အီဘိုလာရောဂါအားကုသရန် ရောဂါမှ သက်သာလာသူ၏ သွေးကို အသုံးပြုဖွယ်ရှိ


အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရ ပြီးမှ ပြန်လည်ကောင်းမွန်လာသော လူနာများ၏ သွေးကိုအီဘိုလာရော ဂါအားကုသရန်အတွက် အသုံးပြု ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့ (WHO) ကထုတ်ပြန်ကြေညာခဲ့ သည်။

လက်ရှိအချိန်၌ အီဘိုလာဗိုင်း ရပ်စ်သည် အနောက်အာဖရိကဒေ သတွင် ဆိုးဆိုးရွားရွားပြန့်ပွားနေပြီး ထိုရောဂါကြောင့်ပင် သေဆုံးသူအ ရေအတွက်မှာ ၂,ဝဝဝ အထိမြင့်တက် လာသည်။

ယင်းကြောင့် ထိုရောဂါအား တားဆီးနိုင်ရေးအတွက် စမ်းသပ်ကု ထုံးများကို ကမ္ဘာတစ်ဝန်းလုံးမှ ပညာ ရှင်များပါဝင်သည့် အဖွဲ့တစ်ခုကရှာ ဖွေလျက်ရှိပြီး ယင်းတွင်သွေးကုထုံး လည်းပါဝင်သည်။

သွေးကုထုံးတွင် အီဘိုလာရောဂါမှ ပြန်လည်သက် သာလာသူများ၏ သွေး အတွင်းမှပဋိ ပစ္စည်းများထုတ်ယူကာ ထိုပစ္စည်းကို အီဘိုလာရောဂါ ဖြစ်ပွားနေသူများ ထံသို့ သွင်းပေးခြင်းဖြင့် ရောဂါဖြစ် ပွားနေသူ၏ ကိုယ်ခံအားစနစ်ကိုမြှင့် တင်ပေးကာ ရောဂါကိုတိုက်ဖျက်ရန် ရည်ရွယ်သည်။

သို့သော်ထိုကုထုံးက မည်မျှ အသုံးဝင်မည်ဆိုခြင်းကို သက်သေပြ နိုင်သည့်ခိုင်မာသော အထောက်အ ထားများမရှိသေးပေ။ ၁၉၉၅ ခုနှစ် ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါပေါ် ပေါက်စဉ်၌ ထိုသွေးကုထုံးဖြင့်ကုသ ခဲ့ရာ လူနာရှစ်ဦးတွင် ခုနှစ်ဦးအသက် ရှင်ခဲ့သည်ဟု သိရသည်။ သို့သော် ထိုသွေးကုထုံးနှင့်ပတ်သက်၍ ဆက် လက်လေ့လာမှုပြုလုပ်ရန် လိုအပ် နေဆဲဖြစ်သည်

0 comments:

Post a Comment