Nippy S50 ကို CAT မှထုတ်လုပ်ဖြန့်ချီ


အကြမ်းဒဏ်ခံနိုင်သောပစ္စည်းများကိုမှ ထုတ်လုပ်ဖြန့်ချီတဲ့ CAT ကုမ္ပဏီက ယခုတစ်ဖန် Nippy S50 အမည်ရ စမတ်ဖုန်းကိုမိတ်ဆက်ဖြန့်ချီလိုက်ပါပြီဖြစ်သည်။

ကြမ်းကြမ်းတမ်းတမ်းအသုံးပြုသော စမတ်ဖုန်းသုံးစွဲသူများအတွက် ကြမ်းတမ်းစွာလည်း အသုံးပြုနိုင်သလို စတိုင်ကျကျ စမတ်ကျကျလည်း အသုံးပြုနိုင်မည့် Nippy S50 တွင် အခြားသော အကြမ်းခံ ဖုန်းများထက် များစွာ သာလွန်ကောင်းမွန်တဲ့ပစ္စည်းများပါဝင်နေတာကြောင့် Samsung နှင့်အခြားသော စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီများ၏ဖုန်းများနှင့်ဈေးကွက်ယှဉ်ပြိုင်လာနိုင်မည်ဖြစ်သည်။


Nippy S50 ၏ဖုန်းကိုယ်ထည်ကို အကြမ်းခံနိုင်စေနိုင်ရန် ဒီဇိုင်းပြုလုပ်ထားရုံသာမက လက်ရှိတွင်ကျယ်စွာအသုံးပြုလျက်ရှိသော ဖုန်းကွန်ယက်ဖြစ်သည့် 4G ကွန်ယက်တွင်ပါ အသုံးပြုနိုင်သည်။ အပြင်ဘက်တွင် ဆောင့်ကျသည့် ဒဏ်များကိုခံနိုင်ရန်အတွက် ရာဘာ အခွံ (Shock absorbent rubber) ပါဝင်သည့် Nippy S50 ကို အမေရိကန်ဒေါ်လာ ၄၉၉ ခန့်ပေးချေရဖွယ်ရှိနေသည်။ Nippy S50 တွင် ပရိုဆက်ဆာအဖြစ် မြန်နှုန်းမြင့် 1.2Ghz quad core ပရိုဆက်ဆာ၊ App မျိုးစုံကိုအဆင်ပြေစွာအသုံးပြုနိုင်ရန်အတွက် Andriod 4.4 (Kitkat)၊ ဖုန်မှုန့်နှင့် ရေစိုဒဏ်ခံနိုင်မှုအတွက် အဆင့်သတ်မှတ်ချက်

IP67 ရရှိထားပြီး မျက်နှာပြင် အဖြင့် အက်ကွဲမှုဒဏ်ခံနိုင်ရည်ရှိသော ၄့၇ လက်မအရွယ် Gorilla glass 3 ကိုအသုံးပြုထားသည်။ ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ကူးမှုအတွက် HD ဗီဒီယိုများကိုရိုက်ကူးနိုင်မည့် 8Mp ကင်မရာနှင့် မှတ်ညာဏ်သိမ်

းဆည်းနိုင်ရန်အတွက် 8GB built in မန်မိုရီနှင့် ထပ်ဆောင်း အချက်လက်များသိမ်းဆည်ရန်အတွက် SD Card Slot များပါဝင်သည်။

0 comments:

Post a Comment