ပေါင် ၁ ဘီလီယံဖြင့် အသင်းကို ရောင်းချရန်ပြင် ဆင်နေသည့် သတင်းများကို စပါး ငြင်းဆို


စပါးအသင်းပိုင်ရှင်များသည် အသင်းကို ပေါင် ၁ ဘီလီယံဖြင့် ရောင်းချတော့မည်ဟုယခုရက်ပိုင်းအတွင်း ကျယ်ကျယ်လောင်လောင်ထွက် ပေါ်လာသော သတင်း များနှင့်ပတ် သက်၍စပါး အသင်းက ငြင်းဆို လိုက်သည်။
အသင်းကိုရောင်း ချရန်မည်သည့်ပြင် ဆင်မှုမှပြုလုပ်နေ ခြင်းမရှိကြောင်းနှင့်ကွင်းသစ်တည်ဆောက်ရေးပရောဂျက်ကို သာအာရုံစိုက်နေကြောင်း စပါးအသင်းက ကြာသပတေးနေ့ကထုတ်ပြန် သည်။

“သတင်းများက ဖော်ပြနေကြ သည့်အတိုင်း အသင်းကသော်လည်း ကောင်း၊အဓိကရှယ်ယာ ရှင်များကသော်လည်း ကောင်းအသင်းကို ရောင်း ချရန် မည် သည့်ဆွေး နွေးမှုမှလုပ်ဆောင် နေခြင်းမရှိကြောင်းနှင့် ကွင်းသစ်တည်ဆောက် ရေးပရောဂျက်ကိုသာအသင်းကအပြည့် အ၀အာရုံ စိုက်လျက်ရှိကြောင်း” စပါးအ သင်းက ထုတ်ပြန်သည်။

ဗြိတိန်နာမည်ကြီးသတင်းစာ ဒေးလီးမယ်ရာ၏ ဖော်ပြချက်အရစပါးအသင်းပိုင်ရှင်ဂျိုးလီဝစ်အနေဖြင့်အသင်းကိုရောင်းချရန်ဆုံးဖြတ်လိုက် ပြီးတန်ဖိုးကို ပေါင် ၁ ဘီလီယံသတ်မှတ်ထားကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကသတင်းများထွက်ပေါ်လာခဲ့သည်။

ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် လီဝစ်သည် စပါးအသင်း၏ရှယ်ယာများကို ၂၀၀၁ ခုနှစ်က စတင်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် လီဝစ်၏ ENIC International ကုမ္ပဏီက သီးသန့်ပိုင်ဆိုင်ခဲ့သည်။

Ref: BBC

0 comments:

Post a Comment