ပန်ကာထိန်းခလုတ် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်


မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် အကွက် ၈ဝ၆၊ ၆၂ လမ်း ၂၇ လမ်း နှင့် ၂၈ လမ်းကြား အိမ်အမှတ် ၂၉၆ ရှိTHE BEST INTERNA- TIONAL Co., Ltd. ဓာတ်မြေသြဇာ ကုမ္ပဏီအောက်ထပ်တွင် ယနေ့နံနက် ၈ နာရီ မိနစ် ၂ဝ ခန့်က လျှပ်စစ်မီး ကို ပေါ့ဆစွာ အသုံးပြုခဲ့ခြင်း ကြောင့် မီးလောင်မှုတစ်ရပ် ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါကုမ္ပဏီ အောက်ထပ်အတွင်း လယ်ယာ လုပ်ငန်းသုံး ဓာတ်မြေသြဇာပစ္စည်း များထားရှိသည့် စတိုခန်း၌ ယနေ့ နံနက်မိုးရွာနေချိန် လျှပ်စစ်ပန်ကာ ထိန်းခလုတ် အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ရာမှတစ်ဆင့် မီးခိုး များ အူထွက်ကာ လျှပ်စစ်မီးကြိုးနှင့်THE BEST တံဆိပ်Nano သဘာဝဓာတ်မြေသြဇာအထုပ်များ၊ အခန်းတွင်းပစ္စည်းများကို မီးကူးစက် လောင်ကျွမ်းခံခဲ့ရခြင်း ဖြစ်သည်။ မီးလောင်ရာသို့ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးလှမင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် ၂၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၂ဝ၊ မီးသတ်ရေယာဉ် အစီး ၂ဝ တို့ ရောက်ရှိကာ မီးလောင်မှုဖြစ်ပွားခဲ့ သည့် ဓာတ်မြေသြဇာကုမ္ပဏီ အောက်ထပ် စတိုခန်းကို ဒေသခံ ပြည်သူများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ နံနက် ၉နာရီ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရ သည်။ အဆိုပါလောင်ကျွမ်းမှု၌ လျှပ် စစ်မီးအား ပေါ့လျော့စွာ အသုံးပြု၍ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် THE BEST INTERNATIONAL Co., Ltd. ဓာတ်မြေသြဇာကုမ္ပဏီ တာဝန်ခံ ဦးမျိုးခန့် (၃၇နှစ်) ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




Myanmaalinn

0 comments:

Post a Comment