber ကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Register ပြုလုပ်ထားသူ သန်း ၆၀၈ သန်း အထိ ရှိနေပြီး နေ့စဉ် ပုံမှန်အသုံးပြုနေသူ သန်း ၄၀၀ ကျော် ရှိနေသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် Viber အသုံးပြုသူမှာ ငါးသန်းကျော်အထိ ရှိနေပြီဟုလည်း Viber ကုမ္ပဏီ၏ စာရင်းများအရ သိရသည်။ 

Viber app အသုံးပြုသူ ကိုရှိန်းကိုကို က “Viber က အင်တာနက်လိုင်းနဲ့ အသုံးပြုရတာဆိုပေမယ့် ဖုန်းခေါ်ဆိုမှု၊ အသုံးပြုမှုတွေ အားလုံးက အခမဲ့ သုံးနေရတယ်။ ဒါ့ကြောင့်လည်း Viber ကို ပိုမိုအသုံးပြုလာကြတာပါ” ဟု ပြောသည်။

Viber ဗားရှင်အသစ် 5.0 တွင် စတစ်ကာ ရွေးချယ်မှု ပုံစံများကို On/Off လုပ်နိုင်ကာ Photo messageများကိုလည်း အလွယ်တကူ Forward ပြုလုပ်နိုင်မည်ဖြစ်သည်။

0 comments:

Post a Comment