အယ်လ်ခိုင်ဒါအစွန်းရောက်များ၏ ဂျီဟတ်ကြေညာခြင်းခံထားရသည် နိုင်ငံတစ်နိုင်ငံကို ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ အကြမ်းဖက်တိုက်ဖျက်ရေး မူဝါဒလားဟု နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက မေးခွန်းထုတ်


မြန်မာ နိုင်ငံကို လုံခြုံရေးအထောက် အကူ မပေးရန် အမေရိကန်အောက်လွှတ် တော်၌ အဆိုတင်သွင်းမှု အပေါ် နိုင်ငံ တော်သမ္မတရုံး အကြီးတန်းအရာရှိ တစ်ဦးက အမေရိကန်၏ မူဝါဒအပေါ် မေးခွန်း ထုတ်တုံ့ပြန်ပြောဆိုခဲ့သည်။

အမေရိကန်အောက်လွှတ် တော်၏ အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံ ခြားရေး ဆပ်ကော်မတီဥက္ကဋ္ဌ Mr. Chabot က ဦးဆောင်ကာ ၂ဝ၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနှင့် ဒီမို ကရေစီအက်ဥပဒေဟု အမည်ပေး ထားသော ဥပဒေမူကြမ်းတစ်ခုကို အမေရိကန်အောက်လွှတ်တော် တွင် စက်တင်ဘာလ ၉ ရက်နေ့က တင်သွင်းဆွေးနွေးခဲ့သည်။

ယင်းဥပဒေမူကြမ်းသည် မူ ကြမ်းပါအချက်များကို မြန်မာနိုင်ငံ အနေဖြင့်ဆောင်ရွက်ခြင်းမရှိပါက အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ စစ်တပ်ဖြင့် ဆက်ဆံခြင်းမပြုလုပ်ဘဲ မြန်မာနိုင်ငံကို လုံခြုံရေးဆိုင်ရာအ ကူအညီမပေးရန် ကန့်သတ်ထားသည်။

''အမေရိကန်အောက်လွှတ် တော်အမတ်တွေအကုန်လုံးကို မေး ခွန်းထုတ်ချင်ပါတယ်။ အယ်လ်ခိုင် ဒါအစွန်းရောက်တွေရဲ့ ဂျီဟတ်ကြေ ညာခြင်းခံထားရတဲ့ နိုင်ငံတစ်နိုင်ငံ ကို ကာကွယ်ရေး၊ လုံခြုံရေးတွေပိတ် ဆို့မှုတွေပြုလုပ်ခြင်းဟာ အမေရိကန် ပြည်ထောင်စုရဲ့ အကြမ်းဖက်တိုက် ဖျက်ရေးမူဝါဒလား၊ အကြမ်းဖက် တိုက်ဖျက်ရေး မဟာဗျူဟာလားလို့ မေးချင်ပါတယ်'' ဟု နိုင်ငံတော်သမ္မတ ရုံးအကြီးတန်းအရာရှိကပြောသည်။

မကြာမီအမေရိကန်တွင် လွှတ် တော်ရွေးကောက်ပွဲများကျင်းပရန် နီးကပ်လာသည့်အခြေအနေနှင့် လက်ရှို အကြမ်းဖက်အဖွဲ့အရေး နှင့်ပတ်သက်ပြီး အိုဘားမားအစိုးရ အပေါ် ပြစ်တင်ဝေဖန်နေသည့်အ ချိန်တွင် ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ် လုံခြုံရေးအကူအညီမပေးရန် လွှတ် တော်သို့ တင်သွင်းလိုက်ခြင်းသည် ယင်းတို့နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး တိုက်ပွဲတွင် မြန်မာနိုင်ငံမှာ ဓားစာခံ ဖြစ်ရခြင်းဖြစ်သည်ဟု အဆိုပါနိုင်ငံ တော်သမ္မရုံးအရာရှိက ပြောသည်။

