ဝက်နှလုံးဖြင့်လူသားများတွင်အစား ထိုးကုသနိုင်တော့မည်


အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်လူပေါင်း၃၀၀၀လောက်ဟာ နှလုံးအစားထိုး ကုသဖို့ စောင့်ဆိုင်း နေကြရပါတယ်။ သို့သော် နှစ်စဉ် နှလုံးအလှူရှင်သည် ၂၀၀၀သာရှိပါ တယ်။ အမျိုးသားနှလုံး၊ အဆုတ်နှင့် သွေးဌာနမှ ဒေါက်တာမိုဟာမက်ဟီ ဒင်ကတိရစ္ဆာန်နှလုံးကို လူသားတွေ မှာ အစားထိုးကုသဖို့ လေ့လာခဲ့ပါ တယ်။

ထိုကဲ့သို့ အစားထိုးကုသခြင်း ကို Xenotranspiantation လို့ ခေါ် ပါတယ်။ ထိုကဲ့သို့ အစားထိုးပြုလုပ်ရန် ဗီဇနှင့် ကိုယ်ခံအားဆိုင်ရာ ပညာရှင်တွေလိုအပ်ပါတယ်။ ထိုသို့ အစားထိုးကုသရာတွင် အဓိက အခက်အခဲနှစ်ခုရှိပါတယ်။


တစ်ခုက ဗီဇဆိုင်ရာအင်ဂျင်နီယာများက လူ သား၏ဗီဇနှင့် တူညီအောင်ပြုလုပ်ဖန် တီးယူရခြင်းဖြစ်ပြီး နောက်တစ်ခုက တော့ ကုသပြီးနောက်ပိုင်း တွင် ခန္ဓာ ကိုယ်မှ ပြန်လည်ဆန့်ကျင်ခြင်း (Rejection) အတွက် ခုခံအားကို ဖိနှိပ်ဖို့လိုပါတယ်။

ထိုစမ်းသပ်မှု အတွက် လူသားများနှင့် ခန္ဓာဗေဒ ချင်းတူညီနေတဲ့ဝက်၏နှလုံးကို လူသားဗီဇ (Gene) နှင့် ပြုလုပ်ဖန်တီးပြီး မျောက်ဝံတွေမှာ အစားထိုးကြည့်သော အခါ ရက်ပေါင်း ၂၀၀ခန့် အသက်ရှင် ကြောင်းတွေ့ခဲ့သည်။

““Xenotransplantation”” နည်းနဲ့ လူသားအင်္ဂါရပ် တွေ လှူဒါန်းမှုပြတ်တောက်မှုကို ဖြည့်ဆည်းပေးနိုင်တော့မှာပါ။ ဒါဟာ လူသားတွေမှာ တိရစ္ဆာန်အင်္ဂါနဲ့ အစားထိုးကုသနိုင်တော့မယ့် လမ်းစ ပါပဲ””ဟု ဒေါက်တာ မိုဟာမက်မိုဟီဒင်က ပြောပါသည်။
Ref;MNT
HealthUpdates Journal

0 comments:

Post a Comment