ရှေးဟောင်းစေတီတော်ပြုပြင်မွမ်းမံရာမှ ပုံသဏ္ဍာန်ထူးခြားသော ရုပ်ပွားတော်တွေ့ရှိ


ရှေးဟောင်းစေတီတော်ပြုပြင်မွမ်းမံရာမှ ပုံသဏ္ဍာန်ထူးခြားသော ရုပ်ပွားတော်တွေ့ ရှိသထုံ စက်တင်ဘာ ၁၃ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ၀င်းပကျေး ရွာတောင်တန်းပေါ် တွင် လွန်ခဲ့သောရှေးနှစ်ပေါင်း ၁၀၀ ၀န်းကျင် ခန့်က တည်ထား ခဲ့သည့် စေတီတော်အား ထိမ်းသိမ်းပြုပြင်စဉ် စေတီတော် အထက် ပိုင်းမှ ပုံသဏ္ဍာန်ထူးခြားသော ရွှေချ ထားသည့် ရှေးဟောင်းရုပ်ပွားတော် တစ်ဆူကို စက်တင်ဘာလ ၁၂ ရက်က တွေ့ရှိခဲ့ရကြောင်း သိရသည်။

“လွန်ခဲ့တဲ့နှစ်ရက် လောက်ကစပြီး ဒီစေတီကိုပြုပြင်နေတာ ဒီနေ့မှာတော့ ထီးတော်အရင်းပိုင်း၊ ငှက်ပျောဖူး ထိပ်ပိုင်း မှာရှိတဲ့ အညစ်အကြေးတွေကို သန့်ရှင်းရေး လုပ်နေတုံး အင်္ဂတေကွာပြီးတော့ ပေါ်လာတာပါ။ ရှေးဟောင်း ရုပ်ပွားတော် ဆိုတာလောက်ဘဲ သိပါတယ် ဗုဒ္ဓ သို့မဟုတ် ရဟန္တာ ရုပ်ပွားတော် ဖြစ်မယ် လို့ ထင်ပါ တယ်။ တွေ့နေမြင်နေကျ ပုံသဏ္ဍာန်မဟုတ်ဘဲ ကွဲပြားနေတာပါ ” ဟု ၀င်းပကျေးရွာမှ ကိုကျော်ဇင် က စက်တင်ဘာ ၁၂ ရက်နေ့ က ပြောသည်။ ရုပ်ပွားတော်တွေ့ရှိခဲ့သည့် ရွှေစကြ်ာ စေတီတော်မှာ ၀င်းပတောင် ထိပ်တွင် တည်ရှိပြီး ၀င်းပကျောင်းတိုက် ဆရာတော်များ အဆက်ဆက် ထိမ်းသိမ်းပြုပြင်ခဲ့ရာ ယခုနှစ်တွင် ကျောင်း ထိုင် ဆရာတော် ဦးပညာ ဦးဆောင်မှုဖြင့် ဒေသခံများ စုပေါင်းပြုပြင်နေစဉ် ပလ္လင်တော်အပါအ၀င် အမြင့် ၆ လက်မ ခန့်ရှိ ရွှေချထားသော ရှေးဟောင်းရုပ်ပွားတော်အား တွေ့ရှိခဲ့ရခြင်းဖြစ်ကာ အဆိုပါ ရုပ်ပွားတော် နှင့်ပတ် သတ်သည် တို့ကို သိရှိနိုင်ရေးအတွက် ကျွမ်းကျင်သူများအားရှာဖွေ အကူအညီတောင်းခံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

MOI Webportal Myanmar

0 comments:

Post a Comment