အရက်အတူသောက်ရာမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား


အရက်အတူတူသောက်ရင်းစကားများရန်ဖြစ်ကြရာမှ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးက ဓားဖြင့် ထိုး၍အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့ နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ ကံ့ ကော်မြိုင်လမ်းတွင် စက်တင်ဘာ ၁၁ ရက်ညက အမျိုးသားနှစ်ဦးစကားများရန်ဖြစ်ရာ အသက်(၁၉)နှစ်အရွယ်ရှိ လူငယ်က ဓားဖြင့် ထိုးလိုက်ရာ အသက်(၃၀) အရွယ် အမျိုးသားမှာ လည်ပင်း ညာဘက်တွင် ဓားဒဏ်ရာဖြင့်လမ်းမပေါ်တွင် လဲကျသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့နှစ်ဦးမှာ သမီးရည်းစားကိစ္စဖြင့် စကားများကြစဉ် သေဆုံးမည့်သူက ဓားဖြင့်ထိုးသူကိုပါးရိုက်ခဲ့၍ မကျေမနပ်ဖြစ်ကာ ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်ဟုဆိုသည် ။

‘‘ရန်ကုန်ရဲတပ်ဖွဲ့ဖေ့စ်ဘွတ်ခ်မှာ သမီးရည်းစားကိစ္စကြောင့် ဓားထိုးမှုဖြစ်တယ်လို့ ရေးထားတာမှားနေတယ်။ အခုပဲ ကျွန်တော်စစ်ပြီးပြီ။ အရက်အတူတူသောက်ရင်း စကားများရာက ပါးရိုက်ခံရတာကို အငြိုးအတေးထားပြီး ဓားနဲ့ ထထိုးလိုက်လို့ သေသွားတာလို့ ဖြောင့်ချက်ပေးထားတယ်’’ဟု ၎င်းအမှုကို စစ်ဆေးနေသော ဒုရဲမှူးတစ်ဦးက ပြောသည်။

ထို့ကြောင့် ဓားဖြင့်ထိုးသူ လူငယ်အား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ယခုနှစ်ဇန်န၀ါရီမှ ဇွန်လအ ထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူသတ်မှုပေါင်း ၁၀၂ မှုဖြစ်ခဲ့ရာ တွင် ၈ မှုမှာ အရက်သောက်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲ မှတ်တမ်းအရ သိရှိရသည်။ ထို့ ကြောင့် ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ သမျှ လူသတ်မှုတိုင်း၏ ၈ ရာခိုင် နှုန်းမှာ အရက်သောက်ခြင်းကြောင့်ဖြစ်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရှိရသည်။

by 7day

0 comments:

Post a Comment