''အိုဘားမားအစိုးရနဲ့ နိုင်ငံခြား ရေးမူဝါဒမှာ သိသာထင်ရှားတဲ့အောင် မြင်မှုဆိုလို့ ကျွန်တော်တို့မြန်မာနိုင်ငံ ကိုပဲ ပြရမယ့်အနေအထားမှာ ဒီ အောင်မြင်မှုကိုယုတ်လျော့စေအောင် လုပ်တဲ့ သဘောပါ။ အောက်လွှတ် တော်က ရီပတ်ဘလီကန်ကြီးစိုးတဲ့ ချိန်ခွင်လျှာရှိတဲ့အတွက် ပြည်တွင်း နိုင်ငံရေးနဲ ချိန်ကိုက်လုပ်တာလို့ ရှု မြင်ပါတယ်။ ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့နိုင်ငံဟာ အယ်လ်ခိုင် ဒါအဖွဲ့က ဂျီဟတ်ပစ်မှတ်အဖြစ် တရားဝင်ကြေညာထားခြင်း ခံထား ရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ်။ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်တိုက် ဖျက်ရေးကို အလေးပေး ဆောင်ရွက် နေပါတယ်ဆိုတဲ့ အမေရိကန်လိုနိုင်ငံ ကြီးက အောက်လွှတ်တော်အမတ် တွေရဲ့ ရပ်တည်ချက်သဘောထားက ဒီလိုအချိန်မျိုးမှာ အချိန်ကိုက် လုပ် လာတာလဲ အံ့သြဖို့ သိပ်ကောင်းပါ တယ်။ တတိယအချက်အနေနဲ့ အ ကြမ်းဖက်တိုက်ဖျက်ရေးကို အမေရိ ကန်နိုင်ငံအနေနဲ့ ဘယ်လိုသဘော ထားပါသလဲ။ အမေရိကန်နိုင်ငံရဲ့မူ ဝါဒအစစ်အမှန်က ဘာလဲသိချင်ပါ တယ်။ အမေရိကန်ကွန်စတီကျူးရှင်း တွေ၊ အမေရိကန်တန်ဖိုးတွေ ဘယ် လိုပဲရှိပါတယ်ပြောပြော၊ အခုနောက် ဆုံး အောက်လွှတ်တော်ရဲ့လုပ်ဆောင် ချက်က ကျွန်တော်တို့လို အစွန်း ရောက်အကြမ်းဖက်တွေရဲ့ စစ်ကြေ ညာမှုကိုခံထားရတဲ့ နိုင်ငံတစ်နိုင်ငံ ကို လုံခြုံရေး၊ ကာကွယ်ရေးအားနည်း အောင်လုပ်ဆောင်ဖို့ ကြိုးစားတာလို့ ပဲ ပွင့်ပွင့်လင်းလင်းနဲ့ အားမနာတမ်း ပြောလိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကို သင်းကွဲ အထီးကျန်ဖြစ်စေပြီး အကြမ်းဖက် တွေ အောင်ပွဲခံနိုင်အောင် လုပ်နေ သလားလို့ သံသယဖြစ်စရာပါ'' ဟု ယင်းက ဆိုသည်။

အမေရိကန်နိုင်ငံမှာ လုံခြုံရေး ဆိုင်ရာအကူအညီများမပေးရန် ဆုံး ဖြတ်ပါက မိမိတို့အနေဖြင့် စိုးရိမ်ပူပန် မှုရှိမည်မဟုတ်ဘဲ အကြမ်းဖက်တိုက် ခိုက်မှုများအန္တရာယ်ကို နိုင်ငံသားအား လုံး၏ စည်းလုံးညီညွတ်မှုဖြင့် ဆက် လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောသည်။

''သတင်းအချက်အလက်တွေ မရခဲ့ဘူးဆိုရင် ဘာဆက်လုပ်သွား မလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့ တပ်မတော်ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရှိပါတယ်။ အ ခြားသော နိုင်ငံတကာမိတ်ဖက်တွေ၊ မိတ်ဆွေအစစ်အမှန်တွေရှိပါတယ်။နောက် ကျွန်တော်တို့ပြည်သူတွေ ရှိပါတယ်။ ဒါတွေနဲ့ကျွန်တော်တို့ အ စွမ်းကုန် ကြိုတင်ထောက်လှမ်းမှု တားဆီး ကာကွယ်မှု၊ ခုခံကာကွယ်မှု တွေ အဆင့်ဆင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင် စုက အခုလိုလုံခြုံရေးအဆက်သွယ် တွေ ပိတ်ဆို့အောင်လုပ်ဆောင်နေ တာဟာ သန်းငါးဆယ်ကျော်သော မြန်မာပြည်သူ အားလုံးကို အကြမ်းဖက် ခြိမ်းခြောက်မှုအောက်မှာ စိုးရိမ်ပူပန် စေအောင် အချိန်ကိုက် တိုင်ပင်ကိုက် ကြိုးစားလာတာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကို မြန် မာနိုင်ငံသားတွေကိုယ်တိုင် တိုက်ပွဲ ဝင်လာခဲ့တာပါ။ မြန်မာနိုင်ငံရဲ့လွတ် လပ်မှုကိုမြန်မာနိုင်ငံသားတွေကိုယ် တိုင်ကာကွယ်စောင့်ရှောက်နေကြ တာပါ။ ဒီအတိုင်းပဲအကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ အန္တရာယ်ကို နိုင် ငံသားတွေအားလုံးရဲ့ စည်းလုံးညီ ညွတ်မှု၊ ရဲရင့်မှုတွေနဲ့ဆက်လက် ကြိုး ပမ်းဆောင်ရွက်သွားမှာဖြစ်တဲ့အ တွက် စိုးရိမ်ပူပန်မှုမရှိပါဘူး။ ကျွန် တော်တို့မြေကို အကြမ်းဖက်သမား တွေခြေမချနိုင်အောင် ကျွန်တော်တို့ တပ်မတော်ရဲ့အရင်းအမြစ်အားလုံး၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စွမ်းအင်အား လုံး အကုန်သုံးပြီး ကာကွယ်သွားမှာ ဖြစ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတရုံး မှ အကြီးတန်းအရာရှိကပြောသည်။

0 comments:

Post a Comment