ကွမ်းလုံ ရက် ၄၀ ရိုက်ဖို့ တာဝန်ကြီးတယ်ဆိုတဲ့ မင်းမော်ကွန်း


‘ကွမ်းလုံ ရက် ၄၀ ’ ဇာတ်ကားသည် ယခင်ရိုက်ကူးဖူး သည့် တပ်မတော်ကားများနှင့် မတူဘဲ သမိုင်းအမှန်ကို ရိုက်ကူး ခြင်းဖြစ်သောကြောင့် တာဝန်ကြီး ကြောင်းမင်းမော်ကွန်းက ပြော သည်။

‘‘ကျွန်တော် အရှေ့မှာရိုက်ခဲ့ တဲ့ တပ်မတော်ကားတွေက ဇာတ် လမ်းဖန်တီးထားတဲ့ ဇာတ်ကား တွေ။ အခုကားက တကယ့်သမိုင်းကိုရိုက်ရမယ့် ကားဖြစ်တဲ့အတွက် တာဝန်ကြီးတယ်လို့ ခံစားရပါ တယ်’’ ဟု ၎င်းက ပြောသည်။

ယင်းဇာတ်ကားတွင် ဗိုလ် ကြီးသူရအေးရွှေ၏ နေရာ၌ ပါဝင် သရုပ်ဆောင်ရမည်ဖြစ်ပြီး သူရဲ ကောင်းတစ်ယောက်၏ နေရာ တွင် ပါဝင်သရုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် ပြင်ဆင်မှုများ ပြုလုပ်သွားရမည်ဟု ၎င်းက ဆို သည်။

‘‘ဘောက်ထော်က မှတ် တမ်းရုံးထဲမှာ တပ်သားသစ်တွေ၊ အရာရှိတွေနဲ့အတူ PT ပြေးတာ၊ တန်းစီတာ၊ တပ်မတော်သားတွေ လုပ်ရတဲ့ စည်းကမ်းတွေ အကုန် လုံးကို မနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် သွားပြီး လေ့ကျင့်နေ တယ်’’ ဟု ကွမ်းလုံရက် ၄၀ ဇာတ် ကားပြင်ဆင်မှုနှင့် ပတ်သက်၍ မင်းမော်ကွန်းကပြောသည်။

ယင်းဇာတ်ကားတွင် မင်း မော်ကွန်းနှင့်အတူ အခြားနာမည် ကြီး သရုပ်ဆောင်များစွာ ပါဝင် မည်ဖြစ်ပြီး ဒါရိုက်တာ ပန်းချီစိုး မိုးက ၂၀၁၅ တွင် ကျရောက်မည့် နှစ် (၇၀) ပြည့် တပ်မတော်နေ့အ ထိမ်းအမှတ် ဂုဏ်ပြုဇာတ်ကား အဖြစ် ရိုက်ကူးသွားမည်ဖြစ် သည်။

by 7day

0 comments:

Post a Comment