စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀ ဖမ်းဆီးရမိ


စက်တင်ဘာ ၁ဝ ရက်က မူးယစ် တပ်ဖွဲ့စု(၃ဝ)တာချီလိတ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့ လွယ်တော် ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်း၌ မိုင်းဆတ်ဘက်မှ ကျလောဆိုသူ မောင်းနှင်ပြီး လုကာဆိုသူလိုက်ပါလာသည့် ဆိုင်ကယ်ကိုရှာဖွေရာ ကျလောထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ဝ သိမ်းဆည်းရမိသဖြင့် ကျလော (၂၉ နှစ်)နှင့် လုကာ(ခ) ကျကာ (၃၂နှစ်)တို့နှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားသည်။

Myanmaalinn

0 comments:

Post a Comment