အပေါ်ပိုင်းဗလာနဲ့ ပါတီပွဲတက်တဲ့ မိုင်လေဆိုင်းရပ်စ်


မကြာခဏ အငြင်းပွားဖွယ် အပြုအမူများ လုပ်လေ့ရှိသော အမေရိကန်အဆို တော် မိုင်လေဆိုင်းရပ်စ်သည် ဖက်ရှင်ဒီဇိုင်နာ အလက်ဇန်းဒါးဝမ်၏ နယူးယောက် ဖက်ရှင်ပြပွဲအပြီး စက်တင်ဘာ ၆ ရက်ည ပါတီပွဲသို့ အပေါ်ပိုင်း ဗလာကျင်း အနေအထားဖြင့် တက်ရောက်ခဲ့သည်။

ပါတီပွဲတက်သည့် အသက်(၂၁)နှစ်အရွယ် မိုင်လေဆိုင်းရပ်စ်သည် အနက်ရောင် ဘောင်းဘီရှည် ၀တ်ဆင်ထားသော်လည်း အပေါ်ပိုင်း၌ အင်္ကျီမပါဘဲ ဗလာကျင်း ဖြစ်နေခဲ့သည်။ မိုင်လေဆိုင်းရပ်စ်သည် ၎င်း၏ရင်သား ထိပ်ပိုင်းကို ရေခဲမုန့် ကတော့ပုံစံ ဘော်ကြယ်ကပ်ခွာဖြင့်သာ ဖုံးကာထားသည်။ မိုင်လေဆိုင်းရပ်စ် သည် ဆေးတောင့်များဖြင့် စီခြယ်ထားသည်ဟု ယူဆရသော နေကာမျက်မှန် ကို တပ်ထားပြီး ဆေးခြောက်ပုံသဏ္ဌာန် နားကပ်များ ပန်ဆင်ထားသည်။


၎င်းသည် ကန်ဒေါဂျန်နာ၊ ကိုင်လီဂျန်နာနှင့် ၎င်း၏ မိတ်ဆွေ ဟေလီတို့နှင့်အတူ ပါတီပွဲ ကျင်းပခဲ့ပြီး ဒီဇိုင်နာဝမ် ၎င်း၏ ပရိသတ်တို့နှင့်အတူ ဓာတ်ပုံများ တွဲရိုက် ခဲ့သည်။

ပေါ့ပ်အဆိုတော် မိုင်လေဆိုင်းရပ်စ်သည် မကြာခဏဆိုသလို အငြင်းပွားဖွယ် အမူအရာများ လုပ်လေ့ရှိသူဖြစ်ပြီး မကြာသေးမီကလည်း ဒိုမီနစ်ကန် သမ္မတ နိုင်ငံက မိုင်လေဆိုင်းရပ်စ်၏ အပြုအမူများကြောင့် နိုင်ငံတွင်း ပြုလုပ်မည့် ဖျော်ဖြေပွဲကို တားမြစ်ခဲ့သည်။

0 comments:

Post a Comment