စစ်တွေမှာ ညမထွက်ရအမိန့် ရုပ်သိမ်း


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ညမထွက်ရအမိန့်ကို ဒီကနေ့ ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းတာကို ဒီနေ့ ညနေပိုင်းမှာ စစ်တွေမြို့ပေါ် ရပ်ကွက်တွေမှာ လှည့်လည် ကြေညာမယ်လို့ သူကဆိုပါတယ်။

စစ်တွေမှာ ဒေသအခြေအနေ တည်ငြိမ်အေးချမ်းသွားပြီ ဖြစ်တဲ့အတွက် ရုပ်သိမ်းလိုက်တာလို့ ဦးဝင်းမြိုင်က ရှင်းပြပါတယ်။ 

စစ်တွေမြို့မှာ ညမထွက်ရ အမိန့်ကို ၂၀၁၂ ခုနှစ် ဇွန်လက ထုတ်ပြန်ခဲ့တာပါ။

The Voice Weekly

0 comments:

Post a Comment