၄၈ စက္ကန့်အတွင်း ရတနာဆိုင်ကို အနုကြမ်းစီးသွား


ဘာမင်ဂမ်ရှိ Selective Gold ရတနာဆိုင်တွင်းသို့ မျက်နှာဖုံးစွပ် လက်နက်ကိုင်လူဆိုးများ တရကြမ်းဝင်ရောက်၍ ရတနာများ ပြသထားသည့် ကက်ဘိနက်များကို တူများဖြင့် ဖျက်ဆီးကာ ပေါင် ၃၀,၀၀၀ တန်ဖိုးရှိ ရတနာများးကို လုယက်ထွက်ပြေးသွားခဲ့ကြသည်။

ယင်းသို့ လုယက်ထွက်ပြေးချိန်မှာ စုစုပေါင်း ၄၈ စက္ကန့်သာ ကြာမြင့်ခဲ့ပြီး ၄င်းတို့ လုယက်ပုံကို စီစီတီဗွီ က မှတ်တမ်းတင် ရိုက်ကူးထားခဲ့သည်။

သို့သော်လည်း ရဲဝံ့သော ဈေးဝယ်သူတစ်ဦးက ပေါင် ၅၀,၀၀၀ တန်ကြေးရှိ အိတ်တစ်အိတ်ကို ပြန်လည် လုယက်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါဈေးဝယ်သူသည် ၄င်းလုပ်ငန်းကို ကယ်တင်ခဲ့ကြောင်း ပိုင်ရှင်ဖြစ်သူ ဂျွန်ဒေးဗစ်က ပြောကြားခဲ့သည်။

ဈေးဝယ်သူမကယ်ပါက ပေါင် ၈၀,၀၀၀ ထိဆုံးရှုံးသွားနိုင်မည်ဖြစ်သည်။

Ref : Mirror
Yangon Media Group

0 comments:

Post a Comment