အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ရန် ညွှန့်ပေါင်းအဖွဲ့ ဖွဲ့စည်းမည်

အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် ကျယ်ပြန့်တဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

ဒါပေမယ့် ဆီရီးယားအရေးမှာ အီရန်ရဲ့ ပတ်သက်မှုနဲ့ တခြားဆွေးနွေးဆဲ ကိစ္စတော်တော်များများကြောင့် ညွန့်ပေါင်းထဲမှာ အီရန်ကို ထည့်သွင်းဖို့ကတော့ မသင့်တော့ဘူးလို့လည်း ဆိုပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အကြမ်းဖက်အဖွဲ့ (ဓာတ်ပုံ – ရိုက်တာ)အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေကို ဆီရီးယားနဲ့ အီရတ် နယ်စပ်တကျောမှာ တိုက်ခိုက်သွားဖို့ သမ္မတ အိုးဘားမားရဲ့ အစီအစဉ် အကောင်အထည်ဖော်ဖို့အတွက် ဂျွန်ကယ်ရီဟာ အရှေ့အလယ်ပိုင်းမှာ စည်းရုံးရေးထွက်နေတာဖြစ်ပါတယ်။



“အာရတ်နိုင်ငံတွေ၊ အီးယူနိုင်ငံတွေ၊ အမေရိကန် ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေ ပါဝင်တဲ့ ညွန့်ပေါင်းဖွဲ့သွားဖို့ကိစ္စဟာ အဆင်ပြေပါတယ်”လို့ တူကရီနိုင်ငံ အန်ကာရာမြို့မှာ ဂျွန်ကယ်ရီက ပြောပါတယ်။

ပြင်သစ်ကလည်း အီရတ်အရေးမှာ လက်တွေ့ပါဝင်ပြီး အင်အားသုံးသွားဖို့ ပြောဆိုထားပြီး ဖြစ်သလို လောလောဆယ်မှာတော့ ဘယ်နိုင်ငံက ဘယ်လိုတာဝန်ကို ယူသွားမလဲဆိုတာကို ပြောဖို့ စောသေးတယ်လို့ ပြောပါတယ်။

သင့်တော်တဲ့အချိန်မှာ အသေးစိတ်ကို ချ ပြမယ်လို့ ဆိုပါတယ်။ ဆီရိယား၊ အီရတ်တို့နဲ့ နယ်နမိတ်ချင်း ရှည်ရှည်လျားလျား ဆက်နေတဲ့ နေတိုးအဖွဲ့ဝင် တူရကီဟာ ဒေသတွင်းမှာ အမေရိကန်ရဲ့ အရေးကြီးတဲ့ မဟာမိတ်နိုင်ငံဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်အထိ စစ်ဆင်ေ၇းမှာ ပါဝင်ဖို့ ကိစ္စကို တူရကီက လက်ရှောင်နေပါတယ်။ ဂျွန်ကယ်ရီရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း တူရရီ ခေါင်းဆောင်တွေ လူလုံးထွက်မပြပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကတော့ ဂျွန်ကယ်ရီဟာ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်နဲ့ ဆော်ဒီ၊ ကာတို့ ပါဝင်တဲ့ ပင်လယ်ကွေ့ ၆ နိုင်ငံတို့ဆီက စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်မယ့် ကတိက၀တ်ကို ရရှိထားပြီး ဖြစ်ပါတယ်။

By ဒီဗွီဘီ

0 comments:

Post a Comment