ဝါယာရှော့ ဖြစ်နေသည့်ဓါတ်တိုင်အောက်ရှိရေအိုင်အား ဖြတ်သန်း သွားလာသူ (၂)ဦး ဓါတ်လိုက် သေဆုံး


၁၂.၉.၂၀၁၄ရက်နေ့ ၂၀၀၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၁)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ အောင်ရတနာ ကားမှတ်တိုင်အနီးရှိ ဓါတ်တိုင်မှ ဝါယာရှော့ဖြစ်၍ မီးပန်းများ ပွင့်ထွက်ကာ ဓါတ်တိုင် အောက်ခြေရင်းရှိ မြေအောက်ဝါယာကြိုး အထိ ဝါယာရှော့ဖြစ်ရာမှ ၎င်းဓါတ်တိုင်အောက်ခြေရှိ ရေအိုင်တွင်လျှပ်စစ်စီးဝင် နေစဉ် အဆိုပါရေအိုင်ကို ဖြတ်သန်း သွားလာသူများ ဖြစ်ကြသည့် သင်္ဃန်းကျွန်းမြို့နယ်နေ အမျိုးသမီး(၁)ဦးနှင့် ကလးငယ်(၁)ဦးတို့မှာ ဓါတ်လိုက်ခံရပြီး သေဆုံးသွားခဲ့
ပါသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂၆/၂၀၁၄)ဖြင့် ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment