ခေါင်းလောင်းရှာဖွေရေးခေါင်းဆောင်ဦးစံလင်းနှင့် သဘောထားကွဲလွဲသည်မှာ မဟုတ်ကြောင်း မတည်အလှူရှင် ဦးဝင်းမြင့် ငြင်းဆို

ဓမ္မစေတီခေါင်းလောင်း ရှာဖွေနိုင်ရေးအတွက် မတည်အလှူရှင်အဖြစ် ပါဝင်ခဲ့
သူ ဦးဝင်းမြင့်နှင့်ရှာဖွေရေးအဖွဲ့ခေါင်းဆောင်ဦးစံလင်းတို့အကြားခေါင်းလောင်း
ရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင်အချင်းချင်းယုံကြည်မှုလျော့နည်းလာသဖြင့် 
သဘောထားကွဲလွဲသည်မှာမဟုတ်မှန်ကြောင်းဦးဝင်းမြင့်က ငြင်းဆိုသည်။ 
ဦးဝင်းမြင့်အနေဖြင့် ယုံကြည်မှုလျော့နည်းလာသည့်အတွက် စက်တင် ဘာ ၈ 
ရက်တွင် ရှာဖွေရေးအဖွဲ့တည်းခိုရာ ဗညားလတ်သင်္ဘော (အပေါ်ပုံပေါ်မှဆင်း
သွားခဲ့သည်ဟူသည့် သတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ စံတော်ချိန်ကစက်တင်
ဘာ ၁၀ ရက် နံနက်ပိုင်းတွင်ဆက်သွယ်မေးမြန်းရာ၎င်းကယင်းကဲ့သို့ ငြင်းဆို
ခဲ့ခြင်းဖြစ်သည်။ 
"မော်တင်စွန်းကို ရောက်နေပါတယ်။ ရေအဓိဋ္ဌာန် ၂၅ ရက်ပြီးလို့ကုန်းအဓိဋ္ဌာန် 
၂၅ရက် ၀င်နေပါတယ်။ လက္ခတ်တောင်ကိုလည်း ဘာသာရေးကိစ္စလေး ရှိလို့ 
သွားဦးမယ်။ ဦးစံလင်းနဲ့သဘောထားကွဲလွဲတယ်ဆိုတာမဟုတ်ပါဘူး" ဟုဦးဝင်း
မြင့်ကရှင်းပြသည်။ခေါင်းလောင်းတူးဖော်မှုအခြေအနေများနှင့်ပတ်သက်၍ သ
တင်းထုတ်ပြန်ရေးတွင် ပါဝင်ခြင်းမရှိသဖြင့် ဦးစံလင်းကိုသာမေးပါဟု ၎င်းက 
ဆက်လက်ပြောဆိုခဲ့သည်။ 
အထက်ပါအကြောင်းအရာကိစ္စအပါအ၀င် ခေါင်းလောင်းတူးဖော်မှု အခြေအ
နေများနှင့်ပတ်သက်၍ ဦးစံလင်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း
ဖုန်းခေါ်ဆိုမှုကို ပြန်လည်တုံ့ပြန် ဖြေကြားမှုများ မပြုခဲ့ပေ။ဓမ္မစေတီခေါင်းလောင်း
ရှာဖွေတူးဖော်မှုနှင့် စပ်လျဉ်းသောသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇူလိုင် ၂၅
ရက်က ရန်ကုန်မြို့ အောကစ်ဟိုတယ်၌ပြုလုပ်ခဲ့သည်။တူးဖော်မှုလုပ်ငန်းကို 
သြဂုတ်၈ရက်က စတင်ခဲ့ပြီး သြဂုတ်၁၅ရက်တွင် ရေငုပ်သမားများကရှာတွေ့
ခဲ့ကြောင်း နတ်စင်တစ်ရာဆရာတော်က မိန့်ကြားခဲ့သည်။ ခေါင်းလောင်းတူးဖော်
ရာတွင် မြစ်ရေအခြေအနေ၊ ရာသီဥတုအခြေအနေများကြောင့် ခေါင်းလောင်း
ဆယ်ယူရေးလုပ်ငန်းလုပ်ဆောင်ရန် နောက်ထပ် ၁၇ ရက်ထပ်တိုးလုပ်ဆောင်
သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၅ရက်ကကြေညာခဲ့သည်။ 
ယင်းနောက်ခေါင်းလောင်းရှာဖွေရေးအဖွဲ့ခေါင်းဆောင်ဦးစံလင်းကခေါင်းလောင်း
ရှာတွေ့နေပြီဖြစ်ကြောင်း သြဂုတ် ၂၆ရက် တွင်တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ 
ထို့အပြင်ခေါင်းလောင်းဆယ်ယူရာတွင်အရေးကြီးသောအချိန်ရောက်နေ၍ဆယ်ယူ
မှုလုပ်ငန်းများကို သတင်းထုတ်ပြန်ပေးမည်မဟုတ်ကြောင်း၊ပြည်သူများကစိတ်ရှည်
သည်းခံပြီး စောင့်ဆိုင်းပေးရန်နှင့် ခေါင်းလောင်းကြီးကုန်းပေါ်ရောက်မှသတင်းထုတ်
ပြန်ပေးမည် ဖြစ်ကြောင်းကိုလည်း ဦးစံလင်းက သြဂုတ်၂၈ရက်၌ ထပ်မံကြေညာခဲ့
သည်။ ထို့နောက် စက်တင်ဘာ ၈ရက်တွင် ဓမ္မစေတီခေါင်းလောင်းအား ကြိုးချည်
ရန် ကြိုးစားနေသည်မှာ မဟုတ်ဘဲ ခေါင်း လောင်းရှာဖွေရေးလုပ်ငန်းများကိုဆက်
လုပ်ဆောင်နေဆဲအဆင့်သာဖြစ်ကြောင်း အဆိုပါခေါင်းလောင်းရှာဖွေဆယ်ယူရေး
၌ ပါဝင်သူတချို့က စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

စံတော်ချိန်

0 comments:

Post a Comment