သားသမီး ၅ ယောက်ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့သည့် ဖခင်

အမေရိကန် ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနား ပြည်နယ်သား ဖခင်တစ်ဦးသည် ၎င်း၏ သားသမီးငါးဦးကို သတ်ဖြတ်ပြီး အခြား ပြည်နယ်တွင် ရုပ်အလောင်းများကို စွန့်ပစ်ခဲ့မှုဖြင့် ဖမ်းဆီးခံခဲ့ ရကြောင်း ရဲတပ်ဖွဲ့ က ပြောဆိုခဲ့သည်။ 

အသက် (၁) နှစ်မှ (၈) နှစ်အရွယ် ပါဝင်သော ကလေးငယ်များ၏ မိခင်ဖြစ်သူက ခင်ပွန်းဟောင်းနှင့် အဆက်အသွယ် မရရှိကြောင်း ရဲတပ်ဖွဲ့သို့ လွန်ခဲ့သော အပတ် ဗုဒ္ဓဟူးနေ့တွင် တိုင်ကြားမှု ပြုလုပ်ခဲ့သည်။ အာဏာပိုင်များက ရှာဖွေမှု ပြုလုပ်ခဲ့ရာ အယ်လာဘားမား ပြည်နယ် အဝေးပြေး လမ်းမကြီးနား၌ အင်္ဂါနေ့တွင် ကလေးငယ်များ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဖော်ပြခဲ့သည်။ 

စနေနေ့တွင် ကလေးများ၏ ဖခင် တီမိုသီရေးဂျုံးစ် မောင်းနှင်လာသော ကားကို စစ်ဆေးရေး စခန်းရှိ ရဲအရာရှိများက ကြားဖြတ် တားဆီးပြီး စစ်ဆေးခဲ့ရာ ဂျုံးစ်တွင် မူးယစ်ဆေးဝါး သုံးစွဲထားသည့် လက္ခဏာများကို တွေ့ရှိခဲ့သည်။ ဂျုံးစ်၏ ကားထဲတွင် မူးယစ်ဆေးဝါး အများအပြားကို တွေ့ရှိ ခဲ့ကြောင်း မစ္စစ္စပီရှိ စမစ်စီရင်စုမှ ရဲတပ်ဖွဲ့ဝင် ချာလီခရမ်တန်က ပြောဆိုခဲ့သည်။ ရဲအရာရှိ များက ဆက်လက် စစ်ဆေးခဲ့ရာ ဂျုံးစ်၏ ကားထဲတွင် ဟိုက်ဒရိုကလိုရစ် အက်ဆစ်၊ သွေးများနှင့် လူ့ ခန္ဓာကိုယ်မှ ထွက်သော အရည်များကို တွေ့ရှိခဲ့သည်။ တောင်ကာရိုလိုင်းနားရှိ အိမ်နီးချင်းများအား ဂျုံးစ်က ပြည်နယ်တွင်းမှ ပြောင်းရွှေ့မည်ဖြစ် သောကြောင့် ကလေးငယ်များကို ခေါ်ဆောင် သွားတော့မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံ မီဒီယာက ဖော်ပြခဲ့သည်။ 

Source:BBC 
Messenger

0 comments:

Post a Comment