အမေရိကန် အဆိုတော် တေလာဆွစ်က One Direction အဖွဲ့မှ အဆိုတော် ဟယ်ရီစတိုင်နှင့် လမ်းခွဲ ခဲ့ပြီးချိန်မှ စ၍ ယခု အချိန်ထိ မည်သူ တစ်ဦး တစ်ယောက်နှင့်မျှ တွဲခဲ့ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်ဟု နောက်ဆုံး ထွက်ရှိသော Rolling Stone မဂ္ဂဇင်းတွင် ဖော်ပြ ထားသည်။
မိမိနှင့် တွဲခဲ့ဖူးသူသည် နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်လာခဲ့သည်ဟု ခံစားရခြင်းကြောင့် မိမိအနေဖြင့် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ တွဲလိုခြင်း မရှိကြောင်း တေလာက ပြောကြားသည်။
"ကျွန်မနဲ့ ပတ်သက်ပြီး ဟာသလုပ်တာကို မကြိုက်ဘူး။ Carful Bro, She'll Write a Song About You ဆိုတဲ့ ခေါင်းစဉ်က ကျွန်မရဲ့ အလုပ်အပေါ် အလေးအနက် မထားရာ ရောက်တာကြောင့် မကြိုက်ပါဘူး"ဟု ၎င်းက ပြောကြားသည်။
တေလာသည် ၎င်း၏ ရည်းစာဟောင်းများနှင့် စပ်လျဉ်း၍ သီချင်းများ ရေးသားခဲ့ရာ မကြာမီထွက်ရှိမည့် ၎င်း၏ 1989 တေးအယ်လ်ဘမ်သစ်တွင် ရည်းစားဟောင်းများကို ရည်ညွှန်းသည့် ရေးသားမှုများကို တွေ့ရှိရတော့မည်ဟု မဟုတ်ဟု ထင်ရသည်။ လက်ရှိအချိန်တွင်တေလာ ၏ Shak It off တေးသီချင်းသည် Billboard လူကြိုက်အများဆုံး တေးသီချင်း တစ်ရာ စာရင်းတွင် နံပါတ်တစ် အဖြစ် သီတင်းနှစ်ပတ်ကြာ ရပ်တည်လျက်ရှိသည်။
တေလာ ၏ ပဉ္စမမြောက် သီချင်းခွေ 1989 ကို အောက်တိုဘာ ၂၇ တွင် ဖြန့်ချိသွားမည် ဖြစ်သည်။ တေလာနှင့် ဟယ်ရီစတိုင်တို့သည် ၂၀၁၃ ခုနှစ် အစောပိုင်းက လမ်းခွဲခဲ့ကြခြင်းဖြစ်သည်။
by mizzima

Yangon
0 comments:
Post a Comment