တိုက်ပွဲများရပ်ဆိုင်းရေးအပါအဝင် အချက်သုံးချက်ကို တပ်မတော်နှင့် ကေအိုင်အေအကြား ဆွေးနွေး


အစိုးရတပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲများရပ်ဆိုင်းရေး၊ မူးယစ်ဆေး ဝါးများပူးပေါင်းတိုက်ဖျက်ရေး၊ ဖားကန့် မြို့ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း များစသည့်အချက်သုံးချက်အား ပူးပေါင်း ကိုင်တွယ်ဖြေရှင်းသွားရန် စက်တင် ဘာ ၅ရက်က မြစ်ကြီးနားမြို့တွင် နှစ် ဖက်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် အစိုးရကိုယ် စားလှယ်အဖွဲ့အနေဖြင့် ကချင်ပြည်နယ် နယ် လုံဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ကဦးဆောင်ခဲ့သလို KIO အဖွဲ့ကိုယ် စားလှယ်အနေနှင့် ဗိုလ်မှူးကြီးဇော်ဒေါင် က ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိ ရသည်။

''အစိုးရကိုယ်စားလှယ်တွေနဲ့ KIO ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ်။ နှစ်ဖက် တပ်ဖွဲ့ဝင်တွေ နောက်ထပ်တိုက် ပွဲတွေမဖြစ်အောင်လို့ ဆွေးနွေးခဲ့တယ်။ နောက် တစ်ခုက မူးယစ်ဆေးဝါးကို အ စိုးရနဲ့ပူးပေါင်းပြီးတော့ ဖြေရှင်းသွား မယ်လို့ KIO ဘက်ကနေ သဘောတူ လိုက်တယ်။ အခုလိုနှစ်ဖက်အဖွဲ့ဝင်တွေ ပြေလည်မှု ရတာဟာ ကောင်းတဲ့လက္ခ ဏာပဲဖြစ်တယ်'' ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာ က ပြောသည်။

ယခုဆွေးနွေးပွဲမပြုလုပ်ခင် သြ ဂုတ်၈ရက်နှင့် ၁ဝရက်နေ့များတွင် ကချင် ပြည်နယ် ဖားကန့်ဒေသအတွင်း၌ အ စိုးရတပ်မတော်နှင့် ကချင်လွတ်မြောက် ရေးတပ်မတော်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ် ပွားခဲ့ပြီး ယခုအချိန်အထိတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိတော့သလို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့နှင့်လည်း အပစ်အခတ်ရပ်စဲထားပြီး ၂ဝ၁၄ ခုနှစ် မကုန်ခင်အချိန်တွင် တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးစာချုပ်အား လက် မှတ်ရေးထိုးနိုင်မယ်လို့လည်း မျှော်လင့် ထားသည်ဟု ဦးလမိုင်ဂွန်ဂျာက ယခု လို ပြောသည်။

အစိုးရတပ်မတော်နှင့်ကချင်လွတ် မြောက်ရေးတပ်မတော် KIA တို့အ ကြား ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကိုယ်စား လှယ်များ တစ်လတစ်ကြိမ်တွေ့ဆုံဆွေး နွေးရန် အတွက် သဘောတူထားသော ကြောင့် ယခုစက်တင်ဘာ၅ရက်က မြစ် ကြီးနားမြို့၌ပြုလုပ်ခဲ့သော တပ်မတော် နှင့် KIA တို့၏ တွေ့ဆုံပွဲသည် ခြောက် ကြိမ်မြောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment