iOS ပေါ်ရှိ Skype App မှတစ်ဆင့် Group Audio Call ပြုလုပ်နိုင်ပြီး


ကမ္ဘာကျော် VOIP ၀န်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် Skype ၏ ၀န်ထောင်မှုအသစ်အနေဖြင့် iPhone နှင့် iPad မှတစ်ဆင့် Skype သုံးစွဲသူများအနေဖြင့် အုပ်စုဖွဲ့ဖုန်းခေါ်ဆိုစကားပြောဆိုမှု Group Audio Call 
ကိုပြုလုပ်နိုင်တော့မည်ဖြစ်သည်။

အုပ်စုဖွဲ့ဖုန်းခေါ်ဆိုစကားပြောဆိုမှု Group Audio Call ၀န်ဆောင်မှုကို Skype မှ iOS အတွက်ရေးဆွဲထုတ်လုပ်ထားသည့် Skype App ပေါ်တွင်မြှင့်တင်ပေးလိုက်ခြင်းဖြစ်ပြီး မိတ်ဆွေသူငယ်ချင်း ၄ ဦးအထိ ဖုန်းခေါ်ဆိုပြောဆိုနိုင်မည်ဖြစ်သည်။အုပ်စုဖွဲ့ဖုန်းခေါ်ဆိုစကားပြောမှုပြုလုပ်ရန်အတွက် မိမိတို့၏ Skype App အတွင်းမှ Group ဖွဲ့စည်းထားသည့် Group ၏အောက်ခြေတွင် ဖုန်းခေါ်ဆိုသည့် ဖုန်းပုံစံအမှတ်အသားကို နှိပ်ကာ ပြု
လုပ်ရမည်ဖြစ်ပြီး မိမိတို့စကားပြောဆိုလိုသည့် အခြားအဖွဲ့ဝင်တစ်ဦးကို ဖုန်းပြောဆိုမှုဖြတ်တောက်ခြင်းပြုလုပ်စရာမလိုဘဲ ထည့်သွင်းနိုင်မည်ဖြစ်သလို ထွက်ခွါနိုင်မည်လည်ဖြစ်သည်။

Group Audio Call ပြုလုပ်နိုင်သည့် နောက်ဆုံးဗားရှင်း Skype App ကို Apple App Store တွင်ဒေါင်းလုပ်ရယူနိုမည်ဖြစ်ပြီး iOS 7 နှင့်အထက် (i Devic) Apple ထုတ်ကုန်များတွင်အသုံးပြုနိုင်မည်ဖြစ်သည်။

(အောင်ဟိန်းခိုင် ၊ စက်တင်ဘာ ၅)

0 comments:

Post a Comment