နာမည်ထွက်နေတဲ့ ကောင်းပြည့်နဲ့ မိုးယုစံ ရှင်းတမ်း


လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်က သရုပ်ဆောင်ကောင်းပြည်နဲ့ မိုးယုစံတို့ နှစ်ဦးသား တရုတ်တန်းမှာ လက်တွဲလမ်းလျှောက်သွားကြတယ်ဆိုတဲ့ သတင်းကြောင့် သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာ အွန်လိုင်းမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိုးယုစံကို မေးကြည့်လိုက်တော့ သူမက“တရုတ်တန်းမှာ ကောင်းပြည့်နဲ့ကိစ္စက မိုးယုတောင် သေချာမသိဘူး။ ညီမ ကိုယ်တိုင်လဲ ဘာမှန်းကို မသိဘူး။ facebook ဆိုတာ အရမ်းကိုတွင်ကျယ်လာတယ်။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရောဆိုတော့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး မိုးယုဖက်က ဘာမှတော့ ပြောစရာမရှိဘူး။ ဒီအချစ်ကိစ္စနဲ့ပတ်သတ်ပြီး သတင်းမထွက်ဖူးဘူး။ အဲ့ဒီတွက် ဒါဟာပရိသတ်တွက် ထူးဆန်းမှုတစ်ခုဖြစ်ရင်ဖြစ်မယ်။ နောက်ပြီးတော့ အမှန်တိုင်းပြောရင် မုန့်သွားစားတာပါ။ ညီမတို့နှစ်ယောက် အနုပညာရှင်တွေလဲဖြစ်တယ်။ တခြားလူငယ်တွေလို လူငယ်ပီပီ လွတ်လွတ်လပ်လပ် သွားချင်တဲ့ စိတ်လဲ နှစ်ယောက်လုံးမှာရှိတယ်။ အပြင်လူတွေလိုပဲ သူငယ်ချင်းလိုပဲ သွားဖြစ်ကြတာပါ။ အဲ့နေ့က အလုပ်ကိစ္စလေးတွေလဲရှိလို့ပါ။ လက်တွဲသွားလား မတွဲသွားလား မိုးယုလဲ မသိပါဘူး။ သူက မဟုတ်ဘူးလို့ ဖြေထားတာမို့ သူဖြေထားသလိုပါပဲ”တဲ့။

သူမရဲ့ အချစ်ရေးအခြေအနေ ထူးခြားမှုရှိမရှိ ထပ်မေးကြည့်လိုက်တဲ့အခါမှာတော့ “ခုချိန်မှာ ရေရေရာရာဘယ်ဟာက အချစ်စစ်လဲဆိုတာ မသိသေးပါဘူး။ မိုးယုရဲ့မိဘတွေကတော့ မိန်းကလေး တစ်ယောက်လဲဖြစ်တယ်။ အနုပညာရှင် တစ်ယောက်လဲဖြစ်တော့ အိမ်ကတော့ လွတ်လပ်ခွင့်မပေးဘူး။ အစက ဆုံးဖြတ်ထားတာ ဒီလောကထဲက လူပဲဖြစ်ဖြစ် အပြင်လောကက လူပဲဖြစ်ဖြစ် ဘယ်ဟာလဲဖြစ်ဖြစ် ကိုယ့်ရဲ့ဘ၀လက်တွဲဖော်က ရှိပြီးသားဆိုတော့ အဲ့ဒါကို မိုးယု လက်ခံပါတယ်။ နောက်ပြီးတော့ ညီမက လိုချင်တာများတယ်။ ငယ်ငယ်ကတည်းက အဖော်မရှိပဲ အထီးကျန် နေခဲ့ရတဲ့အတွက် ညီမအတွက်က အဖော်တစ်ယောက်ရပြီဆိုရင် လိုချင်တာတွေ အရမ်းများသွားတတ်တယ်။ အဲ့ဒါက တစ်ဖက်လူအပေါ်မှာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာတော့မသိဘူး။ အချစ်ဆိုတာ မိုးယုအတွက်တော့ ပူလောင်ပါတယ်။”လို့ သူမက ဖွင့်ဟသွားပါတယ်။
Trend Myanmar

0 comments:

Post a Comment