ဥသျှစ်ပင်တွင် ကားချောက်ထဲထိုးကျပြီး ယာဉ်မောင်းနှင့် ကလေးငယ်တစ်ဦးသေဆုံး


ပန်းတောင်းမြို့နယ်၊ ဥသျှစ် ပင်မြို့၊ ပြည်-တောင်ကုတ်လမ်း တွင် ခရီးသည်များ တင်လာသည့်တီအီးကားတစ်စီး လမ်းဘေး ချောက်ထဲထိုးကျရာ (၂)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ယာဉ် မောင်းသေဆုံးခဲ့ပြီး ၂၃ ဦး ဒဏ် ရာရရှိကြောင်း သတင်းရရှိသည်။

‘‘ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ပေ ၂၀၀ လောက် အနက်ရှိတဲ့ ချောက်ထဲထိုးကျ သွားတယ်။ ကျန်တဲ့ဒဏ်ရာရသူ တွေကိုတော့ ဆေးရုံပို့ထားပြီး မစိုးရိမ်ရဘူးလို့ သိရတယ်’’ဟု ဥသျှစ် ပင်နယ်မြေ ရဲစခန်းမှူးက ပြော သည်။

စက်တင်ဘာ ၁၁ ရက် ညနေ ၆ နာရီခွဲက သံတွဲမြို့၊ သစ် ထုတ်လုပ်ရေးစခန်းမှ မိသားစုဝင် များ တင်ဆောင်လာသည့် တီအီး ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်အတွင်း ထိုးကျသွားခဲ့ခြင်း ဖြစ်သည်။ ဥသျှစ်ပင်မြို့၊ ဆင်လန်ရွာအနီး ပြည်- တောင်ကုတ်လမ်း၊ မိုင်တိုင်အ မှတ် ၃၃/၃ အနီးတွင်ဖြစ်ပြီး အသက်(၂)နှစ်အရွယ် ယောက်ျားလေးတစ်ဦးနှင့် အသက် (၅၆)နှစ်အရွယ် ယာဉ်မောင်းတို့ သေ ဆုံးခဲ့ကာ ကားပေါ်တွင်ပါလာ သည့် ကလေး ၁၂ ဦးနှင့် လူကြီး ၁၁ ဦးမှာ ဒဏ်ရာများအသီးသီး ရရှိခဲ့ပြီး ဆေးရုံတွင် အတွင်း လူနာအဖြစ် ၁၄ ဦး၊ ပြင်ပလူနာအဖြစ် ကိုးဦးကုသမှုခံယူခဲ့ရကြောင်း သိရသည်။


‘‘အဲဒီဘက်လမ်းတွေက အန္တရာယ်များတယ်။ သွားတော့ မယ်ဆိုရင် ကားကြံ့ခိုင်မှုတို့ ဘာ တို့ သေချာစစ်ဆေးပြီး သတိအ ရမ်းထားရတဲ့ လမ်းပါ။ ဖြစ်လိုက် ရင် ချောက်ထဲ ထိုးကျတာဖြစ်ပြီး လူသေတာများတယ်။ ဟိုတစ် လောကလည်း ၀ါးသယ်ကား ချောက်ထဲ ထိုးကျပြီး လူတစ် ယောက်သေသွားသေးတယ်’’ ဟု ဥသျှစ်ပင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

by 7day

0 comments:

Post a Comment