ဂျပန်နှင့် အမေရိကန်တို့ ဂျပန်နိုင်ငံ၏ တိုက်ခိုက်ရေး လက်နက် တပ်ဆင်ရေး ဆွေးနွေး

ဂျပန်နှင့်အမေရိကန် နိုင်ငံတို့သည် ဂျပန်နိုင်ငံကို ၎င်း၏ နယ်နိမိတ်ပြင်ပအထိ သြဇာလွှမ်းမိုး နိုင်စေရန်အတွက် ထိုးစစ် လက်နက်များ တပ်ဆင်နိုင်ရန် ဖြစ်နိုင်ခြေကို စူးစမ်း လေ့လာခဲ့ကြသည်ဟု သိရသည်။ အဆိုပါ အစီအစဉ်သည် တရုတ်နိုင်ငံကို အမျက်ထွက် လိမ့်မည်ဟု ယူဆရသည်။



ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ပြိုင်ဆိုင်မှုများ ပြင်းထန်နေသော်လည်း ဂျပန်၏ အဓိက အာရုံစိုက်မှုသည် မြောက်ကိုရီးယား၏ ဒုံးကျည်ကို ကာကွယ်နိုင်ရန်သာ ဖြစ်သည်ဟု ထိုလုပ်ငန်းစဉ်တွင် ပါဝင်သော ဂျပန်အရာရှိ သုံးဦးက ဆိုသည်။ ဂျပန်က ပြောကြားရာတွင် ၎င်းသည် ၀ါရှင် တန်နှင့် ထုတ်ဖော် ပြောကြားထားခြင်း မရှိသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းသည် ဒုတိယ ကမ္ဘာစစ်တွင် စစ်ရှုံးပြီး ကတည်းက ထိုးစစ် အတွက် ကျည်ဆန် တစ်ချက်မျှ မဖောက်ခဲ့ဖူးသော ဂျပန်နိုင်ငံ၏ စစ်ရေးအင်အားကို တိုးမြှင့်နိုင်မည်ဟု မျှော်မှန်းထားသည်။

ယင်းတံခါး မိတ်ဆွေ ဆွေးနွေးပွဲတွင် ဂျပန်က ထိုးစစ်စွမ်းရည် မြှင့်တင်ရေးသည် ကနဦး အဆင့်မျှသာရှိသေးပြီး အခိုင်အမာ အဖြစ် မည်သည်မျှ မရှိသေးကြောင်း ဂျပန်အရာရှိ များက ရိုက်တာ သတင်းဌာနက ပြောကြားသည်။

ကာကွယ်ရေး ကျွမ်းကျင်သူများက ဆိုရာတွင် ထိုးစစ် စွမ်းရည်မြှင့်တင်ခြင်းသည် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး အဓိကထားသော စစ်ရေး စနစ်အ တွက် အပြောင်းအလဲ များစွာ လိုအပ်မည် ဟုဆိုသည်။ ၎င်းဖြင့် ဒေါ်လာ ဘီလီယံချီတန်သော ထိုးစစ်စနစ်များ တခြားလက်နက်ကိရိယာ များတွက် လမ်းဖွင့်သွားနိုင်မည်ဟု ဆိုသည်။
Ref: AFP
 by Mizzima News

0 comments:

Post a Comment