ဆီးရီးယားရှိ IS အား လေကြောင်းတိုက်ခိုက်မှုတွင် ဂျာမဏီမှ ပါဝင်မည်မဟုတ်

ဆီးရီးယားရှိ IS အား လေကြောင်းတိုက်ခိုက်မှု၌ ပါဝင်ရန် မိမိတိုင်းပြည်အား မတောင်းဆိုခဲ့သလို တိုက်ခိုက်သူများ အနက်တွင်လည်း ပါဝင်မည်မဟုတ်ဟု ဂျာမဏီနိုင်ငံခြားရေး ၀န်ကြီး ဖရန့်ဝေါလ်တာစတိန်းမိုင်ယာ ပြောကြားသည်။

စတိန်းမိုင်ယာသည် ရည်ရွယ်ချက်တူ မဟာမိတ် ဗြိတိသျှမှ ဖီးလစ်ဟမ်မွန်နှင့် ပူးတွဲပြုလုပ်သော ဘာလင်မြို့သတင်းစာရှင်းလင်းပွဲတွင် “ကျွန်တော်တို့နိုင်ငံအနေနဲ့ IS သို့မဟုတ် အလားတူ အစွန်းရောက်အဖွဲ့တွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ ဗျူဟာ မရှိပါဘူး။ ဒါကြောင့် ဒီအဖွဲ့ရဲ့ အင်အားနဲ့ လက်တံကို ထိန်းချုပ်ဖို့ နည်းလမ်းရှာမှ ဖြစ်ပါမယ်။ စစ်အင်အားသုံးမှု တစ်မျိုးတည်းနဲ့ ဒီပြဿနာကို ဖြေရှင်းလို့ မရနိုင်ပါဘူး” ဟု အမေရိကန်သမ္မတ၏ IS အပေါ် စစ်ရေး အရဖြေရှင်းမှုသာ အသုံးပြုမည့် မိန့်ခွန်းအား ရည်ညွှန်း၍ ပြောဆိုခဲ့သည်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဖီးလစ်ဟန်မွန်ကမူ IS ကိုဆန့်ကျင်သော အီရတ်မြောက်ပိုင်းရှိ ကာဒစ္စတန်ပြည်နယ် အစိုးရအား လက်နက်တပ်ဆင် ကူညီပေးခြင်းကို အားပေးခဲ့သည်။ ၎င်းက အနောက်တိုင်း ဒီမိုကရက်တစ် အသိုင်းအ၀ိုင်း လုံခြုံရေးအပေါ် ကာကွယ်မှုဆိုင်ရာ ဂျာမဏီ၏အရေးပါမှုကို နှပ်ကြောင်းပေးပြောဆိုခဲ့ပြီး၊ အိုဘားမားချမှတ်သည့် ဗျူဟာအား ဗြိတိန်မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ref_The Middle East Monitor

0 comments:

Post a Comment